Eleven Media Group

@elevenmediagroup


https://www.facebook.com/pg/ElevenMediaGroup

https://www.instagram.com/elevenmediagroup

https://www.youtube.com/elevenwebtv11

Eleven Media Group

22 Oct, 14:11


■ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယု၏ အငယ်ဆုံးသား ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့် ရရှိ

စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွန်ယု၏ အငယ်ဆုံး သား ဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ်ဟောင်း လီရှန်လွန်း၏ ညီဖြစ်သူ လီရှန်ယန်းက သူသည် ဗြိတိန်နိုင်ငံတွင် နိုင်ငံရေး ခိုလှုံခွင့်ရရှိပြီဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က ပြောကြားခဲ့သည်။

လီရှန်ယန်းက သူသည် စင်ကာပူတွင် နှိပ်စက်ခံရမည့်အရေးမှ ရှောင်ရှားနိုင်ရန် ဗြိတိန်အစိုးရက သူ့ကို နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။လီရှန်လွန်းနှင့် လီရှန်ယန်းတို့သည် ခေတ်သစ် စင်ကာပူနိုင်ငံကိုထူထောင်သည့် လီကွန်ယု၏ သားများဖြစ်သည်။ညီအစ်ကိုနှစ်ဦးသည် ကွန်လွန်သူဖခင်ကြီး လီကွမ်ယု၏ အမွေဆိုင်အိမ်နှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ်ကတည်းက လူသိရှင်ကြား စိတ်ဝမ်းကွဲခဲ့ပြီး လီရှန်ယန်းက စင်ကာပူအစိုးရသည် ၎င်း၏ဇနီးသည်နှင့် သားဖြစ်သူအပါအဝင် ၎င်းတို့မိသားစုကို ဖိနှိပ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ထို့ပြင် လီရှန်ယန်းနှင့် ယခုလအစောပိုင်းက ကွယ်လွန်သွားခဲ့သည့် အစ်မဖြစ်သူ လီဝေလျင်တို့က အစ်ကိုအကြီးဆုံးဖြစ်သည့် လီရှန်လွန်းသည် ဖခင်ဖြစ်သူ၏ အမွေဆိုင်အိမ်ကို ဖြိုဖျက်မည့် ၎င်းတို့၏ ဆန္ဒကို အာဏာအလွဲသုံးပြီး တားဆီးခဲ့သည်ဟုလည်း စွပ်စွဲခဲ့သည်။လီရှန်ယန်းက သူ့အတွက် နောက်ဆုံးအားကိုးရာတစ်ခုအဖြစ် ၂၀၂၂ ခုနှစ်တွင် ဗြိတိန်၌ နိုင်ငံရေးခိုလှုံခွင့်တောင်ခံခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၂ ရက်က Facebook တွင် ရေးသားဖော်ပြခဲ့သည်။စင်ကာပူအစိုးရသည် ၎င်းအား ထိုးနှက်ခဲ့သည့် မှတ်တမ်းများ လူသိရှင်ကြားရှိခဲ့ကြောင်း၊ ၎င်း၏ သားဖြစ်သူနှင့် ဇနီးသည်ကိုလည်း ဖိနှိပ်မှုများရှိခဲ့ကြောင်းနှင့် စင်ကာပူကိုဘေးကင်းလုံခြုံစွာမပြန်နိုင်သည့်အတွက် ဗြိတိန်အစိုးရက နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း လီရှန်ယန်းက ရေးသားခဲ့သည်။

ထို့ပြင် သူသည် စင်ကာပူနိုင်ငံသားတစ်ဦးဖြစ်သည့်အတွက် တစ်နေ့နေ့တွင် စင်ကာပူသို့ ဘေးကင်းစွာ ပြန်လည်နေထိုင်ခွင့်ရရှိရန်လည် မျှော်လင့်ထားကြောင်း လီရှန်ယန်းက Facebook တွင် ရေးသားခဲ့သည်။

■ Ref: AP

■ Photos- AP, Reuters

Eleven Media Group

22 Oct, 13:36


ပြည်ပရောက် မြန်မာဂျာနယ်လစ်များနှင့် ပြည်တွင်း မြန်မာဂျာနယ်လစ်များအတွက် နယ်စည်းမခြားသတင်းထောက်များ (RSF) ၏ စီမံချက်အသစ် စတင်

ပြည်ပရောက်မြန်မာဂျာနယ်လစ်များနှင့် ပြည်တွင်း မြန်မာဂျာနယ်လစ်များအတွက် နယ်စည်းမခြားသတင်းထောက်များ (RSF) ၏ စီမံချက်အသစ်ကို စတင်လိုက်သည်ဟု သိရ သည်။
မြန်မာသတင်းလွတ်လပ်ခွင့်စီမံချက်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ စတင်ခဲ့သည်။

ချင်းမိုင်သည် ပြည်ပရောက် မီဒီယာသမား အများစု အဓိကအခြေစိုက်ရာနေရာဖြစ်သည်။
RSF အထွေထွေဒါရိုက်တာ သီဘောက်ဘရွတ်တင် ဦးဆောင်သော ယင်းအစီအစဉ် သည် မြန်မာဂျာနယ်လစ်အများအတွက် မုချလိုအပ်သော တန်ဆာပလာများနှင့်သင်တန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

မြန်မာဂျာနယ်လစ်များကို လပ်တော့ပ် များ၊ မိုဘိုင်းဖုန်းများ၊ ဆိုလာဘက်ထရီများ၊ ဒစ်ဂျစ်တယ် လုံခြုံရေး တန်ဆာပလာများ ပံ့ ပိုးပေးမည်ဖြစ်သည်။



■ Read More - - - >>> https://news-eleven.com/article/296720

Eleven Media Group

22 Oct, 12:55


■ ကိုရီယားနိုင်ငံသို့ သွားရောက် လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲတွင် ဖြေဆိုသူ ၄၈၀၀၀ အနက် ၅၅၄၀ ဦးသာ အောင်မြင်ပြီး အမှတ်ပြည့် ၁၀၀ ၌ ၉၇ ဒသမ ၅ မှတ်ဖြင့် စံချိန်တင်အောင်မှတ်ဖြတ်

ကိုရီယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဖြေဆိုခဲ့သည့် EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲတွင် ဖြေဆိုသူ ၄၈၀၀၀ အနက် ၅၅၄၀ ဦးသာ အောင်မြင်ပြီး အမှတ်ပြည့် ၁၀၀ ၌ ၉၇ ဒသမ ၅ မှတ်ဖြင့် စံချိန်တင်အောင်မှတ်ဖြတ်ခဲ့ကြောင်း စာမေးပွဲဖြေဆိုခဲ့သူများထံမှ သိရသည်။

ထိုကဲ့သို့ စံချိန်တင်ပြီး မြင့်မားသည့် အမှတ်ဖြင့် အောင်မှတ်ဖြတ်ခဲ့ခြင်းအတွက် စာမေးပွဲဆိုခဲ့သူများမှာ မယုံနိုင်ဖွယ်ဖြစ်ခဲ့ကြောင်း သိရသည်။

"ဒီနှစ်က အောင်မှတ်ဖြတ်တာကြီးက အရမ်းကြမ်းတယ်ဗျာ။ အပုဒ် ၄၀၊ အမှတ် ၄၀ ကို ၂ ဒသမ ၅ မှတ်နဲ့ ‌မြှောက်တာဗျာ။ အဲတော့ အမှတ် ၁၀၀ ပေါ့။ အဲဒီအမှတ် ၁၀၀ မှာမှ ၉၇ ဒသမ ၅ မှတ်နဲ့ အောင်မှတ်ဖြတ်သွားတာဆိုတော့ အတော်ကြမ်းတယ်ပြောရမယ်။ ဖြေတဲ့သူတွေလည်း အရမ်းများတော့ စာရတဲ့သူတွေများသွားတာလည်း ပါမှာပေါ့" ဟု ကုန်ထုတ်လုပ်ငန်းဖြေဆိုခဲ့သူတစ်ဦးက ပြောကြားသည်။

ဆက်လက်ပြီး သာကေတမြို့နယ်တွင် နေထိုင်သည့် ဖြေဆိုသူတစ်ဦးက နှစ်နှစ်ကျော်လောက် ကြိုးစားခဲ့သော်လည်း ၉၂ ဒသမ ၅ မှတ်ဖြင့် ကျခဲ့သည့်အတွက် စိတ်မကောင်းများစွာဖြစ်ရကြောင်း ပြောကြားသည်။

"ကျွန်တော်ဆို ၂ နှစ်ကျော်လောက် အချိန်ပေးခဲ့ရတာဗျာ။ စာမေးပွဲမှာ သုံးပုဒ်မှားခဲ့တယ်။ အရင်နှစ်တွေဆို ဒီအမှတ်လောက်ကတော့ အေးဆေးအောင်တယ်။ ခုနှစ်ကတော့ တစ်ပုဒ်ပဲ မှားခွင့်ရှိတဲ့ အမှတ်ကြီးနဲ့ ဖြတ်ချလိုက်တာ ခံရခက်လိုက်တာဗျာ။ တော်တော်လည်း ဝမ်းနည်းရပါတယ်။ ၉၅ မှတ် ရတဲ့သူတွေဆို ပိုဝမ်းနည်းမှာပေါ့။ သူတို့ဆို တစ်မှတ်ထဲနဲ့ ကျန်ခဲ့ရတာ။ နောက်တစ်ချိန်စာမေးပွဲကို ထပ်စောင့်ရတော့မှာပေါ့ဗျာ" ဟု ယင်းသာကေတမြို့နယ်တွင် နေထိုင်သူက ပြောကြားသည်။

အချို့သော စာမေးပွဲ‌ဖြေဆိုသူများမှာ သင်တန်းကြေး၊ အဆောင်ကြေး၊ စားစရိတ်ကြေးများဖြင့် နယ်မှလာ၌ ဖြေဆိုခဲ့ရသည့်အတွက် စရိတ်ခများစွာ ကုန်ကျခဲ့ရပြီး ယခုကဲ့သို့ အမှတ်ဖြတ်ကြမ်းရာတွင် ၁ မှတ်ဖြင့် ကပ်ကျသူများ များစွာရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ်တွင် နေထိုင်သည့် ဖြေဆိုသူတစ်ဦးက ပြောကြားသည်။

အဆိုပါ EPS TOPIK ကုန်ထုတ်လုပ်ငန်း ပထမသုတ်စာမေးပွဲကို ဇွန် ၃ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ (ထပ်တိုးဖြေဆိုသူများအပါအဝင်) ဖြေဆိုခဲ့ရပြီး စုစုပေါင်းဖြေဆိုသူဦး‌ရေ ၄၈၀၀၀ တွင် အောင်မြင်သူဦးရေ ၅၅၄၀ ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အောင်မြင်သူများသည် Skill Test ထပ်မံ‌ဖြေဆိုရမည်ဖြစ်ကြောင်း၊ ဖြေဆိုရန် ကျန်ရှိနေသည့် ဒုတိယသုတ် စာမေးပွဲကို ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖြေဆိုရမည်ဖြစ်ကြောင်း အစိုးပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

■ Read More - - - >>> https://news-eleven.com/article/296719

Eleven Media Group

22 Oct, 11:56


ရုရှားနိုင်ငံက လက်ခံကျင်းပသည့် BRICS အုပ်စု၏ သုံးရက်ကြာ ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့ခေါင်းဆောင် ၂၄ ဦး တက်ရောက်

ကမ္ဘာ့ခေါင်းဆောင် ၂၄ ဦးသည် BRICS အုပ်စု၏သုံးရက်ကြာ ထိပ်သီးအစည်းအဝေး၏ဖွင့်ပွဲအတွက် အောက်တိုဘာ ၂၂ ရက်တွင် ရုရှားနိုင်ငံကိုရောက်ရှိလာခဲ့ကြသည်။

BRICS (ဘရစ်)အုပ်စုသည် ထွန်းသစ်စစီးပွားရေးနိုင်ငံများ၏မဟာမိတ်အဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့က အနောက် ကြီးစိုးမှုကို စိန်ခေါ်မည့် အဖွဲ့ဖြစ်လာလိမ့်မည်ဟု ကရင်မလင်က မျှော်လင့်ထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး နောက်ပိုင်းရုရှားနိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးကြီးဖြစ်သည့် ဤထိပ်သီးအစည်းအဝေးသည် အနောက်အုပ်စုက ရုရှားကို အထီးကျန်ဖြစ်အောင်လုပ်ဆောင်မှု အချိန် နှစ်နှစ်ခွဲကျော်ကြာမြင့်လာချိန်တွင် အောင်မြင်မှုမရဆိုသည်ကို ပြသမည့်အစည်းအဝေးဖြစ်သည်။


■Website Link >>> https://news-eleven.com/article/296718
■Photo: AFP

Eleven Media Group

22 Oct, 11:43


တရုတ်စစ်တပ်က ထိုင်ဝမ်ကျွန်းအနီး၌ ကျည်ဆန်အစစ်အသုံးပြုသော စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၂၂ ရက်တွင် လုပ်ဆောင်

အောက်တိုဘာ ၂၂ ရက်တွင် တရုတ် စစ်တပ်က ထိုင်ဝမ်အနီး၌ ကျည်ဆန်အစစ် အသုံးပြုသော စစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့သည်။

အကြီးစား စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် မိမိဘာသာအုပ်ချုပ်နေသော ထိုင်ဝမ်ကို ဖိအားပေးရန်လည်းကောင်း၊ သမ္မတရှီကျင်းပင်က စစ်ပွဲအတွက် စစ်သားများ ပြင်ဆင်ထားရန်လည်းကောင်း ပြောကြားခဲ့ပြီးနောက် တရုတ်စစ်တပ်က ယခုစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ထိုင်ဝမ်ကျွန်းကို အုပ်ချုပ်ခြင်းမရှိသော်လည်း ထိုင်ဝမ်သည် ၎င်း၏နယ်မြေဖြစ်သည်ဟု ပြောဆိုထားသည်။ ထိုင်ဝမ်ကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ရောက်လာစေရေးအတွက် အင်အားအသုံးပြုမည့်ကိစ္စအား ဘယ်တော့မျှ ငြင်းပယ်မည်မဟုတ်ဟု ပြောကြားထားသည်။


■Website Link >>> https://news-eleven.com/article/296716
■Photo: AFP

Eleven Media Group

22 Oct, 11:35


သြစတြေးလျက နည်းပညာမြင့် အမေရိကန်ဒုံးကျည်သစ်များကို ဒေါ်လာ ၄ ဒသမ ၇ ဘီလျံဖြင့် ဝယ်ယူမည်

အာရှ-ပစိဖိတ်တွင် စစ်ရေးတင်းမာမှုများ လျင်မြန်စွာ အရှိန်မြင့်တက်လာချိန်တွင် သြစတြေးလျက ၎င်း၏ရေတပ်ကို အမေရိကန်လုပ် နောက်ဆုံးပေါ်တာလတ်ပစ် ဒုံးကျည်များနှင့် တာဝေးပစ်ဒုံးကျည်များဖြင့် လက်နက်တပ်ဆင်ရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံတန်ကြေးရှိသော သဘောတူစာချုပ်ကို အောက်တိုဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။


■Website Link >>> https://news-eleven.com/article/296717
■Photo: AFP