Myanmar Motorgraph

@myanmar_motorgraph


Automobile Media Channel

Myanmar Motorgraph

18 Oct, 01:01


2025 Mazda BT-50 Facelift Thailand

Myanmar Motorgraph

17 Oct, 00:59


Toyota Hilux Rangga SUV Concept (Indonesia)

Hilux Champ - Thailand
Hilux Rangga - Indonesia
Hilux Tamaraw - Philippines

Courtesy of otomotif.kompas.com & GridOto.com
#Myanmar_Motorgraph
#Toyota #Hilux

Myanmar Motorgraph

16 Oct, 11:55


Xiaomi SUV Leak? or Fake?

Myanmar Motorgraph

15 Oct, 00:27


Subaru Chiffon Try

Myanmar Motorgraph

10 Oct, 01:04


Toyota မှ ဆန်းသစ်တီထွင်ထားသော Hydrogen သိုလှောင်ဘူး

Toyota ကနေ Hydrogen စွမ်းအင်ဖြင့် အသုံးပြုမည့် မီးစက်၊ ကား၊ ဆိုင်ကယ်နှင့် အိမ်သုံး ပစ္စည်းများအတွက် အလွယ်တကူ စွမ်းအင်ဖြည့်တင်း အသုံးချနိုင်မယ့် သိုလှောင်ဘူး (Hydrogen Cartridge) တစ်မျိုးကို ဆန်းသစ်တီထွင်ဖန်တီးပြီး ထုတ်ဖော်ပြသလိုက်ပါတယ်။

Toyota ရဲ့ ဆန်းသစ်တီထွင်မှုဟာ အနာဂတ် စွမ်းအင်သစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက်ကို ရည်ရွယ်တာဖြစ်ပြီး အဆိုပါ Hydrogen Cartridge ကို လွယ်လင့်တကူအသုံးပြုနိုင်စေဖို့ ရှိရင်းစွဲ နည်းပညာများထက် ပိုမိုဘေးကင်းပြီး အလေးချိန်ပေါ့ပါးအောင် ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Toyota ဟာ ဓါတ်ငွေ့မိုးဖိုထုတ်လုပ်သူ Rinnai နဲ့ အတူပူးပေါင်းပြီး Hydrogen လောင်စာသုံး FCEV ကားများအတွက် စွမ်းအင်အဖြစ် အသုံးပြုတဲ့ Hydrogen လောင်စာဖြင့်အသုံးပြုနိုင်မယ့် မီးဖို တစ်မျိုးကိုလည်း  ပူပေါင်းဖန်တီးလျှက်ရှိတယ်လို့ ဖော်ပြသွားပါတယ်။

လက်ရှိမှာတော့ အဆိုပါ နည်းပညာဟာ Prototype အဆင့်မှာပဲ ရှိနေသေးပြီး လာမယ့် October လ 15 ရက်နေ့မှာ ကျင်းပမည့် Japan Mobility Show Bizweek 2024 ပွဲမှာ တရားဝင်မိတ်ဆက်သွားမယ်လို့ သိရပါကြောင်း။

Myanmar Motorgraph

08 Oct, 23:24


Kia ရဲ့ နှစ်80 ပြည့် အထိမ်းအမှတ် အတွက် ကားဟောင်း တစ်စီးကို EV အဖြစ် ပြောင်းလဲ ဖန်တီး

    တောင်ကိုရီးယား ကားထုတ်လုပ်သူ KIA မှ နှစ် ၈၀ပြည့် အထိမ်းအမှတ်အဖြစ် UK မှာ  ပထမမျိုးဆက် "Pride" ဆိုတဲ့ hatchback ကား‌ ဟောင်းလေး တစ်စီးကို EVလျှပ်စစ်ကား တစ်စီး အဖြစ်ပြောင်းလဲဖန်တီးလိုက်ပါတယ်။

      Kia pride ကို  1987 ခုန‌စ်တုန်းက Ford Festiva ကို အခြေခံပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ RIO ဆိုသော model  ဖြင့် အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ EV ကားအဖြစ်ပြောင်းလဲခြင်းကို Kia UK လုပ်ငန်းခွဲမှ Electrogenic နဲ့ ပူးပေါင်းကာ  လုပ်ဆောင်ခဲ့တာဖြစ်ပြီး Oxfordshire မှာရှိတဲ့ Electrogenic ရဲ့ စက်ရုံမှာပဲ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ မူလက ပါရှိတဲ့ 1.3-litre petrol engine, fuel tank နဲ့ filler neck တို့ကို ဖြုတ်ချပြီး လျှပ်စစ်မော်တာ နဲ့ ဘက်ထရီ ကိုထည့်သွင်းတပ်ဆင်ခဲ့တာဖြစ်ကာ five-speed manual transmission ကိုတော့ မူလအတိုင်းပဲ ဆက်ပြီး အသုံးပြုထားပါတယ်။

     သို့လှောင်နိုင်မှု 10kWh ပမာဏရှိတဲ battery ၂လုံးကို ကားရှေ့ စက်ခန်းနဲ့ အနောက်ပိုင်း ၂နေရာမှာ ခွဲပြီးတပ်ဆင်ထားပြီး လျှပ်စစ်မော်တာဖြင့် မူလ ဂီယာအုံနဲ့ ချိတ်ဆက်တပ်ဆင်ကာ ရှေ့ယက်အဖြစ် မောင်း‌န‌င်စေတာဖြစ်ပါတယ်။ လျှပ်စစ်မော်တာကနေ အမြင့်ဆုံး 107bhp နဲ့ 235Nm torque အထိ ထွက်ရှိတာကြောင့် မူလ five-speed manual transmission နဲ့ အဆင်ပြေစွာ ချိတ်ဆက်မောင်းနှင်နိုင်စေဖို့အတွက် high-performance clutch ဖြင့် upgrade လုပ်ပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။  ကားမောင်းနှင်မှု ပုံစံကို Eco၊ Sport နဲ့ Auto ဆိုပြီး မောင်းနှင်နိုင်စေဖို့ ဖန်တီးပေးထားပါတယ်။

      ECO mode မှာ မူရင်းကားတစ်စီးကဲ့သို့ မောင်းနှင်နိုင်အောင် စီမံပေးထားကာ လျှပ်စစ်မော်တာရဲ့ စွမ်းဆောင်ရည်ကိုလည်း မူလ ဓာတ်ဆီအင်ဂျင်ကားအတိုင်း ကဲ့သို့ပင် 60bhp နဲ့ 118Nm-torque ဖြင့် ကန့်သန့် ပေးထားသလို အကွာအဝေးအားဖြင့်တော့ မိုင် 120 လောက် မောင်းနှင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

     Sport mode မှာတော့ လျှပ်စစ်မော်တာရဲ့ စွမ်းအင်အမြင့်ဆုံးဖြင့် အသုံးပြုနိုင်ပြီး မြန်နှုန်းအားဖြင့် 0 to 100 km/h ကို 8 seconds လောက်ဖြင့် ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

     Auto mode ကတော့ ယနေ့ခေတ်အသုံးပြုနေကြသော သမရိုးကျ EV ကားများအတိုင်းညအသုံးပြုနိုင်မှာဖြစ်ပြီး regenerative braking ဖြင့် အားပြန်သွင်းနိုင်သလို  စွမ်းအင်သုံးဆွဲမှုကိုလည်း 75% ဖြင့်ကန့်သတ်ပေးထားပါတယ်။

ကားရဲ့ရုပ်ထွက်ပိုင်းကိုတော့ ဆေးရောင်ကို တခြားသော Kia မှ စီးပွားဖြစ်ထုတ်လုပ်တဲ့ EV ကားများကဲ့သို့ပင် Pearl White အရောင်ပြောင်းလဲပေးထားပြီး ရှေ့နောက် မီးလုံးများကိုလည်း အဆင့်မြှင့်တင်မှု တချို့လုပ်ပေးထားကာ တတ်နိုင်သမျှ မူလ ရုပ်ထွက်ပုံစံအတိုင်း ပြန်လည် ဖန်တီးပေးထားပါတယ်။ ကားအတွင်းပိုင်းကိုလည်း ရာနှုန်းပြည့်နီးပါးမူလအတိုင်းပဲ ထား‌ရှိပေးထားကာ ထိုင်ခုံနဲ့ ကြမ်းခင်းမှာ ခေတ်ပေါ်EV ကားအဖြစ် ထင်သပ်စေမယ့် အစိမ်းနုရောင် လိုင်းလေးများကို ထည့်သွင်းပေးထားပါတယ်။

     Kia UK မှ အဆိုပါ လျှပ်စစ်ကားလေးကို "Pridev" ဟု အမည်ပေးထားပြီး အထိမ်းအမှတ်အဖြစ် တစ်စီးထဲသာ ဖန်တီးထုတ်လုပ်တာ ဖြစ်ကာ စီးပွားဖြစ်ရောင်းချမှာ မဟုတ်ဘူးလို့ သိရပါကြောင်း။