ရှု့ထောင့်သတင်းစုံ ဂျာနယ်

@information969


Information Channel

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:26


ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း ကသတိပေးစာထုတ်

ရန်ကုန်ုတိုင်း ဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးအသိဖြင့် သတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းက ယနေ့ အောက်တိုဘာ (၂၂) ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

ယမန်နေ့ညက လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေ (၅)ပိဿာပါ သေတ္တာသုံးလုံးကို လူ (၆) ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်လုယက် ဓ-ားပြတိုက်မှု ဖြစ်စဉ်အပြီး ထိုကဲ့သို့ သတိပေးခြင်း ဖြစ်သည်။

သတိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့်မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်သည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေ သယ်ဆောင်သည့် ကားများတွင် Camera တပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း ယမန်နေ့ညပိုင်းကဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ကဆောင်ရွက်နေကြောင်းလည်း သိရသည်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:26


လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၂ ရက် ၉ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။

၎င်းမှာ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးဇလက ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကြောင်း၊ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့် ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:26


၀ါးခယ်မမြို့ မီးလောင်မှုတွင် အဘိုးအိုတစ်ဦး သေဆုံးပြီး ဆိုင်ခန်း ၁၁ ခန်းနှင့် အိမ်တလုံး ဆုံးရှုံးခဲ့

ဝါးခယ်မမြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း (၁၁)ခန်းနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ အဘိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာအောက်တိုဘာလ (၂၁)ရက်နေ့၊ ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီး၌ ဖြစ်ပွားခဲ့တာပါ။

"ဆိုင်ခန်းကနေ မီးစလောင်တာပါ။ လူနေဆိုင်ခန်းပေါ့။ မီးလောင်ဆုံးရှုံးမှုက စုစုပေါင်း ဆိုင်ခန်း (၁၁)ခန်းနဲ့ လူနေအိမ်တစ်လုံး ဆုံးရှုံးသွားပါတယ်။ လူတစ်ဦးသေဆုံးတာရှိပါတယ်။သေဆုံးသူက အသက် (၈၇)နှစ်ရှိပါပြီ။ မီးလောင်မှုကြောင့်ပဲ သေဆုံးသွားတာပါ။မီးလောင်မှုအကြောင်းရင်းကတော့ ဖယောင်းတိုင်မီး ထွန်းထားရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်နိုင်တဲ့ပစ္စည်းတွေကလည်း လူသုံးကုန်ပစ္စည်းတို့၊ကလေးအရုပ်ပစ္စည်းတို့၊ တစ်ရှုးတို့ ၊ ဒိုက်ဘာတို့လည်းရှိတော့ မီးလောင်မြန်တာပေါ့"ဟု ဝါးခယ်မမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။

ယင်းမီးလောင်မှုဖြစ်စဉ်၌ အချိန်ယူငြှိမ်းသတ်ခဲ့ကြရပြီး Level 2အဆင့်ရှိတယ်လို့သိရပါတယ်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:26


ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွား

အောက်တိုဘာ ၂၂

၂၂.၁၀.၂၀၂၄ ရက်နေ့၊ ၀၅ ၃၄ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၃/၅)နှင့် (၂၄၃/၆) ကြားတွင် ဘီးပေါက်၍ ရပ်တန့်ထားသော FUSO ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော SOJEN ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် SOJEN ယာဉ်ပေါ်ပါ ကျား (၆)ဦးနှင့် မ(၈)ဦး စုစုပေါင်း (၁၄)ဦးအနက် ကျား(၁)ဦးနှင့် မ(၁)ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁)ဦးနှင့် မ(၁)ဦး (စိုးရိမ်ရ)၊ ကျား(၄)ဦးနှင့် မ(၆)ဦး (မစိုးရိမ်ရ)တို့အား  ဘုရားတောင်အမြန်လမ်းမကြီးရဲစခန်းမှယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့  ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် FUSO ယာဥ်ပေါ်ပါ ကျား (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးခဲ့ဘူးလို့သိရပါတယ်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:25


ရန်ကုန်၊ အောက်တိုဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်မြို့နယ် အ.ထ.ကအမှတ် ( ၁ ) အခြေခံပညာ အထက်တန်းကျောင်း မရမ်းကုန်းမြို့နယ်ရှိ စန္ဒီမာခန်းမတွင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) YMBA. ပြည်တွင်းပြည်ပသာသနာပြု  "ပ" သုံးလုံးဆရာတော် ဘဒ္ဒန္တဝိမလဘိဝံသ၏ ( ၃၈ )ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြုရှင်းလင်းပွဲအား ၂၁.၁၀.၂၀၂၄ ရက်နေ့ နေလည်(၁း၀၀ )နာရီအချိန်တွင် အခမ်းအနားဖြင့်ပြုလုပ်ခဲ့သည်။

ပထမဦးစွာ နမောတဿ သုံးကြိမ်ရွက်ဆိုဖွင့်လှစ်ခဲ့ပြီး "ပ" သုံးလုံးဆရာတော်မှ (၃၈) ဖြာမင်္ဂလာတရား နှင့်အညီ ကျောင်းသား-ကျောင်းသူလေးများအား နှုတ်ခွန်းဆက်သခြင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဆရာ/ဆရာမ များ၊ ကျောင်းသားကျောင်သူ (၂၀၀) ကျော်တို့အား ၃၈ ဖြာနှင့် ယဉ်ကျေးလိမ္မာ အထောက်အကူပြုရှင်းလင်းပြသခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဗဟို) မှတာဝန်ရှိသူများ၊ တိုင်းဥက္ကဋ္ဌ ဦးသန့်စင် နှင့်အလုပ်အမှုဆောင်များ၊ မရမ်းကုန်းခရိုင်ဥက္ကဋ္ဌ နှင့် အမှုဆောင်များ၊ မြို့နယ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ မြောက်ဥက္ကလာပမြို့နယ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ထန်းတပင်မြို့နယ် အတွင်ရေးမှုး ဦးရန်လင်းအောင်နှင့် အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား (၁၀ ၃၀ )အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:25


လှိုင်မြို့နယ်တွင်​ရွှေဆိုင်မှအိမ်ပြန်သယ်လာသည့်​ရွှေသေတ္တာသုံးလုံးကို​သေနတ်ဖြင့်ပစ်ခတ်လုယက်သွား

အောက်တိုဘာ၂၁

လှိုင်မြို့နယ်၊​(၄)ရပ်ကွက်၊အေးရိပ်မွန်လမ်းမကြီး၊ခြံအမှတ်(၂)​ရှေ့တွင်​အောက်တို ဘာလ၂၁ရက် ည​နေ ၆း၃၅နာရီအချိန်ကဆိုင်မှပြန်သိမ်းလာသည့်​ရွှေ​သေတ္တာသုံးလုံးကို​သေနတ်ပစ်​ဖောက်လုယက်သွား​ခဲ့တယ်လို့ဆိုပါတယ်။

ကမာရွတ်မြို့နယ်အင်းစိန်လမ်းနှင့်ဆင်​ရေတွင်းလမ်း​ထောင့်တွင်ဖွင့်ထား​သောမြ​ရွှေယုံ​ရွှေဆိုင်မှ​သေတ္တာသုံးလုံးဖြင့်ထည့်ထား​သော​ရွှေထည်ငါးပိသာကိုပိုင်ရှင်က​နေအိမ်သို့ကားဖြင့်ပြန်ပို့ခိုင်းသဖြင့်ကားသည်ဆိုင်မှထွက်လာပြီး​နေအိမ်ခြံ​ရှေ့အ​ရောက်တွင်​နောက်မှလိုက်လာသည့်စိစစ်ဆဲအဖြူ​ရောင်ကား​ပေါ်မှလူနှစ်ဦးဆင်းလာကာတစ်ဦးက​သေနတ်ဖြင့်ကားသမားကိုချိန်ပြီးတစ်ချက်ပစ်ခတ်ခဲ့သည်ဟုသိရပြီးနောက်တစ်ဦးကပစ္စည်းသယ်လာသည့်ကား၏​နောက်​လေကာမှန်ကိုတူဖြင့်ခွဲကာ​ရွှေထည်ထည့်ထားသည့်​သေတ္တာသုံးလုံးကိုယူ​ဆောင်ပြီးကားနှင့်ပြန်ထွက်​ပြေးသွားတယ်လို့သိရပါတယ်။​

သေနတ်ဖြင့်ပစ်ခတ်မှု​ကြောင့်လူထိခိုက်မှုမရှိပဲအိမ်သံတံခါးကိုထိမှန်ခဲ့​ကြောင်းနှင့်တရားခံများဖမ်းမိရန်ပူး​ပေါင်းအဖွဲ့ဖြင့်​ဆောင်ရွက်​နေ​ကြောင်းသိရပါတယ်။

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:25


အကြမ်းဖက်သမားအယောင်ဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များထံ ခြိမ်းခြောက်ငွေကြေးတောင်းခံနေသည့် တရားခံများအား ဖမ်းဆီးရမိ။

နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ ၂၁ ရက်

ရှု့ထောင့်သတင်းစုံ ဂျာနယ်

21 Jan, 00:25


သတိပေးနှိုးဆော်
==========+=========