YKKO

@ykkomyanmar


Official telegram channel of YKKO

YKKO

22 Oct, 02:59


နှစ်သက်ရာ အကင်ဗန်းကိုဝယ် - Cola လက်ဆောင်ယူကြမယ်

YKKO ရဲ့ Grilled Set တစ်ဖြစ်လဲ အကင်ဗန်းတွေ ဖြစ်တဲ့ . . .🍢🍢

🍢 Fish Combo Set
🍢 Prawn Combo Set
🍢 Chicken Combo Set
🍢 Assorted Combo Set - တွေထဲက ကြိုက်နှစ်သက်ရာ အကင်ဗန်း တစ်ခုကို အောက်တိုဘာလ(၃၁)ရက်နေ့အထိ - အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အတွင်း Thanlyin(City Mart) မှာ ဝယ်ယူသူတိုင်းအနေနဲ့

Cola(၂)ပုလင်း လက်ဆောင်ရရှိမဲ့ အစီအစဉ်လေးရှိနေပါ့မယ် . . .😉

YKKO

21 Oct, 09:29


အားပေးကြမ်းကြလို့ Combo Set Promotion တွေကို စိတ်ကြိုက်ရွေးစားလို့ရအောင် အောက်တိုဘာလ (၂၁)ရက်နေ့ကနေ (၂၅) ရက်နေ့အထိ)၊ အောက်တိုဘာလ (၂၈)ရက်နေ့ကနေ (၃၁) ရက်နေ့အထိ) ပရိုမိုးရှင်း ရက်ထပ်တိုးပေးလိုက်ပါတယ်နော်။

🍗 ကြက်တောင်ပံကင် (၁)ပွဲစား - 50% Discount ယူထား
🍜 တစ်ယောက်တည်း အပီဆွဲနိုင်ဖို့အတွက် Single Combo Set
🍜 နှစ်ယောက်လောက်အတူစားဖို့အတွက် Double Combo Set
🍜 အဖွဲ့လိုက် Chill ဖို့ ခေါင်းခြောက်စရာမလိုတဲ့ Family Combo Set

စတဲ့ Combo Set တွေများကြီးရှိလို့ ရှယ်တန်ရှယ်ဝိုက်ဖို့ရှာနေတယ်ဆိုရင် YKKO ကိုသာလာခဲ့လိုက်တော့နော်။

ကြေးအိုးဆို YKKO
ရှယ်တန်ရှယ်ဝိုက်

YKKO

17 Oct, 02:37


သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)

🕯ရဟန်းတော်များ ဝါမှ ထသောနေ့။
🕯မြတ်စွာဘုရားသခင်သည် အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး တာဝတိံသာ၌ ဟောကြားတော်မူခြင်းအမှုကို အောင်မြင်စွာ ပြီးဆုံးသည့်နေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့။
🕯နတ်ဗြဟ္မာအပေါင်း ခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့။
🕯 ဗြဟ္မာ၊ နတ်၊ လူ သုံးပုံသူတို့ မြတ်စွာဘုရားအား အတူတကွ ကြည်ဖြူစွာ ပူဇော်ကြသောနေ့။
🕯လောကဝိဝရဏတန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝှမ်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသော ဂုဏ်ထူးဝိသေသ အထူးထူးနှင့် ပြည့်စုံသည့် နေ့ - သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာနေ့)တွင် ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်း YKKO မှ တောင်းဆုမေတ္တာ ပို့သလိုက်ရပါသည်။

YKKO

16 Oct, 04:08


YKKO ကို လာ သီတင်းကျွတ်လက်ဆောင်ယူပါ

🕯အသုံးလည်း တည့်
🕯ပစ္စည်းလည်း ဆံ့
🕯လွယ်ရ သယ်ရလည်း အဆင်ပြေတဲ့ Tote Bag လေးတွေကို ၂၈,၀၀၀ ကျပ်ဖိုးအထက် စားသုံးသူတိုင်းအတွက် သီတင်းကျွတ်လက်ဆောင်အဖြစ် ပေးသွားဖို့ ရှိပါတယ်။

YKKO ဆိုင်ခွဲတွေ အားလုံးမှာ အောက်တိုဘာလ(၁၆)ရက်နေ့ကနေ အောက်တိုဘာလ (၁၈)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ရှိနေမှာဖြစ်တဲ့အတွက် . . . 🤗

YKKO မှာ တန်တန်လေးစားပြီး YKKO Tote Bag လှလှလေးတွေကို လက်ဆောင်ယူလိုက်ပါ။

YKKO

13 Oct, 14:20


သက်သက်သာသာနဲ့ ပိုလို့ ပိုကာ အဆင်ပြေစေချင်တာ YKKO ရဲ့ စေတနာပါ။

ဆိုင်မှာ ထိုင်စားသူတွေနဲ့ ပါဆယ် ဝယ်သွားသူတွေအတွက် Combo Set Promotion တွေ ရှိနေသလို foodpanda ကတစ်ဆင့် မှာစားသူတိုင်းအတွက်ပါ ပိုပြီး အဆင်ပြေသွားစေဖို့ကို ရည်ရွယ်လို့ >>> အောက်တိုဘာလ(၁၄)ရက်နေ့ကနေ အောက်တိုဘာလ(၁၈)ရက်နေ့အထိ ၁၅,၀၀၀ ကျပ်ဖိုးအထက် မှာစားပြီး Wave Pay နဲ့ ငွေရှင်းသူတို့အဖို့ ၄,၀၀၀ ကျပ် လျှော့ဈေးရနိုင်မဲ့ အစီအစဉ်လေးတစ်ခုကို လက်တို့ပေးလိုက်ပါတယ် . . .🫶

ဆိုပေမဲ့ - Voucher Code နေရာမှာ FPWAVE ဆိုတာလေးကို သေသေချာချာ ရိုက်ထည့်ပေးဖို့အတွက်ပါ တစ်ခါတည်း သတိပေးလိုက်ရရင်း ပျော်ရွှင်စရာ သီတင်းကျွတ်ပိတ်ရက်လေး ဖြစ်ပါစေ။

YKKO

12 Oct, 14:39


သွားကို သွားသင့်တဲ့ နေရာ - စားကို စားသင့်တဲ့ အရာ

အရာရာမှာ ရှိထားတဲ့ စံနှုန်းတွေထဲက တစ်ခုဆိုသလို YKKO ကိုသာ ရောက်ခဲ့မယ်ဆိုရင်တော့ - မဖြစ်မနေဆိုသလို စားကို စားသင့်တဲ့ တစ်ခုတည်းသော အရာဟာ "ဆာ‌တေး"ပါ။

YKKO ရဲ့ ဝက်ဆာတေးနဲ့ ကြက်ဆာတေးဆိုတာ ပြိုင်စံရှားတဲ့ အနံ့နဲ့ အရသာကို ပေးစွမ်းနိုင်တာမို့ ဆာတေးစားမှာလား - YKKO မှာ စားနော် . . . 😋

YKKO

11 Oct, 03:24


Member Point သုံးပြီး ပိုတန်တန်စား🤩

Member Point တွေ စုဖြစ်နေကြလား?

ပြန်သုံးပြီတာ့ရော စားဖြစ်ကြရဲ့လား?

ချစ်ခြင်းမေတ္တာရဲ့ အရသာကို တန်သည်ထက် တန်တန် ပိုပြီး ခံစားနိုင်ဖို့ရာ Member Point တွေကို စုဖြစ်အောင် စုကြ - သုံးဖြစ်အောင် ပြန်သုံးပြီး YKKO မှာ တန်တန်လေး စားနိုင်ကြဖို့အတွက် လက်တို့လိုက်ပါရစေ . . . 🤗

Point ဘယ်လိုစုရမလဲ? ဘယ်လိုသုံးရမလဲ? အသုံးပြုပုံကို comment မှာတင်ထား‌ပေးတယ်နော်။

YKKO

08 Oct, 14:05


YKKO ပုစွန်တောင်ဆိုင်ခွဲမှာ စားမဲ့ Makro ဝန်ထမ်းတွေအနေနဲ့

Makro က ဝန်ထမ်းကဒ်လည်း ပြနိုင်သလို ၁၈,၀၀၀ ကျပ်အထက်လည်း စားမယ်ဆိုရင်တော့ . . . 🧐

ပြေစာတစ်စောင်တိုင်းအတွက် 15% အထိ သက်သာခွင့် ရရှိနိုင်မဲ့ ဒီအစီအစဥ်လေးဟာ အောက်တိုဘာလ(၃၁)ရက်နေ့အထိ ရှိနေမှာ ဖြစ်တဲ့အကြောင်း Makro ဝန်ထမ်းအ‌ပေါင်းတို့ဆီ လက်တို့ပေးလိုက်ပါရစေ။

YKKO

07 Oct, 14:05


10% Discount ရမယ့်အခွင့်အရေး Yoma Next App နဲ့ပေး📢

YKKO ရဲ့အရသာသစ် Homemade မာလာရှမ်းကောနဲ့မာလာမောက်ချိုက် ကို Yoma Bank Next Mobile Application နဲ့ WavePay QR Scan ဖတ်ပြီး ငွေပေးချေမယ်ဆိုရင် (10%) Discount လျှော့ဈေးရရှိမှာပဲဖြစ်ပါတယ်။

👉အောက်တိုဘာလ တစ်လလုံး (၄၇)လမ်းဆိုင်ခွဲ၊ အင်းစိန်ဆိုင်ခွဲ၊ (၈)မိုင်ဆိုင်ခွဲ၊ မြောက်ဥက္ကလာပဆိုင်ခွဲ၊ တောင်မြင်းပြိုင်ကွင်းဆိုင်ခွဲ၊ Star City ဆိုင်ခွဲ၊ သင်္ဃန်းကျွန်းဆိုင်ခွဲ၊ သာကေတဆိုင်ခွဲ၊ ချမ်းအေးသာစံဆိုင်ခွဲ၊ Junction နေပြည်တော်ဆိုင်ခွဲ၊ သပြေကုန်းနေပြည်တော်ဆိုင်ခွဲ တို့မှာ ဝယ်ယူနိုင်တဲ့အကြောင်း မာလာအရသာကြိုက်တဲ့သူတွေအတွက်သတင်းကောင်းပေးလိုက်တယ်နော်

YKKO

07 Oct, 02:14


ဒုတိယအပတ်ရဲ့ Promotion တွေအဖြစ် - အောက်တိုဘာလ (၇)ရက်နေ့ကနေ အောက်တိုဘာလ (၁၁)ရက်နေ့အထိ၊ အောက်တိုဘာလ (၁၄)ရက်နေ့ကနေ အောက်တိုဘာ(၁၅)ရက်နေ့အထိ. . . 😉

🕯50% OFF Promo (Grilled Chicken Wings)
🕯Single Set (Combo Promo)
🕯Double Set (Combo Promo)
🕯Family Set (Combo Promo) ရယ်လို့ ပရိုမိုးရှင်း(၄)ခုတောင် ရှိနေမှာဖြစ်တာကြောင့် ရှယ်တန် ရှယ်ဝိုက်နိုင်ဖို့အတွက်ဆို YKKO ကိုသာ အရောက်လာခဲ့ပါ။

YKKO

05 Oct, 14:06


မာလာ - မာလာ - မကြိုက်သူရှားတဲ့ မာလာ

မာလာကိုမှ မောက်ချိုက်နဲ့ ရှမ်းကောရယ်လို့ (၂)မျိုးစလုံးကိုပါ ရနိုင်နေပြီဖြစ်တဲ့ YKKO မှာဆိုရင် - "မာလာမီနူး"ဖြစ်တဲ့ . . .

🍜Original
🍜Assorted Meatballs
🍜Seafood
🍜Pork(Homemade)
🍜Chicken(Homemade)
🍜Prawn - ဆိုပြီး ရွေးချယ်စရာတွေ အများကြီးပါပဲမို့ ကိုယ်ကြိုက်တဲ့အရသာရွေးရုံပဲ။

မာလာရှမ်းကောမီနူးရောင်းချသွားမယ့်ဆိုင်ခွဲများ - သင်္ဃန်းကျွန်း၊ (၈)မိုင်၊ တောင်မြင်းပြိုင်ကွင်း၊ (၄၇)လမ်း(Urban Asia)၊ သာကေတ Capital၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ Star City၊ ချမ်းအေးသာစံ(မန္တလေး)၊ သပြေကုန်း(နေပြည်တော်)၊ Junction (နေပြည်တော်) စတဲ့ဆိုင်ခွဲတွေမှာဝယ်ယူလို့ရပါတယ်။

YKKO

04 Oct, 14:48


တန်တန်လေးစား Cashback (၂,၀၀၀) ကျပ်ယူထား 💰

အောက်တိုဘာလရဲ့ အပတ်စဥ် စနေနဲ့ တနင်္ဂနွေနေ့တိုင်းမှာ (၁၅,၀၀၀)ကျပ်ဖိုးနှင့်အထက်ဝယ်ပြီး WavePay ကနေ ငွေရှင်းလိုက်တာနဲ့ ( ၂,၀၀၀) ကျပ် Cashback ကသင့်အတွက်ပါပဲ။

ရှယ်တန်ပြီး ရှယ်ဝိုက်ဝိုက်ပြီး Cashback လည်းရတာ YKKO ပဲပေါ့။

#YKKO #YKKOKyayOh #YankinKyayOh
#WavePay #2000CashBack

YKKO

03 Oct, 12:40


Stamps တွေစုပြီး လက်ဆောင်ယူ 🎁

Juntion City က Food Streat မှာဖွင့်လှစ်ထားတဲ့ YANKIN EXPRESS ဆိုင်မှာ (၈,၀၀၀)ကျပ်နှင့်အထက်၀ယ်ယူစားသုံးတာနဲ့ Stamps (၁)ခုရရှိမှာဖြစ်ပြီး Stamps (၅)ခုပြည့်တာနဲ့ T Shirt (၁) ထည်လက်ဆောင်ရရှိမှာပဲဖြစ်ပါတယ် 🎊

အောက်တိုဘာလ(၁)ရက်နေ့ကနေ (၃၁)ရက်နေ့အထိပြုလုပ်သွားဖြစ်လို့ရွေးချယ်စရာမီနူးအရသာမျိုးစုံရှိတဲ့ YANKIN EXPRESS မှာလာရောက်သုံးဆောင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။
(ကျန် YANKIN EXPRESS ဆိုင်ခွဲများမပါဝင်ပါ)

YKKO

01 Oct, 15:02


မျက်နှာပန်းလှလှနဲ့ တန်တန်လေးရမဲ့ သီတင်းကျွတ်ဂါရဝလက်ဆောင်ကို Cook At Home မှာ ရနိုင်ပါတယ်။

(၂၈,၅၀၀) ကျပ် တန်ဖိုးရှိ ကန်တော့ခြင်းလက်ဆောင်လေးမှာဆိုရင် . . .🧐

🟡Set-A (Chicken+Pork)🟡

⚪️Set-B (Pork Only)⚪️

🟢Set-C (Chicken Only)🟢
တို့ ပါဝင်မဲ့ ရွေးချယ်စရာ အမျိုးအစား(၃)ခု ရှိပါတယ်။

မှာယူလိုသူများအနေနဲ့ Hotline No- 09440133330 နဲ့ 09977118682 ကိုဖြစ်ဖြစ်၊ Chat Box ကနေဖြစ်ဖြစ် အချိန်မရွေး ဆက်သွယ်လို့ ရနိုင်ပေမဲ့ ရန်ကုန်မြို့တွင်းကနေသာ မှာယူရရှိနိုင်မဲ့ ဒီအခြေအနေလေးကိုတော့ နားလည်ပေးစေလိုကြောင်း မေတ္တာရပ်ခံလိုက်ရပါတယ်။ . . . 🙏

ဒီတော့ - ပစ္စည်းအရေအတွက် ရှိသလောက်သာ အကန့်အသတ်နဲ့ ရနိုင်မဲ့ ကန်တော့ခြင

YKKO

27 Sep, 13:38


Member Card Points ကျန်နေကြသေးလား ❓️

ကျန်သေးလား - ကျန်သေးလား

Member Card Point တွေကျန်ကြသေးလား . . .🚨

ပိုပြီး တန်တန် စားစေချင်တဲ့ စိတ်နဲ့ သတိပေးပြီးရင်ဆိုသလို သတိပေးပြီးရင်းကို သတိပေးနေပါရစေ။

❗️ စက်တင်ဘာလ (၃၀)ရက်နေ့ကိုသာ နောက်ဆုံးထားပြီး သုံးလို့ရတော့မဲ့ Member Point တွေဖြစ်တာကြောင့် ဒီ့မတိုင်ခင် ကုန်အောင်သုံးပါ - ဒီတော့မှသာ ပိုစားပျော်မှာ . . . 😉

YKKO

25 Sep, 13:00


ကြွပ်ကြွပ်ရွရွလေး ဝါးချင်ရင် - ဖက်ထုပ်ကြော််လေး စားကြည့်စေချင်

ဖက်ထုပ်ကြော်လေးပဲ စားနော် . . . 🥟

ဖက်ထုပ်ရွက် ကြွပ်ကြွပ်လေးတွေကို ဝါးရင်း အသားအိအိလေးကိုပါ စားမိလိုက်တဲ့ ခံစားချက်

တစ်ပြိုင်နက်ဆိုသလို အရသာရော အာဟာရပါ ပြည့်စုံစေမဲ့ ဖက်ထုပ်ကြော်မီနူးလေးဟာ အဆာဖြေဖို့ရာ အပျင်းပြေဖို့အတွက်ပါ အသင့်လျော်ဆုံးဖြစ်တာမို့ - စားပါ - စားပါ - YKKO က ဖက်ထုပ်ကြော်ကို စားကြည့်ပါ . . .😋

YKKO

23 Sep, 12:41


စက်တင်ဘာလ(၃၀)ရက် နောက်ဆုံးထားပြီး - Member Points တွေကုန်အောင်စားနော်

📢 သုံးပါ - စားပါ📢

စက်တင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးထားလို့ Member Point တွေ အကုန်သုံးပြီး ပိုတန်အောင် စားကြနော်။

အောက်တိုဘာလ(၁)ရက်နေ့ကစလို့ Member Card စနစ်ကနေ Pocket App ဆီကို ပြောင်းလဲ အသုံးပြုသွားမှာ ဖြစ်တဲ့အတွက် . . .😌

စက်တင်ဘာလ(၃၀)ရက်နေ့ကို နောက်ဆုံးထားပြီး Member Point အားလုံးကို စားပြစ်လိုက်မှသာ နှမြောစရာတွေ ကင်းပါလိမ့်မယ်။

YKKO

23 Sep, 05:45


ကြေးအိုး(၁)ပွဲ လက်ဆောင်ရနိုင်ဖို့ - Pocket Point စုကြစို့

ကြေးအိုး(၁)ပွဲ - ကြေးအိုး(၁)ပွဲ - Free စားရမဲ့ ကြေးအိုး(၁)ပွဲ

🫶တစ်သောင်းဖိုးအထက် စားပြီးတိုင်းမှာ Pocket Point စုပါ။
🫶Pocket Point စုပြီးတိုင်းမှာ Stamp(၁)ကွက်ကို ရယူပါ။
🫶Stamp(၅)ကွက် ပြည့်ပြီးတဲ့အခါ မီနီကြေးအိုး(၁)ပွဲ လက်ဆောင်ယူပါ။

ဒီတော့ - ကြေးအိုး(၁)ပွဲ Frees စားရဖို့ဆို Pocket Point လေးတွေ စုထားဖို့လိုသလို ဒီ Pocket App အစီအစဥ်လေးကို အောက်တိုဘာလ(၃၁)ရက်နေ့အထိ YKKO ဆိုင်ခွဲတွေမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

YKKO

22 Sep, 06:19


ရတယ် ရတယ် . . .YKKO မှာ ရတယ်

YKKO ကိုလာ - Mala Series တွေ မှာကြမယ်ဆို . . .ရလား

ဆိုတော့ - YKKO ရဲ့ သင်္ဃန်းကျွန်း၊ (၈)မိုင်၊ တောင်မြင်းပြိုင်ကွင်း၊ (၄၇)လမ်း(Urban Asia)၊ သာကေတ Capital၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ Star City၊ ချမ်းအေးသာစံ(မန္တလေး)၊ သပြေကုန်း(နေပြည်တော်)ဆိုင်ခွဲတွေနဲ့ Junction (နေပြည်တော်) ဆိုင်ခွဲတွေမှာဆိုရင် Mala Series တွေိကို ရနိုင်ပါတယ်။

Mala Series တွေထဲမှာမှ . . .

🍜Original
🍜Assorted Meatballs
🍜Seafood
🍜Pork(Homemade)
🍜Chicken(Homemade)
🍜Prawn - ဆိုပြီး ရွေးချယ်စရာတွေ အများကြီး ရှိတဲ့အတွက်. . .😉

YKKO ကို လာ - Mala Serire လေးတွေ မှာစားကြမယ်ဆိုရင်လည်း အိုကေလို့ စိုပြေနေစေရပါမယ်။

YKKO

21 Sep, 12:37


Card ကိုင်စရာမလို အသွင်သစ်နဲ့ YKKO Member System📣

အောက်တိုဘာလ(၁)ရက်နေ့က စပြီး YKKO Member Card အစား Pocket MM Application ကို ပြောင်းလဲ အသုံးပြုပေးသွားမှာ ဖြစ်တာကြောင့် - ကိုယ့်ရဲ့ Member Card ထဲမှာ ရှိနေတဲ့ Points များအားလုံးကို စက်တင်ဘာလ(၃၀) ရက်နေ့ နောက်ဆုံးထားပြီး အသုံးပြုပေးရမှာဖြစ်ပါတယ်။

Card အစား Pocket App ကို ပြောင်းပြီး သုံးရမှာဖြစ်ပေမဲ့ အရင်တုန်းက Member Card ခံစားခွင့်အတိုင်းသာ အပြောင်းအလဲ မရှိဘဲ ဆက်ပြီး ရရှိနေဦးမှာပါ🤗

ဝယ်ယူစားသုံးသူတိုင်းအနေနဲ့ Pocket App ချိတ်ဆက်ထားသမျှ YKKO ဆိုင်ခွဲတိုင်းမှာ ကျသင့်ငွေရဲ့ (၁၀)ရာခိုင်နှုန်းကို Points အဖြစ် ပြန်လည် စုဆောင်းနိုင်မှာဖြစ်ပြီး စုဆောင်းထားတဲ့ Points တွေကိုတော့ Pocket App ထဲက YKKO ရဲ့ Menu Rewards တွေမှာ လဲလှယ် ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

❗️Pocket App ကို Sign Up လုပ်မဲ့ Member Card User တွေအနေနဲ့ -YKKO Member Card အတွက် သုံးထားတဲ့ ဖုန်းနံပါတ်အတိုင်း ပြန်လည် အသုံးပြုပေးမှသာ ကိုယ့်ရဲ့ Member Card အမျိုးအစားလိုက် အသုံးပြုလို့ ရနိုင်မှာပါ။

👉လက်ရှိ အသုံးပြုနေတဲ့ Member Card ရဲ့ဖုန်းနံပါတ်ကို မမှတ်မိတော့ဘူးဆိုရင်လည်း YKKO Facebook Page ရဲ့ Chat Box ကနေဖြစ်စေ၊ Hotline - 09440133330 ကို ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဒီတော့ - YKKO မှာ ပိုပြီး တန်တန်လေး စားနိုင်ဖို့အတွက်ဆို Pocket App ပဲ လိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရရင်း . . . Pocket App အကောင့်ဖွင့်နည်း အသေးစိတ်ကိုလည်း ဆက်ပြီး ဝေမျှပေးသွားပါ့မယ်။