Thukha Thuta- သုခသုတ

@thukhathuta


လူတိုင်း ကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်ပါသည်

Thukha Thuta- သုခသုတ

22 Oct, 13:39


မီးဖွားပြီးနောက် မေမေတို့ရင်ဆိုင်ရတတ်တဲ့ စိတ်ကျရောဂါအကြောင်း သိထားပြီးပြီလား

😞 Postpartum depression လို့ခေါ်တဲ့ မီးဖွားပြီးနောက် စိတ်ကျရောဂါဟာ မေမေတို့အတွက် ကလေးမီးဖွားပြီးချိန်မှာ ကြုံတွေ့ရတတ်တဲ့ စိတ်ကျန်းမာရေး အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုစိတ်ကျရောဂါဟာ ဝမ်းနည်းမှုခံစားရတဲ့ စိတ်အခြေအနေသက်သက်တော့ မဟုတ်ပါဘူး။

🔹စိတ်အတက်အကျ၊ စိတ်ပူပန်မှုများလွန်းခြင်း
🔸ဆတ်ဆတ်ထိမခံဒေါသကြီးခြင်း
🔹ယခင်ကနှစ်သက်ခဲ့သည်များကို စိတ်ပါဝင်စားမှုမရှိတော့ခြင်း
🔸မိမိကိုယ်ကိုအပြစ်တင်မှုများခြင်း
🔹မျှော်လင့်ချက်မဲ့သလိုခံစားနေရခြင်း
🔸အိပ်မပျော်ခြင်း
🔹အစာစားချင်စိတ်ပြောင်းလဲခြင်း
🔸မိမိကိုယ်ကို သို့မဟုတ် ကလေးကိုထိခိုက်စေလိုတဲ့ အတွေးများရှိနေခြင်း စတာတွေဖြစ်နိုင်ပါတယ်။

🙍🏻‍♀️ ဒီလိုစိတ်ကျရောဂါဟာ မေမေတို့ မိမိကိုယ်ကို ဂရုစိုက်ဖို့သာမကပဲ ကိုယ့်ရဲ့ကလေးငယ်ကို ပြုစုစောင့်ရှောက်ဖို့အတွက်ပါ အခက်အခဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်ကျရောဂါရဲ့ လက္ခဏာတွေခံစားရတဲ့အခါ မိမိရဲ့အခြေအနေကို အိမ်ထောင်ဖက်၊ မိသားစုဝင်တွေနဲ့ မတုံ့ဆိုင်းပဲ ဖွင့်ဟပြောဆိုပြီး ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်း/ ဆရာဝန်တို့နဲ့ ဆက်လက်တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါရစေ။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #PostpartumDepression #MentalHealth #MentalWellbeing #Counselling

Thukha Thuta- သုခသုတ

16 Oct, 02:30


မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ သတင်းကျွတ်အခါသမယမှာ မြန်မာပြည်သူပြည်သားတိုင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံကာ ပျော်ရွှင်ဖွယ် သတင်းကျွတ်အားလပ်ရက်ကို ချစ်ခင်ရသူများနှင့်အတူ ဖြတ်သန်းနိုင်ပါစေကြောင်း သုခသုတမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်….🙏🙏🙏

#ThukhaThuta

Thukha Thuta- သုခသုတ

15 Oct, 13:45


💚 စိတ်ကျန်းမာရေးလည်း ဂရုစိုက်ပေးပါ

❇️ အလုံးစုံကျန်းမာခြင်းဆိုတာ ကိုယ်ခန္ဓာကြံ့ခိုင်မှုသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်းလည်း ပါဝင်ပါတယ်။ နေမကောင်းဖျားနာ တစ်ခုခုဖြစ်ရင် ဆေးကုသရသလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် လိုအပ်သလို အထောက်အပံ့တွေရယူခြင်းကလည်း အရေးကြီးပါတယ်။ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်မှုတွေများလာတာ ဒါမှမဟုတ် မိမိရဲ့နေ့စဉ်ဘဝမှာဖြတ်သန်းမှုမှာ ဒီလိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေက အခက်အခဲတစ်ခုဖြစ်နေပြီဆိုရင် တော့ ဒါတွေကိုတတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးခြင်းဟာ အားနည်းလို့မဟုတ်ပါဘူး။ ခက်ခဲတဲ့ခံစားချက်တွေနဲ့ ကိုယ်တစ်ယောက်တည်းရုန်းကန်နေဖို့ မလိုအပ်ဘူးဆိုတာ သတိရပေးပါနော်။

ဒါကြောင့် ….

🌿 မိမိရဲ့ စိတ်ပိုင်းဆိုင်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။
🌿 အနားယူဖို့ အချိန်ပေးပါ။
🌿 လိုအပ်ပါက တတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးလိုက်ပါ။
🌿 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးလိုပဲ အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #MentalHealth #MentalWellbeing #Counselling

Thukha Thuta- သုခသုတ

10 Oct, 13:31


“အလုပ်ခွင်စိတ်ကျန်းမာရေး အလေးထားဆောင်ရွက်ပေး”

🙌 ယနေ့ ကျရောက်တဲ့ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ရဲ့ ဆောင်ပုဒ်လေးကတော့ “အလုပ်ခွင်စိတ်ကျန်းမာရေး အလေးထားဆောင်ရွက်ပေး” ဖြစ်ပါတယ်။ လေ့လာချက်တွေအရ ဝန်ထမ်းများရဲ့ အလုပ်ခွင်ပျော်ရွှင်မှု၊ အလုပ်အပေါ် စိတ်ကျေနပ်မှု၊ စွမ်းဆောင်ရည်နဲ့ အာရုံစူးစိုက်မှု ကောင်းမွန်ခြင်းတွေဟာ သူတို့ရဲ့ အလုပ်ခွင်စိတ်ကျန်းမာရေးနဲ့ များစွာ ဆက်နွယ်လျက်ရှိနေပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီဆောင်ရွက်နိုင်ခြင်းဟာလည်း စိတ်ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။

💚 လုံခြုံစိတ်ချမှုပေးနိုင်တဲ့ အလုပ်ခွင်ဟာ ဝန်ထမ်းတွေကို အလုပ်ထဲမှာအပြည့်အဝ ပါဝင်ဆောင်ရွက်စေနိုင်ပါတယ်။ ဒီလိုကောင်းမွန်တဲ့အလုပ်ခွင်တွေမှာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာမရအောင် အကာအကွယ်ပေးမှုတွေသာမက စိတ်ပိုင်းဆိုင်ရာ အကာအကွယ်အဖြစ် ခွဲခြားဆက်ဆံမှုတွေ၊ အနှောင့်အယှက်ပေးမှုတွေ၊ နိုင်ထက်စီးနင်း ပြုမူမှုတွေမရှိအောင် စီမံထားတဲ့အပြင် စိတ်ကျန်းမာရေးမြှင့်တင်ပေးနိုင်မယ့် အစီအစဉ်များလည်း ရေးဆွဲထားကြရပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ကျန်းမာရေးထိခိုက်မှုဟာ တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ ဘဝကိုသာမက အဖွဲ့အစည်းရဲ့အောင်မြင်မှုကိုပါ ထိခိုက်နိုင်တာကြောင့်ပါ။

ဒါကြောင့် ပိုမိုကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ဖို့ လုပ်ငန်းရှင်/ အဖွဲ့အစည်းတွေအနေနဲ့ ဝန်ထမ်းများရဲ့ အလုပ်ခွင်စိတ်ကျန်းမာရေးကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #WorldMentalHealthDay

Thukha Thuta- သုခသုတ

04 Oct, 13:41


ဘဝတစ်လျှောက်လုံး ကျန်းမာရေးကောင်းစေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာက ဘာဖြစ်မလဲ

👉🏼 အဖြေကတော့…. ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းပဲ ဖြစ်ပါတယ်။

ဘာကြောင့်လဲ…

💪🏼 ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းက သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါနဲ့ နှလုံးရောဂါတွေလို မကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုတက်ကြွလှုပ်ရှားခြင်းဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည်ကို တိုးတက်စေပြီး ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းမှုကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

🌏 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (𝐖𝐇𝐎) ကအသက် (၁၈)နှစ်အထက် အရွယ်ရောက်ပြီးသူတိုင်းကို အရမ်းမပြင်းထန်တဲ့ အေရိုးဗစ် ကိုယ်လက်လေ့ကျင့်ခန်း တစ်ပတ်တာကို အနည်းဆုံး မိနစ် (၁၅၀)ခန့် ပြုလုပ်သင့်တယ်လို့ ဖော်ပြထားပါတယ်။ ဥပမာ ခပ်သွက်သွက် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ကခုန်ခြင်းကဲ့သို့ အလယ်အလတ်လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် ထူးခြားတဲ့ပြောင်းလဲမှုတွေ ဖြစ်စေနိုင်ပါတယ်။

❇️ ဒါကြောင့် ဒီနေ့မှစပြီး ကျန်းမာသန်စွမ်းတဲ့အနာဂတ်အတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ်လက်လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ တိုက်တွန်းပါရစေနော်။ သုခသုတစာဖတ်ပရိတ်သတ်တို့ရော ဘယ်လိုလေ့ကျင့်ခန်းတွေ ပြုလုပ်လေ့ရှိလဲဆိုတာ comment မှာ ဝေမျှပေးခဲ့ပါဦး။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #ActiveLifestyle #ExerciseDaily #HealthyLiving #NCDAwareness

Thukha Thuta- သုခသုတ

01 Oct, 13:26


🚨 သတိပြုစရာ ဆီးချိုသွေးချိုရောဂါ

🧬 ဆီးချိုသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်မှ အင်ဆူလင်ဟော်မုန်းကို အလုံအလောက်မထုတ်နိုင်တဲ့အခါ (သို့မဟုတ်) ခန္ဓာကိုယ်မှထုတ်လုပ်လိုက်တဲ့ အင်ဆူလင်ကို ထိထိရောက်ရောက် အသုံးမပြုနိုင်တဲ့အခါတွေမှာဖြစ်တဲ့ နာတာရှည်ရောဂါဖြစ်ပါတယ်။ အင်ဆူလင်ဆိုတာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးပါ။ ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်တဲ့အခါ သွေးတွင်းသကြားဓာတ်တွေ တိုးလာပြီး အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ အာရုံကြောအဖွဲ့အစည်းနဲ့ သွေးကြောတွေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေပါတယ်။

😰 ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ ဆီးချိုသွေးချိုရောဂါရဲ့ လက္ခဏာတွေကတော့…
👉🏼 ရေအလွန်ငတ်ခြင်း။
👉🏼 ဆာလောင်မွတ်သိပ်ခြင်း။
👉🏼 ပုံမှန်ထက် မကြာခဏ ဆီးသွားရန်လိုအပ်ခြင်း၊ ညအိပ်စဉ် ဆီးခဏခဏထသွားရခြင်း။
👉🏼 အမြင်အာရုံဝေဝါးခြင်း။
👉🏼 ခြေလက်များ ထုံခြင်း၊ ကျဉ်ခြင်း။
👉🏼 ပင်ပန်းနွမ်းနယ်ခြင်း။
👉🏼 ကိုယ်အလေးချိန်ကျခြင်း။
👉🏼 အနာများမကြာခဏပေါက်ခြင်း၊ အနာကျက်ဖို့ ခက်ခဲခြင်း။
👉🏼 မိန်းမကိုယ်ယားယံခြင်း တို့ဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါကို စောစောစီးစီးသိရှိနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးခြင်းနဲ့ သွေးစစ်ဆေးခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် အသက် (၄၀)နှစ် နဲ့အထက် လူကြီးတွေမှာ ဆီးချိုသွေးချိုရောဂါကို ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #DiabetesMellitus #NCDAwareness

Thukha Thuta- သုခသုတ

27 Sep, 13:32


📋 သွေးတိုးရောဂါဖြစ်စေသော အကြောင်းအရာများ

🔔 သွေးတိုးရောဂါဟာ မြန်မာနိုင်ငံမှာအဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေထဲမှာ အသက်ကြီးလို့၊ သွေးတိုးရောဂါ မျိုးရိုးရှိလို့ စတဲ့အချက်တွေအပြင် နေထိုင်စားသောက်မှုပုံစံ (Lifestyle) တွေနဲ့လည်း အများကြီး ဆက်နွယ်လျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီလို အစားအသောက်၊ အနေအထိုင်၊ အပြုအမူ စတဲ့ Lifestyle တွေဆိုတာက ရောဂါမဖြစ်အောင် ကာကွယ်ဖို့အတွက် ပြုပြင်ပြောင်းလဲလို့ရပါတယ်။ ကိုယ့်ရဲ့ ဘယ်လို Lifestyle က သွေးတိုးရောဂါ ဖြစ်စေနိုင်သလဲဆိုတာကို အောက်ကပုံလေးတွေထဲမှာ လေ့လာကြည့်လိုက်ရအောင်။ အန္တရာယ်များတဲ့ Lifestyle တွေကို ပြုပြင်ပြောင်းလဲပြီး သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ကြပါစို့။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #Hypertension #RiskFactors #Lifestyle #NCDAwareness

Thukha Thuta- သုခသုတ

26 Sep, 13:34


သားဆက်ခြားနည်းလမ်းတွေက အမျိုးသမီးတွေနဲ့ပဲ သက်ဆိုင်တာလား 🧐

💯 သားဆက်ခြားနည်းလမ်းတွေဟာ အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ မိသားစုစီမံကိန်းနဲ့ မျိုးဆက်ပွါးကျန်းမာရေးအတွက် အရေးပါတဲ့ သားဆက်ခြားနည်းလမ်းတွေကို မိမိနဲ့အဆင်ပြေရာ ရွေးချယ်အသုံးပြုနိုင်နေပါပြီ။ ရေတို၊ ရေရှည်သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်နိုင်တဲ့အပြင် အရေးပေါ်အခြေအနေအတွက်ပါ အသုံးပြုနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

👉🏻 ဒီလိုသားဆက်ခြားနည်းလမ်းတွေအကြောင်း သတင်းအချက်အလက်တွေနဲ့ ဝန်ဆောင်မှုရယူနိုင်ဖို့ဟာလည်း လူ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ “ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာအထိမ်းအမှတ်နေ့” ရဲ့ဆောင်ပုဒ်မှာဆိုရင် “A choice for all. Freedom to plan, power to choose” လို့ဖော်ပြထားပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ မိသားစုစီမံကိန်းအကောင်အထည်ဖော်ဖို့၊ မိိမိနဲ့အဆင်ပြေမယ့် သားဆက်ခြားနည်းလမ်းတွေအကြောင်း သိရှိနိုင်ဖို့ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတွေစီမှာ မေးမြန်းဖို့ကို ဝန်မလေးပါနဲ့နော်။ သုခသုတရဲ့ chatbox မှာလည်း သားဆက်ခြားနည်းလမ်းများအကြောင်းကို လာရောက်မေးမြန်းနိုင်ပါတယ်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #WorldContraceptionDay #ReproductiveHealth #ContraceptionMatters #BirthControl #SafeSex

Thukha Thuta- သုခသုတ

25 Sep, 13:07


ကလေးခေါင်းချွေး ဘာလို့ထွက် 💬

👶🏻 ဒီနေ့မှာတော့ မေမေတို့ အမေးများတဲ့ “ကလေးကခေါင်းချွေးအရမ်းထွက်တယ်”ဆိုတဲ့ အကြောင်းကို ဒေါက်တာမယ်သုတမှ ပြောပြပေးပါရစေ။ ဆေးပညာအရ ခန္ဓာကိုယ်က ချွေးထွက်တယ်ဆိုတာ ခန္ဓာကိုယ်အပူချိန် မြင့်တက်လာတဲ့အတွက် အာရုံကြောအဖွဲ့အစည်းက ချွေးဂလင်းတွေကို လှုံ့ဆော်မှုပေးလိုက်ပြီး ကိုယ်အပူချိန်လျော့နည်းအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။ အဖြစ်များတဲ့အကြောင်းအရင်းတွေကတော့…
(၁) ရာသီဥတုပူလို့
(၂) အခန်းအပူချိန်များနေလို့
(၃) အင်္ကျီ၊ ဘောင်းဘီဝတ်ဆင်ပေးထားတာ ထူနေ၊ ကျပ်နေလို့ ကလေးက ခန္ဓာကိုယ်ပူလာတဲ့အတွက် ချွေးထွက်ရခြင်းပါ။
🌡️ ကလေးတွေမှာ ခန္ဓာကိုယ်အပူချိန်ထိန်းညှိပေးတဲ့ အာရုံကြောအဖွဲ့အစည်းဟာ လူကြီးတွေလောက် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးတဲ့အပြင် ချွေးဂလင်းတွေဟာလည်း ဦးခေါင်းနားမှာ အများစုရှိတဲ့အတွက် ခေါင်းမှာသိသိသာသာ ချွေးထွက်ရခြင်းဖြစ်ပါတယ်။
💭 စိုးရိမ်ရလားဆိုရင်တော့ ဒါဟာခန္ဓာကိုယ်က ပုံမှန်တုံ့ပြန်တဲ့ဖြစ်စဉ် ဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ကလေးအသက်ကြီးလာတာနဲ့အမျှ ဒီလိုချွေးထွက်တဲ့ဖြစ်စဉ်ဟာ လျော့နည်းလာမှာဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ အဖြစ်များတဲ့အကြောင်းအရင်းတွေကို ပြုပြင်ပေးလိုက်ရင် သက်သာနိုင်ပါတယ်။ တကယ်လို့ မသက်သာခဲ့ရင်တော့ သက်ဆိုင်ရာဆရာဝန်ရဲ့ ဆက်လက်ပြသတိုင်ပင်ဖို့ အကြံပြုပါရစေနော်။

————————————
ဒီလိုမျိုး ကျန်းမာရေးဆောင်းပါးတွေ၊ အစီအစဉ်တွေကို မျက်ခြည်မပြတ်လေ့လာဖတ်ရှုနိုင်ဖို့ Thukha Thuta Facebook Page ကို Like and Follow ပြီး Telegram နဲ့ Viber Channel တွေကိုပါ Join ထားပေးဖို့မမေ့နဲ့နော်။

▫️Facebook page: https://www.facebook.com/thukhathuta2022/
▫️Telegram channel: https://t.me/thukhathuta
▫️Viber channel: https://invite.viber.com/?g2=AQA32Fgn%2BDkqbVL69DK2kVokrUVnevVRfG6mA7mooQVzQOKSKLfLIsiC%2B88DZNzS

"လူတိုင်းကျန်းမာရေး သုခ နှင့် အသိပညာ ဗဟုသုတ များ ပြည့်စုံနိုင်ဖို့ ရည်ရွယ်လျက်"

#ThukhaThuta #ChildHealth #ChildCare #BabySweating