أحدث المنشورات من M_Star_Movie😘 (@mmstarmovie) على Telegram

منشورات M_Star_Movie😘 على Telegram

أحدث المحتوى الذي تم مشاركته بواسطة M_Star_Movie😘 على Telegram


⭐️Kumari  (2022)

⭐️ကူမာရီဟာသာမန်မိန်းကလေးတစ်ယောက်ပါ။

⭐️အရွယ်ရောက်လာတော့ သူ့အိမ်က လူတွေရဲ့အစီအစဉ်အရကျိန်စာသင့်နယ်မြေက
ဆက်ခံသူ ဒရူဗန်နဲ့အိမ်ထောင်ကျခဲ့ပါတယ်။

⭐️အဲ့နယ်မြေဟာဟိုးအရင်မျိုးဆက်၁၂ဆက်ကတည်းက ရာဇဝင်ဆိုး သမိုင်းဆိုးတွေရှိခဲ့တာပါ။

⭐️တချိန်ကအဲ့နယ်မြေရဲ့ အရှင်သော့ပန်ဟာ နတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်တဲ့အီလီမာလာချသန်ရဲ့ အချစ်တော် ကလေးလေးကို သတ်ပစ်ခဲ့မိတဲ့အတွက်
နယ်မြေတစ်ခုလုံး ကျိန်စာသင့်ခဲ့ရတာပါ။

⭐️အဲ့ကျိန်စာကနေ လွတ်မြောက်ဖို့ အရှင်သော့ပန်ဟာနောက်ထပ်မကောင်းတဲ့ဝိဉာဉ်ဆိုးတစ်ခုဖြစ်တဲ့ ဂါရီဒေဗန်ကို
ဆင့်ခေါ်ခဲ့ရပါတယ်။

⭐️ဂါရီဒေဗန်က အဲ့နယ်မြေကို အီလီမာလာချသန်ရဲ့ကျိန်စာကနေ ကာကွယ်ပေးဖို့တစ်ခုတောင်းဆိုခဲ့ပါတယ်။

⭐️ဂါရီဒေဗန် တောင်းဆိုတာကို
အရှင်သော့ပန်က ဖြည့်ဆည်းပေးခဲ့တယ်။အဲ့လိုနဲ့မျိုးဆက်၁၂ဆက်အထိ ကျိန်စာကနေ လွတ်မြောက်ခဲ့တယ်။

⭐️အခု မျိုးဆက်၁၂ဆက်မြောက်ဒရူဗန့်လက်ထက်မှာ
ကျိန်စာဟာ ပြန်လည်ပေါ်ပေါက်လာပြီး ဂါရီဒေဗန်ကို ပြန်လည်ဆင့်ခေါ်ဖို့ဖြစ်လာခဲ့တယ်။

⭐️အဲ့အချိန်မှာဂါရီဒေဗန်ရဲ့စည်းမျဉ်းအရ သူ့ကိုဆင့်ခေါ်ချင်ရင် သူတောင်းဆိုတာကို လုပ်ပေးရဖို့ဖြစ်လာတဲ့အခါမှာတော့

⭐️အရှင်သော့ပန်လက်ထက်ကတည်းက
ဂါရီဒေဗန်က ဘာတွေတောင်းဆိုခဲ့တာလဲ။

⭐️ကူမာရီတို့ကရော ဘာတွေလုပ်ပေးရမှာလဲ။အီလီမာလာချသန်ဆိုတာရောဘယ်ကနေပေါ်လာတာလဲ။

⭐️ဒရူဗန်ကရော သူ့နယ်မြေကို ချသန်ရဲ့ကျိန်စာကနေကယ်တင်ပေးနိုင်မှာလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပါ။
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/411

⭐️The Gorge (2025) ဇာတ်ကားသစ်

⭐️လီဗိုင်ဟာ ကမ္ဘာထိပ်တန်းအဆင့်ရှိတဲ့ မရိန်းတပ်ဖွဲ့ဝင်ဟောင်း စနိုက်ပါတစ်ယောက်ပါ။

⭐️တပ်ကထွက်ပြီး ကြေးစားလုပ်နေချိန်မှာ တာဝန်ကြီးတစ်ခု အလုပ်အပ်လာပါတယ်။

⭐️တာဝန်ကတော့ ကမ္ဘာပေါ်က ဘယ်နေရာမှန်းမသိတဲ့နေရာ၊ လူမရှိတဲ့နေရာမှာ တာဝါတစ်ခုကို

⭐️တစ်ယောက်တည်း သေနတ်တွေ ဗုံးတွေအပြည့်နဲ့ လုံခြုံရေးယူရတဲ့တာဝန်ပါပဲ။

⭐️အဲဒီနေရာမှာ သူ့လိုပဲ တစ်ဖက်တာဝါမှာ လုံခြုံရေးယူနေတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်။

⭐️သူတို့နှစ်ယောက်က လုံးဝ ဆက်သွယ်ခွင့်မရှိဘူး။

⭐️ဒါပေမဲ့ ဆက်သွယ်မိသွားပြီး ရင်းနှီးပြီးသွားပြီးနောက်မှာမှ သူတို့ ကင်းစောင့်ရတဲ့နေရာရဲ့

⭐️ကြောက်စရာလျှို့ဝှက်ချက်တွေကိုတွေ့လာပြီး

⭐️အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ ကြိုးစားရပါတော့တယ်။
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/409

⭐️Tum***bbad (2018)

⭐️ ရုပ်ပျက်ဆင်းပျက်နဲ့ ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ

⭐️သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ

⭐️ဟာစတာ ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်

⭐️ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ..

⭐️ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝါးကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ

⭐️တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့် ဟာစတာဟာ ရွှေဒင်္ဂါးပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး

⭐️ မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်

⭐️ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ..ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီး

⭐️ဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/407

⭐️𝗧𝗮𝗿𝗼𝘁   (𝟮𝟬𝟮𝟰)

⭐️သူငယ်ချင်းတစ်စုမှ အပျော်တမ်းစခန်းချရန် အိမ်တစ်အိမ်ကိုငှားရမ်းခဲ့ပြီး

⭐️အိမ်အတွင်းကိုရှာဖွေရာမှ Tarot ကံကြမ္မာဟောသည့်ကတ်များကို တွေ့ရှိခဲ့ပါတယ်။

⭐️လူငယ်သဘာဝ အပျော်တမ်းပညာစမ်းရာမှ အပျော် ကနေ အပျက်တွေ စဖြစ်လာချိန်

⭐️ဟောတမ်းတွေ အမှန်တကယ်အသက်ဝင်ချိန်မှာတော့

⭐️တစ်ယောက်ပြီးတစ်ယောက် အသက်ဘေးနဲ့ကြုံလာရပါတော့တယ်။

⭐️ဘယ်လိုအဖြစ်ဆိုးတွေက စောင့်ကြိုနေမလဲဆိုတာကိုတော့

⭐️Tarot ဆိုတဲ့ရုပ်ရှင်တွင် ကြည့်ရှု လိုက်ပါဦးခင်ဗျ။
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/404

⭐️Thalakona 2024

🌀နိုင်ငံရေးပါတီတစ်ခုမှာ ရွေးကောက်ပွဲနီးလာတဲ့အချိန် လူငယ်ဥက္ကဋ္ဌမရှိတဲ့အတွက်

⭐️အဲဒီနေရာအတွက် ရွေးကောက်ရန် အဖွဲဝင်တွေကိုခေါ်ပြီး ဒီမိုကရေစီဆန်ဆန်
သင့်တော်သူများကို ထင်မြင်ချက်ပေးခိုင်းပေမဲ့လည်း

🌀အရိုးစွဲနေတဲ့ ထုံးစံတွေအတိုင်း
ဝန်ကြီးရဲ့ညီဖြစ်သူဗီဂျေးကို ဒီနေရာပေးဖို တင်ပြသူအများအပြားရှိခဲ့သလို

🌀အမြင်အသစ်တွေနဲ့ ပါတီအတွက် အကူအညီရပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့
ရီဗန့်သ်ကို ထောက်ခံသူတွေလည်းရှိပါတယ်။

⭐️သိုပေမဲ့လည်း ဝန်ကြီးဘက်ကလူတွေနဲ့
အချင်းမများချင်တဲ့အတွက် ဗီဂျေးကိုပဲ ဒီနေရာအတွက် ပေးလိုက်ဖို ရီဗန့်သ်တစ်ယောက်
လိမ္မာပါးနပ်စွာနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာဗန့်သ်တစ်ယောက်

⭐️ဗီဂျေးကို ဝန်ကြီးရဲ့အင်အားနဲ့မမျှလိုပေးလိုက်ရပေမဲ့ ဒီနေရာကို
ပြန်လည်ရယူနိုင်ဖို အခွင့်အလမ်းကို အမြဲရှာဖွေလျက်ရှိပါတယ်။

⭐️တစ်ဖက်မှာလည်း ဆာရာဆိုတဲ့ကောင်မလေးဟာ မစ်ပြိုင်ပွဲတစ်ခုမှာ မစ်အိန္ဒိယအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။

⭐️သူဟာလည်း ကိုယ့်ကိုယ်လာမထိသရွေ့ အေးဆေးပဲ လာထိလိုကတော့ မီးပွင့်သွားမယ်ဆိုတဲ့သူမျိုးဖြစ်ပါတယ်။

🌀ဒီလိုနဲ့ တစ်ရက်မှာ ဆာရာနဲ့ ဗီဂျေးတို တွေ့ကြပြီး ဗီဂျေးက ဆာရာ့အပေါ်မှာ ကိုယ်ထိလက်ရောက်
ကျူးလွန်မိရာက ဆာရာက ဗီဂျေးနဲ့ သူ့လူတွေကိုပြန်သမလိုက်ရာကနေ အဲဒီလိုဖြစ်ပျက်နေတဲ့ ဗီဒီယိုက ရာဗန့်သ်လက်ချက်နဲ့ ပြန့်သွားတဲ့အခါမှာတော့ ………

⭐️ဗီဂျေးတစ်ယောက် ဒီအရှုပ်ကိစ္စကြီးကို သူ့အစ်ကိုဝန်ကြီးအားကိုးနဲ့ ဘယ်လိုရှင်းသွားမလဲ …….

⭐️ရာဗန့်သ်တစ်ယောက်ကရော ဒီအရှုပ်ကို အခွင့်ကောင်းယူပြီး
လူငယ်ဥက္ကဋ္ဌရာထူးနေရာကို ဘယ်လိုအရယူသွားမလဲ ……

⭐️ဒီအရှုပ်တွေကြားထဲမှာ ဝင်မပါချင်တဲ့ ဆာရာတစ်ယောက်

⭐️သူငယ်ချင်းတွေနဲ့အတူ ဒီကိစ္စကိုရှောင်နိုင်ဖို
ခရီးထွက်ရာကနေ ဘာတွေ ဘယ်လို ကြုံတွေ့ရဦးမလဲ ……
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/402

⭐️A-G-N-I [ 2024 ] မြန်မာစာတန်းထိုး

⭐️သာမာန်မီးလောင်မှုမဟုတ်တဲ့1000ဒီဂရီလောက်ရှိတဲ့မီးရှို့မှုကိုဖော်ထုတ်ရမဲ့မီးသတ်သမားVithal

⭐️မီးတောက်မီးလျှံတွေကြားလူတွေကယ်ရင်း မိသားစုကိုတောင် ဒုတိယနေရာမှာထားတဲ့ Vithalတစ်ယောက်

⭐️သာမာန်မီးမဟုတ်ဘဲ ရှို့မီးလို့ခံစားမိပြီး အမှုကြီးကို စုံစမ်းဖို့အကြောင်းဖန်လာပါတော့တယ်။

⭐️တဇောင်းစေးနဲ့မျက်ချေးဆိုသလို သူနဲ့လုံးဝမှမတည့်ဘဲ တွေ့ရင်ထေ့ငေါ့နေကြတဲ့သူ့ယောက်ဖကတော့ ရဲတစ်ယောက်ဖြစ်ပါတယ်

⭐️အစကမတည့်ကြပေမယ့် ဒီအမှုကြီးက နက်နဲပြီး အသက်ပေါင်းများစွာဆုံးရှုံးနိုင်တဲ့အတွက် ယောက်ဖဖြစ်သူနဲ့ပေါင်းပြီးစုံစမ်းကြရမှာဖြစ်ပါတယ်။

⭐️မီးရှို့မှုတွေဆက်တိုက်ဖြစ်နေတဲ့ကြား တရားခံကိုသူတို့တွေဘယ်လိုဖမ်းကြမလဲ။ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာကတော့....
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/400

⭐️Virup......aksha [2023]

⭐️ တစ်ရွာလုံးကကလေးတွေကို
ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ်

⭐️ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ

⭐️ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်

⭐️12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန်

⭐️ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့်
ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊

⭐️အပြင်လူအားလုံးတစ်ရက်အတွင်းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ်

⭐️ဒီစည်းကမ်းကို‌အကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ်

⭐️ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်

⭐️ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦး

⭐️သွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူ..
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/398

Dosen Ghaib: It’s Nighttime or ⭐️You Already Know (2024)

⭐️Amelia (Ersya Aurelia), Emir (Rayn Wijaya), Maya (Annette Edoarda) နဲ့ Fattah (Endy Arfian) တို့ သူငယ်ချင်းလေးယောက်အဖွဲ့က

⭐️စည်းကမ်းအရမ်းတင်းကြပ်လို့ ကျောင်းသားတိုင်းကြောက်ကြတဲ့

⭐️ဆရာ Pak Bakti ရဲ့ စိတ်ပညာအတန်းစာမေးပွဲကို ကျလို့ အတန်းပြန်တက်ကြရတယ်။

⭐️ဆရာ Bakti ရဲ့ စာသင်နှစ် 20 သက်တမ်းတစ်လျှောက်မှာ သူတို့လေးယောက်က ပထမဦးဆုံး စာမေးပွဲကျဖူးတဲ့ ကျောင်းသားတွေဖြစ်လို့ Bakti က မကျေနပ်ဘူး။

⭐️အတန်းပြန်တက်ဖို့ သူတို့လေးယောက်တည်းကို စာပြန်သင်ရတဲ့အခါ

🌀ဆရာ Bakti က ချိန်းထားတဲ့ ည 7 နာရီထက် နောက်ကျပြီးမှ ရောက်လာခဲ့တယ်။

🌀ဘယ်တော့မှ နောက်မကျတတ်တဲ့ဆရာက ထူးထူးဆန်းဆန်း အတန်းလာတာနောက်ကျနေပေမဲ့

🌀Amelia တို့ သူငယ်ချင်းအဖွဲ့လည်း ဆရာစာသင်တာကို ဆက်နားထောင်နေခဲ့တယ်။

⭐️ဒါပေမဲ့ ရုတ်တရက် Group chat မှာ ဆရာ Bakti အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားပြီဆိုတဲ့ သတင်းတက်လာတော့

🌀Amelia တို့ လေးယောက်လုံး သူတို့ရှေ့မှာ ရပ်နေတဲ့
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/396

⭐️The Adventures of Maid Marian (2022)

⭐️ရော်ဘင်ဟုဒ်ဆိုတာနဲ့ အကျင့်ပျက်နေတဲ့လူချမ်းသာတွေဆီကနေ ငွေတွေခိုးယူပြီးမရှိဆင်းရဲသားတွေကို ပြန်လည်ဝေမျှတတ်တဲ့သူဆိုတာ သိပြီးသားဖြစ်ကြမှာပါ...

⭐️ဒါကြောင့်လည်းရောဘင်ဟုဒ်ကို လူချမ်းသာတွေက သခင်အတန်းစားတွေကို အလွန်မုန်းကြပါတယ်...

⭐️ဒီကားလေးကတော့ ရော်ဘင်ဟုဒ်ထက် သူ့ရဲ့ချစ်သူ မာရီယမ်ကို အဓိကထားရိုက်ထားတဲ့ စွန့်စားခန်းကားလေးဖြစ်ပါတယ်...

⭐️ရော်ဘင်ဟုဒ်တစ်ယောက် ဘုရင်ရစ်ချက်ခေါ်ဆောင်ရာ စစ်ဖြစ်ရာနောက်ပါသွားတဲ့ အချိန်မှာ မာရီယမ်ကတော့ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ရင်း ချစ်သူပြန်အလာကို စောင့်နေခဲ့ပါတယ်...

⭐️ဘုရင်ရစ်ချက်လုပ်ကြံခံရပြီးနောက် စစ်ပွဲပြီးဆုံးသွားချိန်မှာတော့ ရော်ဘင်ဟုဒ်တစ်ယောက်လည်း မာရီယမ်ဆီ ပြန်လာခဲ့တာပေါ့...

⭐️သုံးနှစ်လောက်ခွဲခွာ နေခဲ့ရတဲ့ ချစ်သူနှစ်ယောက်ရဲ့ ပြန်လည်တွေ့ဆုံမှုဟာ ကြည်နူးစရာဖြစ်မနေခဲ့ပါဘူး...

⭐️ရော်ဘင်ဟုဒ်ကို လက်စားချေချင်နေတဲ့လူတစ်ယောက်ရဲ့ လှည့်ကွက်ကြောင့် သူတို့နှစ်ဦး
ဘယ်လိုတွေဒုက္ခရောက်ပြီး ဘယ်လိုစွန့်စားမှုတွေလုပ်ကြမလဲဆိုတာ တွေ့မြင်ကြရမှာ
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/394

⭐️The Unbelievable (2022)

⭐️မြူခိုးရွာဟာ မျိုးရိုးစဥ်ဆက်နှစ်ပေါင်းထောင်ချီ နဂါးဘုရင်ကို ကိုးကွယ်လာခဲ့ပြီး ၊

⭐️နဂါးဘုရင်ရဲ့ကောင်းချီးနဲ့စောင့်ရှောက်မှုကိုရရှိထားတယ်လို့လက်ခံထားကြပါတယ်...

⭐️တစ်ရက်မှာ လူတစ်ယောက်ထူးဆန်းစွာသေဆုံးသွားပြီး

⭐️ကံကြမ္မာဆိုးကမြူခိုးရွာလေးကို စတင်ရိုက်ခတ်လာပါတော့တယ်...

⭐️သေဆုံးသွားတဲ့သူဟာ နဂါးဘုရင်ကိုအပြစ်ပြုမိလို့ ဒဏ်ခတ်ခံရတယ်လို့ဆိုကြတဲ့အခါ

⭐️အစွဲအလမ်းတွေ ယုံကြည်ကိုးကွယ်မှုတွေကိုမယုံကြည်တဲ့ ဝမ်ကျဲဟာ တကယ့်အမှန်တရားကိုရှာဖို့​ကြိုးစားပါတော့တယ်...

⭐️အဲ့အချိန်မှာပဲ သူ့ရဲ့မွေးစားအဖေဖြစ်သူပါ ထူးဆန်းစွာသေဆုံးသွားပြန်ပါတယ်...

⭐️နောက်တော့ ရွာလေးဟာ ထူးဆန်းတဲ့ဗီဇပြောင်း မကောင်းဆိုးဝါးသတ္တဝါတွေရဲ့တိုက်ခိုက်ခြင်းကိုခံရပြီး၊

⭐️ တစ်ရက်ပြီးတစ်ရက် သေသူတွေတိုးလာတဲ့အခါ...

⭐️အယူသီးတဲ့ရွာသားတွေဟာ ဒီပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ..?

⭐️ဝမ်ကျဲတို့ကရော ဗီဇ​ပြောင်းသတ္တဝါတွေကိုဘယ်လိုရင်ဆိုင်လေမလဲ..?

⭐️ရွာကိုရော ဒီကပ်ဘေးကနေ ကယ်တင်နိုင်ပါ့မလား..
ဇာတ်ကားlink ⬇️⬇️⬇️⬇️⬇️
https://t.me/sevenstarmovie7/392