JEON'S REVIEW

@wattpad_reviewbysj


𝐖𝐞 𝐚𝐫𝐞 𝐚𝐥𝐰𝐚𝐲𝐬 𝐡𝐞𝐫𝐞 𝐟𝐨𝐫 𝐲𝐨𝐮

JEON'S REVIEW

21 Jan, 00:23


ပေါ်လိုက်ပျောက်လိုက်ဖြစ်နေလို့ တောင်းပန်ပါတယ်။
...

သွေးစက်ရိုင်းကငယ်ရွယ်ပြီးအောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပေါ့။ သူ့အသက် 15 နှစ်မှာ သူ့အဖေက လုပ်ကြံခံလိုက်ရပြီးနောက်အလုပ်ပဲ ဖိလုပ်ခဲ့တာပေါ့။ တစ်နေ့မှာ သူနဲ့ အသက်တော်"ကွာတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ပြီး စွဲလမ်းသွားပါတော့တယ်။

တိုက်ဆိုင်စွာဘဲ အဲ့ကောင်လေးက သူနဲ့ မိတ်ဖက်ကုမ္ပဏီက ဥက္ကဠသား ထက်ထူးအိမ်ဖြစ်နေတယ်။ ထက်ထူးအိမ်က လွတ်"လပ်" နေရတာကို အရမ်းကြိုက်ပေမဲ့ အိမ်တွင်းပဋိပက္ခတွေကြောင့် အိမ်ထဲမှာဘဲ နေ"ရသူပေါ့။ သူအဲ့ကောင်လေးကိုစောင့်ကြည့်နေရင်း ရင်းနှီးပြီး ချစ်သူရည်းစားအထိ ဖြစ်လာခဲ့တယ်။

ဒါပေမဲ့ ထက်ထူးအိမ်တို့ အိမ်ကို ဝင်စီးခံလိုက်ရပြီး ထက်ထူးအိမ်ရဲ့ အလောင်းအတုလုပ်ကာထားခဲ့တယ်။ ထက်ထူးအိမ်ကိုတော့ လှည့်စားပြီး သွေးစက်ရိုင်းနဲ့ ထက်ထူးအိမ်ကြား သွေးထိုးခဲ့တယ်။ ထက်ထူးအိမ်တစ်ယောက် မျက်နာကလွဲပြီး နာမည်ကအစ လူအသစ်အဖြစ်ပြောင်းပြီး သွေးစက်ရိုင်းကို လက်စားခေဖို့လုပ်တော့တယ်။ မိုးစက်ခဆိုတဲ့ နာမည်ကိုပြောင်းပြီး သွေးစက်ရိုင်းအနား ပြန်ရောက်လာတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ။ အားလုံးနောက်ကွယ်က ဖြစ်ရပ်မှန်ကရော...

#Cobi
#blOCfic
#review

https://www.wattpad.com/story/352940335?utm_medium=link&utm_source=android&utm_content=share_reading

JEON'S REVIEW

20 Jan, 23:56


https://t.me/Kolay_and_NuYee

JEON'S REVIEW

20 Jan, 21:32


https://www.wattpad.com/story/301130374?utm_medium=link&utm_source=android&utm_content=share_reading

ပြန်လာပါပြီ။ ကိုယ့်ရဲ့ အကြိုက်ဆုံးစာရင်း ဝင်သွားတဲ့ fic လေးပေါ့။ ဖုန်သိမ်းခံထားတဲ့ ကြားထဲက မရရအောင် ဖတ်ရတာ။ ပြောပြချင်လွန်းလို့။

ပြန်မလိုချင်တဲ့ ဆိုးရွားတဲ့ အတိတ်။ လူတိုင်းရှိဖူးကြမှာပဲ။ လူတစ်ယောက်အတွက် ဒါမမဟုတ် ကိုယ့်အတ္တအတွက် လို့ပဲပြောရမလား....

ရှင်းခန့်မောင်က ထောင်ကထွက်လာပြီး ငယ်ငယ်ထဲက မိခင်မေတ္တာ ငတ်မွတ်နေသူမို့ စိတ်ဒဏ်ရာတွေ နဲ့ရှင်သန်နေရတဲ့သူဖြစ်သည်။ ဆိုက်ကိုကောင် လူသတ်သမား စတဲ့ စကားတွေက သူ့ကို ပိုပြီး လူတွေနဲ့ အဆက်အဆံ ကင်းမဲ့စေပြီး အတိတ်က ရုန်းမထွက်နိုင်တဲ့ အကြောင်းတွေဖြစ်သည်။

အဖေနေခိုင်းတဲ့ နေရာမှာနေပြီး အခြေကျဖို့ ကြိုးစားနေချိန် သူ့ဆီ အိမ်ရှေ့က ကလေး‌မလေးက ရောက်လာခဲ့သည်။ ကလေး အဖေကတော့ သူ့အတိတ်ကြောင့် သူ့ကို သိပ်သဘောကျပုံမရ။

တစ်ဖက်မှာလည်း ဆိုင်းလော့ဒ်က သူနေတဲ့ အိမ်ရှေ့ကို ပြောင်းလာတဲ့လူကြောင့် သူ့သမီးကို ဝေး"နေဖို့ ပြောပေမဲ့ သူ့သမီးက ထိုလူ့ကို မြင်တာနဲ့ ကိုကို ကိုကို ဖြစ်နေတတ်သည်။

ဒီလိုနဲ့ ရှေ့ဆက် တဖြည်းဖြည်း ရင်းနှိးလာကာမှ မှားမိခဲ့ကြသည်။ တဖန်ပြန်အေးစက်သွားတဲ့ ဆက်ဆံရေးမှာ ပိုက်ဆံကြောင့် သူတို့ အေးဆက်ကာ နွေးထွေး သယောင်ရှိတဲ့ ဆက်ဆံရေးမှာ နေသားကျခဲ့ပေမဲ့ ဆိုင်းလော့ဒ်က ရှင်းခန့်ကို ရွံမုန်းသွားခဲ့တယ်။

အကြောင်းက ဆိုင်းလော့ဒ် ငယ်"က ဂေးတစ်ယောက်ရဲ့ rape တာကို စိတ်ဒဏ်ရာ ရခဲ့လို့ပါ။ gay ကိုမုန်းတဲ့ ဆိုင်းလော့ဒ်နဲ့ gay ‌တစ်ယောက်ဖြစ်တဲ့ ရှင်းခန့်တို့ ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာတော့...

.............

ရှင်းခန့်မောင် ထောင်က ပြန်ထွက်လာတော့ 7 နှစ်တာ ဝေးကွာခဲ့သည့် အပြင်လောကနှင့် လွန်စွာမှစိမ်းသက်နေခဲ့သည်။ လူတွေနှင့် အဆက်အဆံမရှိတော့ဘဲ အေး"ဆေး"သာ နေဖို့ ဆုံးဖြတ်ပေမဲ့ အတိတ်က ရုန်းမထွက်နိုင်တဲ့သူ့ကို ရမ်ဆိုင်းလော့ဒ်ဆိုတဲ့ ကချင်သားနဲ့ တွေ့ရာက စိတ်အေးမှုတွေ ရခဲ့သည်။

ရမ်ဆိုင်းလော့ဒ် သူတို့နေတဲ့ ခြံရှေ့ကို စိတ္တဇ လူသတ်သမား ပြောင်းလာသည်ဆိုလို့ ဝေး"ရှောင်ရန် ဆုံးဖြတ်ခဲ့သည်။ အေး"ဆေး"သာ နေတတ်ပေမဲ့ လူ့စိတ်ဆိုတာ ခန့်မှန်းလို့ မရဘူးမလား။ မထင်မှတ်ဘဲ ‌အကြောင်းအမျိုးမျိုးကြောင့် ပက်သက်ဖို့ဖြစ်လာခဲ့တယ်။ မှားခဲ့ကြတယ်။ ပိုက်ဆံကြောင့် ထိုလူ့အနားမှာ ဆက်နေခဲ့ရတယ်။ သူထိုလူ့ကို.....

#blOCfic #Cobi #review

JEON'S REVIEW

20 Jan, 21:20


Sorry for all
ဒီတ‌လော မရန်းဖြစ်တာ တောင်းပန်ပါတယ် ဖုန်းသိမ်းခံထားရလို့ပါ ခုတောင် ကိုယ့်ဖုန်းကိုယ် ပြန်ခိုးနေရလို့

#Cobi

JEON'S REVIEW

20 Jan, 21:14


https://www.wattpad.com/story/295911793?utm_medium=link&utm_source=android&utm_content=share_reading

ငိုချင်တယ် ရေးထားတာပျက်သွားလို့။ ဒါက ဂေးဘားဖွင့်ပြီး CCTV ထိုင်ကြည့်ချင်တဲ့ အကြံတူ ရန်သူ သားလေးပေါ့

ဒီမွန်နိုင်း။ မွေးကတည်းက မိသားစုကို ကံဆိုးမှုတွေ သယ်ဆောင်လာစေတယ်ဆိုပြီး အိမ်တွင်းအပယ်ခံဖြစ်ကာ ရသမျှ အိမ်အတွက် ပေးရတဲ့ ကောင်လေး။ gay bar မှာ bartender သွားလျှောက်ရာကနေ ဇက်အက္ခရာနဲ့ တွေ့ခဲ့တယ်။

ဇက် ထိုကောင်လေးကို မြင်မြင်ချင်းစိတ်ဝင်စားသွားတယ်။ သူ့အကြောင်းတွေ စုံစမ်း ၊ သူ့မိသားစုအကြောင်းအစုံ သိရပြီး ဒီမွန်ကို သူ့ကောင်လေးဟန်ဆောင်ဖို့ အပေးအယူလုပ်တယ်။

ဒီလိုနဲ့ ကြိုးလေးတွေ တဖြည်း" ချည်နှောင်လာတယ်။ တစ်ယောက်ကိုတစ်ယောက် သဘောကျပြီး အခက်အခဲတွေကိုရင်ဆိုင် ၊ ချစ်သူတွေ ဖြစ်ခဲ့ကြပြီးမှ အချစ်က ချိုမြိန်ပါ့မလားးး

#Cobi #review #blOCfic

JEON'S REVIEW

20 Jan, 21:12


Guess fic name

JEON'S REVIEW

20 Jan, 21:11


Guess fic name

JEON'S REVIEW

20 Jan, 21:11


မင်မင့်ယောက်ျားလို့ဖြေတဲ့သူ SS နဲ့အာဘွားလာယူ

#Cobi

JEON'S REVIEW

20 Jan, 21:11


Guess Cha name

JEON'S REVIEW

20 Jan, 21:09


Guess top or bottom

JEON'S REVIEW

20 Jan, 21:05


ခုပြောမှာလေးက နစ်မြုပ်ခြင်း တဲ့။ နာမည်လေးက လေးနက်တယ်နော်။ စတေးခဲ့ရမှုတွေကလည်း များသား။ အင်း....

အပိုင်းတိုပေမဲ့ ဖတ်လို့ကောင်းပြီး တစ်ထိုင်တည်း ဖတ်ဖို့ အကြုံပြုပါတယ်။ abuse type မို့ ရှောင်တဲ့ သူတွေ သတ်ထားပါ။ သေချာမဖတ်ပဲ နောက်မှ ဆိုက်ကိုဝင်ရင် ကိုကို မွန်းဟယ်ဆော့ ရတနာနဲ့ လာခေါက်မှာနော်။

...

သစ်ရိပ်အောင် တစ်ယောက် ရိုင်းခတ်မာန်ရဲ့ ပြန်ပေးဆွဲတာကို ခံထားရတာ ကြာနေပြီ။ အခန်းစီးကို လုံအောင်ပိတ်ထားလို့ အပြင်လောကနဲ့ အဆက်အသွယ်ပြတ်ပြီး ၊ ရက် တွေလည်း မသိတော့။ သူရုံးက ပြန်လာတဲ့ အချိန် ခေါင်းရိုက်ခံလိုက်ရပြီး ပြန်နိုးလာတော့ ဒီကိုရောက်နေတာဖြစ်သည်။

တစ်ချိန်က သူအနိုင်ကျင့်ခဲ့တယ် ဆိုတဲ့ ပျော့ဖတ်" ကောင်လေးက စိတ္တဇ ဖြစ်ပြီး သူ့ကို အခုလို လုပ်မယ် မထင်ထားခဲ့။ သူ‌နောင်တရတဲ့ အချိန်မှာတော့ နောက်ကျခဲ့ပြီ။ရိုင်းက စိတ်ကိုမထိန်းနိုင်ဘဲ သူ့စိတ်လိုသလို နှိပ်ဆက်တာဖြစ်သည်။ ထွက်ပြေးဖို့ ကြိုးစားသော်လည်း မိချိန်တိုင်း သေအောင် အပြစ်ပေးသည်။

နောက်ဆုံးအကြိမ် ပြေးတုန်းက အလိုမတူ ဆက်ဆံ ခံရပြီးသူ ထက်မလုပ်ရဲတော့တာ ဖြစ်သည်။ အမြဲ တစ်ခုခုကို ဖုန်းကွယ်ထားပြီး သူ့အပေါ် နူးညံ့လိုက် ကလေးလုပ်လိုက် ရက်စက်လိုက် ဖြစ်နေတဲ့ ရိုင်းကို သူနားမလည်တာအမှန်။

ချစ်မိသူအရှုံးလား။ ရိုင်းက ဘာတွေ ဖုန်းကွယ်ထားလဲ။ သစ်ကရော ဘာတွေ ရှာတွေ့မလဲ ဆိုတာတော့...

#Cobi #review #blOCfic

https://www.wattpad.com/story/365740281?utm_medium=link&utm_source=android&utm_content=share_reading

JEON'S REVIEW

20 Jan, 21:04


Cobi အခုပြောပြမဲ့ fic လေးက လေနှင်ရာအရပ်ဆီသို့ ဆိုတဲ့ fic လေးပေါ့နော်။ လောင်ပေမဲ့ ချစ်ဖို့အရမ်း ကောင်းတယ်။

......

ဖိုးဝလုံးလေးက ငယ်ငယ်ကတည်း က ကျောင်းမတက်ရဘဲ သူ့ရဲ့ အရက်သမားဦးလေးနဲ့ အတူနေတယ်။ အရက်ဖိုးအတွက် ရွာထဲက ရရာ ဝင်လုပ်တယ်။ ရွာကလူဆတွကလည်း နှိမ်လို့ ရသလောက် နှိမ်ကြတာပေါ့။

တစ်နေ့ သူ့အမေ သူငယ်ချင်း ရွာကို ခနလာတုန်း သူ့အကြောင်းတွေ သိသွားပြီး သူမ အလုပ်" တဲ့ နေရာစီ ခေါ်သွား‌တော့တယ်။ ဖိုးဝလုံးကိုလည်း တစ်အိမ်လုံးက ချစ်ကြတယ်။ မချစ်တာက လျှမ်းပဦးပဲ။

လျှမ်းပဦးက RK ဖြစ်ပြီး မိဘလုပ်စာ ထိုင်စားနေကာ ကလပ်တက် ဆော်ထည်လဲတွဲနေသူပေါ့။ သူ့အိမ်မှာ အလုပ်လုပ်တဲ့ ဖိုးဝလုံးကိုတွေ့ပြီး အမည်မသိ ခံစားချက် ပေါ်လာကာ အမြင်ကပ်သွားတော့တယ်။ ဘယ်လောက်တောင်အမြင်ကပ်လဲဆိုတော့ ပါးကိုဆွဲလိုက် နမ်းလိုက် နှိပ်ဆက်လိုက်ပေါ့ ကိုဖြဲခြောက်က။

နောက်တော့ လျှမ်းပဦးဆေးခတ်ခံရပြီး ဖိုးဝလုံးနဲ့ မှားတယ်။ သူ့မိဘတွေက တွေ့ပြီး တာဝန်ယူခိုင်း။ တစ်သက်လုံး straight လို့ အော်လာသမျှ သူများကဲ့ရဲ့မှာဆိုးပြီး စိတ်မနိုင်တဲ့အချိန် သူ့အမေက နိုင်ငံခြားသွားမလားဆိုပြီး ရောက်သွားတယ်။ နှစ်ပတ်အကြာ ပြန်လာဖို့လုပ်တော့ သူ့အကိုနဲ့ ဖိုးဝလုံးက လက်ထက်သွားခဲ့ပြီ။ အဲ့တာနဲ့ နိုင်ငံခြားမှာပဲ ဆက်နေရင်း မဖြစ်မနေ မြန်မာကို ပြန်လာရတဲ့ အခါမှာတော့.....

#Cobi #review #blOCfic

https://www.wattpad.com/story/242010908?utm_medium=link&utm_source=android&utm_content=share_reading

JEON'S REVIEW

20 Jan, 21:03


White hair is....
(Guess top or bottom

JEON'S REVIEW

20 Jan, 21:01


ဝယ်မှနောင်တမရမှာနော်

1,961

subscribers

75

photos

133

videos