A Ri-ver Ru-ns Thro-ugh It (1992)
IMdb - 7.2/10
Genre - Family, Drama
နော်မန်မက်ကလင်းဆိုတဲ့ လူတစ်ယောက်ဟာ ငါးမျှားတံကိုင်ပြီး ရပ်နေခဲ့တယ်ရေစီးထဲကိုကြိုးကိုပစ်ထည့်ရင်း ရစ်သမ်တစ်ခုအတိုင်းလက်လှုပ် ရှားနေပေမယ့် သူ့စိတ်တွေက ဒီငါးမျှားတံမှာမရှိတော့ဘူး။သူရပ်နေတဲ့မြစ်ကမ်းပါးကို ပတ်လည်ဝိုင်းထားတဲ့ တောင်တွေကြားက အလင်းရောင်ဟာတဖြည်းဖြည်း မှိန်ပြလာတယ်။ဖြူဖွေးပါးလျနေတဲ့ ဆံပင်တွေဟာ သူဖြတ်သန်းခဲ့ရတဲ့ သက္ကရာဇ်တွေရဲ့ သက်သေပါပဲ။သူချစ်တဲ့လူတွေကို သူနှစ်ခါပြန် ချိုးလို့မရတဲ့ မြစ်တစ်စင်းက ခေါ် ဆောင်သွားခဲ့ပြီ။ရေတွေရဲ့ အသံကို သူ နားစိုက်ထောင်ကြည့်တယ်။သူ့အဖေ သင်းအုပ်ဆရာ ရီဗားရန့်မက်ကလင်းကတော့ တစ်ခါပြောဖူးတယ်။"ဟိုးတုန်းက ရွှံတွေပေါ်ကို မိုးစက်တွေကျပြီး ကျောက်တုံးတွေဖြစ်လာခဲ့တယ်။အတိကျအဆို လွန်ခဲ့တဲ့ နှစ်သန်းငါးရာအကြာတုန်းကပေါ့။ ကျောက်တုံးတွေမဖြစ်လာခင်မှာ ဒီကန်ကြီးရဲ့အောက်ခြေမှာ တကယ်တမ်းရှိခဲ့တာက
ဘုရားသခင်ရဲ့စကားလုံးတွေပဲတဲ့"သူတကယ်တမ်းကြားနေရတာကတော့ ဘုရားသခင်ရဲ့ စကားလုံး တွေမဟုတ်ဘဲ သူချစ်ခဲ့တဲ့လူတွေရဲ့ စကားလုံးတွေပါပဲ။ သူ့အဖေပြောနေကြ တရားစာတွေ၊ သူ့ ညီလေးပေါလ်ရဲ့စကားလုံး အရိုင်းတွေ၊ သူ့ဘဝရဲ့အချစ်ဂျက်ဆီရဲ့ စကားလုံးချိုချိုတွေ မြစ်အောက်ဘက်ကကျောက်တုံးတွေအောက်မှာ ခိုဝင်နေတဲ့ စကားလုံးတွေကို သူကြားနေရတယ်။ ဟိုးအတိတ်နေ့တစ်ရံတစ်ခါဆီတုန်းက ဒီမြို့ကလေးရဲ့နေ့ရက်တွေ ကို သူပြန်ကြားနေရတယ် မြို့လယ်ခေါင်က အုတ်ခုံကလေးပေါ်မှာ ထိုင်ခဲ့ကြတဲ့ သူတို့ရဲ့ကလေးဘဝတွေ လူငယ်ဘဝတွေကို သူပြန်ကြားနေရတယ် လူဟာ ဘယ်လိုပဲ ငါဗဟိုပြုသတ္တဝါလို့ပြောပြော အရင်တစ်ခါဘဝ ကို ပြန်တွေးကြည့်တဲ့အခါ တကယ်တမ်း သူ့မှတ်ညဏ်မှာစွဲထင်ကျန်နေခဲ့တာက သူ့အကြောင်းတွေမဟုတ်ခဲ့ဘူး။ သူချစ်ခဲ့တဲ့လူတွေအကြောင်းတွေ တိတိပပပြောရရင်သူချစ်ခဲ့တဲ့ လူတွေကို သူချစ်ခဲ့တဲ့အတိတ်တွေသူ့အဖေ နောက်ဆုံးဟောခဲ့တဲ့ ဒေသနာတစ်ပုဒ်မှာ ပါသလိုပဲ " လူတွေဟာ သူတို့ချစ်တဲ့သူတွေရဲ့ စိတ်ကိုတောင် သူတို့နားလည် နိုင်မှာမဟုတ်ဘူး"နော်မန်ဟာ သူ့ညီ ပေါလ်ကိုလုံးဝနားမလည်ခဲ့ပါဘူး။ သူ့အဖေပြောသလို သူဟာ ပေါလ်ကို အလုံးစုံနားမလည်ပေမယ့် အပြည့်အဝချစ်နိုင်ခဲ့တယ်။နော်မန်ဟာ သူချစ်တဲ့လူတစ်ယောက်ကို ပထမဆုံးဆုံးရှုံးလိုက်ရတဲ့ အချိန်တုန်းက သူနားမလည်ခဲ့တဲ့ အရာကို ဆံပင်ဖြူတွေဖွေးထနေတဲ့ဘဝမှ သူနားလည်လာတယ် ။