HIV ပိုးဟာ ရောဂါပိုးရှိသူရဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့သွေး၊ လ-ိ င်ဆက်ဆံရာမှ ထွက်တဲ့ အရည်နှင့် မိခင်ရဲ့ နို့ရည်တို့မှ တစ်ဆင့် ကူးစက်တတ်ပြီး တချို့လူတွေ ထင်ထားသလို ထမင်းအတူစားရုံ၊ တံတွေးနဲ့ထိမိရုံ၊ အဝတ်အစား တူတူဝတ်မိရုံနဲ့ မကူးစက်နိုင်ပါဘူး။
ကူးစက်နည်းတွေကတော့ -
၁။ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ (လိင်တူ၊ လိင်ကွဲ) ဆက်ဆံမိခြင်း
၂။ ပိုးရှိသူ အသုံးပြုပြီးသား မသန့်ရှင်းတဲ့ ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနဲ့ မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း
၃။ ပိုးရှိသော သွေးကိုသွင်းမိခြင်း
၄။ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားကို ကူးစက်ခြင်း တို့ ဖြစ်ပါတယ်။
သင့်မှာ အထက်ပါ HIV ပိုးကူးစက်ခံရနိုင်တဲ့ အခြေအနေတခုခု ရှိခဲ့ဖူးတယ်ဆိုရင်တော့ HIV ပိုးရှိမရှိ စစ်ဆေးကြည့်သင့်ပါတယ်။ လမ်းပြကြယ်ဆေးခန်းများတွင်လည်း HIV ရှိမရှိ အခမဲ့ စစ်ဆေးနိုင်ပါပြီ။
ဆက်သွယ်ရန်
ရန်ကုန် - 099 790 20465, 09 88000 5923၊
မန္တလေး - 09977773428
#TOPCenterMyanmar #LanPyaKyel #HIV #HIVTesting