It's Movie Time Channel (MM sub)☺️☺️☺️

@itismovietimechannel


It's Movie Time Channel (MM sub)☺️☺️☺️

23 May, 10:38


The Bucket List (2007)

18 ယောက်စုကြည့်ရတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင်တဲ့သူတွေအတွက်လင့် 🌚🌝

https://t.me/+iIkojuQQF640YTk1

It's Movie Time Channel (MM sub)☺️☺️☺️

09 Jun, 17:09


The Wicked Wife (2022)

မိုးကြီးတဲ့ ရက်တစ်ရက် ဒေသပေါင်းစုံက ဘာလာရေတစ်လျှောက် ချာပိရွာကိုသွားမဲ့ လူတွေ မိုးခိုရင်း အိမ်ပျက်ကြီးတစ်အိမ်မှာ စုမိကြတယ်
ဒီလိုနဲ့ လူတစ်ယောက်က သူတို့သွားမဲ့နယ်မှာ လွန်ခဲ့တဲ့ ၁၅နှစ်ကဖြစ်ပျက်ခဲ့တဲ့ ကြောက်မက်ဖွယ် မြေခွေးမိစ္ဆာဇာတ်ကြောင်းကို အစချီပြောလိုက်ရာကနေ ဒီဇာတ်လမ်းလေးဖြစ်တည်လာခဲ့တာပါ

လွန်ခဲ့တဲ့ ၁၅နှစ်က…

မင်္ဂလာဆောင်တစ်ပွဲအတွက် ဖျော်ဖြေပေးဖို့ ချာပိရွာကို အဖိတ်ခံရတဲ့ ဇာတ်သဘင်အဖွဲ့တစ်ဖွဲ့ ရှေးအယူသည်းမှုတွေကြောင့် မဖျော်ဖြေခင် ဆုတောင်းပွဲလုပ်ချိန်မှာ မြေခွေးမိစ္ဆာပေါ်လာပြီး ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်ကို ညှို့ကာ တခြားအဖွဲ့သားတွေကိုလည်း သတ်ဖြတ်ပစ်လိုက်ပါတယ်
ဇာတ်ကြောင်းပြောနေသူတစ်ယောက်ပဲ မျက်စိကွယ်ပြီးရှင်သန်ခဲ့ရတာဖြစ်ပါတယ်

ချာပိရွာမှာဘယ်လိုအကြောင်းအရာတွေများဖြစ်ပျက်ခဲ့လို့ ရုတ်တရက်ကြီး မြေခွေးမိစ္ဆာပေါ်လာရတာလဲ
ဒီအကြောင်းကိုတော့ မိုးအတူခိုနေတဲ့လူတွေထဲက တစ်ယောက်စီက သူတို့သိတဲ့ ဇာတ်လမ်းတွေကို ဖလှယ်ပေးရင်း လွန်ခဲ့တဲ့ ၁၅နှစ်ကဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်းလေးကို ရုပ်လုံးပေါ်အောင်ဖော်သွားကြမှာပါ

ကဲ ဒီတော့ ချာပိရွာက တကယ့် ဇာတ်ကြောင်းအမှန်က ဘာများလဲ
အခုလက်ရှိအချိန်နဲ့ရော ဘယ်လိုတွေ ဆက်စပ်နေမလဲဆိုတာကို ဒီဇာတ်လမ်းလေးကနေတဆင့် စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်လိုက်ကြရအောင်ပါနော် ။

( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )

📤📤📤Upload by
@ItIsMovieTimeChannel

‼️‼️Channel ကို joinထားမှသာ ကြည့်လို့ရမှာ ဖြစ်တဲ့ အတွက် Channel ကို အရင်ဆုံး join ပေးကြပါ။👇👇👇

It's Movie Time Channel (MM sub)☺️☺️☺️

09 Jun, 17:05


Bhala Thandanana (2022)

ဒီတစ်ခေါက်မှာတော့ အက်ရှင်ကြမ်းကြမ်းသိပ်မဟုတ်ပေမယ့်
ဗီလိန်ဝါရင့်သရုပ်ဆောင်တွေပါတဲ့ ၂၀၂၂ ထွက်တောင်ပိုင်းကားတစ်ကားနဲ့
မိတ်ဆက်ပေးပါဦးမယ်။ IMDB မှာ 6.1 ရထားပြီး
လှည့်ကွက်တွေနဲ့ကားမို့ ကြည့်ရတန်တဲ့ကားတစ်ကားဖြစ်လာဦးမှာပါ။

ဇာတ်လမ်းအကျဉ်း

ဇာတ်လမ်းအဖွင့်ကို ရူပီး ၁ကုဋေ ပြန်ပေးဆွဲမှုနဲ့ စတင်ထားပါတယ်။
အဲ့ဒီနောက် ဝန်ကြီးချုပ်အထိ ပေါက်ရောက်တဲ့ စီးပွါးရေးသမားလူမိုက်ခေါင်းဆောင်ရဲ့
လူတွေအသတ်ခံရပါတော့တယ်။ အဲ့ဒီအမှုကို စိတ်ဝင်စားပြီး ရိုးသားတဲ့
သတင်းထောက်မလေးနဲ့ သူ့ကိုသဘောကျနေတဲ့
လူရိုးရွာသားလေးတစ်ယောက်တို့ အရှုပ်တွေထဲဝင်ပါမိတဲ့အခါမှာတော့
မထင်မှတ်တဲ့ လှည့်ကွက်တွေနဲ့ ဟာသနှော ရိုက်ကူးထားပြီး Over
အနည်းငယ်ပါပေမယ့် စုံထောက် Action ကြိုက်တဲ့သူတွေ အကြိုက်တွေ့မယ့်ကားလို့ညွှန်းချင်ပါတယ်

📤📤📤Upload by @ItIsMovieTimeChannel

‼️‼️Channel ကို joinထားမှသာ ကြည့်လို့ရမှာ ဖြစ်တဲ့ အတွက် Channel ကို အရင်ဆုံး join ပေးကြပါ။👇👇👇

It's Movie Time Channel (MM sub)☺️☺️☺️

09 Jun, 16:59


The Blind War (2022)

အကြမ်းအရမ်း တရုတ် Action ကားသစ် တစ်ကားပါ။ Social Media တွေမှာ ဟာသ ဇာတ်လမ်းတိုလေးတွေနဲ့ နာမည်ကြီးတဲ့ Dao Dao (သောင်းသောင်း) လည်း support role ကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။

လူကုန်ကူးဂိုဏ်းကြီးက ဆရာကြီးကို တရားရုံးကနေ ဂိုဏ်သားတွေက ကယ်ထုတ်ရာမှာ အထိကရုဏ်းတွေ ဖြစ်သွားပြီး ရဲအများအပြားရော၊ လုကုန်ကူးဂိုဏ်းသားတွေပါ သေဆုံးကာ၊ ရဲတပ်ဖွဲ့ဝင်ဒုံဂူလည်း မျက်စိအလင်းကွယ်ခဲ့ပါတယ်။
အထက်ကခွင့်ပြုချက်မပါဘဲလုပ်ဆောင်ခဲ့ခြင်းကြောင့် ဒုံဂူတစ်ယောက် ရဲတပ်ဖွဲ့ကလည်းအနားယူလိုက်ရသလို လူကုန်ကူးဂိုဏ်းသား၊ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စီနာဆိုတဲ့ အမျိုးသမီးကလည်း သူ့ကို လက်စားချေချင်နေခဲ့ပါတယ်။

ဒီလိုနဲ့ မျက်စိကလည်းကန်း၊ အလုပ်ကလည်း ထွက်လိုက်ရတဲ့ ဒုံဂူဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ်သမီးလေးနဲ့ပဲ နေထိုင်ခဲ့ကာ၊ တစ်နေ့ သူ့သမီးပြိုင်ပွဲအတွက် နိုင်ငံခြားက စီနာထောင်ကျနေတဲ့ မြို့ကို အတူသွားရင်း ရုတ်တရက် သူ့သမီးကို လူကုန်ကူးဂိုဏ်းက ဖမ်းသွားတဲ့အခါမှာတော့ …

Marvel ရဲ့ မျက်မမြင်ဟီးရိုး Daredevil လောက်မစွမ်းပေမဲ့၊ Don’t Breathe ကားထဲက မျက်မမြင် စစ်ပြန်ကြီးထက် ပိုကြမ်းပြထားပြီး သမီးဖြစ်သူကို လိုက်ကယ်တဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ကားလေးကို ကြည့်ရှုကြရမှာပါ။

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။)

📤📤📤Upload by
@ItIsMovieTimeChannel

‼️‼️Channel ကို joinထားမှသာ ကြည့်လို့ရမှာ ဖြစ်တဲ့ အတွက် Channel ကို အရင်ဆုံး join ပေးကြပါ။👇👇👇

It's Movie Time Channel (MM sub)☺️☺️☺️

08 Jun, 11:43


Ms. Marvel (2022) Season-01

မာဗယ်ရဲ့ စူပါဟီးရိုးအသစ် မစ္စမာဗယ် စပါပြီ။
တစ်ပတ်တစ်ပိုင်းနဲ့ ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။

ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။
Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။
ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစု
တစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက်
ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူး
ယဉ်နေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။
သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိ
ဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။

(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andrson ဖြစ်ပါတယ်။)

📤📤📤Upload by
@ItIsMovieTimeChannel

‼️‼️Channel ကို joinထားမှသာ ကြည့်လို့ရမှာ ဖြစ်တဲ့ အတွက် Channel ကို အရင်ဆုံး join ပေးကြပါ။👇👇👇

2,206

subscribers

1,220

photos

118

videos