Latest Posts from Rᴇɴ Pʀᴇsᴇᴛ Cʜᴀɴɴᴇʟ (@renxjeon_preset) on Telegram

Rᴇɴ Pʀᴇsᴇᴛ Cʜᴀɴɴᴇʟ Telegram Posts

Rᴇɴ Pʀᴇsᴇᴛ Cʜᴀɴɴᴇʟ
Tɪᴋ ᴛᴏᴋ မှာ တင်တဲ့ဟာလေးတွေကို ပရီစက်ထုတ်ပေးမယ်ဗျာ သူများပရီစက်ဆိုရင် ဒီတိုင်းတင်ပေးပါမယ့်ဗျ စီစီတွေရော Fᴀɴ Aʀᴛ လေးပါ တွဲတင်ပေးမှာ

𝘾𝙝𝙖𝙣𝙣𝙚𝙡 𝘼𝙣𝙣𝙞 𝘿𝙖𝙩𝙚 -(25.10.22)
2,364 Subscribers
417 Photos
90 Videos
Last Updated 01.03.2025 03:07

The latest content shared by Rᴇɴ Pʀᴇsᴇᴛ Cʜᴀɴɴᴇʟ on Telegram


သင်သိပါသလား?


သင်အိမ်မက်ထဲတွင်မမြင်ဘူးသောလူတစ်ယောက်ကိုတွေ့ရင်
အဲ့လူဟာအဖြူရောင်ဝတ်ထားခဲ့ရင်
အရင်ဘဝကသင့်ချစ်သူပါ..
အနက်ရောင်သာဝတ်ထားရင်
နတ်‌ဆိုးသဘောပါ။


သင့်အိမ်မက်ထဲမြွေ ဖား အိမ်အိမ်မြောင်ကိုတွေ့ရင်သင့်တို့အိမ်က
သင့်ထက်ငယ်တဲ့လူတစ်ယောက်"ဖျားတတ်ပါတယ်

မိတ်ဆွေတို့အိမ်မက်ထဲမီးခိုးတွေတွေ့ရင်အရှေ့အရပ်သို့ရေဖြန်းပြီးပက်လိုက်ပါအနှောက်အယှက်များလို့ပါ

သင်အိမ်မက်ထဲမြွေတွေကရန်ပြုတယ်ဆိုမယ်တော်စိတ်ဆိုးတာတစ်ခုခုသင်လုပ်မိလို့ပါ

သင်အိမ်မက်ထဲမြတ်စွာဘုရားရဲ့ဦးခေါင်းကိုမြင်မက်ရင်ခေါင်းဆောင်ဖြစ်နိုင်ပါတယ်


သင်အိမ်မက်ထဲရည်းစားဟောင်းမြင်မက်ရင်အမှန်တိုင်းပြောသူကိုမေ့မရဘူးမလား?





#dreams

#ᴊᴀʏ_ʀᴇɢɪɴᴀ

💗💗💗

ရီအက်?

#ᴊᴀʏ_ʀᴇɢɪɴᴀ

Photo crd

တစ်အချက်နဲ့အတင်ဘာမှလုပ်မရတာ၂မလာနဲ့အုံး


#ᴊᴀʏ_ʀᴇɢɪɴᴀ
#crdphoto

ရာသီသွေးအဆင်းများခြင်း
(Dysfunctional Uterine Bleeding)
=======================

🔺ဘာကြောင့်ဖြစ်တာလဲ

အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ် စစ်ဆေးမှုတွေမှာလည်း ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပြီး၊ ရာသီသွေး ပေါ်ခါစအရွယ်နဲ့ သွေးဆုံးခါနီး အသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။

သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်) လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လိုအပ်တာထက်ပိုပြီး ထုတ်တာများနေတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။

အခြား ရာသီသွေးဆင်းများစေတဲ့ အကြောင်းအရင်းတွေကတော့...

- သားအိမ်တွင်း အလုံးရှိခြင်း
- သုံးလခံတားဆေး ထိုးထားသူများ
- သားအိမ်တွင်း ကိုယ်ဝန်တားပစ္စည်း ထည့်ထားသူများ
- သွေးကျဲရောဂါ ရှိသူများ
- သွေးကျဲဆေး သောက်နေရသူများ
- ကိုယ်ဝန်ပျက်ကျလျှင်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်နေလျှင်
- လိင်ဆက်ရာမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအပါအဝင် သားအိမ်တွင်းပိုင်း ပြဿနာရှိနေသူတွေ
- သားအိမ်နံရံ ကင်ဆာရောဂါရှိသူတွေ စသူတွေမှာလည်း ရာသီသွေးဆင်း များနိုင်ပါတယ်။
...
...
🔺ဘယ်လိုသိနိုင်မလဲ

ဆရာဝန်က ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေအပြင် လိုအပ်တဲ့အခါ အောက်ပါစစ်ဆေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်...

- မျိုးပွားလမ်းကြောင်း စမ်းသပ်စစ်ဆေးခြင်း
- သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိ စစ်ဆေးခြင်း
- သွေးအားနည်းရောဂါ ရှိ/မရှိ သိနိုင်ရန် သွေးစစ်ခြင်း
- ဝမ်းဗိုက်နှင့် မျိုးပွားလမ်းကြောင်းမှတစ်ဆင့် အယ်ထွာဆောင်း (Ultrasound) ရိုက်ခြင်း
- သားအိမ်မှန်ပြောင်းနှင့် စစ်ခြင်း
...
...

🔺ကုသခြင်း

အကယ်၍ စမ်းသပ်စစ်ဆေးလို့ ရောဂါအခံမရှိဘူးဆိုရင် ကုသခြင်းရဲ့ အဓိကရည်ရွယ်ချက်က သွေးဆင်းတဲ့ပမာဏ နည်းသွားအောင်ပဲ ဖြစ်ပါတယ်။ ဆရာဝန်က အောက်ပါဆေးတွေ ညွှန်းနိုင်ပါတယ်...

◾️တားဆေးကဒ်

တားဆေးကဒ်ကို ပုံမှန်သောက်ရင် ဆေးမှာပါတဲ့ ဟော်မုန်းအာနိသင်ကြောင့် သွေးဆင်းတာ သုံးပုံတစ်ပုံလောက် နည်းသွားစေနိုင်ပါတယ်။

◾️ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်း

ဒီနေရာမှာ သတိပြုရမှာကတော့ သားအိမ်တွင်းထည့်ပစ္စည်းဟာ အမျိုးအစား (၂) မျိုး ရှိတယ်ဆိုတာပါပဲ။ ကိုယ်ဝန်တားနည်း သုံးဖို့လည်း လိုအပ်နေတဲ့ တချို့အမျိုးသမီးတွေမှာတော့ ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ကိုယ်ဝန်တားပစ္စည်းသုံးလိုက်ခြင်းဖြင့် ရာသီသွေးဆင်းတာသက်သာသွားတတ်ပါတယ်။

(ပြဿနာဖြစ်လေ့ရှိတာက အိမ်ထောင်မရှိသူကို ဘာကြောင့် ကိုယ်ဝန်တားဆေးတွေ သောက်နေရတာလဲ ဆိုတာပါ။ တကယ်တော့ ရာသီသွေးဆင်းနည်းဖို့အတွက်ပေးတာပါ။

နောက်ထပ်ရှုပ်ထွေးစရာရှိတာက တားဆေးကဒ်နဲ့ ဟော်မုန်းပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းက ရာသီသွေးဆင်းတာနည်းစေပြီး သုံးလခံထိုးဆေးနဲ့ ဟော်မုန်းမပါတဲ့ သားအိမ်ထဲထည့် ကိုယ်ဝန်တားပစ္စည်းထည့်တာက ရာသီသွေးဆင်းများစေနိုင်ပါတယ်)

◾️NSAIDs လို့ခေါ်တဲ့ အချို့အကိုက်အခဲပျောက်ဆေးတွေကလည်း သွေးဆင်းတာ နည်းစေပါတယ်။ (အစာအိမ်ရောင်နိုင်လို့ ဆရာဝန်ညွန်ကြားချက်နဲ့သာသောက်ပါ)

◾️သွေးခဲရာမှာကူညီပေးတဲ့ အချို့ဆေးတွေကိုလည်း လူနာတစ်ယောက်ချင်းရဲ့ ရောဂါပြင်းထန်မှုပေါ်မူတည်ပြီးပေးနိုင်ပါတယ်။

◾️ရာသီသွေး တအားအများကြီး ဆင်းတာမဟုတ်ဘူး၊ လူနာအတွက်လည်း အန္တရာယ်မရှိနိုင်တဲ့ အခြေအနေမျိုးဆိုရင်တော့ ကုသစရာမလိုဘဲ ကာလအတိုင်းအတာတစ်ခုထိ စောင့်ကြည့်လို့ရပါတယ်။
(အထူးသတိထားရမှာက သွေးဆင်းတာများရင် သွေးအားနည်းတတ်ပြီး ဒီကတစ်ဆင့် သွေးအားနည်းနှလုံးရောဂါဖြစ်နိုင်တဲ့အတွက် သွေးအားနည်းပြဿနာ ရှိ/မရှိ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးရပါမယ်)

အပေါ်က အချက်တွေအပြင်...
- သံဓာတ်ပါတဲ့ အားဆေးပုံမှန်သောက်ပါ
- ရာသီလာချိန် တတ်နိုင်သမျှ အနားယူပါ
- အာဟာရပြည့်ဝအောင် စားပါ
- ဆေးရုံ၊ ဆေးခန်းပြရင် ကိုယ့်မှာ ရာသီသွေးဆင်းတာများတဲ့ ပြဿနာရှိကြောင်း ဆရာဝန်ကို ပြောပြပါ။ (ဆရာဝန်က သိမှသာ Aspirin ကဲ့သို့သော သွေးကျဲစေတဲ့ ဆေးမျိုးပေးတာ ရှောင်နိုင်မှာပါ)

#crdpost
#crdphoto
#ᴊᴀʏ_ʀᴇɢɪɴᴀ
#health

မျက်စိခြောက်ခြင်းကို ကာကွယ်ရန် လိုက်နာရမည့်အချက်များ 💁🏻‍♀

အအေးဒဏ်ကြောင့် မျက်လုံးရှိ သွေးကြောများကျဉ်းလာပြီး မျက်စိခြောက်ခြင်း ၊ အမြင်အာရုံမှုန်ဝါးခြင်း နှင့် အမြင်နှစ်ထပ်ဖြစ်ခြင်း ကဲ့သို့သော မြင်အာရုံ အားနည်းခြင်းများ ဖြစ်ပေါ်တတ်ပါတယ် ။

ဒီလိုလက္ခဏာမျိုးတွေမဖြစ်အောင်ကာကွယ်ရမယ့်နည်းလမ်းလေးတွေကတော့ 💁🏻‍♀
Omega ဓာတ်ကြွယ်ဝသော အစားအစာများ စားသုံးခြင်း
ရေမကြာခဏသောက်ပေးခြင်း
နေပူထဲ သို့မဟုတ် လေတိုက်သောနေရာများသို့သွားလျှင် နေကာမျက်မှန်တပ်ပေးခြင်း
လက်ဖြင့် မျက်စိကိုပွတ်ခြင်းများ ရှောင်ကြဉ်ခြင်း
မကြာခဏ မျက်တောင်ခတ်ပေးခြင်း
မျက်ကပ်မှန်တပ်ခြင်းကို လျော့ချခြင်း
မျက်ရည်တု မကြာခဏ အသုံးပြုခြင်း
မျက်စိပေါ်သို့ ညစဥ် ရေနွေးဖတ်ကပ်ပေးခြင်း အစရှိတဲ့ အချက်တွေပဲဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ

#eyecare
#ᴊᴀʏ_ʀᴇɢɪɴᴀ
#crd
#health

ရီအက်မပေးမတင်ဘူးရီအက်ပေးလေကလေးတို့

#ᴊᴀʏ_ʀᴇɢɪɴᴀ