Myanmar Varient Entertainment - Entertainment News Channel

@myanmarvariententertainment2


An entertainment and pop-culture media channel.

Myanmar Varient Entertainment - Entertainment News Channel

22 Oct, 14:04


Christopher Nolan ရဲ့ ရုပ်ရှင်သစ်မှာ Tom Holland လည်း ပါဝင်သွားမယ်

အောက်တိုဘာ ၂၂၊ ၂၀၂၄။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့hristopher Nolan ဟာ ၂၀၂၃ က ရုံတင်ပြသခဲ့တဲ့ ၎င်းရဲ့ နာမည်ကြီးဆုရရုပ်ရှင် Oppenheimer အပြီးမှာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားကို ရိုက်ကူးသွားမှာဖြစ်ပြီး အဆိုပါရုပ်ရှင်သစ်မှာ Oppenheimer သရုပ်ဆောင် Matt Damon လည်း ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Oppenheimer ရုပ်ရှင်မှာ MCU ရုပ်ရှင်တွေက သရုပ်ဆောင် Robert Downey Jr. က antagonist ဇာတ်ကောင် Lewis Strauss အဖြစ် ပါဝင်ခဲ့ပြီး အဆိုပါဇာတ်ကောင်နဲ့ပဲ Robert Downey Jr. ဟာ အော်စကာဆုတစ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုအသစ်ရိုက်မယ့် Christopher Nolan ရဲ့ ရုပ်ရှင်သစ်မှာလည်း နောက်ထပ် Marvel သရုပ်ဆောင်တစ်ဦး ပါဝင်သွားမှာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

Marvel Studios နဲ့ Sony တို့ ပူးတွဲရိုက်ကူးခဲ့တဲ့ Spider-Man ရုပ်ရှင်သုံးကားတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Tom Holland ဟာလည်း Christopher Nolan ရဲ့ ရုပ်ရှင်သစ်မှာ ပါဝင်သွားမှာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဘယ်ဇာတ်ကောင်နေရာကနေ ပါဝင်သွားမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Christopher Nolan ရဲ့ အဆိုပါရုပ်ရှင်သစ်ကို Oppenheimer ကိုရိုက်ကူးခဲ့တဲ့ Universal Studio မှာပဲရိုက်ကူးဖြန့်ချိသွားမှာဖြစ်ပြီး Christopher Nolan နဲ့ ၎င်းရဲ့ဇနီးသည် Emma Thomas တို့ရဲ့ ထုတ်လုပ်ရေးကုမ္ပဏီ Syncopy ကပဲ ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

Nolan ရဲ့ အဆိုပါရုပ်ရှင်သစ်ကို ၂၀၂၅ နှစ်ဦးပိုင်းမှာစတင်ရိုက်ကူးကာ ဇူလိုင် ၁၇၊ ၂၀၂၆ မှာ ရုံတင်ပြသမှာဖြစ်ပေမယ့်လည်း ကျန်အသေးစိတ်အချက်အလက်ကိုတော့ မသိရသေးပါဘူး။

Ref: THR

Sub-Zero ရေးသည်။

#ChristopherNolan #MattDamon #TomHolland #UniversalStudios

Myanmar Varient Entertainment - Entertainment News Channel

22 Oct, 14:03


Barbie ရဲ့ အမေရိကန်ပြည်တွင်းရုံတင်ငွေကို Deadpool & Wolverine ကျော်သွားပြီ

အောက်တိုဘာ ၂၂၊ ၂၀၂၄။

၂၀၂၃ ခုနှစ်ကရုံတင်ပြသခဲ့တဲ့ ဒါရိုက်တာ Greta Gerwig ရဲ့ fantasy ရုပ်ရှင် Barbie ဟာ ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၁.၄၄၆ ဘီလျံကျော်အထိရရှိခဲ့ပြီး ၂၀၂၃ ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်တစ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ဖူးပါတယ်။

သို့ပေမယ့် ယခုနှစ်မှာရုံတင်ပြသခဲ့တဲ့ Marvel Superhero ရု​ပ်ရှင်ဖြစ်တဲ့ Deadpool & Wolverine ကတော့ Barbie ရဲ့ ​စံချိန်ကို လုယူခဲ့ပြီဖြစ်ပါတယ်။

Deadpool & Wolverine ဟာ Barbie ရုပ်ရှင်ကိုကျော်တက်ပြီး ပြည်တွင်းရုံတင်ငွေအကောင်းဆုံးရုပ်ရှင် အဆင့် ၁၂ နေရာကို ရယူခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၆၃၆.၃ သန်းကျော်အထိရရှိခဲ့တာပါ။ (Barbie ရုပ်ရှင်ကတော့ မြောက်အမေရိကပြည်တွင်းရုံတင်ငွေ ကန်ဒေါ်လာ ၆၃၆.၂ သန်းအထိရရှိခဲ့တာပါ။)

ပြည်တွင်းရုံတင်ငွေအရသာ ကျော်တက်ခဲ့ပေမယ့်လည်း စုစုပေါင်းရုံတင်ငွေအရမှာတော့ Barbie ​က Deadpool & Wolverine ထက် သာလွန်လျက်ရှိနေပြီး အဆင့် ၁၂ တစ်သက်တာဝင်ငွေအကောင်းဆုံးရုပ်ရှင်အဖြစ် Barbie က ရပ်တည်နေပါတယ်။

အမျိုးသမီးဒါရိုက်တာ Greta Gerwig ရိုက်ကူးခဲ့တဲ့ Barbie ရုပ်ရှင်ဟာ Mattel ကုမ္ပဏီရဲ့ ကစားစရာအရုပ်တစ်မျိုးဖြစ်တဲ့ Barbie အရုပ်တွေအကြောင်းကိုအ​ခြေတည်ကာရိုက်ကူးထားတာဖြစ်ပြီး Barbie အရုပ်တစ်ရုပ်ဟာ Barbieland ကနေ ပြင်ပကမ္ဘာထဲကိုရောက်ရှိသွားပုံနဲ့ Ken ရဲ့ Barbieland အပေါ် လွှမ်းမိုးဖို့ကြိုးပမ်းပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Deadpool & Wolverine ကို Free Guy နဲ့ The Adam Project ဒါရိုက်တာ Shawn Levy က ရိုက်ကူးပေးထားတာဖြစ်ပြီး မူရင်း Deadpool ဇာတ်လမ်းဆရာတွေဖြစ်တဲ့ Rhett Reese နဲ့ Paul Wernick တို့က ဇာတ်လမ်းရေးသားပေးခဲ့တာဖြစ်ပါတယ်။

Deadpool & Wolverine မှာ Ryan Renolds နဲ့ Hugh Jackman အပြင် Leslie Uggams (Blind Al), Karan Soni (Dopinder), Morena Baccarin (Vanessa), Rob Delaney (Peter), Brianna Hildebrand (Negasonic Teenage Warhead), Shioli Kutsuna (Yukio) နဲ့ Stefan Kapičić (Colossus) တို့လည်း ပြန်လည်ပါဝင်ထားသလို The Crown သရုပ်ဆောင် Emma Corrin ကလည်း Deadpool & Wolverine ရဲ့ ဗီလိန်ဇာတ်ကောင် Cassandra Nova နေရာကနေ ပါဝင်ထားပါတယ်။

Ref: Internet

Sub-Zero ရေးသည်။

#DeadpoolAndWolverine #MCU #RyanRenolds #HughJackman #Barbie

Myanmar Varient Entertainment - Entertainment News Channel

21 Oct, 14:29


ဖြေမဆယ်နိုင်အောင် လုံးဝငိုကြရမယ့် Stranger Things ရဲ့ ဇာတ်သိမ်းပိုင်း

အောက်တိုဘာ ၂၁၊ ၂၀၂၄။

Netflix ရဲ့ နာမည်ကျော်ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Stranger Things ဟာ Season 5 မှာ အဆုံးသတ်သွားမှာဖြစ်ပြီး Season 5 ကို အချိန်တစ်ခုမှာ စောင့်မျှော်ကြည့်ရှုသွားနိုင်တော့မှာဖြစ်ပါတယ်။

Stranger Things ဇာတ်လမ်းတွဲရဲ့ နောက်ဆုံး Season ဖြစ်တဲ့ Season 5 နဲ့ ပတ်သက်ပြီး ပရိသတ်တွေဘက်က စောင့်မျှော်လျက်ရှိနေပြီး Stranger Things သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ David Harbour ကတော့ နောက်ဆုံး Season ရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ ပရိသတ်တွေငိုကြမှာသေချာကြောင်း အာမခံလာခဲ့ပါတယ်။

Stranger Things မှာ Jim Hoper နေရာကနေ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် David Harbour ဟာ ၎င်းတို့အနေနဲ့ Stranger Things တစ်ခုလုံးရဲ့ နောက်ဆုံးဇာတ်သိမ်းပိုင်းအတွက် ဇာတ်ညွှန်းဖတ်ကြတဲ့အခါမှာ သရုပ်ဆောင်အများစုက မျက်ရည်ကျကာငိုခဲ့ကြကြောင်း Happy Sad Confused podcast အစီအစဥ်ရဲ့အပိုင်းတစ်ခုမှာ အခုလိုဖောက်သည်ချလာပါတယ်။

"ဒီအပိုင်းရဲ့အဆုံးသတ်က ကျွန်တော်တို့ဖတ်နေတုန်းမှာတင်ပဲ၊ ဖတ်နေတုန်းမှာတင်ကိုနော်၊ တစ်ဝက်လောက်နေတော့ လူတွေကထငိုလာကြရော။ နောက်ဆုံးမိနစ် ၂၀ လောက်လဲကျရော လူတွေက ထိန်းမရသိမ်းမရငိုကြရော၊ လူအမျိုးမျိုးရဲ့နှုတ်ဆက်မှုပေါ့။"

Stranger Things Season 5 ရဲ့ ရိုက်ကူးရေးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့တာဖြစ်ပြီး Noah Schnapp, Winona Ryder, David Harbour, Millie Bobby Brown, Finn Wolfhard, Gates Matarazzo, Caleb McLaughlin, Sadie Sink, Natalia Dyer, Charlie Heaton, Joe Keery, Maya Hawke နဲ့ Priah Ferguson တို့အကုန်လုံးနီးပါးပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။

Ref: Deadline

Sub-Zero ရေးသည်။

#FrankDarabont #StrangerThings

Myanmar Varient Entertainment - Entertainment News Channel

21 Oct, 14:29


Gladiator ဇာတ်လမ်းဆရာ ရိုက်ကူးမယ့် အလက်ဇန္ဒားဘုရင် ဇာတ်လမ်းတွဲသစ်

အောက်တိုဘာ ၂၁၊ ၂၀၂၄။

ဒါရိုက်တာ Ridley Scott ရဲ့ အော်စကာဆုရရုပ်ရှင် Gladiator ရဲ့ ဇာတ်လမ်းဆရာ David Franzoni ဟာ နောက်ထပ်သမိုင်းနောက်ခံပရောဂျက်တစ်ခုကို ဖန်တီးထုတ်လုပ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

David Franzoni ကိုယ်တိုင်ရေးသားခဲ့တဲ့ အလက်ဇန္ဒားဘုရင်အကြောင်း ရုပ်ပြဝတ္တုတစ်အုပ်ကို Alexander Immortal ဆိုတဲ့ ဇာတ်လမ်းတွဲတစ်ခုအဖြစ် ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပြီး ၂၀၂၅ မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

Alexander Immortal ဟာ အလက်ဇန္ဒားဘုရင်ရဲ့ အိန္ဒိယကျူးကျော်စစ်ကာလနဲ့ အိန္ဒိယကျူးကျော်စစ်မှာ ပေါရပ်စ်ဘုရင်ကြောင့်စစ်ရှုံးခဲ့ရပြီးကာလအခြေအနေတွေကို အဓိကကြည့်ရှုရမှာဖြစ်ပါတယ်။ ရုပ်ပြဝတ္ထုရဲ့ဖြန့်ချိရေးကုမ္ပဏီဖြစ်တဲ့ Graphic India နဲ့ ရုပ်သံကုမ္ပဏီတစ်ခုဖြစ်တဲ့ Starlings Television တို့က ပူးတွဲထုတ်လုပ်သွားကြမှာပါ။

Alexander ဆိုတဲ့ ၂၀၀၃ ရုပ်ရှင်တစ်ကားလည်း ထွက်ခဲ့ဖူးသလို ယခုဇာတ်လမ်းတွဲဟာလည်း အလက်ဇန္ဒားဘုရင်ရဲ့ ဘဝအချိုးအကွေ့ကြီးတစ်ခုကို အဓိကမြင်တွေ့ရနိုင်ချေရှိပါတယ်။

Ref: Deadline

Sub-Zero ရေးသည်။

#AlexanderTheGreat

Myanmar Varient Entertainment - Entertainment News Channel

20 Oct, 16:44


ကြည့်နေရင်း မျက်ရည်ကျမိတဲ့ ရုပ်ရှင် The Wild Robot

အောက်တိုဘာ ၂ဝ ၊ ၂ဝ၂၄။

The Wild Robot ကတော့ ၂၀၂၀ ခုနှစ်ကနေ ယနေ့အထိ ထွက်ခဲ့တဲ့ sequel မဟုတ်တဲ့ Animation ရုပ်ရှင်တွေကို ကျော်တက်ပြီး တစ်ပတ်အတွင်း ၃၅ သန်း ရှာနိုင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

အရင်ဆုံးပြောချင်တာက ဒီဇာတ်ကားကို မသေခင် ကြည့်ကိုကြည့်သွားသင့်တဲ့ ဇာတ်ကားလို့ပြောချင်ပါတယ်။ နောက်တစ်ကြိမ်လည်း ထပ်ကြည့်မိမယ့် ဇာတ်ကားထဲလည်းပါပါတယ်။

အရင်ဆုံး Plot ကတော့ Spoiler ဖြစ်မှာဆိုးလို့မပြောတော့ပါဘူး။ တော်တော်များများလည်း ပိတ်ရက်မှာ လည်နေကျတာဆိုတော့ မကြည့်ရသေးပဲ Plot ကို တန်းပြောလိုက်ရင် ဇာတ်လမ်းပေါ့သွားမှာဆိုးလို့ပါ။

ဒီဇာတ်ကားက ပြောရရင် The Iron Giant လို Vibe မျိုးရတယ်။ လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ကြည့်တဲ့သူကို နောက်ဆုံးမှာ ငိုချင်လာအောင် လုပ်သွားတယ်။ ဟာသလေးတွေလည်းပါတယ်။ ဒါပေမယ့် မပေါဘူး။ Voice Actor တွေကလည်း အကုန်လုံးက Perfect ဖြစ်နေတယ်။ အထူးသဖြင့် Roz နေရာမှာ အသံသရုပ်ဆောင်တဲ့ Lupita ဆိုရင် အသံနဲ့တင် သူ့ရဲ့နွေးထွေးမှုဆိုတဲ့ ရုပ်လုံးပေါ်တယ်။ Fink ဆိုတဲ့ မြေခွေးနေရာမှာ မင်းသားကြီး Pedro Pascal က ဟာသလေးတွေ ပြောပြီး ပါဝင်အားဖြည့်ပေးတော့ ပိုမိုက်သွားတယ်ခံစားရတယ်။

ကောင်းတာတွေ ပြောရရင် စက်ရုပ်နဲ့ တိရစ္ဆာန် တွေကြားထဲက Connection ကို အချိတ်ဆက်မိမိနဲ့ ပေါ်လာအောင်လုပ်ပြထားတယ်။ ငန်းပေါက်လေးနဲ့ဆိုလည်း ငန်းလေး အနွေးဓာတ်ရဖို့ Roz လည်ပင်းနားမှာအိပ်တာတွေ။ Roz က လည်ပင်းကိုလက်နဲ့ထိတိုင်း ငန်းလေးကို ပြန်အမှတ်ရတာလေးတွေက ကြည့်နေရင်းနဲ့ ဇာတ်လမ်းက ပေးချင်တဲ့ Message နဲ့ စက်ရုပ်ရဲ့ မေတ္တာ ကြီးမားပုံတွေက ပိုကြွလာတယ်ခံစားရတယ်။

ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးလေးလို့ထင်ရပေမယ့် Plot က နောက်ဆုံးထိကို မပျင်းပဲ ဆွဲခေါ်သွားတယ်။ နောက်ဆုံးအပိုင်းအထိကို Emotion လုံးဝ မကျပဲ ဇာတ်လမ်းက ဘာဖြစ်မယ်မှန်း သိနေသည့်တိုင်အောင် ကောင်းလွန်းနေလို့ ဆက်ကြည့်ချင်အောင်ဖြစ်မိပါတယ်။

ဇာတ်လမ်းက အဲဒီလောက်လည်း မဟုတ်ပါဘူးလို့ပြောတဲ့သူကတော့ ဒီဇာတ်ကားကို မခံစားတတ်တဲ့သူလို့ သတ်မှတ်ရမှာပါ။

ကိုယ်ပိုင်အမြင်ကတော့ ဒါမျိုးရုပ်ရှင်တွေမြင်ဖူးတယ်ဆိုပေမယ့် မတူညီတဲ့ပုံစံနဲဲ့ချပြလာတော့ အားလုံးရဲ့ ရင်ထဲကိုရောက်သွားတာတော့အမှန်ပဲ။

ဇာတ်ကားထဲမှာ သုံးထားတဲ့ Sound Effect တွေကလည်း နူးညံ့ပြီး Soft ဖြစ်တယ်။ Dreamworks ရဲ့ Masterpiece ဖြစ်တဲ့ How to train your dragon ထဲက Theme ကြီးလိုပဲ Cinematic လုံးဝဖြစ်လို့ လူကြမ်းကြီးတွေကိုတောင် နူးညံ့သွားစေတဲ့အထိ ခံစားလို့ကောင်းတယ်။ ဇာတ်ဝင်တေးလေးတွေလည်း မဆိုးဘူး။

သေသေချာချာကြည့်မယ်ဆိုရင် ဒီဇာတ်ကားမှာ သုံးထားတဲ့ Animation Style က ထူးခြားနေတယ်ခံစားရတယ်။ 2D နဲ့ 3D ရောထားသလိုလုပ်ထားတယ်။ Puss and Boots: The Last Wish မှာ ဒါမျိုး Effect သုံးထားတယ်ဆိုပေမယ့် ဒီဇာတ်ကားရဲ့ Art Style က တော်တော်လေးလှနေတာမျိုးတွေ့ရတယ်။ ရှု့ခင်းအလှတွေရယ်၊ ကျွန်းရဲ့ပုံစံက ငယ်ငယ်ကကြည့်ခဲ့တဲ့ ကာတွန်းကားတွေပြန်ကြည့်နေရသလိုခံစားရတယ်။

အချုပ်အားဖြင့်ပြောရရင်တော့ ဇာတ်ကားတစ်ကားကြည့်လိုက််ရတာ တန်တယ်လို့ ခံစားလိုက်ရတယ်။ အချ်ိန်လည်း Waste မဖြစ်ဘူး နောက်ပြန်ကြည့်ချင်တဲ့အချိန်ပြန်ကြည့်ရင်တောင် Old But Gold ဖြစ်နေမယ့် ရုပ်ရှင်ပါ။

Rating ကတော့ ကျွန်တော်အနေနဲ့ မိဘမေတ္တာငတ်နေတဲ့သူမို့လို့ရယ် Emotional ထိိန်းမရအောင် ထိဖြစ်ခဲ့အတွက် 8.9/10 လောက်ကိုပေးပါတယ်။

MVE Score: 8.9/10

John Snow ရေးသည်။

#MyanmarVarientEntertainment #TheWildRobotMovie #review #bestanimation

Myanmar Varient Entertainment - Entertainment News Channel

20 Oct, 13:33


Game of Throne လိုမဖြစ်စေရဘူးလို့ Stranger Things အာမခံတယ်

အောက်တိုဘာ ၂၀၊ ၂၀၂၄။

Stranger Things ရဲ့ Final Season ကတော့ ပရိတ်သတ်ရှေ့မှောက်ရောက်လာဖို့သိပ်မလိုတော့ပါဘူး။ ဒီအချိန်လေးမှာ ပရိသတ်တွေဘက်ကလည်း ရင်ခုန်နေကြပြီး Stranger Things ကို Game of Throne လိုမျိုး နောက်ဆုံးဇာတ်သိမ်းခန်းရောက်ကာမှ စိတ်ပျက်ရမှာကိုမလိုလားကြပါဘူး။

ဒါကို Stranger Things ရဲ့ ပဲ့ကိုင်ရှင်တွေဖြစ်ကြတဲ့ Duffer Brothers ကလည်းသိပုံပါပဲ။ Final Season ကိုအကောင်းဆုံးဖြစ်အောင်လုပ်နေပြီး Game of throne ကလိုအမှားမျိုးကိုမဖြစ်အောင်ကြိုးစားနေကြောင်း သိရပါတယ်။

Stranger Things ရဲ့ Editor Dean Zimmerman က Deadpool And Wolverine ရုပ်ရှင်နဲ့ ပတ်သတ်ပြီး Screen Rant သတင်းဌာနနဲ့ အင်တာဗြူးဖြေရာက Stranger Things Final Season အကြောင်း ပြောပြလာတာပါ။

Stranger Things က မကြာခင်မှာစတော့မှာပါ။ပရိတ်သတ်တွေတွေးနိုင်တာထက် ပိုပြီးကြီးမားကျယ်ပြန့်တယ်။ ကျွန်တော် Season တခုကိုစလုပ်တိုင်း ဒီထက်တော့ပိုကောင်းမလာနိုင်တော့ဘူးလို့ထင်ပေမဲ့ Stranger Things က ကျွန်တော်မှားတယ်လို့အမြဲသက်သေပြခဲ့တယ်။ ဒီရှိုးကိုရိုက်ဖို့ ထူးဆန်းပြီး အရမ်းမိုက်တဲ့နည်းလမ်းတွေကို သုံးဖို့အတွက် Duffer တွေဘယ်လောက်တောင်ဉာဏ်ရည်ထက်မြက်သလဲဆိုတာကို ကျွန်တော်အမြဲအံ့သြနေခဲ့တာပါ။

"Final Season အတွက် သူတို့ရဲ့​ဦးတည်ချက်ကတော့ Games Of Throne မလုပ်နိုင်ခဲ့တဲ့ ​ဇာတ်သိမ်းခပ်ကောင်းကောင်းတခုကို လုပ်နိုင်ဖို့ပဲ။ ပြီးပြည့်စုံတဲ့အဆုံးသတ်ကလွဲလို့ ကျန်တာကိုသူတို့ဦးတည်မှာမဟုတ်​ဘူး။ ဒီတော့ ခင်​​ဗျားတို့ စိတ်ပျက်ရမှာမဟုတ်ဘူးလို့ ပြောရဲတယ်။

နောက်ပြီးတော့ ထပ်ပြောရဲတာတခုက ခင်​​​ဗျားတို့ Season 4 မှာရခဲ့တဲ့ အကြောင်းအရာတွေနဲ့တူညီတဲ့ပမာဏကို ကြည့်ရမယ်။ ဒါမှမဟုတ် အဲ့ထက် နည်းနည်းပိုရင်လည်းပိုမယ်လို့ အတိအကျအာမခံနိုင်ပါတယ်။"(Runtime ကိုပြောတာဖြစ်နိုင်)

Stranger Things ဟာ အခုဆိုရင်ရိုက်ကူးရေးတွေပြီးလုနီးနေပြီဖြစ်ပြီး Post Production အတွက် လုပ်ငန်းစဉ်တွေစလာတော့မှာပဲ ဖြစ်ပါတယ်။

Behind The Scene ပုံတွေအရတော့ Season 1 တုန်းက Location တွေ Scene ​တွေကိုပြန်လည်ပုံဖော်ထားတာကြောင့် Time Travel သို့မဟုတ် မှတ်ဉာဏ်ထဲရောက်သွားတာမျိုးဖြစ်မယ်လို့ယူဆရပါတယ်။

Joyce တယောက် Willပျောက်ဆုံးသွားစဉ်က သားဇောနဲ့ ရူးမတက်ခံစားရပြီး နံရံမှာ မီးလုံးတွေတပ်ကာ Upsidedown က Will နဲ့ဆက်သွယ်ဖို့ကြိုးစားခဲ့တဲ့ Scene ကို ပြန်လည်ပုံဖော်ထားတာမို့ Joyce တယောက် အဲ့ဒီအချိန်ကိုရောက်သွားခဲ့တာလား ဒါမှမဟုတ် Vecna လက်ချက်နဲ့ မှတ်ဉာဏ်ဆိုးထဲမှာပိတ်မိနေတာလား ဆိုတာတွေးစရာပါပဲ။

ဒါ့အပြင် Will တယောက် Upsidedown ထဲက သူ့ရဲ့ Castle Buyers မှာ ပုန်းအောင်းနေတုန်းကပုံစံကိုပြန်လည်ပုံဖော်ထားပြီး လက်ရှိ Will Buyers အကြီးရော အငယ်ရော Castle Buyers ထဲမှာရှိနေတာတွေ့ရတာပါ။သ

နောက်ထပ်ကြားရတဲ့သတင်းတချို့အရ ရဲမှူး Jim Hopper ရဲ့ သမီးအရင်းဖြစ်သူ Sara Hopper နေရာအတွက် သရုပ်ဆောင် ကလေးမတဦးကို ရှာဖွေရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ရဲမှူး Jim Hopper ရဲ့မှတ်ဉာဏ်ဆိုးတခုအနေနဲ့ပုံဖော်ပြသပေးမယ်လို့ ယူဆရပါတယ်။

Stranger Things ဇာတ်လမ်းတွဲဟာ ကျွန်တော့်ဘဝရဲ့အစိတ်အပိုင်းတခုအဖြစ်ပါဝင်ခဲ့ပေးပြီး Stranger Things ကြည့်ရင်း ပျော်စရာ ၊ ဝမ်းနည်းစရာ၊ ရသအမျိုးမျိုးကို ကြုံခဲ့ရပါတယ်။

ဒီဇာတ်လမ်းတွဲကြီးပြီးသွားခဲ့ရင်တောင် ကျွန်တော်ကတော့ တနှစ်တခါလောက်ပြန်ကြည့်ဖြစ်နေဦးမယ်ထင်ပါတယ်။ ပရိတ်သတ်ကြီးရော ဘယ်လိုခံစားခဲ့ရလဲ။ ကွန်မန့်မှာ ရေးသွားနိုင်ပါတယ်။

Ref: Internet

Mr. Wilddog ရေးသည်။

#StrangerThings #Netflix #GameOfThrones #HBO

Myanmar Varient Entertainment - Entertainment News Channel

20 Oct, 12:48


Alien: Romulus (2024) | အထင်အမြင်

စွန့်ပစ်ထားတဲ့အာကာသစခန်းတစ်ခုကို ရောက်ရှိသွားရာကနေ အာကာသစခန်းထဲမှာဘာတွေရှိနေလဲဆိုတာကိုမသိကြပဲ စူးစမ်းမိရာကနေ ကြောက်မက်ဖွယ်ရာတွေဖြစ်လာတဲ့အခါမှာ.....

အရင်ဆုံး ဘယ်ကစပြောရမလဲဆိုရင် Disney က 20th Century Fox ရဲ့ ပရောဂျက်တွေထဲမှာ Planet of the Apes, Predator နဲ့ အခု Aliens မှာ ပရိသတ်ကိုစိတ်ပျက်ရအောင်မလုပ်ခဲ့ဘူးဆိုတာနဲ့ပဲ စချီးကျုးချင်တယ်။ အခု Alien: Romulus က အနိမ့်ဆုံး Alien: Requiem ကို မှီပါ့မလားဆိုပြီး ဘုရား တ ပြီး ကြည့်ခဲ့ရပေမယ့် ရလဒ်ကတော့ Prometheus ကို အများကြီး inspire ယူထားပြီး အကောင်းဆုံးဖန်တီးထားတယ်လို့ မြင်မိတယ်။

ဇာတ်လမ်းက twist ​ဖြစ်တယ်လို့ယူဆရပေမယ့် တကယ့်တကယ်က ရိုးရှင်းတဲ့ horror ဇာတ်လမ်းတစ်ခုကို ပရိသတ်တွေခေါင်းစားအောင် လှည့်ထားတယ်လို့ပြောရင်ပိုမှန်တယ်။ ဇာတ်ကောင်တွေက အံဝင်ဂွင်ကျရှိသလို ဇာတ်ကောင်နဲ့သရုပ်ဆောင် လိုက်ဖက်မှုရှိတယ်လို့မြင်တယ်။ Horror element ကောင်းကောင်းသုံးထားတာတွေ့ရတယ်၊ ဒါပေမယ့် Xenomorph တွေနဲ့ပတ်သက်ပြီး အရင်ရုပ်ရှင်တွေကနေ ထိုးဖောက်သွားနိုင်တာကတော့ Xenomorph တွေရဲ့ ဇီဝကမ္မဖြစ်စဥ်ကို နည်းနည်းပိုပြီး detail ပြနိုင်တာကလွဲရင် ကျန်တာတွေက အရင် Alien ရုပ်ရှင်တွေလိုမျိုး ခေါက်ရိုးကျိုးနေတယ်လို့ပြောရမှာပဲ။

Sci-fi horror ရုပ်ရှင်အနေနဲ့ Alien: Romulus က ရလဒ်ကောင်းတယ်လို့မြင်ပေမယ့် Alien ရုပ်ရှင်အနေနဲ့ဆိုရင်တော့ ဇာတ်သိမ်းအထိမကြည့်ပဲ တစ်ဝက်လောက်ကနေ ဖြတ်ပြီးသုံးသပ်ရင် ကြည့်ရတာအဆင်မပြေဘူးလို့ တွေးမိကြမှာပဲ။ ဒါပေမယ့် အပေါ်မှာပြောခဲ့တဲ့အတိုင်း Alien: Romulus က Prometheus ကို အများကြီး Inspire ယူထားတာဆိုတော့ ဆက်ကြည့်လိုက်ရင် အများကြီးသဘောမကျရင်တောင် မဆိုးပါဘူး လို့တော့ မှတ်ချက်ပြုကောင်းပြုနိုင်တယ်၊ ဇာတ်သိမ်းကိုတော့ အရှေ့က Prometheus ကို သေချာကြည့်ထားရင် သေချာပေါက်နားလည်မယ်လို့ထင်ပါတယ်။

သရုပ်ဆောင်အပိုင်းတွေမှာပြောရရင် AI စက်ရုပ်နေရာမှာ Michael Fassbender ကို ဘယ်ဟာမှမကျော်နိုင်သေးတာကို တွေ့ရတယ်။ Cailee Spaeny နဲ့ Isabela Merced က ဒီလို genre တွေနဲ့ သိပ်မလိုက်ပေမယ့် ဇာတ်လမ်းကို ကောင်းကောင်းသရုပ်ဆောင်ပြသွားနိုင်တယ်လို့ မြင်မိတယ်။ နောက်တစ်ခုက Cailee Spaeny က ဒီ level အတိုင်း ဆက်သွားရင် နောက်ပိုင်းမှာ blockbuster project တွေကို သရုပ်ဆောင်စကေးနဲ့ ရလာနိုင်တဲ့ talented star ဖြစ်လာနိုင်တယ်။ (တချို့တွေလို body လှလို့ A-list ရောက်တာမျိုးတော့မဟုတ်ဘူးပေါ့)

ကျွန်တော့်အမြင်မှာ Alien: Romulus က horror tone ဘက်ကို Xenomorph တွေနဲ့မသွားပဲ ဇာတ်လမ်းအရ horror tone ဘက်ရောက်အောင်သွားထားတော့ကျ အရင်က Alien တွေလောက် သိပ်သဘောမကျမိသလိုခံစားရပေမယ့် အရင် Alien ရုပ်ရှင်တွေရဲ့ easter egg တွေကို ကောင်းကောင်းသုံးပေးထားတာနဲ့ ကျေနပ်မိပါတယ်။

MVE Score: 7/10

McGarrett ရေးသည်။

#AlienRomulus #CaileeSpaeny

Myanmar Varient Entertainment - Entertainment News Channel

20 Oct, 12:46


အဖွင့်ရုံတင်ငွေအားကောင်းနေတဲ့ Paramount ရဲ့ Smile 2 ရုပ်ရှင်

အောက်တိုဘာ ၂၀၊ ၂၀၂၄။

၂၀၂၂ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Paramount ရဲ့ psychological horror ရုပ်ရှင် Smile ဟာ မြန်မာပရိသတ်တွေအကြား လူပြောများခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး နောက်ဆက်တွဲရုပ်ရှင်ဖြစ်တဲ့ Smile 2 ဟာလည်း အောက်တိုဘာလ ၁၈ ရက်နေ့ကစတင်ကာ ရုံတင်ပြသနေပြီဖြစ်ပါတယ်။

CinemaScore B- အဆင့်ရရှိထားတဲ့ Smile 2 ဟာ စတင်ရုံတင်တဲ့နေ့မှာတင်ပဲ ကန်ဒေါ်လာ ၉.၄ သန်းကျော်အထိရရှိခဲ့တာဖြစ်ပြီး ကန်ဒေါ်လာ ၂၈ သန်း ဘတ်ဂျက်အသုံးပြုထားတဲ့ horror ရုပ်ရှင်တစ်ကားအတွက် ဒါဟာကောင်းမွန်တဲ့ဝင်ငွေရလဒ်တစ်ခုလည်းဖြစ်ပါတယ်။ ပထမရုပ်ရှင် Smile ဟာ ပထမရက်သတ္တပတ်မှာတင် ကန်ဒေါ်လာ ၂၂ သန်းအထိ အဖွင့်ရုံတင်ငွေရရှိခဲ့တာကြောင့် Smile 2 ဟာလည်း ပထမရုပ်ရှင်ထက်ပိုမိုအောင်မြင်သွားနိုင်ကြောင်း အချို့က သုံးသပ်နေကြပါတယ်။

အကယ်၍ Smile 2 သာ အောင်မြင်သွားခဲ့ရင် Paramount အနေနဲ့ Smile 3 ကို ထပ်ထုတ်ဖို့အတွက်ပါ စီစဥ်ကောင်းစီစဥ်သွားနိုင်ပါတယ်။

Smile ဟာ Laura Hasn't Slept ဆိုတဲ့ short film ကို အ​​​ခြေခံကာ ရိုက်ကူးထားတာဖြစ်ပြီး short film ဒါရိုက်တာ Parker Finn ကပဲ ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ ဘတ်ဂျက် ကန်ဒေါ်လာ ၁၇ သန်း အသုံးပြုကာ ကန်ဒေါ်လာ ၂၁၇ သန်းဝန်းကျင်အထိ ဝင်ငွေပြန်ရခဲ့တာကြောင့် sequel ဖြစ်တဲ့ Smile 2 ကို ဆက်လက်ထုတ်လုပ်ဖို့ခွင့်ပြုလာခဲ့တာပါ။

Smile 2 ကို ပထမ Smile ရဲ့ ဒါရိုက်တာ Parker Finn ကပဲ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာနေရာတွေကိုတာဝန်ယူကာ ဆက်လက်ရိုက်ကူးပေးထားတာဖြစ်ပြီး Disney ရဲ့ Aladdin သရုပ်ဆောင် Naomi Scott က အဓိကနေရာကနေ ပါဝင်ထားလျက်ရှိပါတယ်။ Naomi Scott နဲ့အတူ မင်းသား Jack Nicholson ရဲ့ သားဖြစ်သူ Ray Nicholson လည်း ​ပါဝင်ထားလျက်ရှိပြီး Rosemarie DeWitt, Kyle Gallner, Lukas Gage, Miles Gutierrez-Riley, Peter Jacobson, Raúl Castillo နဲ့ Dylan Gelula တို့လည်း ပါဝင်ထားကြပါသေးတယ်။

Naomi Scott ဟာ Lionsgate ရဲ့ Power Rangers reboot ရုပ်ရှင်နဲ့ Sony ရဲ့ Charlie's Angels reboot တွေမှာလည်း ပါဝင်ခဲ့သလို A24 ကုမ္ပဏီရဲ့ရုပ်ရှင်သစ် Wizards မှာလည်း Lord of The Rings သရုပ်ဆောင် Orlando Bloom နဲ့အတူ ပါဝင်သရုပ်ဆောင်ဖို့ရှိပါသေးတယ်။

Ref: Deadline

Sub-Zero ရေးသည်။

#Paramount #Smile #NaomiScott

Myanmar Varient Entertainment - Entertainment News Channel

20 Oct, 07:15


Bãhubali 3 ထပ်ထုတ်ဖို့ ဆွေးနွေးနေကြပြီ

အောက်တိုဘာ ၂၀၊ ၂၀၂၄။

၂၀၁၅ နဲ့ ၂၀၁၇ နှစ်က အသီးသီးထွက်ရှိခဲ့တဲ့ ဒါရိုက်တာ S. S. Rajamouli ရဲ့ fantasy ရုပ်ရှင်တွေဖြစ်ကြတဲ့ Bãhubali: The Beginning နဲ့ Bãhubali: The Conclusion တို့ဟာ ဝင်ငွေအရမှာသာမက အနုပညာအရမှာလည်း အောင်မြင်မှုများစွာရရှိခဲ့ပါတယ်။

အဲဒီလိုအောင်မြင်မှုတွေအပြင် အခြား Telugu ရုပ်ရှင်တွေဖြစ်ကြတဲ့ RRR, Pushpa: The Rise နဲ့ Kalki 2898 AD တို့ရဲ့ ထပ်မံအောင်မြင်မှုတွေကြောင့် ထုတ်လုပ်သူတွေဟာ Bãhubali 3 ထုတ်လုပ်ဖို့အတွက် စီစဥ်နေကြပြီဖြစ်ပြီး လက်ရှိမှာ ဆွေးနွှေးမှုတွေပြုလုပ်နေလျက်ရှိကြောင်းသိရပါတယ်။

ပထမ Bãhubali နှစ်ကားရဲ့ထုတ်လုပ်သူတစ်ဦးဖြစ်သူ KE Gnanavel Raja ကတော့ ၎င်းတို့အနေနဲ့ Bãhubali 3 ထုတ်ဖို့ စီစဥ်နေလျက်ရှိကြောင်းကို Hindustan Times သတင်းစာနဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုမှတ်ချက်ပြုလာပါတယ်။

" Bãhubali 3 ကတော့ စီစဥ်ဆဲအဆင့်မှာပဲရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က ဒါရိုက်တာနဲ့ဆွေးနွေးနေတဲ့အချိန်မှာသိခဲ့ရပါတယ်။ Bãhubali 1 နဲ့ 2 ကို ဆက်တိုက်ထုတ်ခဲ့ကြတယ်။ Bãhubali 3 ကိုလည်း ဆက်ထုတ်ဖို့စီစဥ်နေပါတယ်။"

KE Gnanavel Raja ဟာ မကြာခင်မှာရုံတင်ပြသတော့မယ့် Suriya ရဲ့ Tamil ရုပ်ရှင် Kanguva ရဲ့ ထုတ်လုပ်သူတစ်ဦးလည်းဖြစ်တဲ့အပြင် Kanguva ကိုလည်း sequel ဆက်ထုတ်လုပ်ဖို့ရှိကြောင်း သိရပါသေးတယ်။

Bãhubali: The Beginning နဲ့ Bãhubali: The Conclusion တို့ကို ဒါရိုက်တာ S. S. Rajamouli နဲ့ ၎င်းရဲ့ဖခင်ဖြစ်သူ V. Vijayendra Prasad တို့က ဒါရိုက်တာ၊ ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းနေရာတွေကနေ ပူးတွဲဖန်တီးခဲ့တာဖြစ်ပြီး သရုပ်ဆောင် Prabhas က အဓိကပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: Hindustan Times

Sub-Zero ရေးသည်။

#Bahubali #Prabhas

Myanmar Varient Entertainment - Entertainment News Channel

19 Oct, 13:56


ထုတ်လုပ်သူတွေ နှုတ်ထွက်ကုန်တဲ့ God of War live-action ဇာတ်လမ်းတွဲ

အောက်တိုဘာ ၁၉၊ ၂၀၂၄။

PlayStation ရဲ့ နာမည်ကျော် game ဖြစ်တဲ့ God of War ကို Amazon Prime Video က live-action series တစ်ခုအဖြစ် ဖန်တီးပြသမှာဖြစ်ပါတယ်။

Sony က ထုတ်လုပ်ကာ Amazon Prime Video မှာ ပြသမယ့် God of War Live-action ဇာတ်လမ်းတွဲ ဟာ ၂၀၁၈ game ကို အ​ခြေခံသွားမှာဖြစ်ပြီး Amazon Prime Video ရဲ့ တရားဝင်ဖော်ပြချက်အရ အဆိုပါ God of War live-action ဇာတ်လမ်းတွဲဟာ Kratos, the God of War က သူ့ရဲ့သွေးစွန်းနေတဲ့အတိတ်ကိုမေ့လျော့ထားပြီး သူ့ရဲ့လက်နက်တွေကို Midgard မှာ မြှုပ်ပစ်လိုက်တာကနေအစပြုမှာဖြစ်ကြောင်းသိရပါတယ်။

ကနဦးက God of War Live-action ကို Amazon Prime Video ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ The Wheel of Time ရဲ့ Showrunner Rafe Judkins က Showrunner အဖြစ် တာဝန်ယူထားသလို Iron Man ရဲ့ ဇာတ်ညွှန်းဆရာ Mark Fergus က ဇာတ်လမ်းရေးသားပေးသွားမယ့်အပြင် Hawk Ostby နဲ့ အတူ ထုတ်လုပ်သူအဖြစ်ပါတာဝန်ယူထားလျက်ရှိပါတယ်။

သို့ပေမယ့် မတူညီတဲ့ဖန်တီးမှုအခြေအနေသစ်တွေကြောင့် God of War live-action ကနေ သုံးယောက်စလုံး နှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း Variety မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ပုဒ်အရသိရပါတယ်။

လက်ရှိမှာ God of War live-action ကို Santa Monica Studio’s studio ရဲ့ creative director Cory Barlog က အမှုဆောင်ထုတ်လုပ်သူအဖြစ်၊ Playstation Productions က Asad Qizilbash နဲ့ Carter Swan, Santa Monica Studio က Yumi Yang and Vertigo က Roy Lee တို့က ထုတ်လုပ်သူအဖြစ် ဆက်လက်တာဝန်ယူထားလျက်ရှိပါတယ်။

God of War live-action ကို ၂၀၂၂ ခုနှစ်ကတည်းက Amazon Prime Video ဘက်က order ပြုလုပ်အတည်ပြုခဲ့တာဖြစ်ပြီး ယခု ၂၀၂၄ အထိ သရုပ်ဆောင်အပါအဝင် ကျန်အသေးစိတ်တစ်စုံတစ်ရာကိုတော့ ယခုအထိ မသိရသေးပါဘူး။

သေဆုံးသွားတဲ့ဇနီးသည်ရဲ့နောက်ဆုံးဆန္ဒအရ ဇနီးသည်ရဲ့အရိုးပြာတွေကို Kratos နဲ့ သားဖြစ်သူ Atreus တို့က အမြင့်ဆုံးတောင်ထိပ်ကနေ ကျဲချဖို့ ခရီးထွက်လာရာကနေ နတ်ဘုရားသစ်တွေနဲ့ရင်ဆိုင်ရပုံကို အဓိကကြည့်ရှုရနိုင်ပါတယ်။

Ref: Variety

McGarrett ရေးသည်။

#AmazonPrimeVideo #GodOfWar

Myanmar Varient Entertainment - Entertainment News Channel

19 Oct, 07:32


Cinderella ဇာတ်ကောင်တစ်ဦးအကြောင်း live-action ရုပ်ရှင်တစ်ကား ထွက်လာမယ်

အောက်တိုဘာ ၁၉၊ ၂၀၂၄။

Paddington နှစ်ကားတွဲရဲ့ဒါရိုက်တာ Paul King ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် Timothée Chalamet ရဲ့ fantasy ရုပ်ရှင် Wonka ဟာ အနုပညာအရမှာသာမက၊ ဝင်ငွေအရမှာလည်း အောင်မြင်မှုရရှိခဲ့တာကြောင့် Warner Bros. ဟာ နောက်ထပ် Wonka 2 ကို ထပ်မံထုတ်လုပ်သွားတော့မှာဖြစ်ပါတယ်။

ဒါရိုက်တာ Paul King ကို Warner Bros. အပြင် Disney ဘက်ကလည်း မျက်စိကျလျက်ရှိနေပြီး Disney Princess ရုပ်ရှင်တွေထဲက ဇာတ်ကောင်တစ်ယောက်ရဲ့ သီးခြား live-action ရုပ်ရှင်တစ်ကားအတွက် Paul King ကို ရိုက်ကူးစေဖို့ညှိနှိုင်းမှုများပြုလုပ်နေကြောင်း သိရပါတယ်။

Disney ရဲ့ နာမည်ကြီး animated ရုပ်ရှင်တစ်ကားဖြစ်တဲ့ Cinderella က Cinderella ရဲ့ ချစ်သူ Prince Charming နဲ့ ပတ်သက်တဲ့ သီးခြား live-action ရုပ်ရှင်တစ်ကားကို Disney ဘက်က ထုတ်လုပ်ဖို့စီစဥ်နေလျက်ရှိပြီး အဆိုပါရုပ်ရှင်အတွက် ဒါရိုက်တာ Paul King ကို တာဝန်ယူရိုက်ကူးစေဖို့ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေကြောင်း Deadline မဂ္ဂဇင်းရဲ့ဆောင်းပါးတစ်ပုဒ်အရ သိရပါတယ်။

Prince Charming ဇာတ်ကောင်ဟာ Snow White နဲ့ Sleeping Beauty animated တွေမှာလည်း ရှိထားပေမယ့်လည်း Disney အနေနဲ့ Cinderella က Prince Charming ကို အခြေတည်ကာရိုက်ကူးသွားမှာဖြစ်ပါတယ်၊ သို့ပေမယ့် အဆိုပါ Prince Charming ရုပ်ရှင်ဟာ သီးခြား live-action ရုပ်ရှင်တစ်ကားသာဖြစ်ပြီး ဘာနဲ့မှချိတ်ဆက်မှုမရှိကြောင်းကိုလည်း သိရပါသေးတယ်။

Prince Charming ရုပ်ရှင်ကို Paul King နဲ့အတူ Simon Farnaby နဲ့ Jon Croker တို့က ပူးတွဲရေးသားပေးသွားမှာဖြစ်ပြီး ပြသရက်နဲ့အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Ref: Deadline

Sub-Zero ရေးသည်။

#Disney #PrinceCharming #Cinderella #PaulKing