စာတို

@fhae56200


နှလုံးသားဖြင့်ခံစား ဦး​နှောက်ဖြင့်စာစီကာ လက်ဖြင့်သီကာကုံး​သောရင်တွင်းဖြစ်

စာတို

15 Oct, 07:21


သိတဲ့သူတွေနဲ့ဆိုရင်ပေါချင်ပေါမယ်
တွေ့တဲ့လူတိုင်းကိုတော့
လိုက် မရောတတ်ဘူး
ကိုယ့်ကိုမခင်ချင်ဘူးဆိုရင် ဝေးဝေးကနေရှောင်ပေးလိုက်တယ်
ကိုယ့်အကျင့်စရိုက်တွေကိုသဘောကျတဲ့လူတွေနဲ့သာရှေ့ဆက်တယ်
အရာအားလုံးဟာ ခနတာမလို့
ပူပန်စေမယ့်ဆက်ဆံရေးတိုင်းကို
အဝေးဆုံးကနေရှောင်ရှားတယ်။


~Adgi

စာတို

14 Oct, 17:32


မင်းကိုချစ်တယ်
သို့သော်
မင်းရဲ့အကျင့်စရိုက်တွေကိုမုန်းတယ်
ကံကုန်လို့လမ်းခွဲခဲ့ရတာမဟုတ်ပဲ
မကောင်းတဲ့မင်းရဲ့စရိုက်တွေကြောင့် ကိုယ်တို့ဝေးခဲ့ရတာ အချစ်ရဲ့။



~Adgi

စာတို

10 Oct, 07:01


အချစ်နွံထဲမှာနစ်လိုက်
နိုင်ငံရေးအရှုပ်ထဲပိတ်မိလိုက်နဲ့
စိတ်ကူးနဲ့လက်တွေ့ထပ်တူ
မကျတဲ့ဘဝတွေများတယ်။

~Adgi

စာတို

08 Oct, 12:41


လူချင်းနီးလဲ စိတ်ချင်းမနီးခဲ့
ဖောက်ပြန်မှ ဝေးကွာနိုင်တာမဟုတ်ပဲ အချစ်တွေပေါ့သွားတဲ့အချိန်
ပြောစရာစကားရှာမရတော့တဲ့အခါ အေးစက်ခြင်းဖြင့်တို့တွေ​ဝေးခဲ့ကြတယ်။


~Adgi

စာတို

07 Oct, 14:49


တစ်ချို့လူတွေ
ကိုယ့်အပေါ်မကောင်းမှန်းသိတယ်
ဒါပေမယ့်
မသိချင်ယောင်ဆောင်ဖြစ်တယ်
ဘာလို့ဆို ဆက်ဆံရေးတိုင်းမှာ
ကိုယ်ဘယ်လောက် မှန်မှန် သူတို့ကနစ်နာသူ ကိုယ်ကပဲ အမြဲလူကြမ်းဖြစ်ရတယ်။


~Adgi

စာတို

06 Oct, 17:01


အမှန်တစ်ကယ်တော့
အချစ်ဆိုတာေအးချမ်းပါတယ်
ပိုင်ဆိုင်ချင်တဲ့လောဘနဲ့ ဆုံးရှုံးသွားမှာဆိုးတဲ့ကြောက်စိတ်တွေကသာ ငါတို့ကို ပူလောင်စေခဲ့တာ ။


~Adgi

စာတို

05 Oct, 03:06


ငါစိတ်ရင်းနဲ့ပေါင်းခဲ့တဲ့လူတိုင်းက
ငါ့အပေါ်လုပ်ရက်လိုက်လေခြင်းဆိုပြီး
သူတို့လုပ်ရပ်တွေကို ပြန်စဉ်းစားမိတိုင်း အသည်းခိုက်အောင်နာတယ်။


~Adgi

စာတို

03 Oct, 15:01


ငါက ပွင့်လင်းတယ် စိတ်ထဲရှိရာပြောတတ်တယ် ဒေါသလဲ ကြီးတယ် သူငယ်ချင်းအချင်းချင်းတောင်သဝန်တိုတတ်တယ် ငါနဲ့ပေါင်းရင် ငါနဲ့ပဲပျော်ရွှင်စေချင်တယ် သူတို့က ငါမဟုတ်တဲ့လူနဲ့ပျော်နေတယ်ဆိုရင် အလိုလိုဝမ်းနည်းပြီး ဆက် မပေါင်းချင်တော့ဘူး
တစ်ခါတစ်လေကျတော့လဲ
စဉ်းစားမိတယ် သူတို့အမှားမဟုတ်ဘဲ ငါကိုယ်တိုင် ကိုက ဖြစ်နေတာပဲ
ငါတို့တွေဝေးကွာစေခဲ့တဲ့အချက်က
ငါ့မာနကြောင့် ပဲ ထင်ပါရဲ့ ။


~Adgi

စာတို

01 Oct, 03:23


ကုန်သွားတဲ့ပိုက်ဆံထက်
အပေါ်ယံတွေကိုပေးမိခဲ့တဲ့ ကိုယ့်ရဲ့အချိန်တွေကိုပိုနှမျှောတယ်။

~Adgi

စာတို

29 Sep, 14:47


လူတွေကိုမှန်လိုပြန်ဆက်ဆံ​ေသာအခါ
ေဝးဝေးလံလံကမဟုတ် ကျွန်ုပ် ၏
အနီး အနားမှ လူတွေဆီကပင်
အတွင်းစိတ်အပုပ်နံ့များထွက်လာသည်။



~Adgi

စာတို

29 Sep, 03:05


ဘယ်လောက်ပဲအချိန်တွေွအကြာကြီး
အတူရှိပြီးချစ်ခဲ့ကြပါစေ
ကံကုန် သွားရင် အချိန်ခဏလေး အတွင်းမှာပဲ သူစိမ်းတွေထက် ပိုစိမ်းတဲ့သူတွေ ဖြစ်သွားခဲ့ရတာပဲ။

~Adgi

စာတို

27 Sep, 12:38


အကောင်းမမြင်တတ်သူရှေ့
ဘယ်လောက်ကောင်းအောင်လုပ်လုပ်
ကျွနု်ပ်သည် ဘယ်တော့မှ
လူကောင်းမဖြစ်နိုင်ပါ။

~Adgi

စာတို

25 Sep, 11:39


အကောင်းဆုံး ကြိုးစားခဲ့ပေမယ်​့
ဘယ်တော့မှရလဒ်ကောင်းမထွက်ခဲ့ဘူး
တစ်ခါတစ်လေ ကျတော့လဲ
ထပ်ကြိုးစားဖို့အားအင်တွေ
ကုန်ခမ်းနေပြီ။

~Adgi

စာတို

24 Sep, 23:51


မဖြစ်နိုင်တော့လို့သာ လက်လျှော့ခဲ့တာ
နှလုံးသားထဲရောက်ပြီးသား
လူတစ်ယောက် ကို
မေ့ချင်ယောင်ဆောင်ရတာ
လွယ်တယ်ထင်လို့လား။


~Adgi

စာတို

22 Sep, 14:27


ကိုယ့်ကိုမချစ်တဲ့လူကို
ချစ်ရခြင်းနဲ့ သတိရခြင်းက
"ဝဋ်"တွေဆိုရင် ဒီဘဝမှာပဲကြေချင်တယ်
ချစ်ခွင့်သာရှိပြီး ပိုင်ဆိုင်ခွင့်မရတဲ့ဘဝဟာ သိပ်ကိုနာကျင်ရတယ်လေ။


~Adgi

စာတို

19 Sep, 15:09


လက်တောင်တစ်ချောင်းနဲ့
တစ်ချောင်းအတိုအရှည်မတူတာ
လူတွေရဲ့စိတ်နဲ့ အမြင်ချင်း
ကောဘယ်တူပါ့မလဲ
ဒါကို ကိုယ်သာအမှန် ကိုယ်သာသူတော်ကောင်းထင်နေရင်
လူ့ တိရိစ္ဆာန်ပဲ ဖြစ်သွားလိမ့်မယ်။

~Adgi

စာတို

19 Sep, 14:55


ကျွန်ုပ်ကမေတ္တာနဲ့ပတ်သက်ရင်
သိပ် အတ္တ ဆန်တယ်။
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ အခေါ်အပြောတောင်မလုပ်စေချင်ဘူး။
ဒါကြောင့် ကျွနု်ပ်အနားမှာဘယ်သူမှမနေနိုင်တာကလဲ အထူးအစမ်းကြီး ဖြစ်မနေတော့ပါဘူး။

~Adgi

1,926

subscribers

25

photos

54

videos