Hana: Movies Box✨

@hanamoviebox


Hope You Enjoy💛

Hana: Movies Box✨

21 Jan, 00:26


Muoi- The Legend of a Portrait (2007)

ဒီဇာတ်ကားလေးကတော့ ကိုရီးယား ဒါရိုက်တာက ဗီယက်နမ်မြိုကို နောက်ခံထား၍ သမိုင်းအကြောင်းကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေး ဖြစ်ပြီး Horror ဇာတ်ကားကောင်း‌လေး ဖြစ်ပါတယ် ဆု‌ကောင်းတွေလည်း ရရှိထားတဲ့ ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းလေးကတော့ ကိုရီးယားက စာရေးဆရာမလေးက မိမိရဲ့ ဒုတိယဝတ္ထူ စာအုပ်ကို ထုတ်ဝေနိုင်ရန် ကုန်ကြမ်းရှာနေချိန် ဗီယက်နမ်မှာ‌ နေတဲ့ သူငယ်ချင်းက ပြောပြတဲ့ဗီယက်နမ်က မူအီဆိုတဲ့ ရာစုနှစ်တစ်ခုကြာတဲ့ ရက်စက်ကြမ်းကြုပ်တဲ့ ဝိညာဉ်အကြောင်းကို ပြောပြရာမှ နောက်ဝတ္ထူအဖြစ် မူအီအကြောင်း ရေးသားရန် ဗီယက်နမ်ကို သွားရောက်ခဲ့ပါတယ်။သူမရဲ့ ဝတ္ထူကရော အဖြစ်မြောက်မလား ဘယ်လို ကြောက်လန့်တုန်လှုပ်ဖွယ်ရာများကိုလည်း ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ်ကားလေးဖြစ်ပါတယ် ။

Movie link >> https://t.me/hanamoviesforyou/201

Hana: Movies Box✨

21 Jan, 00:25


The Girl on a Bulldozer (2022)

လူကောင်သေးသေးလေး နဲ့ မိုက်တဲ့ ဖိုက်တာအစ်မကြီးရဲ့ ဘူဒိုဇာ မောင်းတဲ့ကား လေး တင်ဆက်ပေးပါဦး မယ်ကိုယ် မဟုတ်ရင် နည်းနည်းမှ အထိမခံတဲ့ ဂူဟယ်ယောင်းဟာ အကြမ်းဖက်မှုနဲ့ ကျောင်းထွက်လိုက်ရပါတယ်အဲဒီနောက်မှာတော့ အ ဖေဖြစ်သူ ရဲ့ ရုတ်တရက်ဖြစ်သွားတဲ့ ယာဥ်တိုက်မှု နောက်ကွယ်ကအကြောင်းအရင်းကို လိုက်စုံစမ်းရင်းနဲ့ အမှန်တရားကိုသိသွားပါ တော့တယ်အသက် ၁၉ နှစ်ပဲ ရှိသေးလို့ မယောင်မလည်နဲ့ စုံစမ်းတဲ့ နေရာမှာတောင်ဒေါသကို ရှေ့တန်းတင်တဲ့ ကောင်မလေးဆို ပေမယ့်မောင်ဖြစ်သူကို တော့ အစ်မကြီးပီပီ ဂရုတစိုက်နဲ့ ချစ်တတ်ပါ သေးတယ် Sky Castle ထဲက မင်းသမီး Kim Hye Yoon အပြင်စုံထောက်အဖြစ် Super Junior’s Ye Sung လည်းပါဝင်ထားပါတယ် Kim Hye Yoon ရဲ့ ကာရိုက်တာနဲ့တစ်သားတည်းကျအောင် တင်ဆက်သွားမလဲ ဘယ်လိုတွေ ကြမ်းသွားမလဲဆိုတာကို ကြည့်ရှု ပေးကြပါဦးနော်

Movie link >> https://t.me/hanamoviesforyou/200

Hana: Movies Box✨

21 Jan, 00:25


Ditto (2022)

အမိုက်စား သရုပ်ဆောင်တွေဖြစ်တဲ့ အိုပါး Yeo Jin Goo, ဇွန်ဘီးမလေးCho Yi Hyun,Snow Drop ထဲက ဘို့ဟီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Kim Hye-Yoon, အိုပါး Na Im Woo, အိမ်ရှေ့စံ Bae In-Hyuk တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Ditto ဇာတ်ကားလေး ထွက်ရှိလာပါပြီ။၁၉၉၉ ခုနှစ် ယုံး(Yeo Jin Goo) ဟာ မြင်မြင်ချင်း ချစ်မိသွားတဲ့ဟန်ဆိုးလ်(Kim Hye Yoon) ကို ဖမ်းစားဖို့အတွက် သူငယ်ချင်းတစ်ယောက်ထံကနေ HAM ရေဒီယိုလေးကိုငှါးခဲ့ပါတယ်။၂၀၂၂ ခုနှစ် မွန်နီး(Choi Yi Hyun) ကလည်း assignment လုပ်ဖို့အတွက် HAM ရေဒီယိုအဟောင်းလေးကို ဖွင့်လိုက်ပါတော့တယ်။

"CQ... CQ... ကျွန်မရဲ့ အသံကိုကြားလားဟင်?"

လကြတ်တဲ့နေ့တစ်နေ့၊ အချိန်တွေကျော်လွန်ပြီး အံ့ဖွယ်ဖြစ်ရပ်လိုမျိုး ဆက်သွယ်မိသွားတဲ့ ယုံးနဲ့ မွန်နီးတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာနဲ့ ခင်မင်ရင်းနှီးမှုအကြောင်းပြောကြပြီး ထူးခြားတဲ့ ခံစားချက်တွေ ဖန်တီးကြရင်းနဲ့... သူတို့တွေကရော အချစ်ဦးနဲ့ ပြည့်မြောက်နိုင်မှာလား? ငြိမ့်ငြိမ့်လေးနဲ့ အေးအေးလေးကိုမှ ကြည့်ချင်တဲ့သူများအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/199

Hana: Movies Box✨

21 Jan, 00:25


Behead the King (2017)

ဂျိုဆွန်းတိုင်းပြည်က မိန်းကလေးတွေအတွက်တော့ ငရဲပဲ။ဂျိုဆွန်းခေတ်၊ အမြော်အမြင်ရှိပြီး လေးစားခံရတယ်လို့သတ်မှတ်ခံရတဲ့ ဆောင်ဂျုံးဘုရင်လက်ထက်ကို ဇာတ်အိမ်တည်ထားပါတယ်။အသက် ၁၃ နှစ်နဲ့နန်းတက်ပြီး မယ်တော်ကြီးနဲ့ မူးမတ်တို့ရဲ့ ကြိုးကိုင်မှုခံရတဲ့ ဆောင်ဂျုံးဘုရင်ဖြစ်တဲ့အလျောက် မယ်တော်ကြီးကပဲ ချုပ်ကိုင်ချယ်လှယ်ခဲ့ပါတယ်။မယ်တော်ကြီးဟာ မိန်းကလေးတွေကို သူရဲကောင်းအာဇာနည်ဖြစ်ခွင့်ပေးတယ်ဆိုပြီး ခင်ပွန်းသေရင် ဇနီးသည်ပါလိုက်သေရတဲ့ ဥပဒေကိုဖော်ဆောင်ခဲ့ပါတယ်။ဥပဒေအသစ်တွေပြောင်းပြီး ညစ်ညမ်းတဲ့ဆောင်ကြာမြိုင်တွေကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာတော့ အသက်ရှင်ကျန်နေခဲ့တဲ့ကချေသည်ဘီဆောဟာ ဘုရင်ကိုမုန်းတီးပြီး လက်စားချေမယ့်အစီအစဉ်ကို အကောင်အထည်ဖော်ပြတော့တယ်။ကချေသည်ဘီဆောရဲ့လက်စားချေမှုက အောင်မြင်မလား သူ့ရဲ့အဆုံးသတ်ကဘယ်လိုဖြစ်မလဲဆိုတာကို ကြည့်ရှုပေးကြပါဦးနော်။

Movie link >> https://t.me/hanamoviesforyou/198

Hana: Movies Box✨

21 Jan, 00:21


Di-ary of Ju-ne (2005)

ကျောင်းသားတစ်ယောက် တံတားပေါ်မှာအသတ်ခံလိုက်ရတယ်။ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတစ်ယောက် သတ်သေတဲ့အမှု တစ်ခုထပ်ဖြစ်သွားတယ်။သို့ပေမဲ့ သေချာစုံစမ်းကြည့်လိုက်တဲ့အခါမှတော့လူသတ်မှုပဲဖြစ်နေခဲ့တယ်။သဲလွန်စဆိုလို့ ဗိုက်ထဲမှာ မျိုချထားတဲ့ခပ်ဆန်းဆန်းလက်ရေးတိုစာရွက်လေးတစ်ခုပဲရှိတယ်။အဲ့ဒီနောက်မှာတော့လူသတ်မှု ၂ခုအပြီးမှာပဲ ဆက်တိုက်ဆိုသလိုကျောင်းသားကျောင်းသူအချို့ အသတ်ခံလိုက်ရချိန်မှာတော့ဘာ့ကြောင့် လူသတ်သမားဟာ ကျောင်းသား  ကျောင်းသူတွေကိုအဓိက ထားပြီးသတ်တာလဲ။စုံထောက်တွေကရော ဒီတရားခံကိုဖော်ထုတ်နိုင်မလားဆိုတာကိုတော့…

Movie link >> https://t.me/hanamoviesforyou/197

Hana: Movies Box✨

21 Jan, 00:21


Pa-st Li-ves (2023)

သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်၊ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်၊တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်၊ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။

Movie link >> https://t.me/hanamoviesforyou/196

Hana: Movies Box✨

21 Jan, 00:21


Tw-ilight Ga-ngsters (2010)

ဂျောင်ဂျာ၊ ယောင်းဟီးနဲ့ ရှင်းဂျာဆိုတဲ့ သူငယ်ချင်း ၃ယောက်ဟာ ဟာဝိုင်အီကိုအထူးပက်ကေ့ချ်နဲ့ ခရီးသွားဖို့အတွက် ပိုက်ဆံတွေကို ခက်ခက်ခဲခဲ နဲ့ စုလာခဲ့ကြတာ၈နှစ်ကြာတဲ့နောက်မှာတော့ သူတို့ လိုချင်တဲ့ပမာဏ ပြည့်သွားကြပါတယ်။အဲဒါနဲ့ ခရီးစဥ်ပက်‌ကေ့ချ်အတွက် ငွေသွင်းဖို့ ဘဏ်သွားရာမှ ကံမကောင်းစွာနဲ့ဘဏ်ဓားပြတိုက်ခံရပြီး သူတို့ရဲ့ ပိုက်ဆံတွေ အကုန်ပါသွားပါတော့တယ်။ဘဏ်ကလည်း ဓားပြတိုက်ခံရတဲ့ ငွေတွေကို တာဝန်မယူဘဲ ခေါင်းရှောင်တဲ့အခါမှာတော့အာဂအဘွားကြီး ၃ယောက်ဟာ ဘဏ်ကို ပြန်ဓားပြတိုက်ပြီး သူတို့ရဲ့ ဆုံးရှုံးသွားတဲ့‌ငွေတွေကို ရအောင် ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါဘဝဇာတ်ခုံပေါ်မှာ တွေ့ကြုံရတဲ့ လောကဓံတရားတွေကို ရသမျိုးစုံနဲ့ ရိုက်ကူးထားတဲ့အပြင် အချိန်တွေ အကြာကြီး အတူတူရှိလာကြတဲ့ သူငယ်ချင်းအဘွားကြီး ၃ယောက်ရဲ့သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေ၊ တစ်ယောက်အပေါ်တစ်ယောက် အနစ်နာခံမှုတွေကိုပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ကားဖြစ်တာမို့ တင်ဆက်ပေးလိုက်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/195

Hana: Movies Box✨

21 Jan, 00:19


အားလုံးကို ကန်တော့ပါတယ်ရှင့် မုန့်ဖိုးပေးချင်ရင် @CTYSLN မှာ တိတ်တိတ်လေးလာပေးလိုက်ပါ 🙂‍↕️

Hana: Movies Box✨

21 Jan, 00:17


Ti-me St-ill Tu-rns Th-e Pa-ges (2024)

Movie link >> https://t.me/hanamoviesforyou/194

Hana: Movies Box✨

21 Jan, 00:17


Sm-ugglers (2023)

အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်းမှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။

Movie link >> https://t.me/hanamoviesforyou/192

Hana: Movies Box✨

21 Jan, 00:17


Th-e Se-cret Sc-andal (2013)

ဝမ်းနည်းစရာ ဖြစ်ရက်မှန် ဇာတ်လမ်းလေး ဖြစ်ပါတယ်။၂၀၁၃ ခုနှစ်မှာထွက်ခဲ့တဲ့drama/thriller အမျိုးအစားရုပ်ရှင်ကားဖြစ်ပါတယ်။ကိုရီးယားရုပ်ရှင်လောကရဲ့အရှုပ်အထွေးတွေကို ရိုက်ပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့သတင်းထောက်လီဂျန်ဟိုကမင်းသမီးဂျောင်ဂျီဟဲ suicude လုပ်သွားတဲ့ကိစ္စရဲ့နောက်ကွယ်ကအကြောင်းတွေကိုလိုက်စုံစမ်းရင်းမင်းသမီးကိုဒါရိုက်တာနဲ့ ပရိုဂျူဆာတို့ကလိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အကြောင်းတွေပါပေါ်လာကြပြီးတော့တရားရုံးမှာအမှုရင်ဆိုင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ငွေရှိရင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့အတိုင်း ငွေရှိတဲ့သူတွေကလူပါးဝပုံတွေမင်းသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုတွေကိုပါဒီဇာတ်ကားမှာတွေ့နိုင်ပါတယ်။အဲ့ဒီ့ကနေတရားရင်ဆိုင်ကြရင်ဖြစ်လာတဲ့အဆက်အခဲတွေဒီအမှုကိုနိုင်သွားမှာလား ရှုံးနိမ့်မှာလားဆိုတာကတော့ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ပေးကြပါဦးဗျာ။Min Ji-hyun သည် 2013 ခုနှစ် 50th Grand Bell Awards တွင် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့အဖြစ် လျားထားခြင်းခံထားရသူဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/191

Hana: Movies Box✨

21 Jan, 00:17


Th-e Ki-ng's Ca-se No-te (2017)

အဓိကဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ ‘ဂျိုဆွန်’မင်းကြီးနဲ့သူ့ရဲ့စာတမ်းပြုစုသူ ‘ယွန်ရီဆွန်’တို့ကိုရှားလော့ဟုမ်းနဲ့ဒေါက်တာဝပ်ဆင်လို ပုံစံမျိုးသရုပ်ဖော်ထားပါတယ်။ဂျိုဆွန်မင်းကြီးကသာမန်ရှင်ဘုရင်မဟုတ်ပေခေတ်မှီသလို ဥာဏ်ရည်လဲထက်မြက်ပြီး ဂရုဏာတရားလဲ အပြည့်အဝရှိသူပါ။ဟိတ်ဟန်တွေကို မုန်းသူတစ်ယောက်ဖြစ်သလို ဟာသဆန်ဆန်လဲ နေတတ်ပါသေးတယ်။နန်းတွင်းထဲမှာတော့ အမှုထမ်းအကြီးပိုင်းတွေမှာ အာဏာလွန်ဆွဲပွဲတွေဖြစ်ပေါ်နေပြီးဘယ်သူ့ကိုမှယုံကြည်လို့မရတဲ့အချိန်မှာရှင်ဘုရင်ဟာယွန်ရီဆွန်ဆိုတဲ့ အူကြောင်ကြောင်လူငယ်လေးကို သူ့ဘေးနားမှာ ဘုရင့်မှတ်တမ်းပြုစုသူရာထူးနဲ့ အတွင်းရေးမှူးပုံစံ ခန့်အပ်ထားလိုက်ပါတယ်။အဲ့ဒီနောက်မှာပဲထူးဆန်းတဲ့ဖြစ်ရပ်တွေ တိုင်းပြည်အတွင်းမှာပေါ်ပေါက်လာပြီးနောက် ကောလဟာလတွေကလည်းပြည်သူလူထုကြားထိတ်လန့်ဖွယ်ပျံ့နှံ့နေပါတယ်။ဒီလိုမျိုးဖြစ်ရပ်တွေနောက်ကွယ်မှာ ကြိုတင်အကွက်ချထားတဲ့ပုန်ကန်မှုအကြီးစားကြီးတစ်ခုရှိနေခဲ့ပြီးမင်းကြီးနဲ့’ယွန်ရီဆွန်’တို့ ပြသနာအားလုံးရဲ့အရင်းအမြစ်ကိုဆက်စပ်ရှာဖွေကာပုန်ကန်မှုကြီးကိုဟန့်တားဖို့ကြိုးစားကြတဲ့အကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/190

Hana: Movies Box✨

21 Jan, 00:16


EX-IT (2019)

ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစတောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ။အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက်အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီးအိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့။ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီးအိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ။ တစ်ရက်မှာတော့ ယောင်နမ်တို အမေ ရဲ့ မွေးနေ့ အဖြစ်ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ပါတီ ကျင်းပကြပါတယ်။အဲ့ဒီမှာ အလုပ်လုပ်နေတဲ့အူဂျူ á€†á€­á€Żá€á€˛á€ˇ ယောင်နမ် နဲ့ အရင်ကတောင်တက် လေ့ကျင့်နေကြ ကောင်မလေး နဲ့ ပြန်ဆုံပါလေရော..ပျော်ရမယ် မကြံရသေးပါဘူး။ယောင်နမ်တို ပါတီလုပ်နေတဲ့ နေရာနားမှာပဲ လူလုပ်တဲ့သဘာ၀ ဘေး တစ်ခု ကျရောက်လာပါတော့တယ်။ယောင်နမ် နှင့် မိသားစု အားလုံး အထဲမှာ ပိတ်မိနေပြီးမိသားစု တွေကို ဘေးကင်းရာ ပိုဖို နဲ့ အသက်ဆက်ရှင်ဖိုစီစဉ်ရတဲ့ အခါ

Movie link >> https://t.me/hanamoviesforyou/189

Hana: Movies Box✨

21 Jan, 00:15


A Ha-rd Da-y (2014)

ဇာတ်လမ်းလေးကတော့ လာဘ်စားအကျင့်ပျက် စုံထောက်ရဲတစ်ဦးဟာသူ့ရဲ့မိခင် မကြာသေးမီက ကွယ်လွန်သွားတဲ့အတွက်အရေးတကြီးနဲ့ လှိုဏ်ခေါင်းလမ်းတွေကနေ အမြန်ကားမောင်းလာပါတယ်။သူ့ရဲ့အဖွဲ့ဟာလည်း လာဘ်စားခြင်းကိစ္စအတွက်နဲ့ စစ်ဆေးမှုတွေ ခံယူနေရပါတယ်။ရဲဟာ လမ်းပေါ်မှာ သွားနေတဲ့လူတစ်ယောက်ကိုကားနဲ့တိုက်မိသွားပြီးတော့လူသတ်မိသွားပါတယ် ။သူဟာကြောက်ရွံ့ပြီး အလောင်းကိုတိတ်တဆိတ်သယ်ဆောင်လာခဲ့ပါတယ်။ ထို့နောက် ဘာတွေဆက်ဖြစ်ကြမလဲ?လူသတ်မှုကကောအမှုမှန်ပေါ်ပေါက်ပါမလား။ ဘယ်လိုတွေဆက်ပြီးတော့ကြုံတွေ့လာရနိုင်မလဲ ဆိုတာတွေကိုစိတ်ဝင်စားဖွယ် မှုခင်းတစ်ခုအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။Crime Action Thrillerရုပ်ရှင်ကားကောင်းများကို နှစ်ခြိုက်ကြသူတို့သဘောတွေ့စေမယ့်ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

https://t.me/hanamoviesforyou/188

Hana: Movies Box✨

21 Jan, 00:14


Mo-urning Gr-ave (2014)

ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ။အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ
တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်။ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊
နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/187

Hana: Movies Box✨

21 Jan, 00:14


Ho-wling (2012)

ဒီကားထဲမှာတော့ ကိုရီးယားရဲ့အထင်ကရမင်းသားကြီး Kang-ho Song က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။စုံထောက် ဂျိုဆန်းဂီဟာ မာဖိုရဲစခန်းက စုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူ့ကို အဖွဲ့ခေါင်းဆောင်က အမြဲတမ်း အမှုသေးတွေပဲ ပေးကိုင်လေ့ရှိပါတယ်။ဒီတစ်ခေါက်မှာလည်း ဆေးသမား တစ်ယောက် ကားထဲမှာ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့အမှုကို သူ့ကိုပေးကိုင်ထားပါတယ်။အဲ့ဒီ့အပြင် အသစ်ရောက်လာတဲ့ မိန်းကလေးစုံထောက် ချာအွန်ယောင်းနဲ့လည်း အလုပ်တွဲလုပ်စေခဲ့ပါတယ်။အမှုသေးလို့ထင်ရတဲ့ ဒီလူသေမှုဟာ  လူသေမှု မဟုတ်ပဲ လူသတ်မှုဖြစ်နေတဲ့ အပြင် ကွင်းဆက်လူသတ်မှုကြီးတစ်ခုပါဆက်ဖြစ်နေတဲ့အခါမှာတော့မှုခင်းအက်ရှင်ကားကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း…

Movie link >> https://t.me/hanamoviesforyou/186

Hana: Movies Box✨

21 Jan, 00:14


Bu-rning (2018)

ဇာတ်လမ်းအစမှာတော့ လီဂျောင်ဆူနဲ့ ရှင်းဟဲမီဆိုတဲ့ ငယ်သူငယ်ချင်းနှစ်ယောက်အမှတ်မထင်ပြန်တွေ့ကြပြီး တယောက်နဲ့တယောက် မသိလိုက်ချိန်မှာပဲ ချစ်သွားခဲ့ကြတယ် အဲ့လိုနဲ့ တရက်ကောင်မလေးက အာဖရိကကို ခရီးသွားရင်း အကိုဘန်ဆိုတဲ့လူနဲ့ သိကျွမ်းလာခဲ့ပြီး အရမ်းရင်းနှီးသွားရင်း ကောင်လေးနဲ့လည်း အသိအကိုဆိုပြီး မိတ်ဆက်ပေးခဲ့တယ်အဲ့လိုနဲ့ အကိုဘန်နဲ့ ကောင်မလေးက ရင်းနှီးလွန်လာပြီး တပူးပူးတတွဲတွဲဖြစ်လာတော့ ကောင်လေးခင်မျာ ပြောလဲမပြောရဲ ခံလဲခံစားရရင်း ကြိတ်ခံနေလာခဲ့တယ်အဲ့လိုနဲ့ အကိုဘန်ဆိုတဲ့လူက ကောင်မလေူတွေနဲ့ ပက်သက်ပြီး သတ်သတ်နေခဲ့တယ်ဆိုတာကို သိသွားတဲ့အချိန်မှာတော့ ရှင်းဟဲမီတယောက်ပျောက်ဆုံးနေခဲ့ပါပြီ။ဒါပေမယ့်လည်း မသေချာသေးတာမို့ ကောင်လေးက ကြိတ်ခံစားရင်း လိုက်လဲရှာ စုံစမ်းရင်း သေမတတ်ခံစားပြီး လျှောက်သွားနေခဲ့ပါတယ်နောက်ဆုံးမှာတော့ ကောင်လေးက ကောင်မလေးကို ရှာတွေ့သွားမှာလား။ ဒါမှမဟုတ် တကယ်ပဲ အကိုဘန်က ကောင်မလေးကို သတ်လိုက်တာလား။ကောင်လေးကရော ဘာတွေဆက်လုပ်မှာလဲဆိုတာ

Movie link >> https://t.me/hanamoviesforyou/185

Hana: Movies Box✨

21 Jan, 00:13


🔞🔞Pa-ju (2009)🔞🔞

မိဘတွေမရှိဘဲ အစ်မနဲ့ နစ်ယောက်တည်းနေရင်း အစ်မကို ကာကွယ်ပေးချင်တဲ့စိတ်ကြောင့် အိမ်က ထွက်ပြေးခဲ့တဲ့ ကောင်မလေးဟာ ပြန်လာတော့လည်း အစ်မက သေဆုံးသွားတာကြောင့်ခဲအိုနဲ့ အဆင်မပြေပြန်လို့ နောက်တစ်ခါထပ်ပြီးထွက်ပြေးခဲ့ပါတယ်။အဲလိုနဲ့ ၇ နှစ်ကြာမှ အစ်မဖြစ်သူရဲ သေဆုံးရတဲ့ အကြောင်းအရင်းကို သိသွားပြီး စုံစမ်းရင်းနဲ့အစ်မဖြစ်သူ သေဆုံးမှုမှာ ခဲအိုပတ်သက်လိမ့်မယ်လို့ သံသယဝင်လာပါတော့တယ်၊။ပြန်လာတဲ့အချိန်မှာလည်း မိဘတွေအမွေပေးခဲ့တဲ့ အိမ်ကဖွံ့ဖြိုးမှုအတွက် ပြန်လည်တည်ဆောက်မှု နယ်မြေထဲပါနေပြန်တော့အဲအတွက်လည်း ကြိုးစားရပါတော့တယ်။ဇာတ်လမ်းကငြိမ့်ငြိမ့်လေးပဲသွားတာဖြစ်ပြီး ဆုတွေလည်း အများကြီး ရထားတဲ့ ရုပ်ရှင်တစ်ခုပါ။အမြင်မတော်တဲ့အခန်းတချို့ပါတဲ့အတွက် မိသားစုနဲ့မကြည့်ဖို့ သတိပေးချင်ပါတယ်။ရုပ်ရှင်ကို တစိမ့်စိမ့်ခံစားပြီး ကြည့်တတ်တဲ့သူတွေ အကြိုက်ဖြစ်စေမှာပါ။

Movie link >> https://t.me/hanamoviesforyou/184

Hana: Movies Box✨

21 Jan, 00:13


In-truder (2020)

Mystery/Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဇနီးဖြစ်သူကိုဆုံးရှုံးလိုက်ရလို့ဝမ်းနည်းမှုနဲ့နေထိုင်နေရတဲ့ဂန်ဆောဂျင်းဆိုတဲ့ နာမည်ကြီးဗိသုကာပညာရှင်တစ်ယောက်ငယ်ငယ်လေးတုန်းက ညီမဖြစ်သူယူဂျင်းပျောက်သွားခဲ့လို့အဲဒီစိတ်ဒဏ်ရာကိုလည်း ခံစားနေရတယ်။၂၅နှစ်အကြာမှာတော့ ပျောက်ဆုံးသွားတဲ့ညီမဖြစ်သူကမိသားစုဆီကိုရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့တယ်။ပြန်လည်ရောက်ရှိလာတဲ့ ညီမဖြစ်သူရဲ့ပုံမမှန်မှုတွေကိုဆောဂျင်းတစ်ယောက် မသိစိတ်ကနေ ခံစားနေရတဲ့အခါ၊ပရိသတ်အချစ်တော်ဆုန်းဂျီဟိုရဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ဆုန်းဂျီဟိုနဲ့ဂင်မူယောတို့နှစ်ယောက်ရဲ့လိုက်ဖက်ညီတဲ့သရုပ်ဆောင်မှုကို ခံစားသိမြင်ရပါလိမ့်မယ်။ပုံမှန်အေးဆေးတဲ့ဂျီဟိုတစ်ယောက် ဘယ်လိုပြောင်းလဲသရုပ်ဆောင်ထားလဲဆိုတာ ဒီဇာတ်ကားလေးမှာ မြင်တွေ့နိုင်ပါလိမ့်မယ်

Movie link >> https://t.me/hanamoviesforyou/183

Hana: Movies Box✨

21 Jan, 00:13


Oh! Br-others (2003)

အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီးဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။တစ်နေ့မှာတော့ ဆန်းဝူတစ်‌ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီးအဖေရဲ့‌ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက်သူ့အ‌ဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေးအိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီးအကြွေးဆပ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ ဟာသနှောပြီးကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

Movie link >> https://t.me/hanamoviesforyou/182

5,607

subscribers

194

photos

1

videos