Myanmar Update News

@myanmarnews19ots


သတင်းမှန်များသာ တင်ပါတယ်

Myanmar Update News

03 Feb, 10:51


၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပုံများ-တိုက်ရိုက်(Live)

https://t.me/mwdmmnews?livestream=bea97049620981532c

Myanmar Update News

13 Jun, 15:29


ခွေးနီပိန်းတွေ ဖင်တုန်အောင်ကြောက်တဲ့ ဖော်ကောင်ဘညွန့် (၅) ခုမြောက်ချန်နယ်အသစ်

https://t.me/AbaNyunt777

Join ဖို့

Myanmar Update News

12 Jun, 09:29


စစ်သားဖြစ်စေ၊ အရပ်သားဖြစ်စေ အင်တာနက်အသုံးပြုနိုင်ရင် ဆက်တိုက်ရဦးမယ့်စစ်ပွဲအတွက် အရေးကြီးတယ်။

Starlink က  စစ်မြေပြင်သုံး ပထမဆုံးစီးပွားဖြစ်ဂြိုဟ်တုဝန်ဆောင်ပေးတဲ့ လုပ်ငန်းမဟုတ်ပါ။ ပထမပင်လယ်ကွေ့စစ်ပွဲတွင် အမေရိကန်စစ်တပ်က ပုဂ္ဂလိကကွန်ရက်များကို မှီခိုအားထားပြုခဲ့ရာ ကမ္ဘာတဝန်းရှိ ပဋိပက္ခဇုန်အတွင်း အဓိကကျတဲ့ ကွန်ရက်ဆိုင်ရာနည်းဗျူဟာ ဖြစ်လာခဲ့တယ်။

သမားရိုးကျဆက်သွယ်ရေးစက်များ ရပ်တန့်သွားပြီး အမြောက်များ တရစပ်ပစ်ခတ်နေချိန်မှာပင် ယူကရိန်းတပ်ဖွဲ့များက Starlink  အင်တာနက်ချိတ်ဆက်မှုကတစ်ဆင့် စစ်ပွဲအတွင်း နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိမ်းဆည်းထားပြီး ဗုံးခိုကတုတ်ကျင်းထဲမှာနေပြီး လုံခြုံစိတ် ချစွာဖြင့် သူတို့စမတ်ဖုန်းကိုယ်စီကိုင်ရင်း အလှည့်ကျတာဝန်ကို သိရှိထမ်းဆောင်နေနိုင်တယ်။

ယူကရိန်းတပ်ဖွဲ့များက တန်ပြန်တိုက်ခိုက်ရေး (သို့မဟုတ်) အမြောက်ပစ်ခတ်မှု တားဆီးရန် စီစဉ် တဲ့အခါ လူမနေတော့သည့် အိမ်ခြံဝင်းတစ်ခုရှိ ကတုတ်ကျင်းက အဖြူရောင်စတုဂံပုံနှင့် မီးခိုး ရောင်အဆင်းရှိ Starlink ဂြိုဟ်တုဖမ်းယူစက်မှတစ်ဆင့် နောက်ဆုံးအချိန်အထိ အထက်အရာရှိ များကို ဖုန်းခေါ်ဆိုပြီး အမိန့်တောင်းခံနိုင်ကြတယ်။

ထိုနည်းလမ်းမှာ စစ်ဘက်သုံးဆက်သွယ်ရေး သက်သက်မဟုတ်ဘူး။ ယူကရိန်းအင်ဂျင်နီယာတပ် သားအချို့က တိုက်ပွဲပြင်းထန်နေစဉ်အတွင်း ပြည်တွင်းဆဲလ်ဖုန်းကွန်ရက်များ ပြတ်တောက်သွား သည့်တိုင် နေ့စဉ် စကားဝှက်များဖြင့် ဂြိုဟ်တုမှတစ်ဆင့် မတ်ဆေ့ချ်ပို့၍ မိတ်ဆွေများ၊ မိသားစုများ ထံ သူတို့ဘေးကင်းစွာ ရှိနေကြောင်း အသိပေးနိုင်ကြတယ်။

ကျနော်တို့မှာ Starlink စခန်းပေါင်း ၁၁,၀၀၀ ကျော်ရှိပါတယ်။ အဲဒီစခန်းတွေက ကျနော်တို့ နေ့စဉ်တိုက်ပွဲတွေအတွက် အထောက်အကူပြုပေးနေပါတယ်လို့ ယူကရိန်းဒုတိယဝန်ကြီးချုပ် မိုင်ခိုင်လိုဖီဒိုရော့ဗ်က Politico မီဒီယာကို ပြောပါတယ်။ကျနော်တို့က အဆင်သင့်ပြီ၊ လျှပ်စစ်မီး မရ၊ ပုံမှန်အင်တာနက်လိုင်းမရရင်တောင် ယူကရိန်းမှာရှိတဲ့ ဘယ်လိုချိတ်ဆက်မှုမဆို အင်တာ နက်ပြန်ရအောင် Starlink စက်တွေသုံးပါမယ်လို့ သူကဆက်ပြောပါတယ်။

ယူကရိန်းစစ်သားများအတွက် စစ်အရှိန်မြင့်နေစဉ်မှာ အဆက်အသွယ်မပြတ်စေဖို့ သေချာတဲ့ နည်း လမ်းရရှိလိုကြောင်း ဇာလန်းစကီးအစိုးရက ကောင်းစွာသဘောပေါက်ထားသည်။ ယူကရိန်းနိုင်ငံ သားများက လူမှုကွန်ရက်မီဒီယာပေါ်သို့ မကြာခဏလွှင့်တင်လေ့ရှိကြတဲ့ရုရှားတိုက်ခိုက်နေပုံ ဗီဒီယိုဖိုင်အကြမ်းများကို ကမ္ဘာ့တဝန်းရှိ စမတ်ဖုန်းများမှ တိုက်ရိုက်ကြည့်ရှုနိုင်ခဲ့တယ်။ 

The Economist မီဒီယာ ဖော်ပြချက်အရ ယူကရိန်းစစ်သားများက အလားအလာရှိသော ရုရှားပစ် မှတ်များရဲ့ဓာတ်ပုံများကို တင်ဖို့ Starlink အင်တာနက်ကို ချိတ်ဆက်သုံးစွဲနေကြတယ်။ အဲ့ပုံများကို တပ်မှူးများက နောက်ပိုင်းမှာ အကဲဖြတ်ပြီး ပစ်မှတ်ကို ဗုံးခွဲတိုက်ခိုက်ရမှာလား၊ ဘယ်နေရာကနေ ဗုံးခွဲနိုင်သလဲဆိုတာကို ကောက်ချက်ချကြတယ်။ “အဲဒါက အခုထိသုံးနေရတုန်းဖြစ်တဲ့ တိုက်ခိုက်ရေး ညှိနှိုင်းဆောင်ရွက်ရာမှာ အရင်ကထက် ပိုမြန်လာပါတယ်” လို့ သူကထည့်ပြောပါတယ်။
ဒါပြင် Starlink က ဒရုန်းစစ်ဆင်ရေးကို ပိုမိုလွယ်ကူပြီး အဆင်ပြေချောမွေ့စေတယ်။ ပင်လယ်နက် အတွင်းရှိ ရုရှားစစ်သင်္ဘောအုပ်စုရဲ့ ခရိုင်းမီးယားဌာနချုပ်ဖြစ်တဲ့စီဗက်စတိုပေါလ်ကို အောင်မြင်စွာ တိုက်ခိုက်နိုင်ရန်အတွက် ယူကရိန်းက အင်တာနက်ဝန်ဆောင်မှုကို ကောင်းစွာအသုံးချခဲ့ကြောင်း သတင်းများဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

“Starlink ဟာ ကျနော်တို့အသက်ဆက်နိုင်ဖို့ အောက်ဆီဂျင်ဖြစ်တယ်” လို့ စစ်သားတစ်ဦးရဲ့ပြော စကားကို သတင်းတစ်ပုဒ်တွင် တွေ့ရခြင်းအား ထောက်ရှုကြည့်ရင် ယူကရိန်းတပ်များက Starlink အပေါ် မှီခိုအားထားသည့်အနေအထား ပိုမိုသိသာထင်ရှားလာစေခဲ့ပါတယ်။ တကယ်လို့ အဲ့ဝန် ဆောင်မှု ရပ်တန့်သွားရင် ယူကရိန်းစစ်တပ်လည်း ပရမ်းပတာဖြစ်သွားနိူင်ကြောင်း အဆိုပါစစ် သားက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အခု ကယားပြည်နယ်မှာ အမေရိကန်အစိုးရပံ့ပိုးပေးတဲ့ Starlink  အင်တာနက် စသုံးနေပြီ၊ မြန်မာ နိုင်ငံမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။
မှတ်ချက်(ဖေါ်ပြပါဆောင်းပါးမှာ MHT News ရဲ့အာဘော်မဟုတ်ဘဲ ၊ ဘာသာပြန်သူရဲ့အာဘော်သာဖြစ်ကြောင်းသိစေအပ်ပါတယ်)
#mhtnews

Myanmar Update News

08 Jun, 08:45


ဥပမာ အမေရိကန်ဆိုရင် လမ်းညွှန်မှုကိုသာ လိုလားပြီး လုံးဝပိတ်ပင်တားမြစ်တာမျိုးမလုပ်ချင်ပါ။ ဒါကြောင့် ကျနော်တို့ဟာ စက်ရုပ်လူသတ်သမားတွေနဲ့ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းတာမျိုး ခုထိမလုပ်နိုင်ပါ။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အေအိုင်နည်းပညာအပေါ်မှာ ဥပဒေပြဋ္ဌာန်း ကန့်သတ်တာမျိုးလုပ်နိုင်မလား။ ဒါကြောင့် Chat GPT ရဲ့ စီအီးအို Samuel Altman က အမေရိကန်လွှတ်တော်ကို တက်ရောက်ပြီး ဆော်သြခဲ့တာဖြစ်ပါတယ်။ သူက “အေအိုင်နည်းပညာဟာ ကမ္ဘာ့ကို ကြီးမားတဲ့ အန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အေအိုင်ကို စည်းမျဉ်းပြဋ္ဌာန်း သတ်မှတ်ဖို့လိုပါပြီ” လို့ပြောခဲ့ပါတယ်။

ဒီရေစီးကြောင်းကို ဦးဆောင်နေတာက တရုတ်နိုင်ငံပါ။ သူတို့လည်း အေအိုင် ပုံစံအမျိုးမျိုးနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေသတ်မှတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေနဲ့အတူ သွားနေပါတယ်။ တရုတ် နည်းပညာကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ အေအိုင် ထုတ်ကုန်တွေအားလုံးကို လုံခြုံမှုတိုင်းထွာစမ်းသပ်ခံပြီး မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။

ဥရောပသမဂ္ဂကလည်းဘဲ European AI act ကို ပြဋ္ဌာန်းဖို့ ‌ဆောင်ရွက်နေကြပါပြီ။စည်းမျဉ်း
ဥပဒေက အန္တရာယ်အခြေပြု ချဉ်း
ကပ်ခြင်းနဲ့ ပြဋ္ဌာန်းမှာလို့ဆိုပါတယ်။ အဓိပ္ပာယ်က အန္တရာယ်ကြီးမားလေလေ၊ စည်းမျဉ်းကို ပိုတင်းကြပ်လေလေ ဆိုတဲ့အဓိပ္ပာယ်ပါ။ အခုချိန်မှာ ဒီဥပဒေဟာ တခြားသော ဥပဒေများအတွက် အစဉ်အလာ ထုံးတစ်ခုဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိကန်အတွက်ပေါ့။ အိန္ဒိယ နိုင်ငံကလည်းဘဲ အေအိုင်အတွက် စည်းမျဉ်းဥပဒေ သတ်မှတ်ဖို့ စဉ်းစားနေပါတယ်။

ဒါကြောင့် ဒီနေရာမှာ အစိုးရတိုင်းဟာ အေအိုင်ကို အမီလိုက်ဖို့ ကြိုးပမ်းနေကြတာတွေ့မြင်ရမှာပါ။ အေအိုင် နည်းပညာကတော့ အန္တရာယ်ဖြစ်လောက်တဲ့ အမြန်နှုန်းနဲ့ကို ရွေ့လျားနေပါတယ်။ နိုင်ငံတွေအနေနဲ့ အေအိုင်ကို ထိန်းချုပ်ဖို့ ပိုခက်ခက်ခဲခဲကြိုးစားလာရပါလိမ့်မယ်။ အမှန်တကယ်တော့ နိုင်ငံအစိုးရတွေအနေနဲ့ ဆိုရှယ်မီဒီယာတွေနဲ့ တုန်းကလို နောက်ကျနေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နှိုင်ပါတယ်။

အစိုးရတွေအနေနဲ့က ပြဿနာတွေ
ထွက်ပေါ်လာတဲ့အခါကျမှ ထိန်းချုပ်
ဖို့ လိုအပ်မှန်းသိလာကြတာမျိုးကို
ပြောတာပါ။ ဆိုရှယ်မီဒီယာတွေမှာ
အသွားနှစ်ဖက်ရှိတဲ့ ဓားလို ကောင်း
တဲ့ဘက်လည်းရှိ၊ ဆိုးတဲ့ဘက်လည်း
ရှိပါတယ်။ ဆိုရှယ်မီဒီယာတွေအပေါ်
မှာ မှားခဲ့ သလိုမျိုးထပ်မမှားဘို့လိုပါ
တယ်။ဥပဒေစည်းကမ်းသတ်မှတ်
ချက်တွေက အဖျက်အန္တရာယ်တွေ
ပေါ်မလာခင် ကြိုတင်ရှိနေသင့်ပါကြောင်း။

Ref; Will Artificial Intelligence Take Over the World? | Between the Lines with Palki Sharma

Crd:ဦးရဲထွန်း(သီပေါ)

Myanmar Update News

08 Jun, 08:45


တတိယ အမျိုးအစားက နည်းနည်းစိုးရိမ်ဖို့ ကောင်းပါတယ်။ အဲဒါကို လူလုပ်စူပါညဏ်ရည်တု လို့ခေါ်ပါ တယ်။ အခြေခံအားဖြင့်ပြောရင် စက်က လူသားရဲ့ စဉ်းစားဥာဏ်ကိုကျော်လွန်သွားတာပါ။ သူတို့မှာ သူတို့ ကိုယ်ပိုင်စိတ်ရှိပါတယ်။ သိပ္ပံရုပ်ရှင်တွေထဲက လူဆိုးစက်ရုပ်ကို မှတ်မိကြဦးမှာပါ။အဲဒီလို အခြေ
အနေက တတိယအဆင့်ပါ။

လက်ရှိထွက်ပေါ်လာတဲ့ အေအိုင်နည်းပညာက ပြဿနာတွေအများကြီး ပေါ်ထွက်လာစေပါတယ်။ ဒီဖန် တီးမှုက ကျင့်ဝတ်နဲ့ ညီရဲ့လား။ လူတွေရဲ့ထိန်းချုပ်မှုက လွတ်ထွက်သွားနိုင်သလား။ သူ့ကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ သိပ်နောက်ကျနေပြီလားစသဖြင့်ပေါ့။

ဒီနှစ် မတ်လထဲတုန်းက အီလွန်မာ့က်စ်လို၊ အက်ပဲစီအီးအို စတိဗ် ဝေါ့ဇညက်လို ထင်ရှားတဲ့ နည်းပညာ ဂုရုတချို့က သတိပေးစာတစ်စောင်ရေးသားထုတ်ပြန်ပါတယ်။ သူတို့က ကမ္ဘာ့ခေါင်းဆောင်တွေကို အေအိုင်နည်းပညာ တိုးတက်အောင်လုပ်ဆောင်နေတာကို ခြောက်လရပ်ဆိုင်းထားဖို့ တောင်းဆိုတာပါ။ အဲဒီတောင်းဆိုစာမှာ “စွမ်းဆောင်ရည်ကြီးမားတဲ့ အေအိုင်စနစ်တွေကို- သူတို့ရဲ့သက်ရောက်မှုတွေက အပြု သဘောဆောင်တာ သေချာ စိတ်ချရပြီး သူတို့ရဲ့ အန္တရာယ်ပေးနှိုင်မှုတွေကို ထိန်းချုပ်နိုင်ပါမှ တစ်ခါ တည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်သင့်ပါတယ်။

ဒါကြောင့် ထိပ်တန်း နည်းပညာ ခေါင်း‌ဆောင်တွေအနေနဲ့ အေအိုင်ကတော့ဖြင့် သိပ်ကိုမြန်လွန်းနေပြီ။ လူ့အဖွဲ့အစည်းနဲ့ လူသားတွေအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်လောက်အောင်ကို မြန်လွန်းနေပြီလို့ ယုံကြည်နေကြပါပြီ။ပင်ကိုအား
ဖြင့် အေအိုင်မှာ သူ့ကိုယ်ပိုင်ပြဿ
နာတွေ မရှိတာမဟုတ်ပါဘူး။

ပထမပြဿနာက အဲဒါကို အသုံးချတဲ့ နည်းလမ်းပါ။ မျက်နှာကိုသိမှတ်ပြီး သင့်ရဲ့ဖုန်းကိုဖွင့်တဲ့နည်းပညာက အလွန်ကောင်းပါတယ်။ ဒါပေမဲ့ တကယ်လို့ အဲဒါကို အသုံးပြုပြီး သင့်အပေါ် သူလျှိုလုပ်မယ်ဆိုရင်ဘယ်လိုဖြစ်မလဲ။ တချို့နိုင်ငံတွေက အဲဒီနည်းပညာကိုသုံးပြီး သူတို့နိုင်ငံသားတွေကို စုံစမ်းထောက်လှမ်းပါတယ်။ ဥပဒေချိုးဖောက်သူတွေကို ထိန်းချုပ်ပါတယ်။ တချို့နိုင်ငံတွေက အဲဒီနည်းပညာသုံးပြီး လူမျိုးအရခွဲခြားသတ်မှတ်တာ၊ နိုင်ငံ သားမှတ်ပုံတင်ကို စစ်ဆေးတာလုပ်ပါတယ်။

နောက် ဒုတိယ ပြဿနာက ဘက်လိုက်မှုရှိတာပါ။ သင်အနေနဲ့ စက်ဆိုတာ မျက်နှာမလိုက်ဘူး၊ ဘက်မလိုက်တတ်ဘူးလို့မျှော်လင့်ထားမှာပါ။ ဒါပေမဲ့ အဲဒီ စက်ရုပ်အေအိုင်ကို လူတွေကလုပ်တာပါ။ လူတွေဆိုတာ ပင်ကိုအားဖြင့် ဘက်လိုက်တတ်သူတွေပါ။ ဒါကြောင့် လူတွေထုတ်လုပ်လိုက်တဲ့ အဲဒီ အေအိုင်စက်တွေကလည်း ဘက်လိုက်တော့တာပေါ့။ အမှန်စင်စစ်မှာတော့ အေအိုင်ဆိုတာ လူ့အဖွဲ့အစည်းအတွင်းတည်ရှိနေတဲ့ ဘက်လိုက်မှုတွေကို အားလုံးနီးပါး ချဲ့ပြထားတာပါ။ အေအိုင်မှာ သူ့ကိုပေးထားတဲ့ အချက် အလက်တွေကောင်းရင်ကောင်းသလို ကောင်းပါတယ်။ ပေးထားတဲ့အချက်အလက်တွေက ဘက်လိုက်နေတယ်ဆိုရင် အေအိုင်ကလည်း ဘက်လိုက်ပါလိမ့်မယ်။

ဥပမာတခု စဉ်းစားကြည့်လိုက်ပါ။ အယ်လ်ဂိုရီသမ် တစ်ခုကို လူဖြူယောက်ကျားတွေနဲ့သက်ဆိုင်တဲ့ အချက် အလက်တွေနဲ့သာ လေ့ကျင့်သင်ကြားပေးထားတယ်ဆိုပါစို့၊ အဲဒီ အယ်လ်ဂိုရီသမ်ကို မိန်းမတွေနဲ့ပတ်သက်ပြီး အသုံးပြုမယ်ဆိုရင် သေချာပေါက် တဖက်ကိုယိမ်းတဲ့ အဖြေတွေပဲပေးပါလိမ့်မယ်။

နောက် တတိယပြဿနာက သေစေနိုင်တဲ့အမှားပါ။ လူသားတွေက မှားတတ်သလိုဘဲ စက်တွေကလည်း မှားတတ်ပါတယ်။ တကယ်
လို့ အဲဒီအမှားက လူ့အသက်ကို အန္တရာယ်ပြုတဲ့ အမှားတွေဖြစ်မယ်ဆိုရင် ဘာတွေ ဖြစ်မလဲ။

ဥပမာ မောင်းသူမဲ့ ကားတစ်စီးက တစုံတစ်ယောက်ကိုတိုက်သတ်လိုက်ပြီဆိုပါစို့ အဲဒါ ကားရဲ့အပြစ်လား၊ ကုဒ်သွင်းတဲ့သူရဲ့ အပြစ်လား။ တကယ်လို့ ပြဿနာက နည်းနည်းပိုမြင့်လာမယ်ဆိုရင်ကော၊ ဥပမာ သေစေနိုင်တဲ့ လက်နက်ကိုင် စက်ရုပ်လူသတ်သမားဆိုပါတော့။ အဲဒီ စက်ရုပ်မျိုးက လူသားရဲ့အကူအညီမပါဘဲ ပစ်မှတ်ကိုရှာဖွေပြီး သတ်ပစ်နိုင်စွမ်းရှိတယ်။ အခုထိတော့ နည်းပညာက အဲလောက်အထိမရောက်သေးပါ။ ဒါပေမယ့် ရှေ့ပြေးနည်းပညာတွေတော့ ရှိနေပါပြီ။ ၂ဝ၂ဝ ခုနှစ်တုန်းက လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေ အကြောင်း သတိရကြမှာပါ။ အဲဒီတုန်းက လူသားတစ်ယောက်ကို ပထမဆုံးသတ်ပစ်ခဲ့တာဖြစ်နိုင်ပါတယ်။ အသေးစိတ်တွေကိုတော့ ရှင်းရှင်း လင်းလင်းမသိရသေးပေမယ့်၊ ကုလသမဂ္ဂရဲ့သတင်းအရ တူရကီလုပ် ကာဂူ-၂ ( Kargu-2 ) ဒရုန်းဟာ လစ်ဗျား အမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တွေကို လူရဲ့ထိန်းချုပ်မှု မပါဘဲ တိုက်ခိုက်ခဲ့ပါတယ်။

ဒရုန်းထုတ်လုပ်သူတွေက ပြောတာက ကာဂူ-၂ ဟာ စက်သင်ယူရေးနည်းလမ်းကိုသုံးပြီး အရာဝတ္တုတွေကို ခွဲခြားတယ်။ ဒီလိုနည်းနဲ့ ဒရုန်းက သူ့အလိုအလျောက် လူထိန်းချုပ်မှုမလိုဘဲ ပစ်ခတ်မှုလုပ်တယ်လို့ ဆိုပါတယ်။ တူရကီကတော့ ကာဂူ-၂ ကို အသုံးပြုခဲခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် ဒရုန်းမှာ သူ့ကိုယ်ပိုင်စိတ်ရှိပြီး ပစ်သင့်၊ မပစ်သင့်ဆိုတာကို သူ့ဖာသာဆုံးဖြတ်နိုင်တယ်ဆိုတဲ့ နည်းပညာကို လူတွေ အသုံးပြုနေကြပြီဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ စက်ရုပ်လူသတ်သမားတွေကို တားမြစ်ချင်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေက ဒါကို သဘောမတူကြပါ။ နိုင်ငံတွေက အဲဒီလက်နက်တပ်ဆင်ထားတဲ့၊ လွတ်လပ်စွာသူ့ဖာသာ ဆုံးဖြတ်နိုင်တဲ့စက်ရုပ် နည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ကို ဒေါ်လာ ဘီလျံပေါင်းများစွာပုံအောပြီး သုတေသနလုပ်နေကြပါတယ်။

Myanmar Update News

08 Jun, 08:45


AIစက်ရုပ်လူသတ်ကောင်တွေ
.........အန္တရာယ် မပြုမီ........

လွန်ခဲ့တဲ့ ဆယ်စုနှစ်(၃)ခုလောက်က
ညဏ်ရည်တု(artificial intelligence
- AI)အေအိုင် ဇတ်ကောင်တွေပါဝင်
တဲ့ Matrixလို ရုပ်ရှင်ကားတွေ ဝက်
ဝက်ကွဲ လူကြိုက်များခဲ့ပါတယ်။

ဒါပေမဲ့ ယခုအခါမှာတော့ အေအိုင်
AIဟာကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲ
ကိုရောက်နေပါပြီ။မကြာသေးတဲ့
လအနည်းငယ်တုန်းက chat GPT
ရဲ့သတင်းက ကမ္ဘာကို ကိုင်လှုပ်ခဲ့ပါ
တယ်။Chat GPTဆိုတာက လူတစ်
ယောက်လို အက်ဆေးတွေ ရေးနိုင်
တယ်။ကဗျာတွေ၊သီချင်းတွေစပ်ဆို
နိုင်တယ်။ပြီးပြည့်စုံတဲ့ ရုပ်ရှင်ဇတ်
ညွှန်းတွေ ရေးနိုင်တယ်။

စာမေးပွဲ မေးခွန်းတွေကိုတောင်မှ အောင်မှတ်ရအောင်ဖြေဆိုနိုင်စွမ်းရှိပါတယ်။ အမှန်တကယ်တော့ အေအိုင်ဟာ ထိန်းမနိုင် သိမ်းမနိုင် အခြေအနေကို ရောက်လုနီးနီးဖြစ်နေပါပြီ။ ဒါကြောင့် chat GPT ကို ဖန်တီးခဲ့တဲ့ Sam Altman က အေအိုင်ဖန်တီးမှုကို ဥပဒေစည်းကမ်းပြဋ္ဌာန်းပြီး ထိန်းချုပ်စေချင်နေပါတယ်။

“အစိုးရများရဲ့ စည်းမျဉ်းဥပဒေများနဲ့ ဝင်ရောက်ထိန်းချုပ်ခြင်းက တဖြည်းဖြည်း အင်အားကြီးမားလာတဲ့ မိုဒယ်တွေရဲ့ အန္တရာယ်ပေးနိုင်ချေကို လျှော့ချနိုင်လိမ့်မယ်ထင်ပါတယ်”လို့ ဆမ်က အမေရိကန် လွှတ်တော်မှာပြောသွားပါတယ်။

ဒါဖြင့် အေအိုင်က ဘယ်လိုအင်အားကြီးလာမှာလဲ။ လူသားတွေက ဘယ်လိုထိန်းချုပ်နိုင်မှာလဲ။ ထိန်းကော ထိန်းချုပ်နိုင်မှာလား။ ဘာကြောင့် ကျွန်တော်တို့က အေအိုင်ကို ဂရုပြုသင့်တာလဲ။ ဒီကိစ္စတွေရဲ့ နောက်ကွယ်က အခြေအနေ၊အချက်
အလက်တွေကို ဆွေးနွေးသွားမှာပါ့မယ်။

အေအိုင်ဆိုတာနဲ့ ချတ် ဂျီပီတီ
(Ai and chat GPT)အကြောင်းကို
ကြားဖူးပြီး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

တကယ်က အေအိုင်ဆိုတာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရောက်ရှိနေပြီးဖြစ်ပါတယ်။ ဂူးဂဲလ် မက်ပ် Google Maps ဆိုတာလည်း အေအိုင်ပါ။ အက်ပဲလ်ဖုန်းက ဆီရီ Siri တို့ အဲလက်စ် Alexa တို့ကိုခေါ်ပြီး ခိုင်းစေတာဟာလည်း အေအိုင်ပါ။ predictive text လို့ခေါ်တဲ့ ဖုန်းထဲမှာ ကိုယ်ရေးမယ့် စကားလုံးကို ကြိုတင်ဖော်ပြတာလည်း အေအိုင်ပါ။ မျက်နှာကိုသိမှတ်ပြီး ဖုန်းဖွင့်ပေးတဲ့ face ID လည်း အေအိုင်ပါဘဲ။ သင့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ ပေါ့အပ် pop up ပေါ်လာတဲ့ ဒီဗီဒီယိုဟာလည်း ယူတြု အယ်လ်ဂိုရစ်သမ်ကိုသုံးထားတဲ့ အေအိုင်နည်းပညာပါဘဲ။

ဒါကြောင့် အေအိုင်နည်းပညာဟာ နေရာတကာမှာရောက်ရှိနေပြီလို့ပြောတာပါ။သတ္တလောကမှာ လူသားတွေရဲ့ ထူးခြားတဲ့စွမ်းရည်ကဘာပါလဲ။ စဉ်းစားတွေးခေါ်နိုင်မှုက လူသားတွေရဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်ပါ။

တိတိကျကျပြောရရင် အေအိုင် ကြိုးစားနေတာက အဲဒီလိုစဉ်းစားတွေးခေါ်မှုကို ပုံတူပွားနိုင်ဖို့ပါ။ လူသားတွေစဉ်းစားသလိုစဉ်းစားပြီး ဖြေရှင်းတဲ့ ပုံစံမျိုးပါ။

အခြေခံကတော့ စဉ်းစားညဏ်ပါ။ ဒါပေမယ့် လူလုပ်အတုပေါ့။ သဘောတရားအနေနဲ့ ရိုးစင်းပါတယ်။ လူသားလို့တွေးတောပြီး ပြဿနာကိုဖြေရှင်းနိုင်ဖို့ပါ။ တခြား စကားရပ်နဲ့ပြောရရင်တော့ machine learning စက်ရဲ့သင်ယူမှုပါ။ အခြေခံအားဖြင့် စက်ဖြစ်ပြီး၊ အတွေ့အကြုံကနေ စက်ကသင်ယူတာပါ။ အယ်လ်ဂိုရီသမ် (ပြဿနာဖြေရှင်းရာတွင် လိုက်နာရသည့်စည်းမျဉ်း)ကလည်း အရင်ကရှိခဲ့တဲ့ အချက်အလက်တွေကနေ သင်ယူရတာပါ။

သူတို့က တည်ရှိနေတဲ့ အချက်အလက်တွေ ကို မှတ်မိ အသုံးပြုပြီး ပြဿနာတွေကို လူအနှောက်အယှက်ကင်းစွာနဲ့ ဖြေရှင်းပါတယ်။

ဥပမာပြောရရင်၊ သင်က ယူကျူ့ဗီဒီယိုတစ်ခုကို ဖွင့်လိုက်တယ်။ အဲဒါက ခွေးတွေအကြောင်းပြောပြတဲ့ ဗီဒီယို ဖြစ်ပြီး like ပေးလိုက်တယ်ဆိုပါစို့။ အယ်လ်ဂိုရီသမ်က ချက်ခြင်းမှတ်သားပြီး သင့်ရဲ့ Feeds မှာခွေးနဲ့ပတ်သက်တဲ့ ဗီဒီယိုအများအပြားတက်လာပါလိမ့်မယ်။ အဲဒါ အယ်လ်ဂိုရီသမ်က လုပ်တာပါ။ စက်က ခင်ဗျားဘာကြိုက်သလဲ ဆိုတာကို သင်ယူပြီး ခင်ဗျားအကြိုက်တွေရွေးပြီးပို့ပေးတာပါဘဲ။ အေအိုင် ဆိုတာကလည်း ဒီအတိုင်းပါဘဲ။ ကွန်ပျူတာတွေက လူသားတွေကို စစ်တုရင်ထိုးရာမှာ နိုင်အောင်ထိုးနိုင်တယ်ဆိုတာက ကြာလှပါပြီ။

ဒီနေ့ကာလမှာတော့ အေအိုင်နည်းပညာကို အမျိုးအစား သုံးစားခွဲခြားနိုင်ပါတယ်။ ပထမအမျိုးအစားမှာ ညဏ်တုက စဉ်းစားတွေးတောတာကို ချုံ့ပစ်လိုက်တယ်။ စနစ်က အလုပ်တာဝန်တစ်ခုကိုပဲခိုင်းတယ်။ ဒါကြောင့် သူကသတ်မှတ်ထားတဲ့ တာဝန်ကိုဘဲလုပ်ပါတယ်။ ဥပမာ လူ့အသုံးအဆောင်ပစ္စည်းတွေဆိုပါတော့ - မောင်းသူမဲ့ မော်တော်ကား၊ streaming apps လို့ခေါ်တဲ့ ဖျော်ဖြေ‌ရေးအပလီကေးရှင်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု အပလီကေးရှင်းများ စတာတွေမှာ လူက လုပ်ငန်းတာဝန်တခုကိုဘဲ ပေးထားတယ်။ အဲဒါကို သူတို့က ထမ်းဆောင်ပါတယ်။ ဒါတွေက လူလုပ် ညဏ်ရည်တုရဲ့ အခြေခံအကြမ်းအဆင့်တွေမှာပါဝင်ပါတယ်။

ဒုတိယ အမျိုးအစားက လူလုပ်အထွေထွေစဥ်းစားညဏ်ရည်တုပါ။ ဒီမှာ အေအိုင်က လူသားကို ပြိုင်ဆိုင်နိုင်လာပါပြီ။ သူတို့က တချိန်ထဲမှာ အလုပ်အစုံကိုလုပ်နိုင်ပါတယ်။ လူတော်တော်များက chat GPT ကို လူလုပ်အထွေထွေ စဉ်းစားဥာဏ်ရည်တု ဆီတက်လှမ်းတဲ့ ပထမခြေတစ်လှမ်းလို့ ဆိုကြပါတယ်။

Myanmar Update News

07 Jun, 09:19


ပွဲတစ်ပွဲတက်တိုင်း ခြေကြွခရတဲ့ မိပန်အပါအဝင် အချင်းချင်းဖော်ကောင်လုပ်ကြတဲ့ တော်လှန်ရေးဖက်ခွက်စားတို့ရဲ့ အရှုပ်တော်ပုံများ..

စောက်ရှက်ကွဲပြီ
စောက်ရှက်ကွဲပြီ
မိဆယ်ပြားလို...
တကယ်ကို စောက်ရှက်ကဲပြီ..
ကဲ.. ဘယ်လို အဖက်ဆယ်ရပါ့..
မရှိတဲ့ ဂုဏ်သိက္ခာတွေ
နိုင်ငံရေး အကြောင်းပြ
အရေးတော်ပုံ ဘာဖြစ်တယ် ညာဖြစ်တယ်
ခေါင်းစဥ်တပ်လို့ ခွက်ခေါက်သံပေးပြီး
ဂလောက် ဂလောက်
လုပ်ပြီး တောင်းစားမယ်
ဘုန်းမယ် မောင်ပိုင်စီးကြံပြီး
သူဌေးဖြစ်ကြံကာမှ ခုတော့..
ဗူးပေါ်သလို ပေါ်ကုန်ပြီ
ငါဘယ်လို ရှေ့ဆက်ရပ်တည်ပါ့
စောက်ရှက်ကွဲပြီ စောက်ရှက်ကွဲပြီ
နိုင်ငံရေးလုပ် အမြတ်ထုတ်
သူဌေးဖြစ်ကြံလို့ မရတော့တဲ့ အဆုံး..
မထူးဇာတ် ဖွင့်တာဘဲ ကောင်းပါတယ်
အဲ့တော့
ခရိုနီ နှပူးကြီးတွေအနား ကပ်ပြီး
ပိုင်းလုံးလုပ် ရှူစားမှ အဆင်ပြေမယ်
ဆိုပြီး စဥ်းစားသော အခါ😜

ခလိုးနီကြီးများအဖွဲ့က
ရုပ်မကြိုက်၍ ငြင်းလွှတ်လိုက်သော
အခါ... အွန်..😏
ငါဘာလုပ်စားရပါ့
တစ်တောင်းစား ဘဝကနေ
ခုတော့ ခွက်ပါပျောက်ပြီ

ငါတကယ်ကို စောက်ရှက်ကွဲပြီ
မိတစ်ဆယ်လိုရဲ့ ရင်တွင်း
ဖြစ်ပေါ်နေသော ခံစားချက် တချို့
အယ်မလေး.. ကြည့်ပါဦး
ကျယ်မ မိဆယ်ပြားလို
ခွက်ပျောက်မ ဘဝ
အာ့လို..
သိဖို့.. 😜😋
#9+

Myanmar Update News

07 Jun, 00:54


ဒီနိုင်ငံမှာ လက်နက်မဲ့ သူတွေကို
သေနတ်နဲ့ လိုက်ပစ်သတ် တောခို Nldအကြမ်းဖက်
NUG ပဒက် အဖွဲ့ တစ်ဖွဲ့ပဲ ရှိတယ်။

ဘာကြောင့် ပစ်သတ်လည်းဆိုတော့
တော်လှန်ရေးလုပ်တာတဲ့။

တော်လှန်ရေးလုပ်ရအောင် မြန်မာပြည်ကို
Nldလိုနိုင်ငံခြားသာ ၈၃ ယောက်ခေါ်ထည့်ပြီး အုပ်ချုပ်နေတဲ့
အစိုးရလားလို့။

မြန်မာပြည်ကို မြန်မာ စစ်စစ်တွေ အခြေခံ
ဥပဒေ အတိုင်းအုပ်ချုပ်နေတာလည်း
လီး တော်လှန်ရေးလားလို့ မေးရမှာပါ။

လက်ဝေခံ မှ မဟုတ်တာ အစိုးရအဖွဲ့ထဲ မှာ
နိုင်ငံခြားသားမျက်နှာဖြူကောင် ဘယ်မှာ
ပါလို့တုံး။ 

တပ်မတော်ဆိုတာ ပိုဆိုး ပြည်သူထဲက
ဖြစ်လာတဲ့ မြန်မာစစ်စစ်တွေ ကြည့်ပဲ။

ပါတီစုံ ဒီမိုကရေစီ စနစ် ပျက်အောင်
မဲခိုးတာတွေ မဲလိမ်တာတွေ မလုပ်ကြပါနဲ့
လို  အကြိမ်ကြိမ်ပြောခဲ့တာပဲ။

ဖြစ်ပြီးတော့လည်း ရှင်းကြပါလို့ အကြိမ်ကြိမ်
ပြောခဲ့တာပဲ။

ထိန်းပြီးတော့လည်း ရွေးကောက်ပွဲ အမြန်ဆုံး
လုပ်ပေးမယ်လို့ ပြောခဲ့တာပဲလေ။

ဒါတွေကို မသိပဲ တောခိုအကြမ်းဖက် သူပုန်
ထလို့ နစက အစိုးရသက်တမ်းရှည်သွားတာ
တော့ မတတ်နိုင်ဘူးပေါ့။

စဖြစ်တဲ့ အချိန်ကတည်းက လက်နက်ကိုင်တောခို
အကြမ်းမဖက်ပဲ ပါတီ တစ်ခု တည်ထောင်ပြီး
ငြိမ်းငြိမ်းချမ်းချမ်းသွားရင် အခုအချိန် အစိုးရ
တောင် ပြန်ဖြစ်ရင်ဖြစ်နေအုံးမှာ။

လူပုဂ္ဂိုလ် ကိုးကွယ်မှုကြောင့် ပါတီ အပျက်ခံ
တာလည်း စောင်ရူးအတွေးအခေါ်ပဲ။ 

သက်ဆင် တို့ ယင်လတ်တို့ ချီးကိုစားရမှာ
အသာလေးရှောင်ပြီး နိုင်ငံရေးနဲ့ အသာလေး
ပြန်ဝင်လာတာ ပါတီလည်း မပျက်ဖူး၊မျိုးဆက်
လည်း မပျက်ဘူးဗျာ။

အခု မကြာခင် အစိုးရအဖွဲ့ထဲ ပြန်ပါလာအုံးမှာ

ဆိုလိုတာက ဇော်ဝေစိုးတို့ ချီးဘရိန်းဆိုတာက
ဟိုဘက်က နိုင်ငံရေးသမားတွေနဲ့ယှဉ်ပြတာပါ။

အခုတော့ နောက်ကျသွားပါပြီ
မင်း လှန်ရေးလို့ အော်ပြီးသေကြမှာပဲ
စာရေးပြလည်း မင်းတို့နားဝင်မှာ မဟုတ်ဘူး။

နောက်တစ်ချက်က စောက်ရူးစောက်ပိန်း
ရသေ့စိတ်ဖြေ သတင်းတွေကို လိုက်မယုံနဲ့ဟ
ဖြစ်နိုင်လား မဖြစ်နိုင်လားစဉ်းစားရတယ်။

ဒီနေရာမှာ ဒီနေ့မှာ စစ်တပ်က ဘယ်လောက်
သေပါတယ်။ မင်း အလောင်းမြင်ရလို့လား
အလောင်းမြင်ရရင်တင်လေ။

ငါတို့ဘက်က တင်တယ်ဆိုတာက လက်တွေ့
တင်တာ အကျအဆုံးစာရင်းကို အလောင်းပုံ
ရမှ ငါတို့က တိတိကျကျ တင်တာ မင်းတို့
ဖတ်နေတဲ့ ခေတ်ဖျက်တို့ မြင်းစီးမ တို့လို
ရသေစိတ်ဖြေ သတင်းမျိုးတင်တာ မဟုတ်ဘူး
ကွ။

ဒီ နေ့ခေတ် မင်းတို့ အရမ်းကံကောင်ပါတယ်။

၂၀၁၀ ဟိုဘက်ပိုင်းက စစ်ခေါင်းဆောင်တွေကို
မင်းတို့ မကြုံလိုက်ရတာပါ။

ပဒက်ဆို အစိပ်သားတောင်မထားနဲ့ ဆိုတဲ့
အမိန့်မျိုးပေးပြီး တာဝန်ယူ တာဝန်ခံရဲတဲ့
စစ်ခေါင်းဆောင် မျိုးတွေပေါ့။ ဒီဘက်ခေတ်ကြ
တော့ စစ်ခေါင်းဆောင်တွေက အဆင့်အတန်း
တစ်ခု ရှိတဲ့ တပ်မတော်ကိုတည်ဆောက်ဆဲ ကာလ
မှာ မင်းတို့ကသွားကြုံတာ ဘာလည်းဆိုတော့
ဥပဒေ ပေါ့နော် စစ်သည်တိုင်းကို ဥပဒေ နဲ့အညီ
သာလုပ်ဖို့ ဥပဒေ နဲ့ အညီသာသွားဖို့
ထိန်းသိမ်းဆောင်ရွက်တဲ့ ကာလ ကို မင်းတို့က
သွားကြုံတာပါ။

တစ်ချိန်က တိုက်စစ်ဆိုရင် တုံးတိုက်တိုက်
ကျားကိုက်ကိုက်ပဲ၊ခံစစ်ဆိုရင် လှေခွက်ချည်ကျန်
အလံမလဲ ပဲ ရှေ့တန်းထွက်တာသည် ရန်သူကို
များများ သတ်နိုင်ဖို့ပဲ။

အဲ့အတွက်လည်း လုံးဝ တာဝန်ယူတဲ့ စစ်ခေါင်း
ဆောင်မျိုးတွေပေါ့။

အခုကော တာဝန်မယူဘူးလားဆိုတော့ ဥပဒေနဲ့
အညီပဲ တာဝန်ယူတာ အရင်ကလို အရမ်းမလုပ်

ဖူး။ မင်းတို့ဆူတယ်ပူတယ် စစ်တပ်က သေနတ်
တစ်ချက်မဖောက်ဘူး။ ရဲနဲ့ပဲ အသာအယာထိန်း
သွားတာ။ 

မင်းတို့ရဲ့နောက်မှာ နိုင်ငံရေးသမားရှိတယ်လေ
သူတို့ဆင်ထားတဲ့ အနေအထားမျိုးဖြစ်ဖို့
နောက်က ပစ်တာပေါ့။

မှန်လိုက်ရင် နောက်စိ နှဖူးကြည့်ပဲ ဆိုတာ နောက်က
ပစ်နေလို့ပေါ့။

စစ်တပ်ကသာမင်းတို့ဆန္ဒပြချိန် လူအုပ်ကြီး
ကိုပစ်ရင် ထောင်နဲ့သောင်းနဲ့ချီပြီး မသာပေါ်မှာ
ပေါ့ ယနေ့ ခေတ်စစ်တပ်က မလုပ်ဖူးကွ။
ဥပဒေအတိုင်းပဲ သွားနေတာ။

တကယ်တော့ ငါ့အမြင်ပြောရရင် အလိုလိုက်
လို့ အမိုက်စော်ကားသော သားသမီးတွေလိုပါ။

ဒါပေမဲ့ တိုင်းပြည်နာတာပေါ့ကွာ။

မင်းတို့ သိအောင် ငါတစ်ခု ပြောပြမယ်
လက်ရှိအချိန်မှာ မင်တို့ရဲ့ဆရာကြီး တွေဖြစ်သော
NUG အကြမ်းဖက်အုပ်စုက ဘာကိုအကြောက်
ဆုံးလည်းဆိုရင် ရွေးကောက်ပွဲကို အကြောက်ဆုံးကွ။

အွန်လိုင်းကပဲလုပ်လုပ် မြေပြင်ကပဲ လုပ်လုပ်
ပြည်သူလူထုက ပဲ တစ်ပြားပေးပြီး ရွေးလို့
တက်လာမည့် အစိုးရကို မင်းတို့ဆရာကြီးတွေ
အရမ်းကြောက်နေတာပါ။

ဘာကြောင့်လည်း သိလား ပြည်သူက မဲတစ်ပြား
ပေးလို့တက်တက် မဲနှစ်ပြားပေးလို့တက်တက်
ပြည်သူက ရွေးလိုက်တဲ့ အစိုးရဖြစ်လို့ မင်းတို့ဆရာကြီးတွေ တော်လှန်းရေး သွားအော်ရင် ခွေးစားခွက်
ပျောက်မည့်ကိန်းဆိုက်နေလို့ပဲကွ။

မင်းတို့က သူတို့အတွက် နဖားကြိုးထိုးခံရတဲ့
နွားတွေ ပါပဲ။ မှိုင်းတစ်ချက်မိတာ တစ်သက်လုံး
နွားဖြစ်နေတော့တာပါ။

Myanmar Update News

23 May, 03:11


ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

နစက အစိုးရအနေဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပ၍ ရွေးကောက်ခံအစိုးရထံသို့ နိုင်ငံ့တာဝန်များ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်သွားမည်ဟုအာမခံကြောင်း ပြောဆိုခဲ့ပါတယ်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် ဦးစွာ ဆောင်ရွက်နေခြင်းဖြစ်ပြီးတိုင်းပြည်အတွက် ကောင်းမွန်သည့်စိတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက မည်သူ့ကိုမဆို လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်ကို အသိပေးလိုကြောင်းနှင့် မိမိတို့အနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက်လိုသည့်စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်းဖြစ်သဖြင့် အောင်မြင်မှု များရရှိမည်ဟု ယုံကြည်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။

Myanmar Update News

20 May, 08:14


သမိုင်းတွင်သော စကားများ

https://t.me/kyawswar96999

Myanmar Update News

16 May, 06:49


ပြည်သူ့ရင်ပြင်ရှေ့တွင် YBS (၁) စီး မီးလောင်မှုဖြစ်ပွား