N4 Kanji Challenge @n4kanjichallenge Channel on Telegram

N4 Kanji Challenge

@n4kanjichallenge


N4 Kanji Challenge (English)

Are you looking to improve your Japanese language skills, specifically your knowledge of Kanji characters? Look no further than the N4 Kanji Challenge Telegram channel! This channel is dedicated to helping learners master the N4 level Kanji, which is essential for anyone looking to pass the JLPT N4 exam. Whether you are a beginner or looking to brush up on your Kanji skills, this channel provides daily challenges, quizzes, and tips to help you become a Kanji pro in no time. Join a community of like-minded learners and challenge yourself to improve your Japanese skills every day. Don't miss out on this fantastic opportunity to take your language learning to the next level with the N4 Kanji Challenge channel on Telegram!

N4 Kanji Challenge

07 Feb, 04:06


ဒီနေ့ ကျောင်းက スピーチコンテスト မှာ ဒုတိယဆုရခဲ့ပါတယ် ⭐️🥰

N4 Kanji Challenge

04 Feb, 01:38


N4 Kanji Challenge pinned «みなさん,おはようございます! N2 Mimikara Oboeru Goi(ဘာသာပြန်) ကို ဒီpage လေးကနေ တင်ပေးသွားပါမယ်နော် တစ်ပတ်အလုံး၆၀တင်ပေးမှာမို့တူတူစာလုပ်ကြရအောင်⭐️ https://www.facebook.com/share/p/1DhQ8DMwJg/?mibextid=wwXIfr»

N4 Kanji Challenge

04 Feb, 01:38


みなさん,おはようございます!

N2 Mimikara Oboeru Goi(ဘာသာပြန်) ကို ဒီpage လေးကနေ တင်ပေးသွားပါမယ်နော်

တစ်ပတ်အလုံး၆၀တင်ပေးမှာမို့တူတူစာလုပ်ကြရအောင်⭐️

https://www.facebook.com/share/p/1DhQ8DMwJg/?mibextid=wwXIfr

N4 Kanji Challenge

02 Feb, 11:32


みなさん
ဒီနေ့ကတော့ မေးခွန်းလေးတစ်ခုမေးချင်ပါတယ်

အမြင့်တစ်ခုခုမှာရှိတဲ့ ပစ္စည်းကို ကိုယ်က ယူမယ် ဒါပေမယ့် ကိုယ့်အရပ်နဲ့မမှီဘူး အဲ့မမှီဘူးဆိုတာကို ဂျပန်လို ဘယ်လိုပြောမယ်ထင်သလဲ

စဉ်းစားကြည့်ကြပါဦးနော်

ပြီးရင်အဖြေလေးပြောပြပါမယ်

N4 Kanji Challenge

31 Jan, 13:20


みなさん、こんばんは!


ဒီနေ့တော့ပေါ့ပေါ့ပါးပါးလေး 恋愛(အချစ်ရေး)နဲ့ပတ်သက်တဲ့စကားလုံးလေးတွေ မျှဝေပေးပါမယ် 😁❤️

片思い(かたおもい) -တစ်ဖက်သတ်အချစ်
ချစ်ရသူဆိုရင်တော့ 片思いの人

両思い(りょうおもい)-နှစ်ဥိီးနှစ်ဖက်မေတ္တာမျှခြင်း

脈(みゃく)がある- (ကိုယ့်ကိုပြန်ကြိုက်နိုင်ချေ၊ရည်းစားဖြစ်နိုင်ချေရှိတယ်)
脈がない - ဖြစ်နိုင်ချေမရှိဘူး

(彼氏、彼女) 一筋(ひとすじ)- သူတစ်ယောက်တည်းပဲ (တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်လူမျိုးတွေပါ)😜

N4 Kanji Challenge

30 Jan, 13:41


みなさん、こんばんは!

ကျွန်မခုတလော မျက်ခွံလှုပ်နေတာနဲ့ အဲ့ဒါလေးကိုဂျပန်လိုရှာကြည့်ထားလေး မျှဝေပေးချင်ပါတယ်

မျက်ခွံလှုပ်တာကို

まぶたがピクピクする
まぶたがピクピク動く(うごく)ဆိုပြီး သုံးလို့ရပါတယ်

အပေါ်မျက်ခွံဆိုရင်တော့ 上まぶた
အောက်ဆိုရင်တော့ 下まぶた လို့ခေါ်ပါတယ်

N4 Kanji Challenge

29 Jan, 13:45


ကျွန်မအကြောင်းကို မိတ်မဆက်ဖူးတာမို့ နည်းနည်းလေးမိတ်ဆက်ပါရစေရှင့်

ကျွန်မကတော့

2023 12 ပိုင်းမှာ JLPT N1 အောင်ထားပါတယ်
ဒီနှစ် 11လပိုင်းမှာ EJU ဖြေပြီး ခုလက်ရှိဂျပန်မှာတက္ကသိုလ်ဝင်ဖို့ပြင်ဆင်နေပါတယ်
၁၉ကြိမ်မြောက်ဂျပန်ဘာသာပြန်ပြိုင်ပွဲမှ ဒုတိယဆုရရှိခဲ့ဖူးပါတယ်

အားလုံးအတွက်အကျိုးရှိမယ့် content လေးတွေ share ပေးချင်တာမို့ စောင့်ကြည့်ပေးကြပါဦးနော်

N4 Kanji Challenge

29 Jan, 13:25


みなさん、こんばんは!

ဒီနေ့ကတော့ ホテルက စားသောက်ဆိုင်မှာဖြစ်ဖြစ်၊အပြင်ကစားသောက်ဆိုင်မှာဖြစ်ဖြစ် သုံးလို့ရတဲ့ 接客用語(ဧည့်ခံတဲ့အသုံးအနှုန်း)ယဉ်ကျေးတဲ့စကားလုံးအချို့ကို ပြောပြပေးသွားပါမယ် ။


1)အော်ဒါကောက်တဲ့အခါ
ご注文はお決まり(きまり)ですか。
အော်ဒါမှာဖို့အဆင်သင့်ဖြစ်ပြီလား၊ဆုံးဖြတ်ပြီးပြီလား။


2)အော်ဒါကောက် 確認(かくにん)လုပ်တဲ့သဘောအနေနဲ့
以上(いじょう)でよろしいでしょうか。
အရှေ့မှာ ပြောထားတာတွေပဲမှာမှာလား။
ဧည့်သည်ကစဉ်းစားပြီးထပ်မှာချင်တဲ့အခါတွေရှိလို့ပါ ။


3)少々(しょうしょう)お待ちください。
ခဏလောက်စောင့်ပေးပါခင်ဗျ၊ရှင့်။

ကိုယ့်ကိုတစ်ခုခုမေးလို့ မသိတာဆိုရင်လည်း (အထက်အရာရှိ၊တာဝန်ရှိတဲ့သူကိုသေချာအောင်မေးကြည့်ပေးမှာမို့၊ခဏစောင့်ပေးပါလို့)ပြောလို့ရပါတယ်
○○ に確認いたしますので、少々お待ちください。


4)お待たせしました。
စောင့်လိုက်ရပါပြီ။စောင့်ခိုင်းစေမိပါပြီ။


5) おかわりよろしいでしょうか。いかがでしょうか。
ဧည့်သည်က ရေကုန်သွားလို့ပဲဖြစ်ဖြစ် ထပ်ယူမလားလို့ မေးတဲ့အခါ သုံးပါတယ် ။ တတ်နိုင်သလောက် ကိုယ့်ကိုလှမ်းမခေါ်ခင်မှာ ကိုယ့်ဘက်က အရင်သွားမေးတာမျိုးက ပိုပြီးကောင်းပါတယ်။

ဒီနေ့ကတော့ ဒီ၅လုံးကို မှတ်ထားပြီး လက်တွေ့သုံးဖြစ်အောင်၊သုံးနိုင်အောင် ကြိုးစားကြည့်ကြရအောင် ။

じゃ、おやすみなさい

N4 Kanji Challenge

26 Jan, 23:48


みなさん、おはようございます
久しぶりですね。

ဒီchannel လေးမှာရော page လေးမှာရောactive ပြန်ဖြစ်အောင်ကြိုးစားတော့မှာမို့ စောင့်ကြည့်ပေးကြပါဦးနော် အားလုံးအတွက်အထောက်အကူပြုမယ့် စကားပြောအတန်းလေးတွေ content တွေ ဖန်တီးပေးသွားပါမယ်

https://www.facebook.com/share/1BncHevyHF/?mibextid=wwXIfr


よろしくおねがいします。

N4 Kanji Challenge

29 Sep, 04:48


みなさん、おはようございます!
ဒီနေ့ကတော့ お客様တွေ ယူခိုင်းတတ်တဲ့ ပစ္စည်းလေးတွေကို ပြောပြပေးသွားပါမယ်

1) ティシュー တစ်ရှူး (紙-かみ) လို့လည်းခေါ်ပါတယ်

2) おしぼり (お手拭き) Wet tissue လိုပုံစံမျိုးပါ လက်သုတ်တဲ့အခါလည်းသုံးပါတယ်

3) ナプキン လက်သုတ်ပဝါ
(布ナプキン) ぬのナプキンလို့လည်းခေါ်ကြပါတယ်

4) ストロー ပိုက်

5) 爪楊枝 ( つまようじ) သွားကြားထိုးတံ

ဒီနေ့ ဒီ၅လုံးမှတ်ကြည့်ကြရအောင်

N4 Kanji Challenge

28 Sep, 11:58


သိချင်တာလေးတွေရှိရင်လည်းမေးထားလို့ရပါတယ်ရှင့်

N4 Kanji Challenge

28 Sep, 11:49


နောက်ရက်တွေမှာလည်း hotel interview မှာမေးတတ်တဲ့ မေးခွန်းလေးတွေပါ မျှဝေပေးသွားပါမယ်ရှင့်

အချိန်ပိုင်းအလုပ်အတွက်တောင် မိနစ်၃၀ကြာမေးပါတယ်ရှင့်

ဂျပန်မှာကျောင်းတက်နေပြီးhotelအလုပ်လုပ်ချင်တဲ့ကျောင်းသား၊သူတွေအတွက်လည်းအထောက်အကူဖြစ်မယ်လို့ထင်ပါတယ်

N4 Kanji Challenge

28 Sep, 11:31


みなさん、ひさしぶりですね!
最近どうですか?

ဒီနေ့ကတော့ လက်ရှိကျွန်မက ဂျပန်မှာhotel restaurant ရဲ့ service assistant အနေနဲ့ အချိန်ပိုင်းလုပ်နေတာဖြစ်တာမို့ အလုပ်ကနေသိရတဲ့ အသုံးအနှုန်းလေးတွေတစ်ချို့ကိုမျှဝေပေးချင်ပါတယ်

1)フォーク🍴、スプーン🥄、ナイフ🍴 စတာတွေကို シルバー လို့ခေါ်ပါတယ်
အလုပ်က manager, senpai က シルバーယူခဲ့လို့ပြောရင် ဇွန်းခက်ရင်းဓားဆိုယူခဲ့လို့ပြောတာပါ

2) ဧည့်သည်တွေစားပြီးပြန်တဲ့အချိန် စားပွဲရှင်းတာကို バッシング
(下げものする) လို့ပြောပါတယ်

☆ဧည့်သည်တွေမပြန်သေးဘဲစားနေတုန်း တခြားစားပြီးသားပန်းကန်တွေကို သိမ်းတာကိုကျတော့ 中間(ちゅうかん)バッシングလို့ပြောပါတယ်

3) ရှင်းပြီးတဲ့ စားပွဲကို သုတ်ရပါတယ် 拭きあげ(ふきあげ) လုပ်တယ်လို့ပြောပါတယ်

拭きあげလုပ်ပြီးတဲ့အခါ လူအရေအတွက်နဲ့လိုက်ပြီး စားပွဲမှာအခင်းလေးခင်းရပါတယ်အဲ့ဒါကိုကျ マットလုပ်တယ်လို့ပြောပါတယ်

4) マットလုပ်ပြီးတဲ့အခါ အပေါ်မှာပြောထားတဲ့ シルバー(🥄🍴)တွေကိုပြင်ပေးရပါတယ် ဒါကိုကျ セット လုပ်တယ်လို့ခေါ်ပါတယ်

Hotel ၊စားသောက်ဆိုင်ပေါ်မူတည်ပြီး အသုံးအနှုန်းကွဲတာတွေရှိနိုင်ပေမယ့် အခြေခံအားဖြင့် ဒီလောက်သိထားရင် အဆင်ပြေပါတယ်နော်

နောက်ရက်တွေမှာလည်း တခြားအသုံးအနှုန်းလေးတွေပါ ထပ်မျှဝေပေးသွားပါမယ်နော်
またね👋🏻

N4 Kanji Challenge

07 Apr, 14:51


みなさん、こんばんは!

ကျွန်မဟိုနေ့က fb ကြည့်ရင်းpostတစ်ခုတွေ့တာနဲ့ ဒါလေးshareပေးချင်လာလို့ပါ

トイレ ဝင်နေတုန်း အပြင်က တံခါးလာခေါက်တဲ့အခါ လူရှိကြောင်းကို ဂျပန်လို ဘယ်လိုပြန်ပြောမလဲ

"人がいますよ"မဟုတ်ပါဘူးနော်😁

ဒါဆို ဘယ်လိုပြောမှာလဲ👀

"入っています "လို့ ပြောပါတယ်
အဲ့လိုမပြောချင်ရင် ပြန်knock လုပ်လိုက်လို့ရပါတယ်

စကားမစပ် トイレ ထဲလူရှိမရှိစစ်ချင်တဲ့အခါ တံခါးကို ၂ချက်ခေါက်ပါတယ်နော် “トイレノック” လို့ခေါ်ပါတယ်

N4 Kanji Challenge

30 Jan, 02:48


Speaking လေ့ကျင့်တဲ့အခါ လူသုံးများတဲ့နည်းလမ်းတစ်ခုကတော့ shadowing ဖြစ်ပါတယ် ။ Native speaker ပြောတာကို တစ်ထပ်တည်း လိုက်တူအောင်ပြောပြီး လေ့ကျင့်ကြတာပါ
နမူနာလေး လေ့ကျင့်ပြထားပါတယ်
#Shadowing

ဒီလိုမျိုးအတတ်နိုင်ဆုံးတစ်ထပ်တည်းကျအောင်လိုက်ပြောပြီးအဲ့ထဲကပါတဲ့လက်တွေ့သုံးလို့ရမယ့်စာကြောင်းလေးတွေကိုမှတ်ပြီး ကိုယ်တကယ်ပြောတဲ့အခါ ထည့်သုံးကြည့်ပါ အသံထွက်ရော စကားပြောရော တ်ိုးတက်လာပါလိမ့်မယ်

စစချင်းလေ့ကျင့်ရင် သူနဲ့အတူတစ်ထပ်တည်းလိုက်မပြောဘဲ repeat အရင်လုပ်ကြည့်ပါ🙌

N4 Kanji Challenge

26 Dec, 14:42


ဒီနေ့ကတော့ Minna no nihongo စာအုပ်ထဲမှာမပါတဲ့ extra grammar လေးတွေ ဝေမျှပေးချင်ပါတယ်

N4 Kanji Challenge

19 Dec, 04:34


みなさん、おはようございます
ဒီနေ့တော့ Minna no nihongo II ထဲက 文法 အခန်း ၂၆-၄၅အထိ စုထားတာ‌လေးတွေ ဝေမျှပေးချင်ပါတယ် စာပြန်နွှေးတဲ့အခါ အဆင်ပြေကြပါစေရှင့်

🖇️Note က ကိုယ်ပိုင် note ဖြစ်ပါတယ်

N4 Kanji Challenge

28 Sep, 03:23


https://t.me/N3bunpoufukushuuchannel

JLPT နီးလာပြီမို့ N3 grammar revision channel လေး ပြန်shareပေးလိုက်ပါတယ်

2,085

subscribers

10

photos

24

videos