လူတိုင်းနီးပါးရဲ့ ငယ်ဘဝမှာ
အဘွားဆိုတဲ့ အမျိူးသမီးကြီးတစ်ယောက် စိုးမိုးခဲ့ဖူးကြမှာပါ။ အဲ့အဘွားဟာ နွေးထွေးမူ လုံခြုံမူအပြင် လိုချင်တာကို ရအောင်လုပ်ပေးနိုင်တဲ့
ကိုယ်တို့ရဲ့နတ်သမီးကြီးပေါ့လေ။
ကမ္ဘာ့အကောင်းဆုံးကစားသမားကြီး မက်ဆီရဲ့ဘဝမှာလည်း အဲ့ဒီနတ်သမီးကြီးရှိခဲ့ဖူးပါတယ်။
ဟုတ်ပါတယ်။ မက်ဆီငယ်ငယ်လေးတုန်းက
သူ့ကိုသိပ်ချစ်ရှာတဲ့ အဘွားတစ်ယောက်ရှိခဲ့ပါတယ်။
အဲ့ဒီအဘွားကြောင့်ပဲ မက်ဆီဟာ ဘောလုံးသမားဖြစ်လာခဲ့ရခြင်းပါပဲ။
တစ်နေ့ မက်ဆီတို့မြို့လေးအနီးအနားက
ဘောလုံးပွဲဆီကို သူ့အဘွားဟာ မက်ဆီကို ခေါ်သွားခဲ့တယ်။
အဲ့ဒီကစားပွဲမှာ မက်ဆီရဲ့ အကိုဝမ်းကွဲတွေနဲ့ မက်ဆီထက် အသက်ကြီးတဲ့ကစားသမားလေးတွေ ကစားနေကြတယ်။
အဲ့ဒီမှာ ပွဲကစားဖို့ ကလေးတစ်ယောက်လိုနေပါတယ်။
အဲ့ဒီအချိန်မှာ နည်းပြက ဘယ်ကလေးကို ထည့်ရမလဲခေါင်းစားနေခဲ့ပါတယ်။ ဒါကိုမြင်တဲ့ မက်ဆီရဲ့အဘွားဟာ ပွဲကြည့်စင်လေးပေါ်ကနေ နည်းပြကို လှမ်းခေါ်ခဲ့ပါတယ်။
အဘွား🗣 " ဒီမှာ ဒီမှာ နည်းပြကြီးရှင့်....ရှင်ပွဲကစားဖို့ ကလေးတစ်ယောက်လိုနေတာမလား။”
နည်းပြ🗣" ဟုတ်ပါတယ်။”
အဘွား🗣" လိုတဲ့နေရာအတွက် ကျမမြေးလေးဝင်ကစားပေးနိုင်ပါတယ်”
နည်းပြ🗣သူက အရမ်းသေးငယ်လွန်းမနေဘူးလား