ကဗျာပလက်ဖောင်း ♡

@gotta_be_u


ကဗျာပလက်ဖောင်း

ကဗျာပလက်ဖောင်း ♡

22 Oct, 14:05


ကဗျာတွေကို ဒီ Channel လေးမှာလည်း ဝင်ခံစားလို့ရပါတယ်။

✏️✏️✏️✏️ 💌

https://t.me/poetrygallery9

ကဗျာပလက်ဖောင်း ♡

22 Oct, 13:58


ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်

တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး
တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ထွက်သွားလည်း
ရတယ် ဘာမှမဖြစ်ဘူးပဲ။

မိဘက အလိုမလိုက်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ရည်းစားက မချစ်တော့လည်း
ရတယ် ဘာမှမဖြစ်ဘူး
သူငယ်ချင်းက စိမ်းသွားရင်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း။

- ဏေသစ်

ကဗျာပလက်ဖောင်း ♡

21 Oct, 15:17


ဝယ်ပတ်ဖူးသမျှနာရီတွေမှာ
အမေ့အိမ်ပြန်ရောက်မယ့်အချိန် မပါဘူးလား
ရောက်ရာအရပ်မှာ ရသမျှကုတ်ကတ်ရှင်သန်
စိတ်ထဲမှာလည်း ရွက်ကျပင်ပေါက်တွေချည်းပဲ။

- အောင်မှူးဝေ

ကဗျာပလက်ဖောင်း ♡

21 Oct, 14:29


ကျွန်တော်တို့ဟာ ညဖက်ညဖက်ဆို
ဘာဖြစ်လို့ပိုပြီး နာကျင်ရလဲသိလား

လူတွေက
တစ်နေ့လုံးဘယ်လောက်ပဲပင်ပန်းပင်ပန်း
ညဆိုအိမ်ပြန်ချင်ကြတာပဲ မဟုတ်လား
ညဖက်တွေမှာအိမ်နဲ့တူတဲ့
တစ်ယောက်ယောက်ကို
သတိရမိတာ ဘာဆန်းလဲ

အဲဒီတစ်ယောက်က
ကိုယ့်အနားမရှိနိုင်တဲ့အခါ
နာကျင်ရတာပဲပေါ့။

- မိုးနေ့ / အပိုင်းအစများ

ကဗျာပလက်ဖောင်း ♡

20 Oct, 14:29


စိုထိုင်းဆတွေ များတော့
တံခါးက ကြပ်တယ် ... 
လေ´ထု တင် ညစ်ညမ်းတာ မဟုတ်ဘူး
ပေါင်းသင်းနေရတဲ့
လူ´ထု ကလည်း ညစ်ညမ်းတယ် ....

မင်းဟာ မီးခဲ နေတဲ့ ကမ္ဘာတစ်လုံး
ဒါပေမယ့် လူတွေက မီးခဲ ကို ပြာဖုံးနေတာပဲ ကြိုက်တယ် ..
မင်း ရှူံးရင် သူတို့ ပျော် လို့ ။

သူတို့ ပါးစပ်ဖျားက
"သနားပါတယ်" ဆိုတဲ့ စကားဟာ
မင်းရှေ့က ခွက်ထဲကို စွန့်ကြဲပစ်ထည့်လိုက်တဲ့
အပေါစား ပိုက်ဆံအကြွေစေ့ပဲ ...။

- မင်းခိုက်စိုးစန်

ကဗျာပလက်ဖောင်း ♡

19 Oct, 16:03


တစ်ယောက်ရှိမယ့်နေရာကို
တစ်ယောက်သိပေမယ့်
တစ်ယောက်မှအရောက်လာဖို့
မရှိတော့ပါဘူး ...

မပတ်သက်တော့ဖို့ ကြိုးစားရတာဟာ
ပတ်သက်ဖို့ ကြိုးစားခဲ့ရတာနည်းတူ
ပင်ပန်းပါတယ် ...

ကွာတာဆိုလို့
ပတ်သက်ဖို့
လိုလိုချင်ချင်ကြိုးစားခဲ့ရတာနဲ့
မပတ်သက်တော့ဖို့
ခါးခါးသီးသီးကြိုးစားရတာ ...

ခေါ်နေကျဖုန်းကို မခေါ်ဖို့
သွားနေကျနေရာတွေ မသွားဖို့
စသည်ဖြင့် ...

သတိရတာက အစ
သတိအနေအထားနဲ့ ...

- ကျော်ထက်ထွေး

ကဗျာပလက်ဖောင်း ♡

19 Oct, 12:29


လူတိုင်းကို သေစေချင်တဲ့
စိတ္တဇလူသတ်သမားဆီမှာ
သူမသေစေချင်တဲ့ လူတစ်ယောက်တော့
သေချာပေါက်  ရှိမှာပဲလေ။

လူ့စိတ်မရှိတဲ့
လူ့အရိုင်းစိုင်းတွေမှာလည်း
သူတို့ယဉ်ကျေးစွာ ဆက်ဆံတဲ့
လူတစ်ယောက်တော့ အမြဲရှိမှာပဲ။

ဆိုလိုရင်းက
ငါတို့သေလောက်အောင်
စိတ်နာကျည်းမုန်းတီးနေရင်တောင်
အသက်ရှင်သ၍ သတိရနေရဦးမယ့်
အကုသိုလ်လူတစ်ယောက်တော့
ရှိကိုရှိရမယ်။

အချစ်ဦးဖြစ်စေ…
အချစ်ဆုံးဖြစ်စေ…၊
တစ်ယောက်ယောက်ပေါ့…။

- တာရာညို

ကဗျာပလက်ဖောင်း ♡

19 Oct, 09:09


လွမ်းတယ်
သက်တံ့ရဲ့ အဲဒီဘက်အခြမ်းကလေးကို လွမ်းတယ်
မပြယ့်တပြယ်နဲ့ လူနံ့သင်းရတာကိုလည်း မုန်းတယ် ။

စိတ်ထဲမှာ မီးစုန်းတွေ အခါခါပွက်ခဲ့
ကျဉ်းကျဉ်းကလေး ဆိုပေမယ့်
ကိုယ့်တွင်းကို
ကိုယ် တူးခဲ့တယ် ။

ဘယ်တုန်းကမှ မဖူးပွင့်ခဲ့သလိုပဲ
နှစ်တွေဟာလည်း ပွတ်ကာ သီကာ ကြာခဲ့ပြီ ။

ခွဲခွာရမှာကို စံပယ်တပွင့်စာလောက် ကြိုသိခဲ့ပါရဲ့
ဒါပေမယ့်
ပူအိုက်စွတ်စိုတဲ့ အဲဒီ လမ်းကလေးမှာ
ကျွန်တော်တို့ အတူတူ မိုးခိုခဲ့ကြပါတယ် ။

အရှုံးကို ဘယ်လို သဲကန္တာရတွေနဲ့
ခြယ်မှုန်းရမှာလဲ ပြောပါ ။

၀န်ခံပါတယ်
ဆောင်းမြအမှုန်တွေကို တွေ့တိုင်း
တလဲ့လဲ့ ပြေးကောက်
တခွက်တည်းပါ လို့ ပြောဆိုခွင့်တောင်းပြီး
ကျွန်တော်ဟာ ပင်လယ်အဟောင်းကို
ခပ်သောက်ချင်တုန်းပဲ ။

- တာရာမင်းဝေ

(သေနေတဲ့ကဗျာ)

ကဗျာပလက်ဖောင်း ♡

19 Oct, 06:06


"အာဝါဒေး ဝဲလ် မကန်း"

ငါ့မှာ လိင်တူချင်း ချစ်တဲ့ သူငယ်ချင်းရှိတော့
ငါ့ကို လိင်တူချင်း ချစ်သူလို့ ထင်တာ ဘာဆန်းလဲ
ငါ့လီးကို မတ်နေအောင်ထောင်ထားလည်း
ခေတ်ကြီးထဲ ပြီးမယ် မထင်ဘူး
စောက်ပိုတွေပါ ဘဲကြီးရာ
ကြုံကြိုက်တော့ လက်စွမ်းပြရတာပေါ့
ငါ့လက်တွေဟာ ဘလူးတူးနားကြပ်တွေလို
ငါ့ဆီမှာ ဆိုပေမဲ့ ချိတ်ဆက်ရ အားသွင်းရ
သူ့ကိုပဲ အချိန်ရှိသ၍ ဂရုစိုက်နေရ
ငါ့အချစ်ကို နှစ်ခြမ်း သုံးခြမ်းခွဲပြီး ငိုခဲ့တယ်
နှမြောလို့ မစားဖြစ်ခဲ့တဲ့ ရေခဲမုန့်တွေ ရေခဲရေဖြစ်ပေါ့
အသစ်ဆိုတာ ကံဆိုးခြင်း သတင်းထူး
ဥပေစေတရကံ အမြဲထိုက်ရတယ်
ကမ္ဘာကြီး လည်နေသလား နေ့လား ညလား
ဒီလမ်းက သွားလို့ရော ရသေးလား ဂိတ်မှာ ပစ္စည်းတွေရောက်ပြီလား
မင်းစော်ကို မင်းမရှိတော့ရင် ငါဆက်ကြောင်ရမှာလား
မင်းမရှိတော့ရင် ငါတို့ ဘာလုပ်ရမလဲ
ငါမရှိတော့ရင် မင်းတို့ဘာလုပ်မှာလဲ ငါမသိတော့ဘူး
ကျီးကန်းတွေ ဟာ မမြင်ရဘူး ပျောက်ကျား ကျီးကန်းတွေမို့ဖြစ်မယ်
မင်းမသိအောင် မင်းအကျီကို ငါယူသွားပြီ
သေနတ်ဆေးရင် ဟိုက်ဒရောလစ်ဆီတွေပေရင်သုတ်ဖို့
အသက်ကို လိင်တူချင်း မို့အပ်ခဲ့မယ် တိုက်ပွဲကို လိင်တူချင်းမို့ စွန့်ခဲ့တယ်
ဘယ်နေရာကနေ ဒီကဗျာကို ဘယ်ခွေးသူတောင်းစားကပဲ အော်အော်
ငါ့အော်သံပဲ မင်းအော်သံပဲ

မင်းလက်ကို ငါတို့စောင့်ရှောက်လိုက်ပါ့မယ် သူငယ်ချင်း။

- လူရောင်လွင်

ကဗျာပလက်ဖောင်း ♡

19 Oct, 03:27


ပထမအသဲကွဲဇာတ်လမ်း // ထူးအိမ်သင်

ကဗျာပလက်ဖောင်း ♡

18 Oct, 12:35


“မခင်သစ်ပင်
ကျွန်တော်တို့ နှစ်ယောက်ကြား
ဘာကြောင့် ဘာသာပြန်ခေါ်ထားသလဲ
ကျွန်တော်က ချစ်ခြင်းမေတ္တာကို အမှီအခိုကင်းချင်တယ်
ခင်ဗျားက ရင်ခုန်သံကို စျေးကြီးကြီးရချင်တယ်
မုဆိုးတစ်ပိုင်း မိန်းမရိုင်းတွေဘာတွေလဲ
ခေတ်မရှိတော့
အင်ကြင်းပင်ကလည်း ရှာရခက်တယ်”

- ဝင်းမြင့်

ကဗျာပလက်ဖောင်း ♡

18 Oct, 06:43


စိတ်မကောင်းဘူး။
ဒါပေမယ့်ဘယ်တတ်နိုင်မလဲ။
တချို့ရေစက်တွေက အတူတူဆုံပြီးမကြာခင်
သစ်ရွက်လေးပေါ်က လိမ့်ကျပြီး
နှစ်ခြမ်းပြန်ကွဲသွားတတ်တာပဲ။

- သူဝေး

ကဗျာပလက်ဖောင်း ♡

18 Oct, 03:11


အလွမ်းဆိုတာ

အလွမ်းခံရတဲ့သူသာ ဘာမှမသိတာ

လွမ်းနေတဲ့သူကတော့

တစ်ယောက်တည်းကမ္ဘာပျက်နေတာ။

- တာရာမင်းဝေ

ရည်ရွယ်သူသို့ // ဘိုဖြူ

ကဗျာပလက်ဖောင်း ♡

17 Oct, 22:57


မင်းက အမြန်လမ်းမကြီး အလယ်ကောင်သွားပြီး
ကားကြုံလိုက်ရအောင် ကားတားနေတဲ့ လူလိုပဲ ။
ဘယ်သူမှ ရပ်ပြီး တင်မှာတော့မဟုတ်ဘူး ။ကားတိုက်ခံရရုံပဲ။
ချစ်ခြင်းဆိုတာက လမ်းမကြီးပေါ်က လမ်းကျယ်ကြီးပေါ်က လာတာ မဟုတ်ဘူး ။
လမ်းကျဉ်းကလေးတွေ လမ်းမြှောင်ကလေးတွေဆီကနေ လာတာ။
ကြိုးကြိုးစားစားလာရရှာတာ ။တိုးဝှေ့ထွက်လာရရှာတာ ။
မင်းကို ချစ်ခြင်းက ရှာတွေ့ဖို့ လိုတယ် ။
ချစ်ခြင်းက မင်းကို ရှာတွေ့တာ ။မင်းက ရှာတွေ့တာမဟုတ်ဘူး ။

- မြင့်သန်း

ကဗျာပလက်ဖောင်း ♡

17 Oct, 15:34


အစတည်းက အသက်မပြည့်လို့
နောက်တစ်ချပ် ထပ်ဆွဲလိုက်တယ်
ဖဲက သေနေတုန်းပဲ ။

သူများ လာချရင် မနာချင်လို့
အရင်ဆုံး
ငါ့ဖင်ငါ ပါကင်ဖောက်ထားလိုက်တယ်
ဒီလိုမျိုး ဘဝပါပဲ  ။
                  
- ကိုခမ်း

ကဗျာပလက်ဖောင်း ♡

17 Oct, 14:47


ကမ္ဘာပေါ်မှာလူငယ်တွေကြောင့်
ဖြစ်ရတဲ့စစ်ပွဲရယ်လို့ တစ်ခါမှမရှိဖူးဘူး

အဲ...ဒါပေမယ့် ထူးဆန်းတာက စစ်ပွဲမှာ‌သေပေးရတဲ့သူတွေကတော့ လူငယ်တွေကြီးပဲ

- မင်းခိုက်စိုးစန်

ကဗျာပလက်ဖောင်း ♡

17 Oct, 14:18


လောကကြီးက ကျွန်တော်တို့သိထားတာထက်
ပိုအသည်းမာပါတယ်

တောင်းပန်ပါတယ်
ကျွန်တော်အများကြီး မျှော်လင့်ခဲ့မိတယ်

- စစ်ငြိမ်း

ကဗျာပလက်ဖောင်း ♡

17 Oct, 12:20


ကိုယ့်စိတ်ကို တနည်းနည်းနဲ့
အနှောက်ယှက် လာပေးသူတွေကို ရှောင်ပါတယ်။
ထင်ချင်သလိုထင်လို့ ရပါတယ်။
ထင်တဲ့သူတွေဟာလည်း
လူကောင်းသူကောင်းတွေ ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် အဲဒါဟာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။
ဘာလို့လည်းဆိုတော့
လူကောင်းသူကောင်းတွေတိုင်းဟာ
ကိုယ်နဲ့ အဆင်ပြေမယ်လို့ ဘယ်သူကမှ
အာမ မခံပါဘူး။
ကျွန်တော်ဘက်ကလည်း အာမ မခံပါဘူး။
ကျွန်တော်ကလည်း သူတို့အတွက်
လူကောင်းသူကောင်းတစ်ယောက်
ဖြစ်မနေချင်ပါဘူး။
အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်ပါတယ် ။

- ကြည်ဇော်အေး

ကဗျာပလက်ဖောင်း ♡

17 Oct, 11:53


လောကကြီးမှာ ပိုက်ဆံထက်အရေးကြီးတာတွေအများကြီးပဲ ။

ဒါပေမဲ့ အဲဒါတွေက ပိုက်ဆံရှိမှပဲရမှာ ။

- ဘုန်းပြည့်စုံမင်း

ကဗျာပလက်ဖောင်း ♡

17 Oct, 11:36


ထာဝရ // မို့မို့

2,936

subscribers

204

photos

94

videos