စစ်_ကားကောင်းများစုစည်းမှု့

@war_movie21


💌ကြော်ငြာထည့်ချင်သူများဆက်သွယ်ပါ❣️👇
https://t.me/Kavel_63
https://t.me/Kavel_63

စစ်_ကားကောင်းများစုစည်းမှု့ (Burmese)

စစ်_ကားကောင်းများစုစည်းမှု့ ဟော်ဒေါကိုယ်ပုံစု၊ ခြေထည့်ချင်သူများအတွက် အခြေစိုက်လျှင် စားအောင်လုပ်နိုင်ပါသည်။ ဤကောင်းများအတွက် သင့်ကျောင်းကြောင့်အား သွင်းသော အခန်းအကီးများဖြစ်ပါသည်။ စနစ်ဖျောင်သက်သက်မကန်သေးသူများအတွက် ဤလုပ်ငန်းသည် စနစ်ဖျောင်သည်။ ဤလုပ်ငန်းသည် စားအောင်လုပ်ဆောင်ရုံသက်သက် အသက်သာယာအားအထောက်အထားပေါ်မှာ သတ်မှတ်ထားသော ကြောင်းအနေအထားများဖြစ်ပါသည်။ အပြာအားဖြင့် ယခုလုပ်ငန်းသည် စားအောင်လုပ်နေသည်သည့် အခန်းမှာရှိနေသော အသက်သာယာအား ပြောချပေးပါသည်။ မိမိအကြောင်းသွင်းချက်အား နားေထာင်သူများအတွက် လည်း မဖြစ်မနေနိုင်ရန် ဤကောင်းအကြောင့်အားသင့်အကြောင့်အားပေးရန် မည်သို့ပါသည်။

စစ်_ကားကောင်းများစုစည်းမှု့

21 Oct, 06:26


The Killer (2017)
***
အသက်ရှင်နေထိုင်ဖို့ခက်ခဲလွန်းတဲ့ သဲကန္တာရမှာ လူဆိုးလူမိုက်တွေဟာ
အဖွဲ့ဖွဲ့ပြီးတော့ သာမန်ပြည်သူတွေဆီကနေ လုယူသတ်ဖြတ်ပြီး
ပိုင်ဆိုင်မှုတွေကိုအပိုင်သိမ်းကြပြီး ဒီအဖွဲ့ကို ပိုင်ဆိုင်တဲ့သူက ပြင်သစ်ကြီး
မွန်ဆီယာဘလန်ရှောဖြစ်ပါတယ်။ ပြင်သစ်ကြီးဟာ မြို့မျက်နှာဖုံးဖြစ်ပြီး
သူလိုချင်တဲ့မြေနေရာတွေကို မရောင်းတဲ့သူတွေ သူ့ကိုအန္တရာယ်ဖြစ်အောင်
လုပ်တဲ့သူတွေကို လူသတ်သမားတွေငှားပြီးသတ်ခိုင်း လေ့ရှိပါတယ်။ မြို့မှာ
မန်ကီးလို့ခေါ်တဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဆိုတာရှိတယ်ဆိုပေမယ့်
ထင်သလောက် ဆောင်ရွက်နိုင်မှုမရှိပါဘူး။ အကြောင်းကတော့ ရဲတွေနဲ့
ပက်သက်သူမှန်သမျှကိုသတင်းပေးသတ်ဖြတ်နိုင်အောင် ပြင်သစ်ကြီးက
အတွင်းလူသူလျှိုထားထားပါတယ်။ ဥပဒေမဲ့မြို့ကို ရှက်ဂီဆိုတဲ့ လူမိုက်လေး
ရောက်လာပါတယ်။ ရှက်ဂီဟာမြို့ကိုမ‌‌ရောက်ခင်မှာ မြို့နဲ့အရမ်းအလှမ်းဝေးတဲ့
သဲကန္တာရမှာနေထိုင်ခဲ့တာပါ။ရှက်ဂီကို ဆဲဗင်းအီးယားစ်ဆိုတဲ့ လူသတ်သမား
ကကျွေးမွေးပြုစုခဲ့ပြီး အမဲလိုက်နည်း သေနတ်ပစ်နည်း သားသတ်နည်း မျိုးစုံကို...

🎦 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️

https://t.me/war_kar95/118


🎦 Main Channel Link ⬇️

t.me/addlist/d2vQ4wu8t1xlOGZl

စစ်_ကားကောင်းများစုစည်းမှု့

21 Oct, 06:02


အနီးကပ်စျေးဖိုးမှာ 1️⃣ ထိပ်နဲ့
1️⃣6️⃣ ဒဲ့တင်ပေးခဲ့တာ အလုံးပဲပေါက်ကြမယ်ထင်ပါတယ်ရှင့်

ဒီလိုအပိုင်ဂဏန်းတွေအမြဲတင်ပေးမှာနော်

ညနေအတွက် ၂ နာရီမှာတင်ပေးပါမယ်🙏

ပေါက်ချင်သူများ အောက်ကချန်နယ်လေးကိုနှိပ် join ထားပီးလာယူပါ👇👇

👋👉 https://t.me/mihtet55
👋👉 https://t.me/mihtet55
👋👉 https://t.me/mihtet55

ဆက်သွယ်ရန်➡️ @yoonshweyioo77 ✔️hi

📱Viber➡️ 09764347162 ✔️hi

စစ်_ကားကောင်းများစုစည်းမှု့

19 Oct, 14:39


Cruella [2021]

ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။
ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့
ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။
အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး
သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။
မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။
ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။
ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။
ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။
ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။
ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော့
101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။
ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/war_kar95/112

🎬 Main channel 🔗

http://t.me/addlist/d2vQ4wu8t1xlOGZl

စစ်_ကားကောင်းများစုစည်းမှု့

19 Oct, 14:03


သီတင်းကျွတ်မုန့်ဖိုး

Kpay = 400000 ကျပ်

တစ်ဦးလျှင်၁၀၀၀၀ကျပ်နဲ့ အယောက်( 40 )ပေးပါမယ်ရှင့်

⚠️ Channel ကို Joinထားတဲ့သူတွေကိုဘဲပေးမှာပါရှင့် ⚠️

အသဲပေးထားဖို့လဲမမေ့နဲ့နော

Subscribers 15K ပြည့်တာနဲ့မဲဖောက်ပေးပါမယ်နော်

❗️❗️❗️❗️❗️

➡️ https://t.me/mihtet55
➡️ https://t.me/mihtet55

🎁🎁🎁🎁🎁🎁🎁

ဘွားတော်မိထက်အစစ်ကမဲဖောက်ပေးမယ်ဆိုတကယ်ပေးတာပါနော်

စစ်_ကားကောင်းများစုစည်းမှု့

17 Oct, 06:08


Irati (2023)
====
IMDb (6.2/10)

ဒီကားကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ဇတ်ကားပဲဖြစ်ပါတယ်...

အောက်လမ်းမှော်ပညာနဲ့ ခရစ်ယာန်တွေရဲ့ကြားကတင်းမာမှုတွေကိုရိုက်ပြထားတာဖြစ်ပါတယ်...


🎦 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️


https://t.me/mv_kabar/113


🎦 Main Channel Link ⬇️

http://t.me/addlist/d2vQ4wu8t1xlOGZl

စစ်_ကားကောင်းများစုစည်းမှု့

17 Oct, 05:45


Drive Angry [2011]

IMDb – 5.4/10

Nicolas Cage ပါဝင်ထားတဲ့ Action, Crime, Fantasy အမျိုးအစားဇာတ်ကားပါ…

အမှန်တော့ မင်းသမီးချော Amber Heard ပါလို့ ပြန်တင်လိုက်တာပါ။

ငရဲပြည်ကနေလာပြီးသောင်းကျန်းမယ့် ဇာတ်ကွက်နဲ့ဖန်တီးတင်ဆက်ထားပါတယ်။




🎦 ဇာတ်ကားကြည့်ရန်နှိပ်ပါ ⬇️


https://t.me/war_kar95/110



🎦 Main Channel Link ⬇️

http://t.me/addlist/d2vQ4wu8t1xlOGZl

စစ်_ကားကောင်းများစုစည်းမှု့

03 Apr, 17:32


Billy Lynn’s Long Halftime Walk (2016)

IMDB: 7.1/10

Billy Lynn’s ကို မတင်ခင် အညွှန်းရေးဖို့ အများကြီး စဉ်းစားမိတယ်…ရုပ်ရှင်က အညွှန်းထပ် အများကြီး ပိုလေးနက် နေတယ်…
Lynn ဆိုတဲ့ စစ်သားလေးဟာ အီရတ် က စစ်မြေပြင်မှာ သူ့ အရာရှိ တပ်ကြပ်ကြီးကို အသက်စွန့်ပြီးဝင်ကယ်နေစဉ်မီဒီယာ သတင်းထောက်တွေ ရဲ့ ကင်မရာမှာ ရိုက်ကူးမိပြီး နာမည်ကြီးသွားခဲ့ပါတယ်…သူနဲ့ အတူ သူတို့ တပ်ဖွဲ့ ကို ဘရာဗို လို့ နာမည်ပေးခဲ့ပြီး နားရက် ၂ ပတ်ပေးခဲ့ကာသူတို့ မြို့တွင် အခန်းအနားဖြင့် ကြိုဆိုခဲ့ကြပါတယ်….ဒီအခန်း ရောက်တဲ့ အထိ ကျနော် မရှင်းသေးပါဘူး ဇတ်လမ်းသဘောကိုလဲ နားမလည်နိုင်သေးဘူးအမြဲတမ်း ရိုးရိုးကုတ်ကုတ် နေထိုင်နေတဲ့ Lynn ဟာလဲ ဘယ်လိုမျိုးလဲ မသိသေးပါဘူး…အဲ့ဒီအချိန်မှာပဲ ကြိုဆိုပွဲ အခန်းအနားကို လာခေါ်တဲ့ ဇိမ်ခံကားပေါ်မှာပဲ Lynn ဟာ သူ့နောက်ကြောင်းကိုပြန်တွေးမိတဲ့ အခါ သူ့ရဲ့ အကြောင်း သူ့မိသားစု သူ စစ်တပ်ထဲ ဘာကြောင့်ဝင်ခဲ့ရတယ်ဆိုတာတွေ ပါလာပါတယ်…ဒီဇတ်ကားကို ဒီလောက်နဲ့ပဲ ပြောပြတာ ရပ်နားပါရစေ ဒီစာကို ဖတ်တာ ရပ်ပြီး Download ဆွဲကြည့်စေချင်ပါတယ်…စစ်ပွဲ ရဲ့ သဘောသဘာ၀ တွေ တပ်ရဲ့ အမိန့်အာဏာ တွေ နဲ့ စစ်သားဆိုရင် တာဝန်အရ စစ်တိုက်နေရတယ်လို့ထင်နေတဲ့ အပြင်လူတွေ ရဲ့ အမြင် စစ်သား ဘ၀ ကို မခံစားတက်တဲ့ အပြင်လူတွေ နဲ့အတော်များများဟာ ဆန့်ကျင်ဘက်တွေ ရယ်…အပြင်လူတွေ ထင်နေတာ တစ်မျိုး အသက်ကို ဖက်နဲ့ ထုပ်ထားရတဲ့ စစ်သားတွေက ဘ၀ တစ်မျိုး ဟာနှိုင်းယှဉ်ပြထားတာတွေက ရင်ထဲထိ ရောက်စေတဲ့ ဇတ်လမ်းပါပဲ….ဘာပဲ ဖြစ်ဖြစ် စစ်ကား မကြိုက်တဲ့ ကျနော်တောင် ကြိုက်မိတဲ့ ရုပ်ရှင်တစ်ခု အဖြစ်အမွှန်းတင်ပါရစေ…ဒီဇတ်ကားမှာ နာမည်ကျော်မင်းသားကြီး Vin Diesel ပါဝင်သလို အခြား နာမည်ကြီးများဖြစ်တဲ့Twilight ဇတ်ကား နှင့် နာမည်ကြီးခဲ့တဲ့ မင်းသမီးချော Kristen Stewart က Lynn ရဲ့ အစ်မ အနေဖြင့်ပါဝင်သရုပ်ဆောင်ထားသလို ဟာသမင်းသား လို့ လူတိုင်းသိတဲ့ Chris Tucker နှင့်Pink Panther ကားတွေ ရဲ့ စုံထောက်သရုပ်ဆောင် မင်းသားကြီး Steve Martin တို့ ပါဝင်ပါတယ်..ကဲ ပိတ်ကားထက်မှာ ဆက်ကြည့်လိုက်ရအောင်….

စစ်_ကားကောင်းများစုစည်းမှု့

09 Mar, 11:37


Reign of fire
============

ခေတ်မီစက်မှုကာလ မျက်မှောက်ခေတ်၊ လူတွေဟာ ငွေနောက်လိုက်ရင်း ငွေရှာရင်း အသက်ကြီးလာ၊ ငွေနောက်လိုက်ရင်းပဲ သေကြရတဲ့အချိန်ပေါ့။ ဒီတော့ လောကဇာတ်ဆရာက ပျင်းရိငြီးငွေ့လာပုံရပါတယ်။ မြေကြီးထဲမှာ အိပ်ပျော်နေတဲ့ နဂါးတစ်ကောင်ကို နိုးထစေလိုက်တယ်။ သံချပ်ကာ အကြေးခွံချပ်တွေနဲ့၊ နိုက်ထရို နက်ဖလင်းမီးတောက်တွေမှုတ်ထုတ်နေတဲ့ နဂါးကြီးဟာ လှပသလောသူတို့ကရာယ်မြားလှပါသတဲ့။ စာရေးဆရာက ဘယ်လောက်တောင် ညွှန်းလိုက်သလဲဆိုရင် ဒိုင်နိုဆောတွေကို မီးလောင်တိုက်သွင်းခဲ့တာ သူတို့ပါတဲ့။ သူတို့ကြောင့် ရေခဲခေတ်ကိုရောက်၊ သူတို့က သက်ရှိမှန်သမျှ စားပစ်ကြပြီး စားစရာမရှိ ငတ်မွတ်လာတဲ့အခါမှာ မြေအောက်ကိုဝင်ပြီး တစ်ရေးအိပ်နေကြပါသတဲ့။ ကမ္ဘာပေါ်မှာ သက်ရှိတွေ ပြန်ပြည့်လာမယ့်အချိန်ကို စောင့်နေကြတာပေါ့။
နဂါးကြီးဟာနဂါးကြီးဟာ အဖော်အပေါင်းတွေနဲ့ပြန်လည်နိုးထလာပြီး လူ့လောကကို သိမ်းပိုက်လိုက်ပါတယ်။ တွေ့သမျှကို မီးလောင်တိုက်သွင်း၊ အသက်ရှိသမျှ စားလာလိုက်တာ လူ့ပြည်ပျက်တဲ့အထိပေါ့။ ရှိသမျှလက်နက်တွေ နျူတွေနထွက်ပြေခဲ့ပေမဲ့ သူတို့ဘက်ကနေ ကမ္ဘာကို ကူဖျက်ပေးမိသလိုပဲ ဖြစ်ခဲ့တယ်ဆိုပဲ။ ဂွတော့အကျသားဗျ။ ဒီတော့ လူအနည်းငယ်သာ ထွက်ပြေးလွတ်မြောက်လာပြီး အကာအကွယ်နေရာတွေမှာ စားစရာကြံဖန်ပြီး မြေအောင်းကြွက်တွေလို နေရတဲ့ခေတ် ရောက်သွားတာပေါ့လေ။ဒီတော့ နဂါးအုပ်စိုးတဲ့ နဂါးတို့ပလ္လင်ကို လူတွေ ဘယ်လိုပြန်လုကြမလဲဆိုတာ ကြည့်ရမယ့် ဇတ်ကားတစ်ကားပါ

စစ်_ကားကောင်းများစုစည်းမှု့

04 Mar, 11:01


Joint Security Area (2000)

IMDB: 7.9/10

ဒီဇာတ်ကားကိုအညွှန်းမရေးခင် လွန်ခဲ့တဲ့ 2 နှစ်လောက်က
ကရင်ပြည်နယ်ဘက်မှာ တာဝန်ထမ်းဖူးတဲ့စစ်သားတယောက်ရဲ့
အတွေ့အကြုံကိုရေးထားတဲ့ စတေးတပ်တခုကိုအရင်ပြောပါရစေ
ကရင်ပြည်နယ်ဘက်မှာစခန်းထိုင်နေရင်းနဲ့၂ဖက်တပ်တွေက တဖြည်းဖြည်းရင်း
နှီးလာကြတယ် (ကိုယ့်သွေးသားအရင်းတွေကိုး မုန်းလဲခနပေါ့)
ကြာတော့ ၂ဖက်တပ်တွေက ရင်းနှီးယုံမကဘူး ခြင်းခတ်အတူတူ
ဟင်းဆိုလဲ တဖက်နဲ့တဖက်လဲစားကြတာပေါ့ သူတို့ကြားကသံယောဇဉ်ဟာလဲ
တဖြည်းဖြည်းနက်ရှိုင်းလာတယ် တိုက်မိန့်ကျလို့တိုက်ရရင်တောင်
သာတဲ့ဘက်က စစ်သည်တွေက “ပြေးကြပါတော့ယောက်ဖတို့ရာ”ဆိုပြီးမျက်ရည်တောင်ကျခဲ့ကြပါသတဲ့

အခုဒီဇာတ်လမ်းမှာလဲ နယ်စပ်မှာ လုံခြုံရေးယူနေရင်းကနေ ရင်းနှီးသွားကြတဲ့ ၂ဖက်စစ်သား
တွေရဲ့ကြားမှာ မထင်မှတ်ပဲ ကံကြမ္မာဆိုးဝင်လာသောအခါ……
ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာဖြစ်တဲ့အတွက် ဗဟုသုတလဲရစေသလို စစ်ကားဖြစ်ပြီးစစ်မတိုက်
ကြပါစေနဲ့လို့တောင်ဆုတောင်းပေးရတဲ့အထိ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနုပညာဖန်တီးမှုကို
မလေးစားပဲမနေနိုင်ပါဘူး၂ဖက်တပ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ပေါကားတွေလိုမျိုး တဖက်က အင်မတန်းမိုက်ရိုင်း
ယုတ်မာ တဖက်က အင်မတန်ကောင်းဆိုတဲ့ပေါတောတောပြကွက်မျိုးတွေမပါသလို လူလူချင်း
စရိုက်ကိုပေါ်လွင်အောင်ဖန်တီးသွားပုံကလဲ ဒီဇာတ်ကားကိုကြည့်သင့်တဲ့အချက်တချက်ပါပဲ

စစ်_ကားကောင်းများစုစည်းမှု့

04 Mar, 11:01


The Wall (2017)

IMDb – 6.2/10_Rotten – 65%

ဒီကားလေးကတော့ယခုနှစ်၂၀၁၇၅လပိုင်းထွက်ကားသစ်လေးပါ။
စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။
အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကိုတဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက်အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင်ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။

စစ်_ကားကောင်းများစုစည်းမှု့

04 Mar, 11:01


Bitter Harvest (2017)

IMDB: 6.0/10

ဒီကားလေးကတော့ ယူကရိန်းနိုင်ငံသားလေး ယူရီ ရဲ့ ဘဝဇာတ်ကြောင်းလေးဖြစ်ပါတယ်

သူရဲ့ လက်အောက်ခံဖိနှိပ်ခံဘဝမှာ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲအတွေ့အကြုံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်သူငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ နာတာလ်ကာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ရှိတယ်လူတွေပြောပြောနေကြတဲ့ မြင်မြင်ချင်းအချစ်ပေါ့
ယူရီတို့နေတဲ့ရွာဟာ ယူရီ ငယ်စဉ်ကလေးကတည်းက ‘ဇာ’လို့ခေါ်တဲ့ရုရှားလူမျိုးရဲ့ လက်အောက်ခံဘဝမှာနေခဲ့ရပါတယ်နောက် သူအရွယ်ရောက်လာတဲ့ အခါမှာတော့ ‘ဇာ’ဟာ ဘိုးလ်ရှစ်ဗစ်တွေ သတ်တာခံလိုက်ရပါတယ်လက်အောက်ခံဘဝကလွတ်မြောက်သွားတဲ့သဘောပေါ့ဒါပေမယ့် မကြာခင်မှာပဲ ဆိုဗီယက်တွေ ယူကရိန်းနိုင်ငံကို တိုက်ခိုက်လာပါတော့တယ်ယူရီဟာ ပန်းချီအနုပညာပါရမီပါတဲ့သူတစ်ယောက် ဖြစ်ပါတယ်သူ့ရဲ့ပါရမီနဲ့နိုင်ငံ့အတွက် လွတ်လပ်မှုကိုရယူနိုင်ရန် ကီရပ်မှာရှိတဲ့သူ့သူငယ်ချင်းတွေဆီ လွတ်လပ်ရေးအတွက် အတူတိုက်ခိုက်ဖို့ ရွာကနေထွက်သွားခဲ့ပါတယ်ယူရီဟာသူ့ရဲ့ပါရမီကိုအသုံးချပြီး သူလိုချင်တဲ့လွတ်လပ်မှုကို အရယူနိုင်မှာလား…သူဘာတွေကြုံတွေ့ရဦးမှာလဲရွာမှာကျန်ခဲ့တဲ့ နာတာလ်ကာနဲ့ရော ပြန်လည်ဆုံစည်းနိုင်ပါ့မလားဆိုတာတော့ ဒီကားလေးမှာစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်…

စစ်_ကားကောင်းများစုစည်းမှု့

25 Feb, 10:12


A Bag of Marbles (2017)

လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ်အဖေကျွန်တော့်ကို မေးတယ်
ဂျိုး..
မင်း ဂျူးလား…ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်
မဟုတ်ပါဘူး
ဖြောင်း……..အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊
ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး
အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး
အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။
ဘာလို့လဲ..ဘာလို့..အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ်
မင်းဂျူးလား
ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ
မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ်ဖြောင်းးးရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ်ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့  အဖေ ပြောနေတယ်အဖေ ထပ်ပြီး မေးတယ်မင်းဂျူးမှန်းငါသိတယ်
မှန်မှန်ဖြေစမ်းမဟုတ်ဘူး…..
စကားတောင်မဆုံးသေးဘူးဖြောင်း …ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ်အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ်အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ်အဖေ ထပ်မေးတယ်
မင်းဂျူးလားကျွန်တော်မျက်ရည်တွေကျလာပြီး
မဟုတ်ဘူး မဟုတ်ဘူး ….
အထပ်ထပ်ခါခါ ပြန်ဖြေနေခဲ့တယ်ပြီးမှာ အဖေ ကျွန်တော့်ကိုဖက်ပြီးသားလေး တစ်ယောက်ယောက်ဆီမှာအသတ်ခံရမှာ ကြောက်ရွှံ့နေတာထက်
ပါးအရိုက်ခံရတဲ့ နာကျင်မှုကပိုကောင်းပါတယ်ဒီဇာတ်ကားရဲ့မှုရင်းနာမည်က Un Sac De Billes ဖြစ်ပြီး
အင်္ဂလိပ်နာမည်က A bag of marbles လို့အမည်ပေးထားပါတယ်။
ဒီရုပ်ရှင်ကို ၂၀၁၇ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ
ပဲရစ် မှာအကြိုပြသခဲ့ပြီး ဇန်နဝါရီ ၁၈ မှာတရားဝင် ပြသခဲ့ပါတယ်။
IMDb Rating 7.3, Tomatoes Rating 82% တို့ရရှိထားပါတယ်။တစ်ကားလုံး ကြာချိန် မိနစ် ၁၁၀ ရှိပြီး Gaumont Flim Company က ဖြန့်ချီထားပါတယ်။
ဒီဇာတ်ကား က ပြင်သစ်ဘာသာ စကားပြောဇာတ်ကားဖြစ်ပြီး
ဂျူး၊အီတလီ၊ဂျာမနီနဲ့ ရှရှား ဘာသာစကားများကိုပါ အသုံးပြုထားပါတယ်။
ဒီဇာတ်ကားကို ပြင်သစ် ၊ကနေဒါ နဲ့ချက်စသမ္မနိုင်ငံ တို့ မှာရိုက်ကူးထားခဲ့ပါတယ်။
Budget ကန်ဒေါ်လာ၂၁.၄ မီလီယံနဲ့ရိုက်ကူးထားပြီး
Box office မှာယခုအချိန်အထိ ၉.၁ မီလီယံ ရရှိထားပါတယ်။ဒီဇာတ်ကားက Joseph Joffo ရေးသားထားတဲ့ Un sac de billes ဆိုတဲ့ ဝတ္တုကို
ပြန်လည်ရိုက်ကူးထားတဲ့ဒုတိယမြောက် ဇာတ်ကားဖြစ်ပါတယ်။
ဒီစာရေးဆရာက ဒီဇာတ်ကားထဲက အဓီကဇာတ်ကောင် ဂျိုးဇက်ဖြစ်ပါတယ်။
ဒီဝတ္ထုက သူ့ငယ်ငယ်က ရုန်းကန်ခဲ့ရတဲ့ အကြောင်းရေးသားထားတဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်လည် းဖြစ်ပါတယ်။ဒါရိုက်တာ Christan Duguay ရိုက်ကူးထားပြီး
အဓီက သရုပ်ဆောင် ဂျိုးဇက်နေရာက သရုပ်ဆောင်တဲ့ Dorian Le Clech နဲ့
မာယူရီ နေရာက သရုပ်ဆောင်တဲ့ BatysteFleurial တို့ ဖြစ်ပါတယ်။
ဒီရုပ်ရှင်က ဂျူးရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေ တော်တော်ရထားပါတယ်။
ထူးခြားတာက ဂျူးရုပ်ရှင် ပွဲတော်တွေမှာပဲ ရတာတွေ့ရပြီး
ကျန်တဲ့ ရုပ်ရှင်ဆုတွေ မတွေ့ရတာပါဘဲ။မူရင်း ဝတ္ထု Un sac de billesကို ၁၉၇၃ ခုနှစ်မှာ
ပြင်သစ် ဂျူးလူမျိုးစာရေးဆရာ Joseph joffo က
ငယ်ဘဝအကြောင်းရေးသားပြီး ထုတ်ဝေခဲ့ပါတယ်။ကိုယ်တွေ့ဝတ္တုအမျိုးအစားဖြစ်ပြီး
ဒီစာအုပ်က ချောချောချူချူ ထွက်လာခဲ့တာမဟုတ်ပါဘူး။
ဒီစာအုပ်ထုတ်ဖို့ စာအုပ်တိုက်များစွာက ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
နောက်ဆုံးမှာမှာ စာအုပ်တိုက်အသစ် တစ်ခုက မြေတောင်မြှောက်ထုတ်ဝေပေးခဲ့ပါတယ်။
သို့ပေမယ့်လည်း  ဒီစာအုပ်ကို ရုပ်ရှင်အဖြစ်ရိုက်ခဲ့ပြီး ၂ နှစ်အကြာမှာ
ဒီစာအုပ်က best seller ဖြစ်လာခဲ့တာပါ။ဒီစာအုပ်က ဒီဖြစ်ရပ်ပြီးလို့
နှစ် ၃၀ကြာမှာ စာအုပ်ထွက်လာခဲ့တာပါ။
ဒီစာအုပ်မှာ စာရွှက်ရေ ၃၈၀ရှိပါတယ်။
ဒီစာအုပ်အပေါ်မှာ တစ်ခြားစာရေးဆရာတွေက
လုံးဝဥဿုံ အမှန်မဖြစ်နိုင်ဘူးလို့ ဝေဖန်ငြင်းခုံခဲ့ကြပါတယ်
ဒီအဖြစ်အပျက်ပြီးလို့ နှစ် ၃၀ ကြာမှာ ရေးတာဆိုတော့လည်း
တချို့အရာတွေ လွဲချော်ကောင်း လွဲချော်ပါလိမ့်မယ်။ဒီဝတ္တုကို ရိုက်ထားတဲ့ပထမဆုံး ရုပ်ရှင်က
၁၉၇၅ ခုနှစ်မှာ ဒါရိုက်တာ Jacques Doillon က ပထမဆုံး ရိုက်ကူးခဲ့ပါတယ်။
သူလည်း ပြင်သစ်စကားပြောရုပ်ရှင် ဖြစ်ခဲ့ပါတယ်။
ဒီဇာတ်ကားရိုက်ကူးထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေက လက်တွေ့အရမ်းဆန်တယ်
သရုပ်ဆောင်နေတယ်လို့မခံစားရဘဲ 100 Plus သောက်ရသလို
ပေါ့ရွှတ်ရွှတ်လေး။
အဲ့ဒီခေတ်အခါက သရုပ်ဆောင် trend တွေက
ကြည့်ရသလောက် အဲ့လိုမျိုးပဲ
အရမ်းဖီလင်တွေ အဆာပလာတွေ မကွန့်ဘဲ
သာမန်နေထိုင်မှုပုံစံအတိုင်း သရုပ်ဆောင်ကြတာတွေ့ရပါတယ်။
အဲ့ဒီခေတ်ရဲ့ အသက်ရှင် နေထိုင်မှုပုံစံကိုတော့ ထပ်တူနီးပါးတွေ့နိုင်ပါတယ်။
သရုပ်ဆောင် ကောင်လေးနှစ်ယောက်ဟာ ပြင်သစ်သရုပ်ဆောင်တွေဖြစ်ပြီး
အခုတော့ အသက် ၅၀ တွေကျော်ကုန်ပါပြီ။ဒုတိယ ဇာတ်ကားကတော့ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ အခုရုပ်ရှင်ဖြစ်ပါတယ်။
အရင်ဇာတ်ကားနဲ့ဇာတ်လမ်းရိုက်ကွက် နဲ့ သရုပ်ဆောင်ပုံခြင်းလည်းလုံးဝမတူပါဘူး။
သူတို့ဘာတွေ ဆက်ဖြစ်မလဲ
ဘယ်လိုဖြစ်မလဲနဲ့ ကြည့်ရတာ

စစ်_ကားကောင်းများစုစည်းမှု့

23 Feb, 15:36


Kill 'em All (2017) မြန်မာစာတန်းထိုး

မင်းသားကြီး ဗန်ဒိန်း ရဲ့ ၂၀၁၇ ထွက်ကားသစ်လေးပါ
ဗန်ဒိန်း ရဲ့ကားတွေထုံးစံအတိုင်း တိုက်ခိုက်ခန်းတွေကို
အသားပေးရိုက်ကူးထားတာပါ အက်ရှင်ကားတွေနစ်သက်တဲ့
သူတွေအတွက်တော့နစ်သက်လောက်တဲ့ကားလေးဖြစ်မှာပါ
ပစ်ခတ်မှုတွေအပီးမှာတော့ ဆေးရုံပေါ်ကိုလူတစ်ယောက်
ရောက်လာခဲ့ပါတယ် သေခါနီးအခြေအနေနဲ့ပေါ့ နိုင်ငံခြား
လူဆိုးဂိုဏ်းတစ်ဖွဲ့ကလဲ အဲ့လူကိုသတ်ပစ်ဖို့အတွက်လိုက်လံ
ရှာဖွေနေခဲ့ပါတယ် ပစ်ခတ်မှုတွေရဲ့တစ်ဦးထဲသောမျက်မြင်သက်သေ
ကတော့အဲ့ဆေးရုံကသူနာပြုမလေးပါ သူ့ကိုပစ်ခတ်မှုတွေနဲ့
ပတ်သတ်ပီး FBI ကစစ်ဆေးနေခဲ့ပါတယ်
ဘယ်လိုအကြောင်းကြောင့်ပစ်ခတ်မှုတွေဖြစ်ခဲ့ရတာလဲဆိုတာကိုတော့.............

စစ်_ကားကောင်းများစုစည်းမှု့

23 Feb, 15:36


Civil War Saint (2022)

Drama, War

ဇာတ်လမ်းလေးကတော့ တိုက်ပွဲအတွင်းမှာဒဏ်ရာရလာတဲ့ဂျွန်နသန်ကို ဆေးရုံက ဝီလာမီနာဆိုတဲ့ခွေးကရှာတွေ့ပြီးတော့ကယ်ဆယ်လိုက်ပါတယ်။ နောက်ပြီး ဂျွန်နသန်မေ့နေတုန်းကစစ်ပွဲကြီးပြီးသွားတဲ့အတွက် အကုန်လုံးအိမ်ပြန်ကြတယ်။ဂျွန်နသန်ပြန်သတိရလာတဲ့အခါမှာတော့ သူနာပြုဆရာမကြီးက စစ်ပွဲကြီးပြီးသွားကြောင်းနဲ့ အကုန်လုံးနေရပ်ကိုပြန်သွားကြောင်းပြောပြတယ်၊ အဲ့ဒါနဲ့ပဲ ဂျွန်နသန်လည်းသူ့နေရပ်ဖြစ်တဲ့မေယာလန်းကိုပြန်ဖို့လုပ်တယ်၊ ဆေးရုံမှာစောင့်ရှောက်မယ့်သူမရှိတဲ့ ဝီလာမီနာဆိုတဲ့ခွေးမကို သူနာပြုဆရာမကြီးက ခေါ်သွားပေးဖို့တောင်းဆိုတယ်၊ လမ်းမှာလည်းအဖော်ရတဲ့အတွက် ဂျွန်နသန်ဟာခေါ်သွားဖို့ဆုံးဖြတ်လိုက်တာပေါ့။ ဒီလိုနဲ့ ဂျွန်နသန်ရဲ့အိမ်ပြန်ခရီးမှာမမျှော်လင့်ထားတာတွေဖြစ်လာတဲ့အခါမှာတော့…….

စစ်_ကားကောင်းများစုစည်းမှု့

11 Feb, 22:48


Silent Night (2002)

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ 2002 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန်နောက်ခံဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ IMDB 7.5 ထိ ရရှိထားပြီး Nomination 4 ခုဝင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလဲမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့အဖြစ်အပျက်လေးအကြောင်းကို ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်ကားထဲကလိုဖြစ်ရပ်မျိုး ပထမတကြိမ်ဖြစ်ခဲ့ဖူးတာကတော့ ပထမကမ္ဘာစစ်ကာလ ၁၉၁၄ ခုနှစ်မှာပါ။ Christmas Truce လို့ခေါ်ပါတယ်။ တဖက်နဲ့တဖက် အသေအလဲပစ်ခတ်နေကြတဲ့ ရန်သူစစ်သားတွေဟာ မုန်းတီးမှုတွေကိုခနဘေးဖယ်ထားပြီး လူသားဆန်စွာနဲ့ ခရစ်စမတ်နေ့လေးကိုဖြတ်သန်းခဲ့ကြတာပါ။ ဒီရုပ်ရှင်ကားဟာလည်း အမေရိကန်စစ်သားသုံးယောက်နဲ့ဂျာမန်စစ်သားသုံးယောက်တို့ ခရစ်စမတ်ညလေးကို ပျော်ရွှင်စွာအတူဖြတ်သန်းကြတဲ့အကြောင်းရိုက်ပြထားတာပါ။

ဇာတ်လမ်းအကြောင်းပြောရရင်တော့ ၁၉၄၄ ခုနှစ်၊ ခရစ်စမတ်မတိုင်မီနေ့မှာ "မစ္စဝင်ကန်"နဲ့ သူမရဲ့သား "ဖရစ်" တို့ဟာ မြို့ပေါ်ကအိမ်ဗုံးကြဲခံလိုက်ရတဲ့အတွက် တောထဲက အမဲလိုက်တဲ့အိမ်လေးမှာခနပုန်းရှောင်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ထိုနေရာဟာ အမေရိကန်နဲ့ ဂျာမန်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာပါ။ မစ္စဝင်ကန်ကတော့ အေးဆေးစွာနဲ့ပဲ တဲအိမ်ရောက်ရောက်ချင်းသူ့သားကိုစာသင်ဖို့လုပ်ပါတော့တယ်။ ထိုစဉ်မှာပဲ အမေရိကန်စစ်သားသုံးယောက်လမ်းမှားပြီး မစ္စဝင်ကန်တို့တဲအိမ်‌လေးကိုရောက်ရှိလာပါတယ်။ မစ္စဝင်ကန်လည်း ဘာမှမပြောသာပဲ ဝင်ခွင့်ပေးလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ဂျာမန်စစ်သားသုံးယောက် မစ္စဝင်ကန်တို့အိမ်ကိုရောက်ရှိလာခဲ့ပါတယ်။ အမေရိကန်စစ်သားသုံးယောက်နဲ့ ဂျာမန်စစ်သားသုံးယောက်၊ မစ္စဝင်ကန်တို့သားအမိ ၊ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်းမှာ ဒီလိုရန်သူခြောက်ယောက်ဟာ မုန်းတီးမှုတွေခနဘေးဖယ်ထားပြီး ခရစ်စမတ်ညလေးကိုဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။

159,047

subscribers

11

photos

6

videos