kokhant(#kk)

@kokhan1985


kokhant(#kk)

22 Oct, 12:29


၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုင်းကြီးကျွန်းမြို့(Hainggyikyun)၏ အနောက်ဘက် ရေမိုင် ၂၁၀ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန် ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန် ရာနှုန်းပြည့် ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၁ ပေမှ ၁၅ ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ မိုးအသင့်အတင့်ရွာပြီး၊ တစ်ခါ တစ်ရံ သည်းထန်နိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါ သည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

Ref: မိုး/ဇလ

kokhant(#kk)

22 Oct, 03:19


လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင်(၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိ

လက်နက်ကိုင်အဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ စီးပွားရေးလုပ်ငန်းရှင် (၂၇ ဦး)ထံက ခြိမ်းခြောက်၍ ငွေကြေးတောင်းခံခဲ့သူ နှစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသူ ကျော်ခိုင်ဦးနှင့် တရားမဝင်ဇနီးဖြစ်သူ အေးအေးဝင်းတို့ နှစ်ဦးအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက် နေ့လည်ပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာ၊ ခေတ္တာလမ်း၊ အမှတ်(၂၂၆)၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိထားသည့် ကျော်ခိုင်ဦး၏ ထွက်ဆိုချက်အရ ၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ကျောက်မဲ မြို့နယ်၊ ပန်မောက်ကျေးရွာ၌ နေထိုင်စဉ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ အဓမ္မလူသစ်စုဆောင်းသဖြင့် ၎င်းအဖွဲ့ ထံ ဝင်ရောက်ခဲ့ရပြီး ၂၀၁၆ ခုနှစ်တွင် ဆက်လက်နေထိုင်လိုခြင်းမရှိသဖြင့် ပြန်လည်ထွက်ပြေးခဲ့ကြောင်း၊ ၎င်းနောက် ပင်လောင်းမြို့နယ်၊ နှောင်မီးကားကျေးရွာ၌ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်နေထိုင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များ ရောင်းဝယ်ခြင်းလုပ်ငန်းအား လုပ်ကိုင်ခဲ့သည်ဟု သိရှိရကြောင်း ထုတ်ပြန်ချက်အရသိသည်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှစ၍ Chrome Software မှတစ်ဆင့် Myanmar Business Directory Application အား အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များ၏ ဖုန်းနံပါတ်များအား ရှာဖွေ၍ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲရေးအုပ်စုမှဖြစ်ကြောင်း၊ တပ်၊ ရဲ၊ ပြည်သူ့စစ်နှင့် အခြားအဖွဲ့အစည်းများအား တိုင်တန်းပါက သတ်ဖြတ်ခံရမည်ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆို၍ ငွေကြေးများ တောင်းခံခဲ့ကြောင်းထုတ်ပြန် ထားသည်။

https://t.me/kokhan1985/25883

kokhant(#kk)

18 Oct, 02:49


မောင်တောတိုက်ပွဲသတင်း
====================
ယနေ့နံနက်ပိုင်း ၂ နာရီခန့်က AA ဘိန်းစားအဖွဲ့
ဆေးကြောင်ပြီး လာတိုက်သေးတယ်
လေယာဉ်ပစ်ကူချက်ချင်းပေးတာနဲ့
တပ်မတော်သားတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့်
နံနက် ၅ နာရီထိုးခန့်မှာ AA ဘက်က ဒဏ်ရာ၊ သေဆုံးများစွာနဲ့ တတိယအကြိမ်မြောက် ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်
နခခ ၅ ပတ်ချာလည် သတ်ကွင်းတွေကတော့
AA ခဲဝါတွေ အတွက် “ခွေးသင်္ချိုင်း”ပဲ
ဒေသခံတွေပြောစကားအရတော့ နခခ ၅ ကအဖွဲ့တွေသမပေးထားတဲ့
AA မသာ ၄၀၀ ကျော်နေပြီ(ဒါတောင်လေကြောင်းဗုံးကြဲတာမပါသေးဘူး)
#MinChitOo

https://t.me/kokhan1985/25878

kokhant(#kk)

18 Oct, 02:48


Pdf အကြမ်းဖက်သမားများနှင့် လက်နက်များဖမ်းဆီးရမိ

အကြမ်းဖက်မှုများကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ပဲခူးတိုင်း‌၊ ပြည်မြို့၊ ပြည်-အောင်လံကားလမ်းပေါ်တွင် စစ်ဆေးဆောင်ရွက်နေစဉ် ပြည်မင်းသားခရီးသည်တင်ယာဉ်တွင် စီးနင်းလိုက်ပါလာ သည့် pdf အကြမ်းဖက်သမား ၆ ဦးအား လက်နက်/ခဲယမ်းများနဲ့အတူ ချက်ချင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့။ ဖမ်းဆီးရရှိမှုများမှာ -

(၁) အကြမ်းဖက် PDF ၆ ဦး
(၂) ဘီအေ ၆၃ သေနတ် ၉ လက်
(၃) ဘီအေ ၆၄ သေနတ် ၂ လက်
(၃) ၇.၆၂ ကျည် ၃၀၀ တောင့်
(၄) ဘီအေ ၆၃ ကျည်အိမ် ၁၄ ခု
(၅) လက်လုပ်မိုင်း ၇ လုံး


တို့ဖြစ်ပါတယ်။
-
ယခုလို ပြည်သူများ၏ သတင်းပေးမှုများကြောင့် အကြမ်းဖက်သမားများအား အချိန်တိုအတွင်း ဖမ်းဆီးရမိမှုများ မကြာခဏရှိနေကြောင်း သိရှိရပါတယ်။


တိုက်ပွဲသတင်းစုံ

https://t.me/kokhan1985/25877?single

kokhant(#kk)

18 Oct, 02:46


ရှမ်းမြောက်သိန္နီ၊MNDAAသိမ်းပိုက်ထားတဲ့မတ်ခရစ်ရွာရှိ ကိုးကန့်သူပုန်စခန်းလေကြောင်းတိုက်ခိုက်ခံလိုက်ရတဲ့မြင်ကွင်း။

https://t.me/kokhan1985/25869?single