မြစ်ဆုံသတင်းဌာန

@myitsone1990


မြန်မာနိုင်ငံတွင်း တိုက်ပွဲသတင်းများတင်ဆက်သည့် Telegram Channel

မြစ်ဆုံသတင်းဌာန

21 Jan, 00:26


သူခိုးအဖွဲ့ KIA/PDF အကြမ်းဖက်များ
========================

ကချင်ပြည်နယ်၊ ပန်ဝါမြို့က ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အဦးများအား ဖောက်ထွင်း၍ ပစ္စည်းများအား စိတ်ကြိုက်ခိုးယူသယ်ဆောင်နေသော သူခိုး KIA/PDF အကြမ်းဖက်များ၏ မှတ်တမ်းသက်သေ...

မြစ်ဆုံသတင်းဌာန

21 Jan, 00:25


ကချင်ပြည်နယ်၊ မိုးမောက်ဘက်တွင် တပ်မတော် ထိုးစစ်ဆင်စစ်ကြောင်းများက ခမရ(၄၃၇)တပ်ရင်းဌာနချုပ်ကို ပြန်လည်သိမ်းပိုက်ရန် အပြင်းအထန်တိုက်ခိုက်နေလို့ KIA/PDF အကြမ်းဖက်များ သေဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးသူတွေများပြားနေကြောင်းသိရပါတယ်။

မိုးမောက်ဘက်တွင် တပ်မတော်စစ်ကြောင်းများက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေသလို၊ KIA/PDF အကြမ်းဖက်များကလည်း ၎င်းတို့ရောက်ရှိနေတဲ့ နယ်မြေများ ပြန်လည်လက်မလွတ်ရစေရေး အသည်းအသန်ခုခံနေကြောင်းသိရပါတယ်။

တိုက်ပွဲများပြင်းထန်မှုကြောင့် KIA/PDF အကြမ်းဖက်များ သေဆုံး၊ဒဏ်ရာရသူတွေများပြားနေပြီး၊ တိုက်ပွဲများကို ကြောက်လန့်၍ လစ်ရင်လစ်သလို ထွက်ပြေးနေသူတွေလည်း များပြားနေကြောင်းနှင့် တိုက်ပွဲတွင်းကျန်နေသူများမှာလည်း စိတ်ဓာတ်များကျဆင်းနေကြကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မလူသစ်စုဆောင်းခြင်းခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ PDF ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:25


သူ့အလှည့်ကျတော့ ကြောက်တတ်လိုက်တဲ့ အကြမ်းဖက် KIO/KIA
=============================

ကချင်ပြည်နယ်တွင် အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေကိုသာ အနိုင်ကျင့်ဗိုလ်ကျပြီး ကျူးကျော်တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ KIA အကြမ်းဖက်အဖွဲ့ဟာ ၎င်းတို့ရဲ့ဌာနချုပ်တွေကို ဒေသခံတိုင်းရင်းသားပြည်သူများက လူသားချင်း ကိုယ်ချင်းစာတတ်အောင် လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ပေးဖို့ တပ်မတော်ထံ ဝိုင်းဝန်းတောင်းဆိုနေတယ်လို့လည်းကြားရော အကြမ်းဖက်အဖွဲ့ဟာ သူတို့ရဲ့ဌာနချုပ်များအား ဗုံးကြဲဖို့နေနေသာသာ ဘေးပတ်ဝန်းကျင်မှာ လေယာဥ်သံကြားရုံနဲ့တင် ကြောက်လန့်ပြီး တရုတ်နယ်စပ်ဘက်အခြမ်းကို ရှောင်ပြေး/ပုန်းခိုနေကြ​တယ်လို့ ကြားသိရပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:25


👉ပန်ဝါမြို့အတွင်းက ဒေသခံပြည်သူများ၏ နေအိမ်၊ အဆောက်အဦများအား ဖောက်ထွင်း၍ ပစ္စည်းများအား KIA/PDF အကြမ်းဖက်များက စိတ်ကြိုက်ခိုးယူသယ်ဆောင်နေကြကြောင်း သိရပါတယ်။

👉KIA/PDF အကြမ်းဖက်များဟာ အေးချမ်းစွာနေထိုင်နေတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဒေသတွေကို ကျူးကျော်တိုက်ခိုက်ဖျက်ဆီးရုံတင်မဟုတ်ဘဲ ၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ထွက်ပြေး/တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အဦများကိုဖောက်၍ ပစ္စည်းများအား စိတ်ကြိုက်ခိုးယူ သယ်ဆောင်နေကြသည့်အပြင်၊ အချို့နေအိမ်၊ အဆောက်အဦများကိုလည်း ၎င်းတို့စိတ်မထင်ရင်မထင်သလို မီးရှို့ဖျက်ဆီးနေကြ​၍ ဒေသခံပြည်သူများမှာ ပြန်လာကြည့်ခဲ့ရင်တောင် ဘာမှကျန်တော့မှာမဟုတ်ကြောင်း ပန်ဝါဒေသခံပြည်သူ ၁ဦးက (ပူဆွေးဝမ်းနည်းနေသောအသံဖြင့်) ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:23


တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးဘေးက ဒေသခံပြည်သူတွေဟာ KIA/PDF အကြမ်းဖက်များ၏ အန္တရာယ်ကိုကြောက်ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေ နည်းပါးလာသောကြောင့် အစားအသောက် ပိုမိုကြပ်တည်းလာနိုင်ကြောင်းနှင့် ဒေသအတွင်း စားနပ်ရိက္ခာများ ပြတ်လပ်လာနိုင်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လယ်ယာလုပ်ငန်းနဲ့ အဓိကအသက်မွေးဝမ်းကြောင်းပြုကြတဲ့ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူဇွပ်စတဲ့ကျေးရွာများမှ ဒေသခံပြည်သူများဟာ KIA/PDF အကြမ်းဖက်များ၏ ဒေသတွင်းတိုက်ပွဲများဖော်ဆောင်ခဲ့မှု၊ အဓမ္မလူသစ်စုဆောင်းခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်းများကြောင့် ဒေသခံပြည်သူများမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပြီး KIA/PDF အကြမ်းဖက်များက အန္တရာယ်ပေးလာမည်ကို စိုးရိမ်ကာ လယ်ယာလုပ်ငန်း မလုပ်ကိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ရှဒူဇွပ်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:23


မိုးမောက်ဘက် တိုက်ပွဲများတွင် ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များ အပူတပြင်းလူသစ်စုဆောင်းနေ
============================

မိုးမောက်ဘက် တိုက်ပွဲများမှာ အထိခိုက်၊ အကျဆုံးများပြီး ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ လူသစ်ရရှိရေး အပူတပြင်းလိုက်လံစုဆောင်းနေကြောင်း သိရပါတယ်။

မိုးမောက်ဘက် တိုက်ပွဲတွေမှာ တပ်မတော် ထိုးစစ်ဆင်စစ်ကြောင်းများက အပြင်းအထန်တိုက်ခိုက်နေပြီး၊ ဆက်တိုက်ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ အင်အားအများအပြား လိုအပ်နေမှုကြောင့် ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာဒေသများတွင် လူမျိုး/ဘာသာမရွေး၊ လူကြီး၊ လူငယ်၊ လူလတ်၊ ကျား/မ မရွေး သေနတ်ကိုင်နိုင်တဲ့အရွယ်မှန်သမျှ အားလုံးကို ဆွဲခေါ်၍ အဓမ္မလူသစ်စုဆောင်းနေကြောင်းနှင့် တစ်ချို့အိမ်တွေဆို အမေအိုကြီး တစ်ယောက်ပဲကျန်တယ်၊ ကျန်တဲ့မိသားစုဝင်တွေအကုန်လုံး အကြမ်းဖက်အဖွဲ့ထဲဝင်ရမည်ဟုဆိုကာ အဓမ္မလူသစ်ဆွဲခံနေရကြောင်း မိုးမောက်ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:23


ကချင်ပြည်နယ်၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ တိုင်းရင်းသားဒေသများတွင် ကျန်ရှိနေတဲ့ပြည်သူများနဲ့ အကြမ်းဖက် KIA/PDF တို့၏ အန္တရာယ်ကို ကြောက်လို့ ထွက်ပြေး/တိမ်းရှောင်ရန် သွားလာနေတဲ့ ပြည်သူများအား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ တိုက်ပွဲများတွင် ရှေ့ဆုံးမှထားပြီး လူသားဒိုင်းသဖွယ် အသုံးချကာ တိုက်ပွဲအတွင်းဆွဲသွင်းနေကြောင်း သိရပါတယ်။

ဒေသခံတိုင်းရင်းသား ပြည်သူများအပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ KIA/PDF အကြမ်းဖက်များဟာ အေးချမ်းစွာနေထိုင်နေတဲ့ တိုင်းရင်းသားဒေသတွေကို ကျူးကျော်တိုက်ခိုက်ရုံသာမက၊ ပြည်သူတွေကိုလည်း အဓမ္မဖမ်းဆီး၍ တိုက်ပွဲအတွင်းဆွဲထည့်ခြင်းများ လုပ်ဆောင်နေကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ ပန်ဝါဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:22


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA/PDF အကြမ်းဖက်များက ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာများ၊ မဖြစ်မနေခရီးသွားနေရတဲ့ ပြည်သူများကိုပါ အတင်းအဓမ္မလူသစ်စုဆောင်းနေကြောင်း သိရပါတယ်။

KIA/PDF အကြမ်းဖက်များက ၎င်းတို့နှင့်နီးစပ်ရာ ကျေးရွာများနဲ့ စားဝတ်နေရေးအတွက် မဖြစ်မနေသွားလာလုပ်ကိုင်နေရသူများအား လူကြီး၊ လူငယ်၊ လူလတ်မရွေး အဓမ္မလူသစ်ဆွဲနေပြီး ကျောင်းနေအရွယ်လူငယ်များဖြစ်သည့် ၈တန်း၊ ၉တန်းအရွယ်များ သေနတ်ကိုင်နိုင်တဲ့အရွယ်မှန်သမျှ အဓမ္မလူသစ်စုဆောင်းကာ သေနတ်ပစ်တတ်ရုံပဲ ရက်တိုသင်တန်းပေး၍ တိုက်ပွဲများအတွင်း ပို့ဆောင်နေသောကြောင့် မိဘများနဲ့ မိသားစုဝင်များမှာ ၎င်းတို့၏ သား/သမီး၊ မိသားစုဝင်များအတွက် များစွာစိတ်သောက ရောက်နေရ​ကြောင်း KIA/PDF အကြမ်းဖက်များ၏ အဓမ္မလူသစ်စုခံရတဲ့ ကျောင်းသားမိဘ ၁ဦးမှ (ငိုကြွေးနေသောအသံဖြင့်) ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:22


ကချင်ပြည်နယ်၊ ပန်ဝါမြို့၊ ရပ်ကွက်၊ လူနေအိမ်၊ အဆောက်အဦးများ၊ အရပ်သားပစ်မှတ်များအား KIA/PDF အကြမ်းဖက်များက ရက်စက်ယုတ်မာစွာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး နေအိမ်၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးကုန်ကြောင်း သိရပါတယ်။

အင်အားနည်းတဲ့ တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွေကို ကျူးကျော်တိုက်ခိုက်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ ဒေသခံပြည်သူများ၏ အေးချမ်းနေတဲ့ဘဝကို ဖျက်ဆီးရုံသာမက ပြည်သူလူထု၏ နေအိမ်၊ အဆောက်အဦ၊ ပစ္စည်းဥစ္စာများကိုပါ ယုတ်မာစွာဖျက်ဆီးနေကြောင်း ပန်ဝါဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:22


KIO/KIA အကြမ်းဖက်အဖွဲ့၏ ဗဟိုဌာနချုပ်နေရာများကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်ပေးပါရန် ဒေသခံပြည်သူများမှ ဝိုင်းဝန်းတောင်းဆိုနေ
==========================

ကချင်ပြည်နယ်တွင် လူနည်းစုဖြစ်တဲ့ လော်ဝေါ် ၊ လချိတ်၊ လီဆူ၊ ရဝမ်၊ တိုင်းရင်းသားများနေထိုင်တဲ့ ဒေသတွေကို အနိုင်ကျင့်ဗိုလ်ကျပြီး ကျူးကျော်တိုက်ခိုက်နေတဲ့ KIA/PDF အကြမ်းဖက်များအား ဒေသခံပြည်သူများမှ လွန်စွာနာကြည်းမုန်းတီးနေသောကြောင့် "ကျနော်တို့ တိုင်းရင်းသားဒေသတွေကို ပျက်စီးအောင် ကျူးကျော်တိုက်ခိုက်လာတဲ့ KIA အကြမ်းဖက်ကောင်တွေ သူတို့ရဲ့ဒေသတွေတိုက်ခိုက်ခံရမှ ကိုယ်ချင်းစာတတ်အောင် ၎င်းတို့ရဲ့ ဗဟိုဌာနချုပ်ဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယန်၊ လိုင်စင်ပို့စ် ဒေသများကို လေကြောင်းမှ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ပေးပါ"ဟု တပ်မတော်ထံ ဒေသခံပြည်သူများက ဝိုင်းဝန်းတောင်းဆိုနေကြကြောင်း ကြားသိရပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:21


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခမရ(၄၃၇) အနီးတွင် တပ်မတော်ထိုးစစ်ဆင်စစ်ကြောင်းများနဲ့ KIA/PDF အကြမ်းဖက်များ တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

တပ်မတော်အနေဖြင့် မိုးမောက်မြို့အခြေစိုက် ခမရ(၄၃၇) တပ်ရင်းဌာနချုပ် ပြန်လည်သိမ်းပိုက်ရေး အပြင်းအထန်တိုက်ခိုက်နေတဲ့အတွက် KIA/PDF အကြမ်းဖက်များ သေဆုံး၊ဒဏ်ရာရသူတွေ များပြားနေသလို၊ တိုက်ပွဲတွင်း ထွက်ပြေးတိမ်းရှောင်သူတွေ များပြားနေကြောင်းနှင့် ခုခံတိုက်ပွဲဝင်နေသူများမှာလည်း တပ်မတော်ရဲ့ထိုးစစ်ပြင်းထန်မှုကြောင့် ​သွေးပျက်ကာ နောက်ဆုတ်ထွက်ပြေးနေကြကြောင်း အဓမ္မလူသစ်စုဆောင်းခြင်းခံရပြီး ပြန်လည်လွတ်မြောက်လာတဲ့ PDF ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:21


ကချင်ပြည်နယ်၊ ဗန်းမော်၊ မိုးမောက်ဘက် တိုက်ပွဲများတွင် အရှုံးကြီး ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်များဟာ တပ်မတော်စစ်ကြောင်းတွေရဲ့ အပြင်းအထန် တိုက်ခိုက်နေမှုကို ​အလူးအလဲခံနေရ၍ ကြောက်လန့်ကာလက်နက်ကြီးဖြင့် ရမ်းသမ်းပစ်လို့ ပြည်သူလူထု၏ နေအိမ်၊ အဆောက်အဦးများ မီးလောင်ပျက်စီးကုန်ကြောင်း သိရပါတယ်။

အခုက ဗန်းမော်၊ မိုးမောက်ဘက်မှာ ဆက်တိုက်ရှုံးနိမ့်နေတဲ့ KIA/PDF အကြမ်းဖက်ကောင်တွေဟာ ဒေသခံပြည်သူတွေက ၎င်းတို့း၏သတင်းများအား တပ်မတော်ကိုပေးလို့ ရှုံးနိမ့်နေရတာဆိုပြီး ရှုံးမဲမဲကာ ပြည်သူလူထုရဲ့ နေအိမ်၊အဆောက်အဦးတွေကို တမင်မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:21


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား-ကံပိုင်တည် သွားလမ်းပေါ်တွင် KIA/PDF အကြမ်းဖက်များက တိုက်ပွဲအတွင်း လူအင်အားလိုအပ်ချက်များကြောင့် ခရီးသွားပြည်သူများနဲ့ ကားဆရာများပါမကျန် အတင်းအဓမ္မလူသစ်ဆွဲနေကြောင်း သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများက KIA/PDF အကြမ်းဖက်သမားများအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများတွင် အထိခိုက်၊အကျဆုံးများ၍ လူအင်အားအများအပြား ဆုံးရှုံးနေတဲ့ KIA/PDF အကြမ်းဖက်များဟာ ၎င်းတို့နှင့်နီးစပ်ရာ နေရာများတွင် ကျေးရွာများသာမက၊ မဖြစ်မနေခရီးသွားပြည်သူများ၊ စားဝတ်နေရေးအတွက် သွားလာလုပ်ကိုင်နေရသူများပါမကျန် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေကြောင်း ကန်ပိုင်တည် ဒေသခံပြည်သူ ၁ဦးက ပြောပြလာပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:21


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ နန့်မွန်း-လုံးတုံ-ညောင်ပင်သွား ကားလမ်းပိုင်းတွင် KIA/PDF အကြမ်းဖက်များက ခရီးသွားပြည်သူများအား တားဆီး၍ အဓမ္မလူသစ်စုဆောင်းခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီး၍ တိုက်ပွဲများကိုဖော်ဆောင်ခဲ့တဲ့ KIA/PDF အကြမ်းဖက်များဟာ တိုက်ပွဲများတွင် အထိခိုက်၊အကျဆုံးများပြီး လူအင်အားအများအပြား ပြုန်းတီးလျော့နည်းနေတဲ့အတွက် အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ လုပ်ဆောင်နေကြောင်း နန့်မွန်း-ညောင်ပင်သွား ခရီသွားပြည်သူ ၁ဦးက ပြောပြလာတာ ဖြစ်ပါတယ်။

# မြစ်ဆုံသတင်းဌာန

မြစ်ဆုံသတင်းဌာန

21 Jan, 00:20


ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည်နေ့) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများ ဧည့်ခံကျွေးမွေးခြင်း ကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁၈

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)၌ မြို့ပေါ်ရှိ ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီးများတွင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ အနားယူခြင်း၊ ကုသိုလ်ကောင်းမှုပြုခြင်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများသည် ရှေးဦးစွာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လောကမာန်အောင် ဆုတောင်းပြည့်စေတီသို့ သွားရောက်ပြီး သီတင်းကျွတ်ပွဲတော်တွင် အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှုပြုရန် လာ‌ရောက်သည့် ပြည်သူများအား မုန့်နှင့် ရေခဲမုန့်များကို စတုဒီသာအဖြစ် ဧည့်ခံကျွေးမွေးခဲ့ကြကာ စေတီတော်ရင်ပြင်၌ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခြင်း၊ ပန်းရေချမ်း ဆီမီးကပ်လှူပူဇော်ခြင်းများကို ပြည်သူများနှင့်အတူ ဆောင်ရွက်ခဲ့ကြပြီး မီးပုံးပျံများကို လွှတ်တော်ပူဇော်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် အံတော်ရှင်စေတီတော်မြတ်ကြီးသို့ သွား‌ရောက်ခဲ့ကြပြီး ဘုရားဖူး ကုသိုလ်ဒါနပြုရန် လာရောက်ကြသည့် ပြည်သူများနှင့်အတူ ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်အား လက်ယာရစ်ပတ်ပူဇော်ကာ စေတီတော်အတွင်း ရှမ်းမျိုးနွယ်စုများက ရိုးရာကိန္နရီ/ ကိန္နရာအက၊ တိုးနယားအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး မီးပုံးပျံများကို လွှတ်တင်ပူဇော်ခဲ့ကြကာ ဌာနဆိုင်ရာများ၏ စတုဒီသာဖြင့် ဧည့်ခံကျွေးမွေးမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) အထိမ်းအမှတ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ကျင်းပပြုလုပ်လျက်ရှိသည့် သီတင်းကျွတ်စတုဒီသာဈေးပွဲတော်သို့ သွားရောက်ပြီး တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ တပ်မတော်အရာရှိကြီးများနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တပ်ရင်း/ တပ်ဖွဲ့အလိုက် ကျွေးမွေးဧည့်ခံသွားမည့် ရိုးရာအစားအစာများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းရပ်ရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းပါးရှိ ပြည်သူ့ရင်ပြင်နှင့် ဧရာဦးပန်းခြံအတွင်း သီတင်းကျွတ်ပွဲတော်အဖြစ် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးအတွက် ရောင်စုံစလိုက်မီးများ အလှဆင်ထားခြင်း၊ ဒေသခံတိုင်းရင်းသားအဆိုတော်များ၏ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်များဖြင့် ယခင်နှစ်များနှင့်မတူ လာရောက်လည်ပတ်ပျော်ရွှင်သူများဖြင့် စည်ကားများပြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ သီတင်းကျွတ်ပွဲတော်ကာလအတွင်း အလှည့်ကျ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

မြစ်ဆုံသတင်းဌာန

21 Jan, 00:20


ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ အဘိဓမ္မာအခါတော်နေ့ (သီတင်းကျွတ်လပြည်နေ့) ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများ၌ ဆီမီးထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းနှင့် စတုဒီသာများ ဧည့်ခံကျွေးမွေးခြင်း ကျင်းပခဲ့ ....