Collider's review @rev_iew Channel on Telegram

Collider's review

@rev_iew


ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc)
ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏

Collider's review (Burmese)

ဤ Channelတွင်ကြော်ညာများထည့်သွင်းလိုပါက Admin acc >> @norafati (telegram acc)ကတစ်ဆင့်ဆက်သွယ်လို့ရပါတယ်🙏nnCollider's review ဆိုသည်ဘာဂျင်နှစ်ကြောင့်အင်္ဂလိပ်လိပ်နှင့်ပတ်သက်ပြီး အသက်မွှေကြီးစွဲသူများအတွက် အကြာင်းကိုယ်တွင်လည်းနောက်ဆုံးပေါင်းပျက်လိုက်ပါသည်။ သင်မျှမမှာလုံခြုံစုခြင်းနှင့် အမှားတစ်ခုကိုဖြည့်စွက်ကိုဖြစ်ပါသလား။ ဤ Channel သည်ဘာတွင်ပြန်ယဉ်ဆောင်နှင့် ထိန်းသိမ်းနှင့် အချို့သိန်းနှင့်ပတ်သက်ပြီး နှစ်ကြောင့်ရရှိနိုင်သလား။ သင်အရေအတွက်ဤ Channel ကိုဖွင့်အပ်ပါသလား။

Collider's review

23 Nov, 19:23


Harry Potter အပါအဝင် မာလင်/ ဂျက်စပဲရိုး/Twilight/Lord the rings/Hobbit/Fantasis Beast /Narnia/Fast and Furious တို့အပြင် Harry Potter
နဲ့ ဇာတ်အိမ်ဆင်တဲ့ ဇာတ်ကား/series ပါတဲ့Collection gp လေးလုပ်ထားပါတယ်နော်🌚
ကြည်တောက် ရှင်း 1080p နဲ့ပါ အကုန်လုံး
💙💙
1000ks ထဲနဲ့memeber ဝင်ပြီးကြည့်လို့ရပါပြီ
😻
ပုံထဲက ဇာတ်ကားတွေအကုန်ပါပါတယ်နော်

memeber ဝင်ချင်ပါက
🔽🔽🔽
https://t.me/norafati

မင်မင် အကောင့်ကို HP လို့ပို့ပြီး
လာကြည့်လို့ရပါပြီ

ဇာတ်ကား list များ
🔽🔽🔽
Fast and Furious Collection 1 to 10 အစအဆုံး
⚡️⚡️⚡️
1.Harry Potter အစအဆုံး
2.Twilight (သွေးစုတ် ဖုတ်ကောင်ကား) အစအဆုံး
3.Merlin Season 1 to 5 အစအဆုံး
4.The Chronicles of Narnia (2005 to 2010) စ/ဆုံး
5.Fantastic Beast (2016 to 2022) စ/ဆုံး
6.Lord of The Rings စ/ဆုံး
7.Hobbit စဆုံး
8.Pirates of the Caribbean (ဂျက်စပဲရိုး)
9.Percy Jackson series 2023 စ/ဆုံး
10.Percy Jackson movie (2010 to 2013)

ကြည့်ချင်တဲ့သူတွေဒီအကောင့်လေး
🔽🔽🔽
https://t.me/norafati
ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်

Collider's review

23 Nov, 19:05


New Gods: Yang Jian ( 2022 ) မြန်မာစာတန်းထိုး
IMDb 6/10
ဒီနေ့မှာဆိုရင် CM က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ်မှာ
ရုံတင်ထားတဲ့ တရုတ် Animation ဇာတ်ကားကောင်းလေး
တစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ် ဒီဇာတ်ကားလေးဟာဆိုရင်
တရုတ်နိုင်ငံရဲ့ ၂၀၂၂ခုနှစ် 3D ကာတွန်းစိတ်ကူးယဥ်အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီးတော့
《New God Lists》စီးရီးတွေထဲက ဒုတိယမြောက် ရုပ်ရှင်ဆိုရင်လဲ
မမှားပါဘူးရှင် မင်မင်းဆက် ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့
《နတ်ဘုရား ယန်ရိ》 ထဲက ရန်ကျန်ကာရိုက်တာကို
ဆီလျော်အောင်ပြန်လည်ရိုက်ကူးပြသထားတဲ့
ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကို ပြောပြရမယ်ဆိုရင်တော့ –

“ရှန်မင်းဆက်နဲ့ ကျိုးမင်းဆက်တို့ရဲ့ တိုက်ပွဲအပြီး
နှစ်ပေါင်း ၁၅၀၀ ကြာပြီးတဲ့နောက် ကောင်းကင်ဘုံ
စည်းမျဥ်း စည်းကမ်းတွေ ပျက်ပြားနေချိန် ဆင်းရဲမွဲတေနေတဲ့
ရန်ကျန်ဆိုတဲ့ လူငယ်လေးက ငွေအသပြာလက်ခံရယူပြီ
းလူတွေကိုဖမ်းဆီးပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီးတော့
အသက်မွေးဝမ်းကြောင်းပြုနေခဲ့ပါတယ်
တစ်နေ့မှာတော့ ဆယ်ကျော်သက်လူငယ်လေးတစ်ယောက်ဖြစ်တဲ့
ချန်ရှန်း ကိုလိုက်လံ ဖမ်းဆီးဖို့ ဖောက်သည်တစ်ယောက်ထံကနေပြီး
ငွေအသပြာတွေလက်ခံရရှိခဲ့ပါတယ် တစ်ဆက်ထဲမှာပဲ
အဲဒီလူငယ် ချန်ရှန်းက ရန်ကျန်ရဲ့ တူဖြစ်တဲ့အကြောင်း
မတော်တဆသိရှိသွားခဲ့ပါတော့တယ် ချန်ရှန်းဆိုတဲ့
လူငယ်လေးဟာ ကြာပန်းမီးအိမ်ကို ရှာဖွေပြီး
မိခင်ဖြစ်သူကိုကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားသူလေးပါ
ဒါပေမဲ့လဲ အဲဒီအစား ဘေးအန္တရာယ်နဲ့ပဲ ရင်ဆိုင်ခဲ့ရရှာပါတယ်
အဲဒီအချိန်မှာပဲ ရန်ကျန် တစ်ယောက် တူဖြစ်သူရဲ့
ရှုပ်ထွေးလှတဲ့ အတိတ်ကိုဖော်ထုတ်ဖို့ ခရီးလမ်းကြောင်းစတင်ခဲ့ချိန်မှာတော့ -”

❐ ဘာတွေဆက်ဖြစ်ကြမှာလဲ
❐ တူရီးနှစ်ယောက်အတူတူ ဘယ်လို ဘေးအန္တရာယ်မျိုးတွေကို ရင်ဆိုင်ကြရမလဲ
❐ အခက်အခဲတွေကို အတူတူကျော်လွှားနိုင်ပါ့မလားဆိုတာ
စိတ်ဝင်တစားကြည့်ရှုရမဲ့ တရုတ်ကာတွန်းဇာတ်ကား
ကောင်းလေး တစ်ကားပဲဖြစ်ပါတယ်ရှင် အခုပဲကြည့်ရှုလိုက်ရအောင်လားနော်

Collider's review

23 Nov, 19:04


Fantasia (1940) မြန်မာစာတန်းထိုး
IMDb 7.3/10
ဒီ Fantasia ဆိုတာဟာ ရုပ်ရှင်ကား တစ်ကားမဟုတ်ပဲ

သင့် ရင်ထဲရောက်တဲ့ အပိုင်းအစ လေးတွေ များစွာ ထည့်သွင်းပေးထားပါတယ်

သင့်ပတ်ဝန်းကျင်မှာ ယနေ့ထက်ထိ တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပါ

Walt Disney ရဲ့ အကောင်းဆုံး နောက်ခံ တေးဂီတ ကို Animation နဲ့

လိုက်ဖက်စွာ ပုံဖော်ပြီး ကမ္ဘာကျော် တေးဂီတ များစွာကို ဘယ်လိုတွေ

နောက်ခံ ဂီတ အဖြစ် အံဝင် ဂွင်ကျ တီးခတ်ထားကြသလဲ ဆိုတာ

Fantasia နဲ့ အတူ လိုက်ပါ ခံစားပေးကြပါအုံး

Fantasia ကို ဘာသာပြန်ပေးထားသူကတော့

Si Thu ပဲ ဖြစ်ပါတယ်

ကျွန်တော် Thit San Khant က Encode တင်ဆက်ပေးထားပါတယ်

Collider's review

23 Nov, 18:56


Panga (2020) မြန်မာစာတန်းထိုး
IMDb 7.3/10 Rotten 93%
အပေါ်က နိုင်ငံတကာရုပ်ရှင်အဆင့်သတ်မှတ်ချက်တွေကိုကြည့်ရုံတင်နဲ့တင်

ဒီဇာတ်ကားဟာ ကားကောင်းတစ်ကားဆိုတာ ထွေထွေထူးထူူး ညွှန်းဆိုဖို့လိုမယ်မထင်ပါဘူး

ဘောလီဝုဒ်မှာ ခပ်ပေါပါဇာတ်ကားတွေထွက်သလို ဒီလို ခံစားမှုပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတွေလည်း နှစ်စဉ်ထွက်လေ့ရှိပါတယ်

အာမခံနိုင်တာတစ်ခုကတော့ ဒီဇာတ်ကားဟာ ၂၀၂၀ ခုနှစ်ထွက် ကားကောင်းတစ်ကားပါပဲ

ပါဝင်သရုပ်ဆောင်ထားတာလည်း တခြားသူမဟုတ်ဘဲ Queen ဖြစ်တဲ့ Kangana Ranaut

ဒါရိုက်တာကလည်း ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Nil Battey Sannata Bareilly Ki Barfi တို့၏ဒါရိုက်တာ Ashwiny Iyer Tiwari ပဲဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့ … ကဘတ်ဒီအားကစားဘဝကနေ အနားယူလိုက်ရတဲ့ နိုင်ငံလက်ရွေးစင်ကစားသမား ဂျာယားနီဂမ်ဟာ အကြောင်းအမျိုးမျိုးကြောင့်

တစ်ကျော့ပြန်ကစားဖို့ဖြစ်လာတဲ့အခါမှာတော့ အသက် ၃၂ နှစ်၊ ၇ နှစ်အရွယ်ကလေးတစ်ယောက်နဲ့ အိမ်ရှင်မတစ်ယောက်ဟာ ကစားသမားဘဝနဲ့ အောင်မြင်မှုကို

နောက်တစ်ကြိမ် ပြန်လည်ဆွတ်ခူးတဲ့အခါ ဘယ်လိုအခက်အခဲတွေရှိမလဲ ဘယ်သူတွေက ကူညီအားပေးကြမလဲ

သူဘယ်လိုရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရသစုံပေးစွမ်းသွားမယ့် ဇာတ်ကားကောင်းတစ်ကားကို အားလုံးပဲ ကြည့်ရှု့ခံစားလိုက်ကြပါခင်ဗျာ

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….

Collider's review

23 Nov, 18:52


Bypass Road (2019) မြန်မာစာတန်းထိုး
IMDb 5.6/10
ဘောလီဝုဒ်ဖန်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Mystery, Thriller ကားကောင်းတစ်ကားကို

ကျွန်တော်များ Channelmyanmar မှ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ

အထိရရှိထားပါတယ်

ဇာတ်လမ်းလေးကတော့ …ဖက်ရှိုးမန်နေဂျာတစ်ယောက်ဖြစ်တဲ့ ဗစ်ကရမ်ကပူးလ်ဟာဆိုးရွားတဲ့ကားတိုက်မှုတစ်ခုဖြစ်သွားပါတယ်

ထိုညမှာပဲ သူ့ဖက်ရှင်ရှိုးတွေက ဖက်ရှင်မော်ဒယ်တစ်ဦးဖြစ်သူ ဆာရာကလည်း သူ့ကိုယ်သူသတ်သေသွားပါတယ်တဲ့

ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့ ဆာရာ့မိဘတွေကတော့ သူ့သမီးသတ်သေတာမဟုတ်ဘဲ အသတ်ခံရတာပါလို့ထွက်ဆိုထားပါတယ်

ပြီးတော့ ဗစ်ကရမ်နဲ့ ဆာရာကလည်း ဇာတ်လမ်းမရှင်းရှင်းတွေထွက်ထားဖူးတာကြောင့် ဗစ်ကရမ်ကရော တကယ်ပဲ မတော်တဆဖြစ်ခဲ့တာလား

လုပ်ကြံခံရတာလား ဆာရာကရော သူ့ကိုယ်သူသတ်သေခဲ့တာလား

တစ်ယောက်ယောက်က သတ်ခဲ့တာလား ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေမလဲ …

ဒါတွေကိုတော့ ဆက်လက်ကြည့်ရှု့ပြီး အဖြေထုတ်လိုက်ပါတော့

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်….

Collider's review

23 Nov, 17:30


အမြဲ 💚Active now 💚 နေတဲ့ M9 ရှမ်းကိုးမီး ☺️ အဖိုးကြီး နဲံသမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို အခုဘဲအကောင့်ဖွင့်လိုက်တော့နော်

အရော်အစား မှန်နေမြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို အတွက်😍


⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️နေ့စဉ်ဘောနပ် 20%
⚡️သူငယ်ချင်းမိတ်ဆက် 20%
⚡️သွင်းတိုင်းရ 10% ရှိတဲ့အပြင်


🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို ညီကိုတွေ မရလိုက်မှာဆိုးလို

အခုပဲ အမြန်ဆုံး အကာင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
ဂိမ်းအကာင့်ဖွင့်ရန် -
📲 Viber - 09 406 502 075
/ Telegram 📲 @hyperm9skm link - ☎️ ""
viber link - https://msng.link/o?959406502075=vi

Telegram link - https://t.me/hyperm9skm"

Collider's review

22 Nov, 19:50


Harry Potter အပါအဝင် မာလင်/ ဂျက်စပဲရိုး/Twilight/Lord the rings/Hobbit/Fantasis Beast /Narnia/Fast and Furious တို့အပြင် Harry Potter
နဲ့ ဇာတ်အိမ်ဆင်တဲ့ ဇာတ်ကား/series ပါတဲ့Collection gp လေးလုပ်ထားပါတယ်နော်🌚
ကြည်တောက် ရှင်း 1080p နဲ့ပါ အကုန်လုံး
💙💙
1000ks ထဲနဲ့memeber ဝင်ပြီးကြည့်လို့ရပါပြီ
😻
ပုံထဲက ဇာတ်ကားတွေအကုန်ပါပါတယ်နော်

memeber ဝင်ချင်ပါက
🔽🔽🔽
https://t.me/norafati

မင်မင် အကောင့်ကို HP လို့ပို့ပြီး
လာကြည့်လို့ရပါပြီ

ဇာတ်ကား list များ
🔽🔽🔽
Fast and Furious Collection 1 to 10 အစအဆုံး
⚡️⚡️⚡️
1.Harry Potter အစအဆုံး
2.Twilight (သွေးစုတ် ဖုတ်ကောင်ကား) အစအဆုံး
3.Merlin Season 1 to 5 အစအဆုံး
4.The Chronicles of Narnia (2005 to 2010) စ/ဆုံး
5.Fantastic Beast (2016 to 2022) စ/ဆုံး
6.Lord of The Rings စ/ဆုံး
7.Hobbit စဆုံး
8.Pirates of the Caribbean (ဂျက်စပဲရိုး)
9.Percy Jackson series 2023 စ/ဆုံး
10.Percy Jackson movie (2010 to 2013)

ကြည့်ချင်တဲ့သူတွေဒီအကောင့်လေး
🔽🔽🔽
https://t.me/norafati
ကိုဆက်သွယ်စုံစမ်းလို့ရပါတယ်

Collider's review

22 Nov, 18:56


Risky Business (1983) မြန်မာစာတန်းထိုး
IMDb 6.8/10

ဒီဇာတ်ကားကတော့ ၁၉၈၃ ခုနှစ်က ထွက်ရှိထားတဲ့ မင်းသားကြီးတွမ်ခရုဇ်ရဲ့ Comedy,Drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။

အိမ်မပိုင်ပဲ ဂေါ်လီလုပ်ချင်တဲ့ တွမ်ခရုစ်တစ်ယောက်……မိဘတွေ ခရီးထွက်သွားပြီး အိမ်မှာတစ်ယောက်ထဲကျန်ခဲ့အခါ…..

သူငယ်ချင်းတွေရဲ့ ခြောက်တွန်းမှုနဲ့ အိမ်အရောက်ပို့ စကီလေးများဝန်ဆောင်မှုကို ဆက်သွယ်မိရာကနေ….

အရှုပ်တော်ပုံထဲ ကြားညှပ်ပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာ…..။

ဒီဇာတ်ကားဟာ IMDb (6.8) နဲ့ Rotten Tomatoes (96%) ထိ ရရှိထားပြီး ၁၉၈၀ ခုနှစ်များရဲ့ အငွေ့အသက်ကို အပြည့်အဝခံစားရမယ့် ဇာတ်ကားပါ။

ဇာတ်ကောင်တွေနဲ့ ဇာတ်ဝင်တေးတွေ ထိမိလှသလို

တွမ်ခရုဇ်ကို ငယ်ရုပ်နဲ့ နုပျိုချောမောစွာတွေ့ရတာ နှုတ်ခမ်းနီမလေးတွေအနေနဲ့ မှင်သက်မိစေနိုင်ပါတယ်။

Collider's review

22 Nov, 18:54


The Vanishing of Sidney Hall (2017) မြန်မာစာတန်းထိုး
IMDb Rating (6.8)

The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကို
ဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး
Rating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။

ဇာတ်လမ်းကတော့…
Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး
ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး
အောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။

အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။
Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊
သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊
Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊
ဘယ်လိုမြုပ်ကွက်တွေ ရှိနေမလဲဆိုတာကိုတော့ Mystery ရသအပြည့်နဲ့ရှာဖွေကြရမှာပါ။

Collider's review

22 Nov, 17:57


Paid in Full (2002) မြန်မာစာတန်းထိုး
IMDb Rating (7.0) / Rotten Tomatoes (53%)

ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။

၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။

မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း –

အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။

သူငယ်ချင်းဖြစ်သူ “မစ်”ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။

နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ “ရီကို” နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့

သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။

အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။

Collider's review

22 Nov, 17:39


Half Past Dead (2002) မြန်မာစာတန်းထိုး
IMDb 4.6/10
ဒီဇာတ်လမ်းကတော့ အက်ရှင်ကားတွေရဲ့ နာမည်ကျော် ဇာတ်ကြမ်းမင်းသားကြီး Steven Seagal ရဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာတော့ Steven Seagal ဟာ ထောင်ထဲမှာ အကျဥ်းသားအဖြစ်နဲ့ လျှို့ဝှက်ထောက်လှမ်းရေး လုပ်နေတဲ့ FBI အေးဂျင့် “ဆက်ရှာ” အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဖြစ်ချင်တော့ သူ အကျဥ်းကျနေတဲ့ ထောင်မှာ တစ်ခြားနာမည်ကျော် အကျဥ်းသားတစ်ဦးလည်းရှိနေပါတယ်။ သူကတော့ လွန်ခဲ့တဲ့ ၁၇နှစ်က သန်း၂၀၀ကျော်တန်ကြေးရှိ ရွှေတုံးတွေကို လုယက်ထားပြီး သေဒဏ်ကျခံထားရတဲ့ လက်စတာ ဆိုတဲ့သူပါ။ သူရွှေတုံးတွေ ဝှက်ထားတဲ့နေရာကိုလည်း ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး။ သူ့ကို သေဒဏ်ပေးမယ့့် ညမှာတော့ ထောင်တွင်းကို ပြင်ပကနေ အဖွဲ့တစ်ဖွဲ့ ထိုးဖောက်ဝင်ရောက်လာပြီး လက်စတာ အပါအဝင် ထောင်တွင်းက အရာရှိတွေကို ဓားစာခံ အဖြစ် ဖမ်းထားလိုက်ပါတော့တယ်။

ဒါကြောင့် ဆက်ရှာဟာ ဓားစာခံတွေကို ကယ်ထုတ်ဖို့ရော သူ့ရဲ့ပင်မ ရည်ရွယ်ချက် မပျက်ဆီးဖို့ကိုရော ကြိုးစားလုပ်ဆောင်ရပါတော့တယ်။ Steven Seagal ရဲ့ ထုံးစံအတိုင်းပဲ အက်ရှင်အခန်းတွေ သေနတ်ပစ်ခန်းတွေ အပြည့်ပဲမို့ rating တွေကို ဂရုမစိုက်ိုက်ဘဲ စိတ်လွတ်ကိုယ်လွတ် အပန်းဖြေချင်တဲ့သူတွေ အတွက် ကြည့်ပျော်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

Collider's review

22 Nov, 17:20


အမြဲ 💚Active now 💚 နေတဲ့ M9 ရှမ်းကိုးမီး ☺️ အဖိုးကြီး နဲံသမီးတော်စလော့ ချိုချဥ်ဂိမ်း ဆ 1000 နဲ့ ရှယ်ထုတ်ဖို အခုဘဲအကောင့်ဖွင့်လိုက်တော့နော်

အရော်အစား မှန်နေမြန်နေမှ ဆော့ကစားချင်တဲ့ ညီကိုတို အတွက်😍


⚡️ မန်ဘာသစ် 3000 သွင်း 6000 ဖရီး ရတဲ့ အပြင်
⚡️နေ့စဉ်ဘောနပ် 20%
⚡️သူငယ်ချင်းမိတ်ဆက် 20%
⚡️သွင်းတိုင်းရ 10% ရှိတဲ့အပြင်


🍀 ပရိုမိုးရှင်းကာလက အကန့်အသတ်ရှိတာမို ညီကိုတွေ မရလိုက်မှာဆိုးလို

အခုပဲ အမြန်ဆုံး အကာင့်ဖွင့်ကစားဖို သတင်းကောင်းပါးလိုက်ပါတယ်ရှင့်။
ဂိမ်းအကာင့်ဖွင့်ရန် -
📲 Viber - 09 406 502 075
/ Telegram 📲 @hyperm9skm link - ☎️ ""
viber link - https://msng.link/o?959406502075=vi

Telegram link - https://t.me/hyperm9skm"

Collider's review

22 Nov, 17:05


The Guardian Brothers (2016) မြန်မာစာတန်းထိုး

အချောချောတွေနဲ့ ………..နတ်သားလေး၂ယောက်ဟာတကယ်ပဲ

လူတွေရဲ့စိတ်ကိုပြောင်းလဲအောင်လုပ်နိုင်မလား ဘယ်လိုအန္တရယ်ဆိုးတွေနဲ

့ရောကြုံရမလဲဆိုတာတော့ ပရိတ်သတ်ကြီးရေ

ကြည့်လိုက်ပါဦးလို့……. ဒီဇတ်ကားလေးကိုကြည့်ရင်း

အာရုံကိုလွှမ်းမိုးလာတာက ဖတ်ဖူးခဲ့တဲ့ သာသနာသက္ကရာဇ်နဲ့ဆိုင်တဲ့အကြောင်းလေးပါပဲ

သာသနာသက္ကရာဇ် ၃ဝဝဝကျော်ခဲ့ရင် လူတွေဟာ

အယူအဆလွဲမှားမှုတွေနဲ့ ပျက်ကိန်းဆိုက်မယ်လို့ ဆိုထားတာပါ ဒီဇတ်ကားလေးထဲမှာ

ဆိုရင်လူတွေဟာ ခတ်မှီစက်ကိရိယာတွေ နည်းစနည်တွေ

စည်းကမ်းတွေလွှမ်းမိုးမှုအောက်

မှာ ပျော်မွေ့နေလေတော့ ဘာသာရေးလိုက်စားမှု ဆိုတာမရှိသလော

က်ဖြစ်နေတယ် ဇတ်ကားကျောရိုးက ပိုပိုသာသာလေးပြထားတယ်ဆိုပေမဲ့

ကျွန်တော်တို့မျက်မှောက်ခေတ်

အပြင်လောကနဲ့ဆက်စပ်ကြည့်တော့

တော်တော်လေးလည်းမှန်နေတယ် ကောင်းမွန်တဲ့နိမိတ်ပြဇတ်ကားလေးလို

့တောင်ဆိုရမယ်ထင်တယ် ကိုင်းရေးတာလည်းရှည်ပြီဗျာ ခံစားကြည့်လိုက်ပါဦးလို့

Collider's review

22 Nov, 16:57


Dum Laga Ke Haisha (2015) မြန်မာစာတန်းထိုး
IMDb 7.5/10

၂၀၁၅ က ထွက်ရှိခဲ့တဲ့ ဟင်ဒီအချစ်ဟာသကားလေးကို
ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်

သရုပ်ဆောင်များအနေနဲ့ Ayushmann Khurrana နဲ့ Bhumi Pednekar တို့ဖြစ်ပြီး
ဘတ်ဂျက် ၁၄ ကုဋေတည်းနဲ့ ရုံတင်ဝင်ငွေ ၁၁၃ ကုဋေ ပြန်လည်ရရှိခဲ့တဲ့ ကားလေးပါ

ဇာတ်လမ်းအကျဉ်းကတော့ ပရမ်းဆိုတဲ့ကောင်လေးဟာ ကျောင်းထွက်တစ်ယောက်ဖြစ်ပြီး
ရှက်ကိုးရှက်ကန်းနဲ့ မိဘစကားကို မြေဝယ်မကျနားထောင်ရသူပါ

အဖေလုပ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် ဘွဲ့ရပညာတတ်
ခပ်ဝဝကောင်မလေး ဆန်ဒယာ့ကို မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီး
အစစအရာရာ စရိုက်လက္ခဏာမတူကြတဲ့ သူတို့မောင်နှံနှစ်ယောက်
အကွဲအလွဲတွေကနေ အချစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကတော့ …

အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Collider's review

22 Nov, 16:56


Nenu Sailaja ( 2016 ) မြန်မာစာတန်းထိုး
IMDb 6.5/10
အချစ်ရှာသူ

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၆ ခုနှစ်ထွက်
ရရှိထားတဲ့ အချစ်ဟာသကားလေးပါ..

ဇာတ်လမ်းအကျဉ်းကတော့..

ဟာရီလို့အမည်ရတဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ DJ တစ်ဦးဖြစ်ပြီး
သူဟာ ငယ်စဉ်ကလေးဘဝ ကျောင်းစတက်တဲ့နေ့ကတည်းက
တိတ်တခိုးချစ်မြတ်နိုးရတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဖွင့်မပြောလိုက်ရခင်မှာပဲ သူတို့နောက်တစ်နေရာကိုပြောင်းရွှေ့ခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီး သူဟာ နောက်ထပ်မိန်းကလေးတွေနဲ့ပတ်သက်ပြီး
တူညီတဲ့အမှားမလုပ်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်ခဲ့ပါတော့တယ်။

အဲဒါကြောင့် သူသဘောကျတဲ့မိန်းကလေးကိုတွေ့လိုက်တိုင်း
သေချာပေါက်ဖွင့်ပြောတော့တာပဲ။ ကံမကောင်းစွာနဲ့ သူဖွင့်ပြောလိုက်တိုင်း အငြင်းချည်းခံရပါတော့တယ်
ဆောရီး ဟာရီ
ဆောရီး ဟာရီ
ဆောရီး ဟာရီ
ဒါဟာ မိန်းကလေးတိုင်းရဲ့သူ့အပေါ်တုံ့ပြန်စကားပါပဲ။

ဒါကြောင့် သူ့ဘဝမှာ နောက်ထပ်အချစ်ဆိုတဲ့စကားလုံးမရှိတော့ဘူးလို့
ကြွေးကြော်လိုက်တဲ့အချိန်မှာပဲ နောက်ထပ်ကောင်မလေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတော့တယ်။

နာမည်မသိ လိပ်စာမသိတဲ့ကောင်မလေးကို အချစ်မရှိကြွေးကြော်ထားတဲ့
ကိုဟာရီတစ်ယောက်ထပ်ကြွေသွားဦးမလား..
ဘယ်လိုအလွဲတွေထပ်ကြုံရဦးမလဲဆိုတာကို
ဟာသဆန်ဆန်ပေါ့ပေါ့ပါးပါးရိုက်ကူးထားတာဖြစ်လို့ ပျော်ရွှင်စွာကြည့်ရှုခံစားပေးပါဦးခင်ဗျာ။

20,471

subscribers

397

photos

2,245

videos