Phonics ထွေထွေရာရာ

@phonicsbooksmz


Phonics နဲ့ပတ်သက်တဲ့သိစရာများနဲ့ ဖတ်မှတ်စရာ စာအုပ်များ တင်ပါမယ်။

Phonics ထွေထွေရာရာ

19 Oct, 08:16


ဆယ်တန်းက ဘဝရဲ့ အချိုးအကွေ့လို့ အများက ဆိုကြတယ်။ ကျနော်ကတော့ စာတတ်မြောက်ရေး ဆရာမို့
Grade-2,3 ကနေ Grade-3,4 တက်ရတာကမှ
ပိုကြီးတဲ့ အချိုးအကွေ့လို့ ဆိုချင်တယ်။
ကျနော်တို့ဟာ KG,G1,G2 အရွယ်မှာ စာဖတ်တတ်အောင်သင်ပီး G3,G4 ရောက်တာနဲ့
အဖတ် မသင်ဘဲ ဖတ်ပဲဖတ်ခိုင်းတော့တယ်။အချိုးအကွေ့က ဒီမှာ စတယ်။
တချို့က စာဖတ်တာကို ကျေလည်စွာ မရသေးဘူး။ ဒီမှာပဲ ဖတ်ပီးနားမလည်တာ စဖြစ်ပါရော။ အဲ့ဒီကနေ အများစုက ဉာဏ်နည်းတာ၊စိတ်မဝင်စားတာ ဆိုတဲ့ကောက်ချက်တွေ စချကြပါလေရော။ ဒီ စာမဖတ်နိုင်ခြင်းကနေ ကျနိတဲ့ ဘာသာရပ်စာတွေနဲ့ တစတစဝေးကွာလာပီး အဆုံးမှာ ကျောင်းထွက်ကြတဲ့အထိ ဖြစ်ကြတယ်။
ဒီတော့ တကယ် ကြီးမားတဲ့ အချိုးအကွေ့က
စာဖတ်သင်ကြားနေရာကနေ စာဖတ်ခိုင်းတဲ့အရွယ်လို့ ပြောလို့ရမယ်ထင်ပါတယ်။

Phonics ထွေထွေရာရာ

13 Oct, 10:42


စာလုံးပေါင်းကိုစစ်ဆေးကြတဲ့အခါ စာလုံးပေါင်း မမှန်တာက မှားတာပဲလား။
ထုံးစံအတိုင်း
Dr . Louisa Moats ရဲ့ စကားကိုပဲ ကိုးကားရှင်းပါရစေ။
Moats က "စာလုံးပေါင်းခြင်းဟာ ကလေးတယောက်ရဲ့ မြင်နိုင်သော ဘာသာစကားဖြစ်စဉ် မှတ်တမ်း ဖြစ်တယ်"လို့ ဆိုထားပါတယ်။
ကလေးတယောက်ရဲ့ ရေးထားတဲ့ စာလုံးပေါင်းကို စစ်ဆေးတဲ့အခါ အမှန်အမှားထက် ပိုနေတဲ့အရာ ရှိပါတယ်။ ဒါကတော့ စာလုံးပေါင်း ဖွံ့ဖြိုးမှုပါပဲ။
စာလုံးပေါင်းတယ်ဆိုတာ အသံကို အရေးအက္ခရာနဲ့ ပြန်ဖလှယ်ယူတာ ဖြစ်ပါတယ်။ ဒီတော့ ကလေးဟာ ဘယ်အက္ခရာရုပ်ကို ဘယ်လိုအသံ အဖြစ် သိနေသလဲဆိုတာကို သူပေါင်းလိုက်တဲ့ စာလုံးပေါင်းကနေ သိနိုင်ပါတယ်။
ဥပမာ အနေနဲ့ အသိ အမတယောက်ရဲ့ ကလေးတယောက် ရေးထားတဲ့ စာလုံးပေါင်းဓာတ်ပုံကို တချက်ကြည့်ပေးပါ။
soap
Tyoona
ပုံမှန်အတိုင်း စစ်ဆေးအကဲဖြတ်ခြင်းအရဆိုရင်
Soap ✔️✔️မှန်
Tyoona မှား Tuna မှန်
ဆိုတာမျိုးပဲ ဖြစ်လိမ့်မယ်။
တကယ်လို့ စစ်ဆေးအကဲဖြတ်သူက စာလုံးပေါင်းဖွံ့ဖြိုးမှုအကြောင်းသိသူဆိုက
Tyoona ကို မှားတယ်လို့ မထင်တော့ဘဲ ကလေးဟာ စာလုံးပေါင်းဖွံ့ဖြိုးမှုအဆင့်မှာ အသံကိုကျေလည်တဲ့အဆင့် Phonetic မှာ ရောက်နေပီလို့ တွေးနိုင်ပါိလိမ့်မယ်။
yoo = u
ဒါကို အစဉ်အလာသတ်ပုံ (Conventional) အဆင့်ထိရောက်ဖို့
"ဒီနေရာမှာ ယူးသံ ကို yoo လို့ မရေးဘဲ u နဲ့ ပေါင်းရင် ရပီ" လို့ ထောက်ကူလမ်းညွှန်ရုံသာဖြစ်ပါတယ်။

Phonics ထွေထွေရာရာ

10 Oct, 04:49


Recorded Class က ဒီနေ့စမှာဖြစ်ပါတယ်။

Phonics ထွေထွေရာရာ

30 Sep, 01:45


သင်တန်းကိစ္စကိုပေ့မှာပဲ လာရောက် စုံစမ်းပေးပါဗျ

Phonics ထွေထွေရာရာ

30 Sep, 01:44


Phonics Teachers Training ( Recorded Class)
ဒီ Recorded Class က မိဘများ‌ေရော၊ ဆရာ/မများပါ လွယ်လင့်တကူ လေ့လာနိုင်‌ေစဖို့ စီစဉ်ထားတဲ့အတန်း ဖြစ်ပါတယ်။ အကြောင်းအရာတခုချင်းဆီကို သေချာ ပိုင်းစိတ်ပီး တိတိပပ ရှင်းပြထားတဲ့ ဗီဒီယိုများနဲ့ သိလိုတာကို အချိန်မရွေး မေးလို့ရမယ့် ပုံစံ စီစဉ်ထားပါတယ်။ စာဖတ်၊စာရေးသင်ယူစ ကာလအတွင်း ကြုံရတွေ့ရတဲ့ အခက်အခဲများ၊ စွဲနေတဲ့ အသိမှား၊အမှတ်မှားများ၊ သိကိုသိရမယ့် သိစရာ မှတ်စရာများကို တနေရာတည်းမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဘယ်သူ‌ေတွ တက်သင့်လဲ။
အရေးအဖတ်ကိစ္စစိတ်ဝင်စားသူများ၊ Phonics သင်မယ့်ဆရာ/မများနဲ့ ကိုယ့်ကလေးကို ပြန်သင်ပေးလိုတဲ့ မိဘများ တက်သင့်ပါတယ်။
ဘာကို ဘယ်လို သင်မှာလဲ။
Phonics အကြောင်းနဲ့ Phonics ဘယ်လိုသင်ရမလဲ ဆိုတဲ့အကြောင်းကို စာဖတ်ခြင်းသိပ္ပံ ( The Science of Reading) မှန်ဘီလူးက‌ေန ရှုမြင်ပီး ဆွေးနွေးသင်ကြားမှာ ဖြစ်ပါတယ်။
ဒါ့အပြင်
အပိုအနေနဲ့ literacy related knowledge အရေး၊အဖတ်နဲ့ ဆက်စပ်‌ေနသော သိမှတ်ဖွယ် ဗီဒီယိုဖိုင်များလဲ ပါဝင်ပါတယ်။
အရေးအဖတ်နဲ့ဆက်စပ်‌ေနတဲ့ သိမှတ်ဖွယ်ဆိုတာ
" စကားပြာနိုင်တာနဲ့ ဗျည်းသံအကုန်လုံး အသံထွက်နိုင်ပီလား၊ အသက် ဘယ်လောက်မှ သုံးချောင်းထောက် အနေထားနဲ့ ခဲတံ ကိုင်နိုင်တာလဲ၊ p,q, ၃,၄ မကွဲတာ ဘာ့ကြောင့်လဲ၊ ဦးနှောက်က စာကို ဘယ်လို ဖတ်တာလဲ၊ စာအုပ်ကို ဘယ်လိုထားရေးရမလဲ၊ ထိုင်ရမယ့် ခန္ဓာကိုယ်အနေအထားပုံစံက ဘယ်လိုလဲ" ဆိုတာမျိုး ဖြစ်ပါတယ်။

Phonics ထွေထွေရာရာ

22 Sep, 13:02


IELTS အတွက် ဒီဆရာများကို recommend ပေးပါတယ်ဗျ။

Phonics ထွေထွေရာရာ

22 Sep, 12:29


IELTS Speaking Course

အားလုံးပဲ မင်္ဂလာပါ

October လ 12 ရက်နေ့မှာ ဖွင့်လှစ်သွားမယ့် IELTS Speaking Course လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

IELTS Speaking Course

သင်တန်းစမည့်ရက် - 12 October 2024
သင်တန်းအချိန် - 7:00 - 8:30 PM (Saturdays and Sundays)
သင်တန်းကြာချိန် - 8 Weeks (2 Months)
သင်တန်းကြေး - 100000 Kyats (တသိန်းကျပ်) (Course တခုလုံးစာအတွက်)
သင်တန်းသားဦးရေ - အများဆုံး 12 ယောက်

ဘယ်သူသင်မှာလဲ?

ဒီအတန်းလေးကိုတော့ Teacher Jack မှ ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

Teacher Jack
A student at The Education University of Hong Kong (EduHK)
IELTS Overall Band 8.0 (2024)
Certificate in TKT (2023)
Certificate in TESOL (2022)
2 Years of Teaching English
2 Years of Teaching Maths

ဘယ်လောက်ကြာမှာလဲ?

ဒီအတန်းဟာ 2 Months (8 Weeks) ကြာမြင့်မှာ ဖြစ်ပါတယ်။ တပတ်ကို 2 ရက် (Saturdays and Sundays)၊ တရက်ကို 1 နာရီခွဲ လေ့လာရမှာ ဖြစ်ပါတယ်။

Week 1 - People and relationships
Week 2 - Studies and work
Week 3 - Communication
Week 4 - Technology
Week 5 - Hobbies
Week 6 - Youth
Week 7 - Home (Describing places)
Week 8 - Culture

ဆိုပြီး Topic မျိုးစုံနဲ့ ပတ်သက်ပြီး လေ့လာ၊လေ့ကျင့် ရမှာဖြစ်ပါတယ်။

Week 9 မှာတော့ ကိုယ့်ကို assign လုပ်ထားတဲ့ အချိန်မှာ Teacher Jack နဲ့ One-to-one Mock Test ဖြေဆိုရမှာ ဖြစ်ပါတယ်။

သင်တန်းတလျှောက်လုံးမှာလည်း တဦးချင်းစီကို သေသေချာချာ Attention ပေးချင်တဲ့အတွက် အတန်းထဲမှာ လူဦးရေ ၁၂ ယောက်သာ အများဆုံး လက်ခံသွားမှာ ဖြစ်ပါတယ်။

ဘယ်လိုသင်မှာလဲ?

Collins က ထုတ်ထားတဲ့ Speaking for IELTS စာအုပ်ကို Coursebook အနေနဲ့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

စနေနေ့မှာ သက်ဆိုင်ရာ Topic နဲ့ ပတ်သက်တဲ့ Vocabulary (Phrasal Verbs, Collocations, Expressions, Pronunciation, and many more)၊ Grammar တို့ကို လေ့လာရမှာဖြစ်ပြီး
တနင်္ဂနွေနေ့မှာတော့ စနေနေ့က လေ့လာသင်ယူထားတဲ့ Vocabulary၊ Grammar တို့ကို လက်တွေ့ အသုံးချပြီး IELTS Speaking Practice Test တခုကို လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ Practice Test မလုပ်ခင်မှာ လေ့လာထားတာတွေကို ဆရာက သေသေချာချာ Review ပြန်လုပ်ပေးမှာ ဖြစ်ပါတယ်။ အတန်းပြီးသွားတဲ့အခါ မတူညီတဲ့ Topic 8 ခုကို သေသေချာချာ လေ့ကျင့်ပြီးသား ဖြစ်သွားပါမယ်။ ထို့အပြင် Speaking Test ရဲ့ အပိုင်း တခုချင်းစီကို ဖြေဆိုပုံဖြေဆိုနည်း နည်းစနစ်များကိုလည်း လေ့ကျင့်ပြီး ဖြစ်သွားမှာဖြစ်တဲ့အတွက် ဘယ်လို Topic မျိုးဖြစ်ဖြစ် ဖြေဆိုနိုင်သွားမှာလည်း ဖြစ်ပါတယ်။ အတန်းပြီးသွားတဲ့အချိန်မှာ Teacher Jack နဲ့ One-to-one Mock Test တခု ဖြေဆိုရမှာဖြစ်ပြီး Official Scoring Criteria အရ Detailed Feedback ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကြေးကရော ဘယ်လိုသတ်မှတ်ထားပါလဲ?

သင်တန်းကြေးကတော့ Course တခုလုံးစာအတွက် ၁၀၀၀၀၀ (တသိန်း) ကျပ် သတ်မှတ်ထားပါတယ်။ တလကို ၅၀၀၀၀ (ငါးသောင်း) ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

#IELTS #IELTSSPEAKING #SPEAKING

Phonics ထွေထွေရာရာ

21 Sep, 14:17


ကျွန်တော်နဲ့လည်း English / IELTS စာမေးပွဲအတွက်ပြင်ချင်တယ်။ Personal Training ယူဖို့ အဆင်မပြေရင် လူစုခဲ့ပါ။ ကျောင်းတူ background တူ level တူ စုပြီး အတန်း လာယူလို့ရပါတယ်။ ဒါကို ကျနော်က မပြောဖြစ်တာပါ။
ကျွန်တော်က boost လုပ် ကြေငြာ အဲ့လိုတွေ မလုပ်ချင်လို့ one-on-one သင်တာပါ။ proficiency အတန်းတွေဖွင့်ရင်လည်း လူက တစ်ဝက်လောက် လျော့လျော့သွားတာကို စိတ်ပျက်လို့ရယ်။ ကိုယ့်စိတ်ကိုယ်နိုင်တယ်ဆိုရင် ကိုယ့် group နဲ့ ကိုယ် လာအပ်ပါ။ လိုချင်တာကို လာဆွေးနွေးပါ။ ကျွန်တော်စီစဉ်ပေးပါမယ်။ ပြောမှသိရမဲ့ အရာမို့ပါ။

ကြုံတုန်း တခါတည်းပြောဦးမယ်။ message ပို့လို့ ကျနော် မမြင်ရင်လေ ပြောထားပါတယ်လို့ comment ရေးတာဖြစ်ဖြစ် ကျနော့ဖုန်းကိုဖြစ်ဖြစ် ဆက်လိုက်နော်။

Teacher August

Phonics ထွေထွေရာရာ

17 Sep, 06:00


စာလုံးပေါင်းပြဿနာ ဘယ်လိုလ‌ေးတွေ တွေ့ရလဲ။

Phonics ထွေထွေရာရာ

09 Sep, 11:20


IPA သင်ယူလိုသူများအတွက် သတင်းကောင်း။

Phonics ထွေထွေရာရာ

09 Sep, 11:19


English Speaking နဲ့ listening ကို ကျွမ်းကျင်တဲ့အထိ
ယုံကြည်မှုအပြည့်နဲ့ ထိထိရောက်ရောက်လေ့ကျင့်နိုင်ဖို့ အသံထွက်အခြေခံကို ယုံကြည်ပိုင်နိုင်ဖို့ အရမ်းအရေးကြီးပါတယ်။

အသံထွက်မှန်ကန်ပီပြင်ဖို့အတွက် ကျွမ်းကျင်သူတစ်ယောက်ရဲ့ Feedback နဲ့လေ့ကျင့်ဖို့လိုအပ်ပါတယ်။

1. IPA နဲ့ စနစ်တကျမှန်ကန်အောင်လေ့ကျင့်ပါ
2. ပြီးရင် Syllable/Word Stress
3. ပြီးရင် Linking/Connected Speech
4. ပြီးရင် Sentence Stress and Reduction
5. ပြီးရင် Pausing, Pacing and Intonation

တစ်ဆင့်ချင်း သေချာစနစ်တကျ ကျင့်ဖို့လိုအပ်ပါတယ်။



🎓 EPPM ၆ပတ် အသံထွက် ယုံကြည်မှု IPA Program

EPPM ၆ပတ် အသံထွက် ယုံကြည်မှု IPA Program မှာ အထက်ပါ အဆင့်တွေအားလုံးကို Video သင်ခန်းစာတွေနဲ့ စနစ်တကျ သေချာသင်ကြားပေးပါတယ်။

၆ပတ်တာအတွင်း Zoom ဖြင့် တစ်ယောက်ချင်းစီကို Stress မှန်ကန်သည်အထိ feedback ပေးလေ့ကျင့်ပေးပါတယ်။

--

🎓 EPPM Program ကို သင်တန်းအပ်ပြီးတာနဲ့ ခုစတင်လေ့လာနိုင်ပါတယ်။

🗓️ သင်တန်းအပ်ထားပြီး အချိန်အဆင်ပြေပြီဆိုမှလဲ စတင်လေ့လာနိုင်ပါတယ်။

ခုလောလောဆယ် Payday Promotion ဈေးနှုန်းနဲ့အပ်လို့ရပါသေးတယ်။

စိတ်ဝင်စားတယ်၊ အပ်ချင်တယ်ဆိုရင် IPA လို့မန့်ပေးပါ။ ကျနော်တို့ team ကနေ သင်တန်းအကြောင်း message ပို့ပေးပါမယ်ဗျ။

Phonics ထွေထွေရာရာ

08 Sep, 01:26


TONIGHT