Poetry and literature @gameandanimefamily09 Channel on Telegram

Poetry and literature

@gameandanimefamily09


Poetry and literature (English)

Are you a fan of beautifully crafted words and captivating stories? Look no further than the Poetry and Literature Telegram channel, run by the talented user @gameandanimefamily09. This channel is a haven for all poetry and literature enthusiasts, where you can immerse yourself in the world of words and imagination. Whether you're looking for classic poems by renowned poets or want to discover new and emerging writers, this channel has it all. You can explore different genres, styles, and themes, and engage in discussions with like-minded individuals who share your passion for the written word. Join us on this literary journey and let your creativity and imagination soar with Poetry and Literature. Who knows, you might just discover your new favorite poem or book that will stay with you forever. Don't miss out on this opportunity to connect with fellow literature lovers and expand your literary horizons. Subscribe to Poetry and Literature today and join a community that celebrates the magic of language and storytelling.

Poetry and literature

03 Jan, 12:46


မာနကိုရွှေချပြီးနေခဲ့တဲ့ကောင်လည်း
မမနဲ့တွေ့မှ အဲ့ဒီရွှေတွေကို
ခွာချပြီးရောင်းလိုက်ရတယ်။

“မမကို ဖိနပ်လေး ဆင်မြန်းပေးချင်လို့တဲ့”

-(ယွန်းဧကရီ-၅)ကဗျာရှည်မှ

Poetry and literature

03 Jan, 12:37


ဆယ်ပြန်ချစ်လို့မှ
တခါပြန်မတောက်သောမီးခြစ်လေး
လွှင့်ပစ်လိုက်တာပဲ ကောင်းမယ်။

-ကြည်ဇော်အေး

Poetry and literature

03 Jan, 12:28


ကိုယ်နေထိုင်တက်သလိုနေပြီး
ထိုင်တက်သလိုထိုင်ပါတယ်။

ကျွန်တော့်ကြောင့်ဖြင့်တော့
မည်သူကိုမှစိတ်ဒုက္ခကိုမရစေရ။

-မြတ်သိင်္ဂ

Poetry and literature

03 Jan, 12:20


မင်းနဲ့လွဲပြီးကတည်းက
တစ်ကမ္ဘာလုံးနဲ့ လွဲချော်လာခဲ့တာ
အခုထိလည်း
တစ်ယောက်ထဲဖြစ်နေတုံး ။

-ဂန္ဓမာ

Poetry and literature

03 Jan, 11:17


သောကြာထောင့်က ကောင်က
တနင်္လာအရပ်ကို ရင်တမမနဲ့
အဲ့ထောင့်က ပန်းအိုးလေး
ရေမခမ်းဖို့
ကြွေမနွမ်းဖို့
တနင်္လာသမီးလေး
အစစအရာရာ အဆင်ပြေအောင်
ကျွန်တော် တတ်နိုင်တာ
အကုန်ပါပဲ

-မာပို

Poetry and literature

03 Jan, 06:48


ဘဝရဲ့ စိတ်ဒဏ်ရာအများစုဟာ
ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူတွေဆီက
အများဆုံးလာပါတယ်။

-လရောင်မေ

Poetry and literature

02 Jan, 10:29


ခေါင်းရောပန်းရော ယူထားရင်တောင်
ကိုယ်မနိုင်ဘူးအချစ်ရဲ့
မင်းက သူ့ဘက်မှာ ။

- ရိပ်ငြိမ်

Poetry and literature

02 Jan, 02:59


💎 86 - 5000ks
💎 172 - 10000ks
💎 257 - 15000ks
💎 343 - 20000ks
💎 429 - 25000ks
💎 514 - 30000ks
💎 600 - 35000ks
💎 706 - 40000ks
💎 878 - 50000ks
💎 963 - 55000ks
💎 1049 - 60000ks
💎 1135 - 65000ks
💎 1220 - 70000ks
💎 1412 - 80000ks
💎 1584 - 90000ks
💎 1669 - 95000ks
💎 1756 - 100000ks
💎 2195 - 120000ks
💎 2901 - 160000ks
💎 3688 - 200000ks
💎 4394 - 240000ks
💎 5532 - 300000ks
💎 6238 - 340000ks
💎 7376 - 400000ks
💎 8082 - 440000ks
💎 9288 - 500000ks

Weekly pass - 5800ks

Dia11 - 900ks
Dia22 - 1800ks
Dia33 - 2700ks
Dia44 - 3600ks
Dia56 - 4500ks
Dia112 - 9000ks

Dm_ @Nay_chi15

#chichi

Poetry and literature

01 Jan, 14:07


မပြတ်တော့မယ်သံယောဇဉ်ကြိုးလေး
မောင်ကူလို့ဖြတ်ပါ့မယ်။
သံယောဇဉ်ဆိုတာ
ဓားနဲ့ဖြတ်လို့မပြတ်ပါဘူးလေ။
စိတ်နဲ့ဖြတ်ရတာမမရဲ့၊စိတ်နဲ့ခပ်နာနာဖြတ်ရတာ။

တစ်ဖက်သတ်ကျစ်ထားတဲ့ကြိုးလေး
ရုံးတော်မှာအစစ်ခံပြီးရင်
အလုပ်ကြမ်းနဲ့ထောင်ဒဏ်တစ်သက်တစ်ကျွန်းပါပဲ။

မောင်တို့ကြားမှာ
စည်းပါးပါးလေးထပ်ခြားခဲ့ပြန်ပြီနော်။

မူးလို့မှောက်လည်း ရှေ့ကိုတော့ဆက်လျှောက်ပါမမ။
မမနောက်မှာမောင်ကပ်ပါနေတာမျိုး မသိစေချင်ဘူးမမရယ်။

-သူဇာ

Poetry and literature

01 Jan, 01:57


ဘာလိုလိုနဲ့2025တောင်ရောက်ခဲ့ပြီနော်
နှစ်သစ်မှာစိတ်သစ်၊လူသစ်နဲ့ဖြတ်သန်းကြရအောင်
ပြန်မလာမှာသေချာနေတဲ့သူကိုအပင်ပန်းခံပြီးစောင့်မနေကြပါနဲ့တော့
အတောင်ညောင်းလို့ ခဏတာဝင်နားတဲ့ ငှက်ကလေးကိုမှ သံယောဇဉ်တွေပိုခဲ့မိကြတာကိုး
သူလည်းသူ့ဘဝလေးနဲ့သူပျော်နေပြီမို့ ငါတို့လည်းငါတို့ဘဝနဲ့ငါတို့ပဲနေကြရအောင်ပါ။

-chichi

Poetry and literature

31 Dec, 09:32


ခွဲခွာခြင်း ကို မလိုလားသည့်အတွက်
တွေ့ဆုံခြင်း ကို
ကျွန်ုပ်မနှစ်သက်တော့ပါ
   
-တက္ကသိုလ်ဘုန်းနိုင်

Poetry and literature

26 Dec, 03:20


လှတာခြင်းအတူတူ ကြယ်တွေကိုပဲငေးမယ်
မပိုင်ဆိုင်ရတာခြင်းအတူတူ မင်းကိုပဲချစ်မယ်။

-စစ်ငြိမ်း

Poetry and literature

26 Dec, 02:30


ငါတို့ အတင်းလုပ်ယူလို့မရတာဟာ
ချစ်ခြင်းမေတ္တာပဲ လိုချင်ရင်
သည်းခံစောင့်ရတယ်
နာလဲနာကျင်ရတယ်
ဒါပေမဲ့ အချိန်တန်ရင်တော့
မေတ္တာတရားဟာ ငါတို့ကို
တနည်းနည်းနဲ့လှည့်ကြည့်မှာပါ
မျှော်လင့်ရသလောက်ပေါ့..

-လရောင်မေ

Poetry and literature

18 Dec, 07:29


သက်သာသွားမှာပါတဲ့
အသက်မရှိတော့ပါဘူး။

- စိုင်းဝင်းမြင့်

Poetry and literature

10 Dec, 10:38


ဘယ်သူ့စီခေါင်းထိုးငိုရမှန်း
မသိတဲ့နေ့တွေမှာ
ငါမင်းကိုသိပ်သတိရတာပဲ
ငါတောင်းပန်ပါတယ်။

-ယဥ်ထက်ဝယ်

Poetry and literature

09 Dec, 13:09


ကျွန်တော်ရင်ထဲက လက်သုံးစကားကတော့
အသည်းကွဲတယ်ဆိုတာ သူမချစ်တော့တာမဟုတ်ဘူး။
သူတခြားတစ်ယောက်ကိုချစ်သွားတာ။

-ဘုန်းမင်း‌နွေ

Poetry and literature

04 Dec, 07:54


ဆောင်းရာသီ ကိုကြိုက်ပါတယ်
အေးစက်စက်နဲ့ ဆိုတော့လေပြေတွေတိုက်ပြီး
မနက်ခင်းဆိုမြူတွေဝေလို့...
သူမရဲ့အလှကို ဟေမန်ဆောင်းနဲ့ထပ်တူမို့  နာကျင်ခြင်းများပြည့်နေသောဆောင်းရာသီကို မကြိုဆိုချင်ဘဲနဲ့ကြိုဆိုရတော့မယ်လေ..။

-လင်းညို

Poetry and literature

03 Dec, 10:50


အစ်ကိုက ငါ့ခေါင်းလေးကိုခပ်ဖွဖွလေးကိုင်တယ်
လက်ကို ယှက်သွယ်ပြီး ဆုပ်ကိုင်ထားတယ်
ညီမကိုမုန်းလားလို့မေးလိုက်တော့ အစ်ကိုကခပ်ဖွဖွကလေးပြုံးပြီး ပြောတယ်
အစ်ကို့အဖြူထည်လေးကမုန်းတယ်ဆိုတာရောသိတာလားတဲ့။
ငါပေးထားတဲ့ သစ္စာပန်းအပြာလေးကိုတယုတယစိုက်ပြီးတော့ ငါ့ကိုထပ်ပြောတယ်
အစ်ကို့ကလေးလေးရယ် သိပ်ဆိုးလိုက်တာနော်တဲ့..။

-chichi

Poetry and literature

03 Dec, 07:53


အဆင်ပြေပါတယ်လို့ပဲအမြဲပြောနေပေမဲ့ တကယ်တမ်းတော့ဘယ်ပျော်ပါ့မလဲအမေရယ်။
အိမ်ပြေးလေးအမေ့သားကိုအမေမဆူတော့ဘူးလားဟင် လို့မေးတိုင်း အမေကပြုံးပြီးအမြဲစကားလမ်းကြောင်းလွှဲလေ့ရှိပါတယ်။
ကြယ်တွေစုံတဲ့နေ့တွေဆို အမေနဲ့အိမ်ကိုလွမ်းတယ်အမေရ..။

-chichi

Poetry and literature

01 Dec, 02:03


ဒီဇင်ဘာမှာပြန်လာရင်ကောင်းမှာပဲလို့‌တွေးကြည့်ခဲ့ဖူးတယ်။
တကယ်တမ်းကျတော့လည်း ဒီလကသာမန်လတစ်လပဲလေ ဘာကြောင့်သူကပြန်လာမှာလဲ။
မမျှော်လင့်တော့ပါဘူး ကံမကုန်ရင်ပြန်ဆုံမှာပါ။

-chichi

Poetry and literature

28 Nov, 12:17


" ခင်ဗျားပျော်နေရင်ပြီးပြီ "
" ကျွန်တော်မပိုင်ရလည်း ဖြစ်ပါတယ် "

-chichi

Poetry and literature

28 Nov, 12:09


သာနေတဲ့လကို
အဝေးကငေးကြည့်တဲ့အခါ
ကိုယ့်ဘဝ
ဗလာဆိုတာ မေ့သွားသလိုမျိုး၊

အချစ်ဆိုတာ...
ကိုယ့်ဖက်ကသေချာရင် တကယ်ရှိပါတယ် ။

-စောနန္ဒာခိုင်

Poetry and literature

26 Nov, 11:43


အဲ့တုန်းက
ကမ္ဘာမှာလူဦးရေ ဘယ်လောက်ရှိလဲ
ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး

သူ့စိတ်ထဲလူဘယ်နယောက် ရှိလဲကိုပဲ
ကျွန်တော်ဂရုစိုက်ခဲ့ပါတယ် ။     ။

- ဂန္ဓမာ (၂၀၁၇ )

Poetry and literature

26 Nov, 11:41


ဒီနေ့ ကြယ်တွေစုံတဲ့အကြောင်း
ငါပြောပြရအုံးမယ်။

ငါရဲ့ ဉီးနှောက်ကအမှီမလိုက်နိုင်ခဲ့တာမို့ ကြယ်တွေကို စုံအောင်တော့မရေတွက်နိုင်ခဲ့သေးဘူး။

တစ်ချို့ကြယ်တွေက တောက်ပစွာဘဲ ပျော်ရွှင်နေကြတယ်။
ငါတော့တစ်ချို့ကြယ်တွေနဲ့အတူငိုဖြစ်တယ်။

ဒီကနေ့ကြယ်တွေစုံတယ်
မနေ့ကနဲ့တမြန်‌နေ့ကဆို ပိုပြီးစုံတယ်။
မနက်ဖြန်ရော အဲ့ဒီလိုစုံအုံးမှာပါလား။

-chichi

Poetry and literature

24 Nov, 04:43


အသက်ရှင်အောင်နေ။
ချစ်ရမယ့်အရာတွေကို ဝအောင်ချစ်။
ဒီဘဝကြီးမှာ ဆုံးရှူံးပြီးရင်
ဘယ်အရာကိုမှ ပြန်မရနိုင်ဘူး။

-crd

Poetry and literature

21 Nov, 13:20


ချစ်တာကို ချစ်တယ်လို့ပြောခဲ့ပေမယ့်
မေတ္တာတရားကိုတော့ အတင်းမတောင်းဆိုခဲ့ပါ။
မမုန်းဘူးဆိုရင်ဘဲ
နေသာထိုင်သာရှိလှပါတယ်။

-လင်းဝေ

Poetry and literature

18 Nov, 08:30


တဖြည်းဖြည်းနဲ့ မေ့ပစ်လိုက်ရတဲ့အရာတွေက
များသထက်များလာပြီ ။ တစ်စချင်း ပဲ့ထွက်သွားတဲ့
အရာ တွေကိုလည်း လက်ပြနှုတ်ဆက်ခဲ့တယ် နော်။
အနားမှာ မြဲမြံစွာ ရှိနေပေးမှာပါဆိုတဲ့ စကားလုံး
တွေဟာလည်း လွယ်လွယ်လေးနဲ့ ခဏလေးအတွင်းပျောက်ကွယ်သွားတတ်ကြောင်း နားလည်လာတယ်။
ဘာကိုမှလည်း ထပ်ပြီးမမျှော်လင့်ချင်တော့သလို
ဘာကိုမှလည်း ထပ်ပြီး မဆုံးရှုံးချင်တော့ဖူး ။

- ခက်နှောင်

Poetry and literature

15 Nov, 13:35


အခြားတစ်ယောက်ယောက်ကို
ထည့်ထားတဲ့
စိတ်အခွံကြီးကို
ရမှာ အကြောက်ဆုံးပဲ ။

-ရိပ်ငြိမ်

Poetry and literature

15 Nov, 04:48


လပြည့်နေ့ဆုတောင်းကတော့
စိတ်သွားတိုင်းကိုယ်ပါပြီး ကံကောင်းတဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ပါစေ။ချစ်ရတဲ့မိသားစု၊သူငယ်ချင်းတွေနဲ့လည်း‌ ပျော်ရွှင်စွာအချိန်အကြာကြီးနေနိုင်ပါစေ။ကိုယ့်ကိုချစ်တဲ့သူနဲ့သာဆုံစည်းရပြီး ကိုယ့်ကိုမချစ်သူကိုမေ့ပြစ်နိုင်ပါစေ။လူအားလုံးပန်းလိုမွှေး၍ရေလိုအေးပါစေ🤍

#chichi

Poetry and literature

13 Nov, 14:41


ဒီစာရေးပြီးရင် ငါလည်းမင်းကို မုန်းချင်မုန်းသွားမှာ

သာယာနာပျော်ခြင်းတွေပဲ ပေးခဲ့တာပါ။
နာကျင်သွားတယ်ဆိုရင်လည်း
ကိုယ့်ရဲ့ချွတ်ချော်အားနည်းလို့ မှတ်ယူပါတယ်။

ဖုန်းမကိုင်ရုံနဲ့ မုန်းနေလို့ဆိုတာ
ဘယ်လိုလုပ် ဆက်စပ်တွေးခေါ်တတ်မှာလဲ။
ကိုယ် ဥာဏ်မကောင်းတာ
မင်းသိသားနဲ့။

-ကြံတိုင်းအောင်

Poetry and literature

03 Nov, 02:51


ကိုယ်ချစ်တဲ့သူက ကိုယ့်က်ိုပြန်မချစ်တဲ့ခံစားချက်ကြီးက
တကယ် ဝမ်းနည်းဖို့ကောင်းတယ်။
ကိုယ်လုပ်ပေးခွင့်မရှိတဲ့အရာ
ကိုတခြားသူက လုပ်ပေးခွင့်ရနေတာ
ကိုယ်ကသူနဲ့အတူအိမ်မက်မက်ထားဖူးတဲ့အရာတွေကို
တခြားသူနဲ့အတူ အကောင်အထည်ဖော်နေတာမျိုးတွေ သိလား ငါမင်းကို ဘယ်လောက်ထိချစ်လဲဆိုတာ အချစ်ဆိုတာကြီးက်ို မင်းနဲ့တွေ့မှ ယုံခဲ့တာ
အခုတော့ မင်းဆိုတဲ့နွံထဲမှာ ရုန်းလေ နစ်လေပါပဲ..။

-chichi

Poetry and literature

02 Nov, 12:53


အရာအားလုံးကအဆင်ပြေပြေပါပဲ။
ငါတို့လည်းကိုယ့်လမ်းကိုယ်လျှောက်နေကြပြီလေ။
ငါ့စိတ်ထဲဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလျှော့သွားသလိုပဲ။
ဒါပေမဲ့ မင်းမရှိတော့ဘူးဆိုတဲ့အသိကငါ့ကိုသတ်နေတယ်။

-chichi

Poetry and literature

02 Nov, 12:45


အပြစ်အနာဆာရှိတိုင်း စွန့်ပြစ်ကြေးသာဆို
ဒီကမ္ဘာကြီးမှာကျွန်တော်တို့ ဘယ်တစ်ဦးတစ်ယောက်ကိုမှ ချစ်ခွင့်ရှိတော့မှာမဟုတ်တော့ဘူး။
တကယ်သာချစ်မိသွားရင်အဲ့ဒီလူရဲ့ အပြစ်အနာဆာတိုင်းကို မမြင်တော့သလို သူ့အားနည်းချက်တိုင်းကလဲ ကျွန်တော်တို့တွေပိုတိုးချစ်ဖို့ အကြောင်းအရာလေးတစ်ခုဖြစ်လို့နေပြန်ပါတယ်။

ဆိုးဝါးတဲ့အတိတ်တွေရှိခဲ့တာ သတိရတိုင်း
ထွေးပွေ့နှစ်သိမ့်‌ပေးချင်ပြီးကျွန်တော်သာ သူ့ဘဝထဲခပ်စောစောလေး ဝင်ရောက်သွားခဲ့ရင် သူဒီလိုတွေကြုံတွေ့ခဲ့ရမှာမဟုတ်ဘူးလို့ တွေးမိတယ်။
နှိုင်းယှဥ်ပြီး ဘယ်အရာနဲ့မှရွေးချယ်စရာမလိုအောင်
လိုလေ‌သေးမရှိရအောင်ကျွန်တော့်ဖက်က မေတ္တာတွေကိုအတိုင်းအဆမရှိ ပေးချင်မိတယ်။

-chichi

Poetry and literature

02 Nov, 07:17


လူတစ်ယောက်ကို တကယ်ချစ်ရင်
ဝေးသွားစေမယ့်အရာတွေမလုပ်ရဘူး
သိမ်ငယ်သွားစေမယ့်စကားတွေမပြောရဘူး
တိတ်ဆိတ်အေးစက်သွားစေမယ့်အပြုအမူတွေမလုပ်ရဘူး
တကယ်တော့ လူတွေဆိုတာက
ကိုယ့်အပိုင်လေးမို့လို့ တန်ဖိုးထားပြီးခံစားနေရလို့သာ
ဒီအရာလေးပျောက်ရှသွားမှာ ဝေးကွာပျက်စီးသွားမှာကို
စိုးရိမ်စိတ်မချဖြစ်ပြီးတဖွဖွနဲ့ယုယနေကြတာ
အဲ့အရာလေးကသာ ကိုယ့်အပိုင်လေးမဟုတ်တော့ပါဘူးလား ဆိုတဲ့ခံစားချက်မျိုးဝင်လာတဲ့အချိန်ကျရင်
အရာရာဟာချက်ချင်းပြောင်းပြန်ဖြစ်သွားမယ်ဆိုတာ ငါတို့သိထားဖို့လိုတယ် အစားထိုးလို့မရတဲ့အရာတွေဆိုတာ အစားထိုးကြည့်တဲ့အခါမှသိတာ..
ဒါကြောင့်လေ တကယ်ချစ်ရင် အဆုံးရှုံးမခံနိုင်ရင်
ဝေးသွားစေမယ့်အရာတွေ သိမ်ငယ်သွားစေမယ့်အရာတွေ အေးစက်သွားစေမယ့်အရာတွေမလုပ်ရဘူး
အထူးသဖြင့် နှစ်ခါပြန်မရနိုင်တဲ့အရာတွေ အပေါ်မှာပေါ့ ။

-chichi

Poetry and literature

01 Nov, 13:35


သံယောဇဉ်ဆို
ဘယ်သံယောဇဉ်မှ မကောင်းဘူး၊
သံယောဇဉ်မရှိသေးသူများ
မရှိတဲ့အတိုင်းပဲ နေကြစေချင်တယ်၊
ရှိကြလို့ရှိရင်လည်း
သံယောဇဉ်ကြိုးကို မရှည်ခင်
တိုတိုဖြတ်တာကောင်းတယ်၊
မုန်းစကိုတိုစေ၊ ချစ်စကို ရှည်စေလို့
ဆိုရိုးစကားရှိတယ်၊
တစ်ခါတလေ ကျွန်တော် တွေးမိတယ်။
ချစ်စကိုတိုနိုင်ရင်
လူတွေဟာ ဒီထက်
ကံကောင်းကြမလား မသိဘူး။

-တက္ကသိုလ်ဘုန်းနိုင်

Poetry and literature

31 Oct, 11:52


နှလုံးသားက လက်ခံရင်
မပိုင်ဆိုင်ရလည်း ချစ်တာပါပဲ။
အချစ်ဆိုတာ အနားမှာရှိနေပေးမှ မဟုတ်ဘူး
ကိုမြတ်နိုးနေသ၍ ချစ်လို့ရတယ်။

-ဂျူး

Poetry and literature

29 Oct, 07:51


မင်းကအပြောကောင်းသားပဲ။

မသိရင်
ငါ့ကိုမင်းရင်ထဲကနေ
တကယ်ချစ်နေတဲ့အတိုင်း။


-မြတ်

Poetry and literature

28 Oct, 06:44


ကျနော်တို့လည်း သိပ်အများကြီး
မျှော်လင့်မထားခဲ့ကြပါဘူး
ကိုယ့်ကိုချစ်ပြီး ကိုယ်ကချစ်ရတဲ့
တစ်စုံတစ်ယောက်ကိုပဲ လိုချင်ခဲ့ကြတာပါ
ကျနော်တို့ မတန်မဆကြီးလည်း
မတောင်းဆိုခဲ့ကြပါဘူး
အဲ့ဒီလောက်လေးပဲ ရချင်ခဲ့ကြတာပဲ
ဒါပေမဲ့ အဲ့ဒီလောက်ကလေးကိုပဲ မရနိုင်ခဲ့ကြဘူး။

-မိုးနေ့

Poetry and literature

27 Oct, 13:39


ငါတို့နှစ်ယောက်ကြား
အကွာအဝေး ယူနစ် ဟာ
တစ်ခုသော နိုဝင်ဘာလ ကနေ
နောင်သံသရာထိ ဖြစ်ခဲ့ပါတယ် ။ ။

- ဆပ်ရိပ်

Poetry and literature

27 Oct, 04:49


ခင်ဗျား မရှိရင် မနေနိုင်ဘူး ဘာညာတော့
ကျနော် မလိမ်ချင်ပါဘူး။
တကယ်က နေနိုင်သားပဲ၊
ဒါပေမဲ့ မနေချင်ဘူး ဟန်နီရယ်။
ဝန်ခံတာပါ။

-မိုးနေ့

Poetry and literature

26 Oct, 12:08


သေလောက်အောင်ချစ်ခဲ့ပြီးမှ လက်လွှတ်ပေးပါဆိုတော့
ဘယ်လိုနှလုံးသားနဲ့စွန့်လွှတ်ပေးရမလဲအချစ်ကလေးရယ်..
မင်းပြော‌ပါ..
ကိုယ်မင်းစီကမေတ္တာတရားကလွဲရင် ဘာတွေများတောင်းဆိုခဲ့ဖူးလို့လဲ..။

-chichi

Poetry and literature

26 Oct, 06:57


ကိုယ့်ဘက်က တကယ်ချစ်မိတဲ့
အချစ်မျိုးတွေကျ ကိုယ်ကကျန်နေခဲ့ရတယ်။

တစ်စုံတစ်ယောက်က ကိုယ့်ကို
နှစ်နှစ်ကာကာ ချစ်တဲ့အခါတွေကျတော့
သူတို့ချစ်သလောက် ပြန်မချစ်နိုင်ခဲ့ပြန်ပါဘူး။

ကိုယ်ကကျန်ရစ်ခဲ့ရတဲ့ အခါမျိုးတွေကျ ရင်ထဲနင့်နေအောင် ခံစားရပြီးကိုယ်က ချန်ထားခဲ့တဲ့ ချစ်ခြင်းမေတ္တာမျိုးကျတော့လည်း
အားနာရပြန်ပါတယ် ။

အပျော်သဘောနဲ့တော့
ကိုယ့်အချစ်ကိုအစော်ကားမခံချင်သလို
တစ်စုံတယောက်ရဲ့အချစ်ကိုလည်း လိမ်တဲ့သဘောမျိုး မဖြစ်ချင်တော့ဘူး။

ဒါကြောင့် နှစ်ဦးနှစ်ဖက် သဘောကျနေတဲ့အခါမျိုးနဲ့မကြုံခင်မဆုံအထိတော့
ငါတယောက်ထဲ နေကြည့်ပါအုန်းမယ်.။

-chichi

Poetry and literature

26 Oct, 03:32


ငါကလူတစ်ယောက်ကို ငါမှားတယ်လို့ ခံစားနေရရင်သာ ပြန်တောင်းပန်ပြီး ပြန်ခေါ်ဖို့ ဝန်မလေးတာ။

အဲ့လိုမဟုတ်ဘဲ ငါ့ကို သူ့သဘောနဲ့သူ အဆက်အသွယ်ဖြတ်သွားတာဆိုရင် ဘယ်လိုအကြောင်းမျိုးနဲ့မှ နည်းနည်းလေးတောင် ပြန်မပတ်သတ်ချင်တော့ဘူး။

လူဆိုတာ ကိုယ့်အကြောင်းတွေနဲ့ကိုယ်ပဲ။ အဲ့တော့ တစ်ဖက်သတ်ကြီး ခံစားချက်တွေကို လိုက်အလျှော့ပေးဖို့အထိတော့ ငါ့မှာတာဝန်မရှိဘူး‌။ ငါ့ပုံစံကို သဘောမကျရင် မပေါင်းနဲ့ပေါ့ ။

- Thuz

Poetry and literature

21 Oct, 04:36


ညီမသာ ညီမရဲ့
မျက်မှန်ဘောင်လေးတွေရဲ့
အပြင်ကို ကျော်ကြည့်တတ်ခဲ့ရင်
အကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို
တွေ့ခဲ့မှာပါလေ

ဖြူစင်လှပါတယ်ဆိုတဲ့
သစ္စာတွေ
သန့်ရှင်းလှပါတယ်ဆိုတဲ့
မေတ္တာတွေ
တစ်စတစ်စ
ငြိတွယ်လာနေမိတဲ့
သံယောဇဥ်တွေ
အရာအားလုံးဟာ
မင်းအတွက်ပါပဲ
အကို့ကို ရည်ငံစမ်းပါ
မျက်မှန်လေးရယ်.....

- သစ်ခက်

Poetry and literature

21 Oct, 04:05


မင်းကချစ်စဖွယ် မျက်နှာလေးနဲ့သဘောကျစရာမျက်နှာထားလေးလေ
ငါမဟုတ်လည်း တစ်ခြားသူတွေက လာချစ်ကြမှာပဲ။

မင်းရဲ့အမူအကျင့်လေးတွေကအစ
မင်းဖြစ်တည်မှုတွေအဆုံးသဘောကျချစ်ပေးနိုင်မဲ့သူကိုမင်းကိုယ်တိုင်ရွေးချယ်မှရမှာ။

ဒါကြောင့်ငါဆိုလိုချင်တာက
မင်းငါ့ကို ရွေးချယ်ပေးနိုင်မလား....။
ငါ့ကိုအခွင့်အရေးတစ်ခါလောက်ပေးနိုင်မလား..။

-chichi

Poetry and literature

21 Oct, 02:07


တစ်ယောက်က အခိုးအငွေ့လို
ပျံဝဲသွားတဲ့အခါ
တစ်ယောက်က ပြာစလိုကျန်ရစ်ခဲ့ရတယ်
ရင်ထဲထိတော့
မီးသတ်ကားကဘယ်ရောက်လာပါ့မလဲ။     

- အောင်ခိုင်မြတ်

Poetry and literature

10 Oct, 07:37


အတိတ်တွေထဲကရုန်းထွက်ဖို့လိုပြီထင်တယ်။
အတိတ်တွေထဲနစ်မြှုပ်နေခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ။
နောက်ဆုံးတော့လည်း မေ့မရသေးတဲ့နေ့တွေအဖြစ်ပဲ ကျန်ရှိနေခဲ့တာ။
တကယ်ဆို သတိရရုံကလွဲပြီး ငါတတ်နိုင်တာဘာမှမရှိဘူးလေ။

-chichi

Poetry and literature

08 Oct, 06:44


လူတစ်ယောက် ကိုယ့်ကိုချစ်နေသေးတယ်လို့

ထင်ရတဲ့စိတ္တဇက ကြောက်ဖို့ကောင်းတယ်။

သူ ကိုယ့်ကိုစိတ်ပူနေမလားဆိုပီး ကြည်နူးရ
သူ ကိုယ့်ကိုသတိရနေမှာပဲဆိုပီး ဝမ်းနည်းရ
သူအထီးကျန်နေမှာပဲဆိုပီး ကိုယ့်မှာ သတိရ ရနဲ့
အသားချင်းမထိပဲ အသဲစကားတွေ
ပြောခဲ့ကျတာပဲ မဟုတ်လား။

ချစ်ခြင်းမေတ္တာဟာ ကျွန်တော့်အတွက်တော့ တကယ့် စောက်ပြဿနာပဲ။
ကျွန်တော် မူးမူးရူးရူးနဲ့ သတိရတယ်ပြောဖို့ ဘယ်ဖုန်းနံပါတ်ကမှ မကြိုဆိုဘူး။
လူတစ်ယောက်ပြောဖူးသလိုပေါ့။
စောက်ပိုကတော့ မင်းလည်းပြောတတ်တယ် ငါလည်းပြောတတ်တယ်။

ဟုတ်တယ် . . .
အသည်းကွဲတာကိုပဲ လူတွေက မြင်ကျတယ်
ခွဲသွားတဲ့ ဓား ဘယ်လောက် ထက် သလဲ သူတို့မှ မမြင်ကျပဲ။
ရီ နိုင် ပါ တယ် ။

- အလ်နီလွန်း

Poetry and literature

07 Oct, 10:47


ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှအလကားမရဘူး

ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး

ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး

-မောင်ချောနွယ်

Poetry and literature

02 Oct, 07:21


"မရှိမဖြစ်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ပျော်ပျော်ကြီးနစ်ဝင်ခဲ့တာဒီကောင်
သူမရှိရင်ဒီလူကသေမှာ
သူမှမချစ်ရင်သေမဲ့သစ်ပင်လေးကဒီကောင်တဲ့...

-chichi

Poetry and literature

01 Sep, 06:57


အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
သူငယ်ချင်းတွေကိုလဲဝန်ခံခဲ့တယ်။
ငါခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
ချစ်တယ်လို့တဖွဖွပြောပြခဲ့တယ်။
ငါမမှားရင်တောင်ခနခနတောင်းပန်ခဲ့တယ်။
ပထမဆုံးတောင်းပန်ခဲ့ဖူးတဲ့သူ။
လူသိမခံနိုင်တဲ့ အားနည်းချက်တွေကိုလဲပြောပြခဲ့တယ်။
အဆင်ပြေနေပြီးအနည်ထိုင်ကျနေတဲ့ ငါ့လိုလူဘဝထဲ သူဝင်လာဖို့တောင်းဆိုတုန်းက ခွင့်ပြုဖို့ ငါဘယ်လောက်တောင်အားယူခဲ့ရသလဲ။
စောက်တလွဲမေတ္တာတွေပါပဲကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ။
အနည်းဆုံးတော့ တသက်လုံးမေ့မရတဲ့ဒဏ်ရာအဖြစ်ပဲကျန်ရှိနေခဲ့တာပဲမလား.။

-chichi

Poetry and literature

25 Aug, 07:12


တစ်ဖက်လူရဲ့ ဘဝထဲကို ဘုရားကပေးတဲ့လက်ဆောင်လေးအဖြစ်ပဲ
ဝင်ရောက်ဖို့ ဆန္ဒရှိပါတယ်။
ကိုယ်နဲ့ရှိရရင် ပြုံးရယ်နေပြီး
ကိုယ့်ကြောင့် အေးမြမှုနဲ့စိတ်ချမ်းသာခြင်းတွေကိုပဲ ရရှိစေချင်ပါတယ်။
သစ်ရွက်ကလေးပေါ်ရုတ်တရက်ကျသွားတဲ့နှင်းရည်စက်ကလေးလို။
ပိုင်ရှင်ရဲ့ အကြည်ဓါတ်ကလေးအဖြစ်ပဲ
ကာလရှည်ကြာ တသက်စာတည်ရှိသွားချင်တာမျိုးပါပဲ။

-chichi

Poetry and literature

25 Aug, 07:12


ရပ်တန့်ပစ်လိုက်ဖို့ အကြိမ်ကြိမ်
ဆုံးဖြတ်ကြည့်ခဲ့ပေမယ့်
အကြိမ်ကြိမ် ငြိတွယ်မိနေပြန်တာပဲ။
အဲ့ဒီ မျက်ဝန်းတွေကို
ငေးကြည့်မိရင်ပဲ ဖြစ်ဖြစ်
လေလှိုင်းလေးထဲ တိုးဝေ့ဖြတ်သန်းလာတဲ့
အဲ့ဒီ ရယ်သံသဲ့သဲ့လေး ကြားလိုက်ရရင်ပဲ ဖြစ်ဖြစ်
ရှောင်ဖယ်ကာ ထွက်ပြေးလို့ မရနိုင်ခဲ့ပြန်ဘူး ။
အကြောစိမ်းလေးတွေပေါ်နေတဲ့ အဲ့ဒီလက်ကလေးကို ကြည့်မိရင်ပဲ ဖြစ်ဖြစ်
ဘယ်လောက်ပဲ မျက်ကွယ်ပြုထားပါစေ
စိတ်ကူးတွေထဲအမြဲ ပြန်ပြန်ရောက်လာတတ်တယ်။
အမြတ်နိုးဆုံးကတော့ မျက်မှန်အောက်ကမျက်ဝန်းကလေးပါပဲ။ ။

-chichi

Poetry and literature

02 Aug, 23:33


ပန်းပွင့်ချပ်လေးတွေကိုရေတွက်ကြည့်တော့ စုံဂဏန်းကျတယ်။ဘာအရေးလည်း။ ချစ်နေမှတော့ အဲ့တာကံကြမ္မာဆိုရင်တောင် လွန်ဆန်မှာပဲ။

-ကျော်ဇေယံထွဋ်(နေရောင်ခြည်လိုနွေး)

Poetry and literature

29 Jul, 11:43


He love another gurl but I love him so ..just say "အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတဲ့နောက် ဖြစ်သမျှဟာအကောင်းပဲပေါ့"

-chichi

Poetry and literature

29 Jul, 06:14


လူတစ်ယောက်ကို ချစ်ပြီးပြီဆိုရင်
နောက်တစ်ယောက်ကို မချစ်ရဘူးတဲ့

တကယ်လို့ နောက်တစ်ယောက်ကို ချစ်နေပြီဆိုရင်လည်း
ရှေ့က တစ်ယောက်ကို လွှတ်ချပေးလိုက်တဲ့

ချစ်ခြင်းမေတ္တာမှာ သစ္စာရှိရပြီး
တစ်ယောက်တည်းအတွက် ရည်းစူးထားရင် တစ်ယောက်တည်းကိုပဲ အဆုံးထိ ချစ်သွားရမယ်တဲ့

မလိုတဲ့သူကိုလည်း အတင်းမဆွဲထားနဲ့တဲ့
ပြီးတော့ ကိုယ်ချစ်တဲ့သူကိုလည်း
ချစ်ပေးဖို့ မတောင်းဆိုရဘူးတဲ့

ကိုယ့်ကြောင့် ဖြစ်တည်လာတဲ့ အချစ်ကိုပဲ ရှာတဲ့
တကယ်ချစ်တဲ့သူကိုပဲ တွဲပါတဲ့
ကိုယ့်ကို နေရာပေးနိုင်တဲ့သူကိုပဲ
အချစ်တွေ ပုံအပ်လိုက်ပါတဲ့ ..

-crd

Poetry and literature

27 Jul, 09:19


ရုန်းကန်ရတာ မောတယ်လို့ အော်ပြီး
အမေ့ပေါင်စွန်းမှာ ခေါင်းအုံးနေရမယ်ဆိုရင်

ငှက်တွေမြင်ရင် ပြေးလိုက်မယ်
သက်တံတွေ့ရင် ပျော်ရွှင်မယ်

စက္ကူလှေကလေးတွေ ခေါက်မယ်
ပန်း၀ါ၀ါတွေ ခူးမယ်

မီးမရှိလည်းလရောင်ထဲထိုင်နေမယ်
ပုံပြင်လေးတွေ နားထောင်မယ်
ကြယ်လေးတွေကို ရေမယ်

ပိုးစုန်းကြူးတွေ ဖမ်းမယ်
ဖန်ပုလင်းလေးပိုက်ပြီး အိပ်ပျော်သွားမယ်

ဒါပဲမှတ်လား

မရှိခြင်းထက် မသိခြင်းကို တောင့်တလာတဲ့အခါ
ငယ်ငယ်ကလို မဟုတ်ပေမယ့်
ငယ်ငယ်ကလို ဘ၀လေးတော့ မက်မောတယ်

-နွေသစ်ငြိမ်း

Poetry and literature

24 Jul, 14:21


ငါကမင်းကိုချစ်တယ်ဆိုတာလေ
မင်းနှလုံးအိမ်မှာ
ငါ့သွေးကြောကလေးတွေတွယ်ညှိစေချင်တာ
မင်းရဲ့ အင်္ကျီအိတ်ကပ်ထဲမှာ
ငါ့အသက်ဓာတ်ကလေး ထုပ်ပိုးပေးလိုက်ချင်တာ
မင်းရဲ့စိတ်နံရံကလေးမှာ
ငါ့ပုံတူပန်းချီလေး ချိတ်ဆွဲထားစေချင်တာ...
ပျော်ရွှင်မှုတွေကြုံလာတိုင်း ငါ့နာမည်ကိုစာလုံးပေါင်းစေ့ချင်တာပါ။

-အင်ဖလော်ရီ

Poetry and literature

24 Jul, 07:45


ချစ်ခြင်းမေတ္တာနဲ့ လူတွေရဲ့အတ္တဟာ
ကိုယ်လက်လှမ်းမီဖို့ သိပ်ခက်တဲ့အရာတွေ..*

-chichi

Poetry and literature

23 Jul, 10:37


*အလုံးစုံဆိုတဲ့စကားလုံးမှာ ချစ်ခြင်းမေတ္တာပါ ထပ်ပေါင်းထည့်ခဲ့တာမို့ ပူတယ်၊အေးတယ်၊ဝေးတယ်၊နီးတယ် မဆိုပဲ ဘာဖြစ်ဖြစ်ပေါ့ ခင်ဗျားသာ ပါဝင်ပတ်သတ်နေမယ်ဆို အရာအားလုံးကို လက်ခံနိုင်စွမ်းရှိတဲ့ လူဟာ ငါပဲပေါ့ ခင်ဗျားရယ် ငါပဲပေါ့။

-chichi

Poetry and literature

22 Jul, 15:03


ကိုယ့်စိတ်နဲ့ကိုယ်ကြိုးစင်တက်
သံယောဇဉ်ကြိုးကိုလည်မှာချိတ်ပြီး
နောက်ဆုံးဆန္ဒအနေနဲ့
စိတ်ဝိဉာဉ်ကို ခင်ဗျားထံပါးလှူပါတယ်။
သည်သံသရာကနေ မလွတ်မြောက်ဖို့
အမျှမဝေပါနဲ့။

-ဆီးနှင်းခဲ(HoarFROST)

Poetry and literature

20 Jul, 03:54


Channel photo updated

Poetry and literature

20 Jul, 03:10


"ဝင်္ကပါထဲ တဝဲလည်လည်နဲ့
ပြန်လမ်းမရှိတဲ့ အချစ်နွံမှာ
ရုန်းမရအောင်နစ်ခဲ့။
စွန့်စားရင်းနဲ့ လောင်းကြေးတွေမှာ
အချစ်နဲ့ ဘဝတွေကို
ရက်ရက်ရောရော ပုံအောခဲ့ကြ။
ပတ္တမြားမှန်ရင် နွံမနစ်ဘူးလို့ဆိုတော့
အချစ်စစ် မှန်ရင်လည်း
နှလုံးသားချင်း မဝေးပါဘူးလေ။
တစ်ဖက်စီ လှည့်ငိုနေမဲ့အစား
လက်ချင်းတွဲပြီး မြင်ရတာကိုပဲ
လိုလားပါတယ်။"

-ဇေး(မြကျွန်းညိုမှလိပ်ပြာဝှက်တမ်း)