ဧရာဝတီတိုင်း မြန်အောင်ခရိုင် မြန်အောင်မြို့နယ် အစယ်အုပ်စုမှ အုပ်ချုပ်ရေးမှူးကျော်နိူင်နဲ့ရာအိမ်မှူးတေဟာ စစ်မှုထမ်းအကြောင်းပြကာ ရွာသားများကို ငွေကြေးအတင်းကောက်နေပါတယ်ရှင် တအိမ်ကို ၅၀၀၀ နဲ့လေးကြိမ် ၂၀၀၀၀ တကြိမ် ကောက်ပါတယ် မြို့နယ်ကိုတိုင်လို့ သွားရှင်းရတယ်လို့ ကြားပါတယ် မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်ယူသတိပေးတယ်လို့လဲကြားပါတယ် ခုလဲထပ်ပီး တအိမ် ၁၅၀၀၀ ကောက်နေလို့ နားမလည်နိူင်ဖြစ်ရပါတယ်
ဥပဒေအတိုင်းမလုပ်ဘူး လက်လုပ်လက်စား အခြေခံလူတန်းစားတေနဲ့ သက်ကြီရွယ်အိုတေပါမချန်ဘူး လူတေအကုန်လုံး သူ့ကိုကြောက်လို့သာ ဘာမှမပြောရဲတာ ရင်ထဲတေမှာတော့ မကောင်းကြဘူး ဘယ်သူ့ကိုအားကိုးရမှန်းမသိ ဖြစ်နေပါတယ်ရှင် ကောက်လို့ရတဲ့ငွေထဲကနေပီးတော့ မြို့နယ်ကြံ့ခိုင်ရေး ဥက္ကဌနဲ့ မြို့နယ်မှူးတို့ကို လတ်ထိုးနေတာ အဲဒါကြောင့်မပြုတ်ဖြစ်နေတာ
အထက်အဆင့် လူကြီးမင်းများရှင် အရေးယူပေးပါ
ရွာသားများကိုယ်စား တိုင်ကြားပါတယ်ရှင်