💗 Nam Joo Hyuk Myanmar Fans @namjoohyukmyanmarfans Channel on Telegram

💗 Nam Joo Hyuk Myanmar Fans

@namjoohyukmyanmarfans


💛 A little new world for NJH' sweeties 😘

ဒီ Channel က NJH ရဲ့ Drama လေးတွေကို မြန်မာစာတမ်းထိုးနဲ့ ပြန်စုပေးထားတာပါ ❤
စာတန်းထိုးပေးထားတဲ့ Channel တွေကို Full Credit ပေးပါတယ်

💗 Nam Joo Hyuk Myanmar Fans (Burmese)

💗 Nam Joo Hyuk Myanmar Fans သည် Nam Joo Hyuk ရဲ့ မြန်မာ အသွင်အပြင်းများကို ကြည့်ရှုရန်ဖြစ်သည်။ ဤ Channel သည် NJH ရဲ့ ဒရမ်ခရခရစာတန်းတွေကို မြန်မာ စာအုပ်စုကို အပြန်အလှန်နှင့် ပေးသွင်ပါသည်။ ပြန်ခဲ့တဲ့ အပြီးအစီကို ဤ Channel မှမိတ်ဆက်ပါပြီး အစုံအားပွဲ ကမ္ဘာအဖြစ် ကြည့်ရှုပါ။

💗 Nam Joo Hyuk Myanmar Fans

22 Feb, 16:33


သူ့ကို ပြောချင်တဲ့ Birthday Wish တွေ ဒီပို့စ်အောက်မှာလည်း ကြိုက်သလောက် အတူတူလာရေးလို့ရပါပြီ 😘

ဒီ Channel လေးကို​လည်း အကြာကြီး ပြစ်ထားမိတာ ဆောရီးပါ နော် 💛

💗 Nam Joo Hyuk Myanmar Fans

22 Feb, 16:33


👉 ဘာလိုလိုနဲ့ 2023 ဖေဖော်ဝါရီ ကိုရောက်ပြန်ပေါ့

တစ်နှစ်နဲ့ တစ်နှစ်ရဲ့ ကြာချိန်က ဘာမှ မဟုတ်လိုက်သလို ကျော်ဖြတ်လာပေမယ့် ကြားထဲမှာ ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေခြင်းတော့ မတူကြဘူးပေါ့

✍ အဲဒီတော့ အချစ်ပေါ်မှာ အရင်လို focus မထားနိုင်တော့တဲ့ ကိုယ့်ရဲ့ အားနည်းလာမှုတွေကို အရင်ပြောကြရအောင်

- ​ဖြတ်သန်းရုန်းကန်ရတဲ့ မွန်းကြပ်မှုတွေကြောင့် အရင်ကလို သူ့အကြောင်း တင်သမျှ site တွေထဲ ချောင်းပေါက်အောင် ဝင်ကြည့်ဖို့ သိပ်အခြေအနေမပေးတော့ဘူး
- vpn ချိတ်မှ မြင်ရတွေ့ရမယ့် အခြေအနေရယ်၊ server မကောင်းလို့ loading နဲ့ နှစ်ပါးသွားရတဲ့ ညတွေက သူ့အကြောင်းတွေ အရင်လို up to date သိနိုင်ဖို့ အလှမ်းကွာစေတဲ့ စည်းတွေပါပဲ
- ဒီလိုနဲ့ မြေပြင်က မချမ်းမြေ့မှု သတင်းတွေကြားထဲ သူ့အကြောင်း ကြည်နူးစရာတွေလည်း အရင်လို မျှဝေဖို့ လက်နှေးလာခဲ့တယ်
- ကိုယ်တို့ဆီက အနုပညာရှင်ကောင်းတွေ သူတို့ချစ်တဲ့အလုပ်ကို စွန့်လို့အနစ်နာခံနေကြချိန်မှာ ကိုယ်ချစ်တဲ့ တခြားတယောက်သောသူကို ဘာမှမဖြစ်သလို အရင်အတိုင်း support လုပ်ဖို့လည်း လိပ်ပြာမလုံတော့ဘူး
- ပျော်စရာတွေ ရှားသွားတဲ့မြေမှာ ဟန်ဆောင်ပြီး ပျော်ပြတဲ့ caption တွေနဲ့ သူ့အပေါ် အပေါ်ယံ ချစ်ပြဖို့လည်း ကိုယ်တကယ် မဝံ့ရဲခဲ့တော့ဘူး

ဒီလို အကြောင်းကြောင်းတွေကြောင့် လူတစ်ယောက်ကို ချစ်ရတာတောင် အားနာတဲ့စိတ်နဲ့ ကိုယ့်ရဲ့ fan girl life က အခုထိ ပျောက်ဆုံးနေခဲ့တယ်

ဒါပေမဲ့လည်းပေါ့လေ ...

🔸စိတ်အား လူအားလို့ ရတဲ့အချိန်နဲနဲလေးမှာ see first နဲ့ noti on ထားတဲ့ဆီတွေ ပြေးကြည့်ပြီး မင်းအကြောင်း တစ်စွန်းတစလေးမြင်ရုံနဲ့တင် အမောပြေခဲ့တယ်

🔸လိုင်းမကောင်းတဲ့အချိန် wifi ရုံးကို "စက်လာဖြုတ်တော့"လို့ ​ခြိမ်းခြောက်ပြီး line လေး speed တက်လာတာနဲ့ save ထား download လုပ်ထားတာတွေ အကုန်လုံးက မင်းနဲ့သက်ဆိုင်သမျှတွေပါပဲ

🔸မီးမမှန်လို့ ဒေါသတွေဖြစ်တဲ့အခါ ကိုယ့်အခန်းထဲက emergency light box လေးရဲ့ background က မင်းဓာတ်ပုံလေးကြည့်ပြီး စိတ်ကိုလျော့ပြီး ပြုံးခဲ့ရတယ်

🔸Social media ဆိုတာကြီးကို စိတ်ကုန်လို့ ဘာမှ လာမတင်ဖြစ်ရင်တောင် ကိုယ့်ဖုန်းရဲ့ wallpaper မှာ မပြောင်းလဲဘဲ နေရာယူထားတာကတော့ မင်းပါပဲ

🔸ရင်တထိတ်ထိတ် နေ့ရက်တွေကို ဖြတ်သန်းရင်း မင်းအပေါ် အချစ်တွေ လျော့သွားလား မေးရင်တော့ နိုးပါပဲ

🚶‍♀️နိစ္စဓူဝ ဖြတ်သန်းနေရင်း မင်းအကြောင်းတွေးမိတော့ ...

- အရင်ကအတိုင်း IG ဖုန်တက်တဲ့အထိ post မတင်တာမျိုး
- ဘယ်နေရာမှာမှ အမြှီးရော ခေါင်းရော မမြင်ရအောင် လုံခြုံသိူဝှက်စွာနေဆဲဆိုတာရော
- ဘာ dating အသံမှ မထွက်သေးတာရော
- ပုံကပ်စေးလေးက ဘာပုံအသစ်မှ ရိုက်တာလည်း သိပ်မမြင်တာရော (တင်ဖို့ဆိုဝေးရော)
- လှုပ်ရှားမှု activities တွေကလည်း public ချပြတာတွေ မူးနေအောင်ရှာတောင် သိပ်မတွေ့တာမျိူး
- Drama တစ်ကားကြည့်ရဖို့လည်း အရင်လို နှစ်ပေါက်အောင် စောင့်ရဦးမယ် ဆိုတဲ့ မပြောင်းလဲတဲ့အချက်လေးတွေ သိရတော့ ကိုယ်အားပါးတရ ပြုံးမိသေးတယ် အချစ်ရေ ... 💕

❣ နေ့စဥ်ဘဝထဲမှာ

မင်းက ကိုယ့်ရဲ့ ကြည်နူးမှု
မင်းက ကိုယ့်ရဲ့ ဗီတာမင်
မင်းက ကိုယ်ရဲ့ အသည်းအသက်
မင်းက ကိုယ့်ရဲ့ ရေသောက်မြစ်လေး

ဒီလို ဒီလို ကြည်နူးစရာ အမွှန်းတင်တဲ့ ချစ်စနိုးနာမ်စားလေးတွေ ပေးလို့ အပီအပြင် ကြူးလို့ ရမယ့်နေ့တွေလည်း ရောက်ချင်ပါပြီ ✈

အလိုလိုမှ တွေ့ရခဲတဲ့အထဲ management soop ရဲ့ enlisted announcement ကြီးက ကိုယ့်ကို ဆားသိပ်နေသလိုပါပဲ 💔

💚 ဘာပဲဖြစ်ဖြစ် တာဝန်တွေထမ်းဆောင်ဖို့ မကြာခင် ကတုံးပေါက်ဆံပင်တိုလေးနဲ့ မြင်ရတော့မယ့် 29 Birthday ​Boy လေးကို မှာချင်တာက ...

" အနေအစား မှန်မှန်နဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ရယ်၊
ဘယ်အရာမဆို တော်ပြီး ကြိုးစားတတ်တဲ့ ကောင်လေး ပင်ပန်းမှာစိုးရိမ်လို့ over workload မဖြစ်အောင်နဲ့ selfcare မမေ့ဖို့ရယ်၊
အရွယ်ရောက်ပြီးသား ယောကျာ်သားပေမယ့် အိမ်လွမ်းတဲ့ဓာဏ်ကို ကြံကြံခံရင်း ရပ်တည်နိုင်ဖို့ရယ်၊
စကားနဲပြီး အပြုံးတွေဖော်ရွေတဲ့ ကောင်လေးတယောက် communication ကောင်းကောင်းနဲ့ သူငယ်ချင်းအသစ်တွေလည်း ရလာစေဖို့ရယ်၊
အနုပညာရှင်ဆိုတာနဲ့ ကွာခြားတဲ့ ပင်ပန်းတဲ့ အလုပ်တွေမှာ လိုက်လျောညီထွေ ကြိုးစား လုပ်ကိုင်နိုင်ဖို့ရယ်၊
အရမ်းအေးတဲ့နေရာတွေမှာ တာဝန်ကျတဲ့အခါ နွေးနွေးထွေးထွေး လုံလုံခြုံခြုံနေဖို့ရယ်၊
ချစ်တဲ့ကိုယ်တွေ သူမသိတဲ့တနေရာဆီမှာ စောင့်မျှော်နေကြတယ်ဆိုတာကို မမေ့ဖို့ပါပဲ "

💙 ကိုရီးယားလို အသက် 30 ပြည့်ပြီမို့ ထိပ်စီးချိန်းသွားပြီဖြစ်တဲ့ အချစ်လေးရဲ့ မွေးနေ့မှာ အခုထိ တည်ဆောက်ခဲ့တဲ့ အောင်မြင်မှုတွေ ချစ်ရသူတွေလည်း တည်မြဲလို့ အနာဂတ်မှာလည်း ပိုကောင်းပိုတော်ပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်နော်

အခုလို အခြေအနေမှာ ဘာမှ လုပ်မပေးနိုင်လို့ ချိူ့ငဲ့တယ်လို့ အားငယ်စွာ အမြဲထင်နေခဲ့ပေမယ့် ဘူဆန်သားလေးကို သဘောကျတဲ့ မေတ္တာတွေက အချိန်တွေအကြာကြီး သွေးကြောထဲမှာ စီးဆင်းနေတာမို့ အဆုံးအစ မရှိပါဘူး အချစ်ရေ 💞

💛 ချစ်ရတဲ့ မြန်မာပြည်သူလေးရဲ့ မေတ္တာတွေကြောင့် မွေးနေ့ရှင်ကောင်လေး ချမ်းမြေ့ပါစေ လေ 💛

💗 Nam Joo Hyuk Myanmar Fans

16 Apr, 13:55


💦 သင်္ကြန်ကို လိမ်လိမ်မာမာနဲ့ အိမ်မှာနေပြီး ဖြတ်သန်းတဲ့ အချစ်လေးတွေကို နောက်နှစ်သင်္ကြန်မှာ အသဲက အိမ်တိုင်ရာရောက် ရေလာပတ်ပါမယ်တဲ့ 💗

ပျော်ရွှင်ခြင်းတွေရယ် အချစ်နဲ့အတူ နှစ်သစ်ကူးရအောင် ❤

ÂŽ pic crd to original uploader

💗 Nam Joo Hyuk Myanmar Fans

04 Apr, 15:22


ဂင်မင်းချယ်ရေ ညည်းသာ အစောကတည်းက ဒိုင်ယာရီ စာအုပ်ကို မဖတ်ခဲ့ရင် ငါတို့လည်း စိတ်ကင်ဆာ တွေရကျန်ခဲ့မှာ မဟုတ်ဘူး 😭😌

အခုတော့ ရင်တွေခံပြီး နင်နေလို့
ဂင်မင်းချယ်ရေ ညည်း အဖေ ဘယ်သူလဲ ?... ဘယ်သူလဲ လို့ ? ပြောသွားပါဦး 😂

💗 Nam Joo Hyuk Myanmar Fans

03 Apr, 18:17


final ep CM ver 720p

💗 Nam Joo Hyuk Myanmar Fans

03 Apr, 18:16


ဇာတ်သိမ်းပိုင်း ရပါပြီ

💗 Nam Joo Hyuk Myanmar Fans

02 Apr, 17:35


အပိုင်း 15 ရပါပြီ ❤

💗 Nam Joo Hyuk Myanmar Fans

02 Apr, 17:35


Ep 15 720p Cm version

💗 Nam Joo Hyuk Myanmar Fans

27 Mar, 17:21


Ep 14 CM version 720p

💗 Nam Joo Hyuk Myanmar Fans

27 Mar, 17:21


အပိုင်း (14 ) ရပါပြီ နော်
Channel join ထားတဲ့ သူတွေတော့ အရင် တွေ့ရမှာပါ
မင်မင်တို့ဆီက အခုမှ မီးပြန်လာလို့ ခုမှ ပြန် share ပေးရတာ

💗 Nam Joo Hyuk Myanmar Fans

26 Mar, 17:44


Ep 13 CM Version (360p)

💗 Nam Joo Hyuk Myanmar Fans

26 Mar, 17:44


360p ရပါပြီ ❤

💗 Nam Joo Hyuk Myanmar Fans

26 Mar, 16:59


Ep 13 CM VERSION (720P)

💗 Nam Joo Hyuk Myanmar Fans

26 Mar, 16:59


အပိုင်း 13 စောစောစီးစီး ရပါပြီ ဒီညတော့ စောစောကြည့်ရတာပေါ့
ကူတင်ပေးတဲ့ အဖွဲ့သားတွေ အကုန်လုံးကိုလည်း ဖန်တွေ ကိုယ်စား ကျေးဇူးပါ နော်

💗 Nam Joo Hyuk Myanmar Fans

26 Mar, 16:15


အပိုင်းသစ်စောင့်ရင်း ပုံလေးတွေ ကြည့်နှင့်နော် ❤
spoil ရရင် ဒီည Kiss sense ပါပါတယ် ဘဲ့ဘဲ့က လူကြီးလို Kiss တာပါ 😘💗

4,547

subscribers

415

photos

126

videos