IMDB - 6.1/10
Genre - Action
အက်ဒ်ဝက်လို့ခေါ်တဲ့ လူငယ်ဟာ ကိန်းဘရစ်ခ် တက္ကသိုလ်ရဲ့ သင်္ချာဘွဲ့လွန်အတန်းကို တက်နေတဲ့ ပါရမီရှင်ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ ပါရမီပါတဲ့အပြင် အရမ်းကြိုးစားပြီး စူးစမ်းချင်တဲ့စိတ်က အတန်အသင့်လေးခေါင်းမာတဲ့ပုံစံဖြစ်နေပါတယ်။ ဒါ့အပြင် သူက ကိန်းဘရစ်ခ် ရဲ့ ထိပ်တန်း ဝါရင့်ပါမောက္ခချုပ်ဟောင်းဆီမှာလည်း တိုက်ရိုက်ကြီးကြပ်ခံရပြီး သင်ယူမှုကို ရယူနေတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အက်ဒ်ဝက် က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သုတေသနစာတမ်းကို ပြုစုလေ့လာနေတာပါ။ အဲဒါကတော့ သုဒ္ဓကိန်းစဉ်တန်းတွေ၏ အနက်အဓိပ္ပါယ်ကို သင်္ချာအစတည်ရာ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ သမိုင်းကြောင်းတွေ၊ ဒဏ္ဍာရီတွေနဲ့ ယှဉ်ပြီး ကမ္ဘာကြီးရဲ့ ဖြစ်တည်မှုကို အဖြေထုတ်နေတာပါပဲ။ ဒါကို သူ့ရဲ့လက်ပွန်းတတီးဆရာဖြစ်တဲ့ ပါချုပ်ကြီး က သိနေပေမယ့်လည်း ကျန်းမာရေးအခြေအနကြောင့် မကြီးကြပ်ပေးနိုင်ဖို့ ဖြစ်သွားပါတယ်။ ဒါပေမယ့် ပါချုပ်ကြီး က သူ့ရဲ့ အရင်က နာမည်ကျော် တပည့်ဟောင်းလည်းဖြစ် တစ်ချိန်ထဲမှာ သင်္ချာပါရဂူအပြင် အနုပညာယဉ်ကျေးမှူး သမိုင်းကြောင်းပညာရှင်လည်းဖြစ်တဲ့ ရောဘတ် မာလင်ဒါ ဆိုတဲ့သူနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အစပိုင်းမှာတော့ ပါချုပ်ကြီး အပြင် တခြားဘယ်သူ့ကိုမှ ဆရာမတင်ချင်တဲ့ အက်ဒ်ဝက် က နောက်ဆုံးမှာ မာလင်ဒါ နဲ့မှ စိတ်ငြိမ်သွားပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲ မာလင်ဒါ ကို အက်ဒ်ဝက် က သူ့ရဲ့ သုတေသနအကြောင်းရှင်းပြပြီး တစ်ရက်မှာပဲ အက်ဒ်ဝက် ရဲ့ စာတမ်းကို မာလင်ဒါ က ခိုးသွားခဲ့ပါတယ်။ ဒီစာတမ်းက အက်ဒ်ဝက် အတွက် အန္တရာယ်ရှိတယ်လို့ ဆိုကာ မာလင်ဒါ က စာတမ်းအချက်အလက်တွေကို မီးရှို့ပြီး အသံဖိုင်တစ်ခုချန်ကာ ကိုယ့်ကိုကိုယ်ပါ သတ်သေခဲ့ပါတယ်။ ဒါကို ယူကြုံးမရနိုင်တဲ့ အက်ဒ်ဝက် ဟာ ဒီလိုတွေ ဖြစ်သွားရတဲ့ အကြောင်းအရင်းမှန်ကိုရှာဖို့ သတင်းလိုက်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ တကယ်တမ်းနောက်ကွယ်မှာ အက်ဒ်ဝက် လေ့လာနေတဲ့ စာတမ်းဟာ ဘယ်လောက်ထိ အထိမခံတဲ့ ခေါင်းစဉ်ဖြစ်နေလဲဆိုတာကို ဒီစီးရီးထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲ ဖြစ်ပါတယ်။
t.me/hanatrailers/5049