Yangon Media Group

@yangonmediagroup


The Official Yangon Media Group Channel owned by YMG.

Yangon Media Group

22 Oct, 15:44


❗️❗️❗️❗️❗️
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာ ခံစတင်

Published_22 Oct 2024
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပသော (၄၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာ ခံကို ယနေ့ အောက်တိုဘာလ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၁၉၈၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် တွင် အာဆီယံရဲအဖွဲ့ စတင်ထူထောင်ခဲ့ပြီးနောက် ၄၃ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပထမဆုံး အကြိမ် လက်ခံကျင်းပပေးနိုင်ခဲ့ခြင်းဖြစ်ပြီး နေပြည် တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ( ၁ ) (MICC-1)၊ ကျောက်စိမ်းခန်းမ၌ ကျင်း ပခဲ့ခြင်း ဖြစ်သည်။
❗️❗️❗️❗️
https://www.facebook.com/100063669945889/posts/pfbid0GzK9ykcTuvf2irCBpwoHE1dVZAJWCr4GEqobN3zM4LheDcR2Yb3ZDXqxkDYHCPhJl/
#Yangon_Times/PP

Yangon Media Group

22 Oct, 14:31


❗️❗️❗️❗️
ဆွစ်ဇာလန်နှင့်အီတလီကြားနယ်စပ်မျဉ်းပြန်လည်ရေးဆွဲရတော့မည်


ရေခဲပြင်များအလွန် လျင်မြန်စွာအရည်ပျော်လာသဖြင့် ဆွစ်ဇာလန်နှင့်အီတလီကြားနယ်စပ်မျဉ်းပြန်လည်ရေးဆွဲရတော့မည်

ဆွစ်ဇာလန်နဲ့ အီတလီနိုင်ငံတို ထိစပ်နယ်စပ်ကြားရှိ ရေခဲပြင်များ အရည်ပျော်နေတာကြောင့် အဲ့လ်စ်တောင်တန်းမှာရှိတဲ့ နှစ်နိုင်ငံနယ်စပ်စည်းမျဉ်း ပြန်ရေးဆွဲရမယ်လို့ ဆွစ်ဇာလန်အစိုးရက ပြောပါတယ်။
#World_Climate
Published 22 October 2024
#ရေခဲပြင်များအလွန် #ဆွစ်ဇာလန်နှင့်အီတလီ
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-011-22-10-24
#YMG #Yangon_Times #Yangon_Media_Group

Yangon Media Group

22 Oct, 12:31


❗️❗️❗️❗️
TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)

Published 22 October 2024

၁။ မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင်မိုးကြီးပြီးနေအိမ်ထဲရေများ ဝင်ရောက်ခြင်းများရှိနေ

၂။ ‌သုခဒဂုံ ပြည်သူ့အငှါးအိမ်ရာ၌ တိုက်၄၃ လုံးနှင့် လစ်လပ်အခန်းများအား မဲစနစ်ဖြင့် ရွေးချယ်သွားမည်

၃။ မုန်တိုင်းနှင့်အနီးဆုံး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းဆက်တိုက်နိုင်

၄။ ရေခဲပြင်များအလွန် လျင်မြန်စွာအရည်ပျော်လာသဖြင့် ဆွစ်ဇာလန်နှင့်အီတလီကြားနယ်စပ်မျဉ်း ပြန်လည်ရေးဆွဲရတော့မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-018-22-10-24
#YMG #Yangon_Times #Yangon_Media_Group

Yangon Media Group

22 Oct, 10:04


❗️❗️❗️❗️
ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်၍ ရေသန့်နှင့် စားစရာများလိုအပ်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၂၄ရပ်ကွက်၊ အင်းပေါက်စုအပါအဝင် ရပ်ကွက်အချို့မှာ ရေဝင်နစ်မြုပ်နေတာကြောင့်  ရေသန့်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News
Published 22 October 2024
#အင်းပေါက်စု #ရပ်ကွက်အချို့ရေမြုပ်
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-020-22-10-24
#YMG/NN #Yangon_Times

Yangon Media Group

22 Oct, 09:47


❗️❗️❗️❗️❗️
ရွှေသယ်ဆောင်သည့်ရွှေသေတ္တာများကို လုယက်ခံရ၍ ရွှေပိုင်ရှင်များကိုလုံခြုံ‌‌ရေးသတိထားပြီး CCTVများတပ်ဆင်ရန်ရွှေအသင်းမှ သတိပေး


Published 22 October 2024
▪️ ရွှေသယ်ဆောင်လာသည့် ရွှေသေတ္တာများကို လုယက်သွားသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ပြီးနောက် ရွှေပိုင်ရှင်များကိုလုံခြုံရေးသတိထားရန်၊ CCTVတွေတပ်ဆင်ထားရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

▪️ အောက်တိုဘာလ(၂၁)ရက်က ကမာရွတ်မြို့နယ်ထဲမှာဖွင့်လှစ်ထားတဲ့ ရွှေယုံရွှေဆိုင်မှ ရွှေသေတ္တာသုံးလုံးနဲ့ ထည့်ထားတဲ့ရွှေငါးပိဿာကိုပိုင်ရှင်ကနေအိမ်(လှိုင်မြို့နယ်၊(၄)ရပ်ကွက်၊ အေးရိပ်မွန်လမ်းမကြီး၊ ခြံအမှတ်(၂))ရှေ့ သို့ကားဖြင့် ပြန်ပို့ခိုင်းရာမှ အဆိုပါလှိုင်မြို့နယ်နေအိမ်အနီးတွင်‌ေ-သနတ်ဖြင့်ပစ်ခတ်လုယက်သွားသည်ဟု ဖော်ပြထားသည်။

▪️ သို့ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် မိမိရွှေဆိုင်များတွင် CCTVများတပ်ဆင်ထားသည့် အတိုင်း
______
❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-019-22-10-24

Yangon Media Group

22 Oct, 08:52


❗️❗️❗️❗️
မုန်တိုင်းနှင့်အနီးဆုံးရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းဆက်တိုက်နိုင်

မုန်တိုင်းနဲ့အနီးဆုံး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီဒေသများမိုးများပြီး မိုးသက်လေပြင်းတိုက်ခတ်တာ‌ တွေ(၂)ရက်ဆက်တိုက်ဖြစ်နိုင်သေးတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2024
#မိုးသက်လေပြင်း #မုန်တိုင်းနှင့်အနီးဆုံး
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-016-22-10-24
#YMG/tthl #Yangon_Times

Yangon Media Group

22 Oct, 08:31


❗️❗️❗️❗️
သုခဒဂုံပြည်သူ့အငှါးအိမ်ရာ၌ တိုက်၄၃ လုံးနှင့် လစ်လပ်အခန်းများအား မဲစနစ်ဖြင့် ရွေးချယ်သွားမည်

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှါးအိမ်ရာရှိ တိုက်၄၃ လုံးနဲ့ စည်းကမ်းပျက်လိုသိမ်းဆည်းထားတဲ့ အခန်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်နေတဲ့အခန်းတွေကို မဲစနစ်နဲ့ရွေးချယ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2024
#သုခဒဂုံပြည်သူ့အငှါးအိမ်ရာ #မဲစနစ်နဲ့ရွေးချယ်
❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-010-22-10-24
#YMG/NN #Yangon_Times

Yangon Media Group

22 Oct, 08:05


❗️❗️❗️❗️
မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်တွင်မိုးကြီးပြီး နေအိမ်ထဲရေများ ဝင်ရောက်ခြင်းများရှိနေ


မုန်တိုင်းအရှိန်‌ကြောင့် ရွှေပြည်သာမှာ လေပြင်းတိုက်ပြီး နေအိမ်(၂)လုံးပြိုကျပျက်စီးခဲ့သလို ရွှေပေါက်ကံမြို့နယ်၊ ရွှေပြည်သာ၊ မြောက်ဒဂုံနဲ့ တောင်ဥက္ကလာအပါအဝင် မြို့နယ်အချို့ရှိနေအိမ်တွေထဲကို ရေတွေဝင်လာတယ်လို့ သိရပါတယ်။
#Local_News
Published 22 October 2024
#ရန်ကုန်တွင်မိုးကြီး #မုန်တိုင်းအရှိန်

❗️❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-009-22-10-24
#YMG/tthl #Yangon_Times

Yangon Media Group

22 Oct, 07:39


❗️❗️❗️❗️❗️❗️❗️❗️
လာမည့်ဆောင်းရာသီတွင် ရုရှားအားကစားသမားများမြန်မာနိုင်ငံသို့
ရက်ရှည်လာရောက်လေ့ကျင့်ရန်ရှိနေ

+++++++++++++++++++++++++++++++++++++++++++++++++++++
Published 22 October 2024
▪️ ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ရက်ရှည်လာရောက်တည်းခိုပြီး လေ့ကျင့်ရန်ရှိကြောင်း သိရသည်။

▪️ အောက်တိုဘာလ(၂၁)ရက်က လာရောက်ခဲ့သည့်မြန်မာ - ရုရှားခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လာရောက်ခဲ့သည့် ရုရှားတာဝန်ရှိသူများက အဆိုပါရက်ရှည်လည်ပတ်ပြီး လေ့ကျင့်ရန်ရှိသည်ကို ထည့်သွင်းဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။

▪️ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူနှင့် Space Travel Agency မှ တာဝန်ရှိသူများက ရုရှားနိုင်ငံ၏ ဆောင်းရာသီကာလတွင် ရုရှားအားကစားသမားများ မြန်မာနိုင်ငံ၌ ရက်ရှည်လာရောက်တည်းခိုနေထိုင်၍ လေ့ကျင့်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ
__________________________
❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-006-22-10-24

Yangon Media Group

22 Oct, 06:40


❗️❗️❗️❗️❗️❗️❗️
ရုရှားနိုင်ငံတွင်BRICSထိပ်သီးအစည်းအဝေးကို ပူတင်လက်ခံကျင်းပ

Published 22 October 2024
▪️ ရုရှားက BRICS ထိပ်သီးအစည်းအဝေးမှာ အနောက်တိုင်းမပါတဲ့ နိုင်ငံများအင်အားစုကို ပြသလိုနေပေမယ့် မိတ်ဖက်နိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ အာရပ်တို့ကတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်မယ့် နည်းလမ်းရှာဖွေရန် ရုရှားသမ္မတပူတင်ကို တိုက်တွန်းနေကြပါတယ်။

▪️ အဆိုပါနိုင်ငံများပါဝင်တဲ့ BRICS အဖွဲ့ဟာ အခုဆိုရင် ကမ္ဘာ့လူဦးရေအားလုံးရဲ့ ၄၅ ရာခိုင်နှုန်း၊ စီးပွားရေးအရ ၃၅ ရာခိုင်နှုန်းအထိ ရှိနေကာ တရုတ်နိုင်ငံတစ်ခုတည်းဖြင့်ပင် ယင်းတို့ စီးပွားရေးအင်အားရဲ့ တဝက်ကျော် ပါဝင်နေပါတယ်။

▪️ အနောက်တိုင်းနိုင်ငံတွေကနေ စစ်ရာဇဝတ်သားလို့ သတ်မှတ်ထားရတဲ့ ပူတင်က BRICS ဟာ ဘယ်သူ့ကိုမှ မဆန့်ကျင်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှု အပြောင်းအလဲက သပ်သပ်စီဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

▪️ "ဒီအဖွဲ့အစည်းဟာ တူညီတဲ့တန်ဖိုး၊ ရည်မှန်းချက်၊ ဖွံ့ဖြိုးမှု၊ အရေးကြီးဆုံးက အပြန်အလှန် အကျိုးစီးပွားများကို
____________________
❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-005-22-10-24

Yangon Media Group

22 Oct, 05:02


#Local_News

မရမ်းကုန်း၌ စက္ကူစက်လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွား

Published 22 October 2024
▪️ မရမ်းကုန်းမြို့နယ် ၌ စက္ကူစက်လုပ်ငန်းလုပ်ကိုင်သည့်နေအိမ်တစ်လုံးမီးလောင်မှုတစ်ခု   ယနေ့မနက်အစောပိုင်း၌ဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အောက်တိုဘာ၂၂ ရက်နေ့၊ မနက်၆နာရီ ၃မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊  ဓနသိဒ္ဓိလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ "မီတာဘောက်က စလောင်တာ၊မီးများတယ်၊ စက္ကူစက်လည်းလုပ်တော့ ခဏလေးနဲ့ ကုန်တာပဲ ၊ ၈ ရပ်ကွက် ၊Gandamar hotel နောက်ကပ်လျက်အိမ်ပါ
_____________________
❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-002-22-10-24

Yangon Media Group

22 Oct, 04:55


❗️❗️❗️❗️❗️❗️❗️❗️

တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုးကြရန် နစကဥက္ကဌပြော

Published_22 Oct 2024
▪️ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် စံပြစိုက်ခင်းများစိုက်ပျိုးကြရန် ယနေ့အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၄)အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောသည်။

▪️ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှုကြောင့် ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေးပြန်လည် ဦးမော့လာစေရေးကြိုး ပမ်းဆောင်ရွက်ခဲ့ရာတွင် နိုင်ငံ၏အဓိကကုန်ထုတ်လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပွားရေးမှာ ပြန်လည်ဦးမော့လာခဲ့ ကြောင်း၊
_______________________
❗️❗️❗️❗️
https://yangonmediagroup.com/index.php/myanmar/cho-001-22-10-24

Yangon Media Group

22 Oct, 04:31


#World_Health
မတ်တပ်ကြမြင့်စွာရပ်ခြင်းက ကြာကြာထိုင်သလိုပင် ကျန်းမာရေးထိခိုက်စေနိုင်

Published 22 October 2024
▪️ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေခြင်းက ထိုင်နေတာထက်စာရင် နှလုံးသွေးကြော ကျန်းမာရေးကို မကောင်းမွန်စေသလို သွေးကြောထုံးခြင်း၊ သွေးခဲပိတ်ခြင်းစတဲ့ သွေးလည်ပတ်မှု အပိုင်းတွေမှာ အန္တရာယ်ပိုများစေတယ်လို့ လေ့လာချက်အသစ်မှာ တွေ့ရှိထားပါတယ်။

▪️ ဩစတြေးလျ ဆစ်ဒနီတက္ကသိုလ်မှ ဦးဆောင်သုတေသီ မက်သရူးအာမက်ဒီနဲ့ အဖွဲ့ဟာ စမ်းသပ်ချက်စတင်ချိန်မှာ နှလုံးရောဂါမရှိတဲ့သူ ၈၃၀၀၀ ကို ၇ နှစ်- ၈ နှစ်လောက် စောင့်ကြည့်ခဲ့ကြပါတယ်။

▪️ စမ်းသပ်ခံတွေရဲ့ လက်ကောက်ဝတ်မှာ စမတ်နာရီလိုမျိုး စက်ပစ္စည်းတွေ တပ်ဆင်စေပြီး သွေးလည်ပတ်မှု အချက်အလက်များကို စောင့်ကြည့်ခဲ့ပါတယ်။
စမ်းသပ်ချက်ဟာ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းရဲ့ သက်ရောက်မှုတွေကို အဓိကဦးတည်ခဲ့ပါတယ်။

▪️ ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူး မရှိတဲ့အပြင် တစ်နေ့ကို ၁၀ ကျော်လောက် ထိုင်နေတာကလည်း နှလုံးသွေးကြောရောဂါများ၊
❗️❗️❗️❗️

https://yangonmediagroup.com/index.php/local-news/world/cho-009-21-10-24

Yangon Media Group

22 Oct, 03:30


❗️❗️❗️❗️❗️❗️❗️
ကင်ဆာဖြစ်နိုင်ခြေလျှော့ချနိုင်မည့် အစားအစာ(၆)မျိုး

Published 22 October 2024
▪️ အချို့သော အကြောင်းအရာတွေက ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသလို အချို့အရာတွေက ကင်ဆာကို ထိန်းချုပ်စေနိုင်ပါတယ်။
ကင်ဆာကာကွယ်ဖို့ တိကျသေချာတဲ့ အစားအစာရယ်လို့ မရှိပေမယ့် နည်းနည်းချင်းစီကတော့ ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်နိုင်ပါတယ်။

(၁) ကျန်းမာပြီး အမျှင်ဓာတ်ကြွယ်ဝသော ကာဗိုဟိုက်ဒရိတ်များ
▪️ အမျှင်ဓာတ်မြင့်မားတဲ့ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံ၊ အစေ့အဆန်၊ အခွံမာသီးတို့က အမျိုးမျိုးသောကင်ဆာတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
တစ်နေ့ကို အမျှင်ဓာတ်အနည်းဆုံး ၂၅ ဂရမ်မှ ၃၀ ဂရမ် စားသုံးပေးသင့်တယ်လို့ အမေရိကန် နှလုံးအဖွဲ့အစည်းက အကြံပြုထားပါတယ်။

(၂) အသားသေးငါးသေးနှင့် အပင်အခြေပြုပရိုတိန်း
▪️ တစ်ပတ်ကို အသားကြီးငါးကြီး ၁၈ အောင်စထက် ပိုစားသုံးပါက အူမကြီးကင်ဆာ ဖြစ်နိုင်ခြေပိုများပါတယ်။
အသားကြီးတွေမှာ ပါဝင်တဲ့ ဟေမိုဂလိုဘင်သံဓာတ်က ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းများ ထုတ်လုပ်ပေးပါတယ်။
________
❗️❗️❗️❗️
https://yangonmediagroup.com/index.php/local-news/world/cho-008-21-10-24