We Love Myaing 💝💝💝

@welovemyaing123


မတရားမှု မှန်သမျှ ဆန့်ကျင်ကြ

We Love Myaing 💝💝💝

23 Sep, 06:09


#BreakingNews
23.9.2024

ယနေ့နေ့လည် 11.55 ဝန်းကျင်က
မြိုင်မြို့မြောက်ဘက် ကန်ကြီးတောရွာတောင်ဘက်ကို အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့်
ဗုံးကြဲသွားတယ်လို့ သိရပါတယ်။
အခြေအနေအသေးစိတ်ကို မသိရသေးပါ။

ယနေ့နေ့လည် 12:05 ခန့်မှာ မြိုင်မြို့မြောက်ဘက်
အင်းရောင်းရွာဘုန်းကြီးကျောင်းကို
အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာနှစ်စီးဖြင့်
ဗုံးကြဲသွားတယ်လို့သိရပါတယ်။
အဆိူပါတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးနဲ့
ပြည်သူတစ်ဦးထိခိုက်မှုရှိတယ်လို့ သိရပြီး
တခြားအခြေအနေအသေးစိတ်ကို မသိရသေးပါ။

ယနေ့မနက်အစောပိုင်းက မြိုင်မြို့နယ်တောင်ပိုင်း
တွင်းမရွာ ပျူစခန်းကထွက်လာတဲ့ စစ်ကောင်စီရိက္ခာစင်ကြောင်းဟာ 7:00 ခန့်မှာ သရက်ကန်ရွာ
ပျူစခန်းကို ဝင်ရောက်သွားပြီး
11:00 နာရီခန့်မှာ သရက်ကန်ကနေ တွင်းမဆီကို
ပြန်ထွက်သွားပြီလို့ သိရပါတယ်။

We Love Myaing.

We Love Myaing 💝💝💝

23 Sep, 00:21


#BreakingNews
23.9.2024

မြိုင်မြို့နယ်တောင်ပိုင်း တွင်းမရွာပျူစခန်းကနေ ယနေ့မနက်အစောပိုင်းက ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ 6:40 ဝန်းကျင်မှာ
မြေရင့်ရွာအနောက်ဘက်မှာ ရောက်နေပြီလို့
သိရပါတယ်။

ဘယ်ကိုဆက်သွားမလဲဆိုတာတော့
မသိရသေးပါ။

We Love Myaing.

We Love Myaing 💝💝💝

23 Sep, 00:12


#BreakingNews
23.9.2024

မြိုင်မြို့ မြောက်ဘက် အင်းရောင်းရွာအရှေ့ထိပ်နဲ့
အင်းရောင်းရွာအရှေ့ဘက် ချောင်းအနီးတဝိုက်ကို
ယနေ့မနက်အစော 2:40 ခန့်မှာတစ်ကြိမ်
2:55 ခန့်မှာ တစ်ကြိမ် အကြမ်းဖက်စစ်ကောင်စီမှ
ဂျက်ဖိုက်တာဖြင့် ဗုံးကျဲသွားတယ်လို့
သိရပါတယ်။

ပြည်သူထိခိုက်မှုမရှိဘူးလို့ ကနဦးသတင်း သိရပြီး
တခြားအခြေအနေ အသေးစိတ်ကိုတော့
မသိရသေးပါ။

We Love Myaing.

We Love Myaing 💝💝💝

22 Sep, 11:25


မြိုင်မြို့နယ် ၊ ကန်ကြီးတောရွာ စာသင်ကျောင်းအား အကြမ်းဖက်စစ်တပ်မှ လေကြောင်း တိုက်ခိုက်
We Love Myaing / 22.9.2024

ယနေ့ ညနေ 3:29 မိနစ်ဝန်းကျင်က
မြိုင်မြို့မြောက်ဘက် နှစ်မိုင်ကျော်ခန့်အကွာရှိ
ကန်ကြီးတောရွာစာသင်ကျောင်းနဲ့ အနီးတဝိုက်ကို
အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့်
Rocket အလုံးရေ နှစ်ဆယ်ကျော်ခန့်ပစ်ခတ်ပြီး
စက်သေနတ်များဖြင့် ပစ်ခတ်သွားတယ်လို့
သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့်
ကန်ကြီးတောရွာ စာသင်ကျောင်း အမိုးအကာများ
မျက်နှာကျက်များ ပျက်စီးသွားပြီး
စာသင်ကျောင်းတောင်ဘက်ရှိ
နေအိမ်တစ်လုံးလည်း အမိုးအကာများ
ပျက်စီးသွားတယ်လို့ သိရပါတယ်။

လေကြောင်းအန္တရာယ်ကြောင့်
ကျောင်းပိတ်ထားတဲ့အတွက်
ကျောင်းသားတွေနဲ့ ပြည်သူတွေ
အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

We Love Myaing.

We Love Myaing 💝💝💝

21 Sep, 01:04


#BreakingNews
21.9.2024

မနေ့ကမနက်ပိုင်းက ပခုက္ကူမြို့နယ်
ညောင်ဂျစ်ပင်ရွာပျူစခန်းကို ဝင်ရောက်ခဲ့တဲ့
အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ
မနေ့က ညနေပိုင်းက ညောင်ဂျစ်ပင်ရွာကနေ
ထွက်ခွာလာပြီး
ယနေ့မနက် 4:00 ဝန်းကျင်ခန့်မှာ
မြိုင်မြို့နယ်တောင်ပိုင်း တွင်းမရွာ ပျူစခန်းကို
ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများ သိရပါက
ထပ်မံဖော်ပြပေးပါမည်။

We Love Myaing.

We Love Myaing 💝💝💝

08 Sep, 18:54


ပြည်သူနဲ့ ဆန်ကျင်ဘက်မှာ နေမှတော့ ငတ်မှာပေါ့
ငတ်တာတောင်နည်းသေးတယ်😁