Drama Garden

@dramaseriesa


Drama Garden

21 Jan, 00:26


စွမ်းအားရှင် casting ၀င်ပြိုင်သောအခါ 😳😳

အတိတ်က ဂမ်မာရောင်ခြည်စမ်းသပ်မှုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ် အစ်ကိုလည်းဖြစ်သူ ကွန်ကားရှင်းတစ်ယောက် စိတ်ရိုင်းဝင်သွားတာကို တိုက်ခိုက်ရင်း စွမ်းအင်ပျောက်သွားတဲ့ ဟီးရိုး ဇွန်းမ် တစ်ယောက် ဂျက်အဖြစ် သာမန်လူအနေနဲ့ အလုပ်လုပ်ရင်း ဇာတ်မြုပ်နေရာကနေ ကွန်းကားရှင်းတစ်ယောက် ကမ္ဘာမြေဆီ နှစ် ၃၀လောက် အကြာမှ ပြန်ပေါ်လာမယ်လို့ ခြေရာခံမိသွားချိန်မှာ သူနဲ့ ယှဥ်ဖို့ စွမ်းအားသစ်ပိုင်ရှင် ကလေးတွေနဲ့ ဖွဲ့ထားတဲ့ အဖွဲ့သစ်ကို လေ့ကျင့်ပေးဖို့ တာဝန်ကျလာတဲ့အခါ…အဖွဲ့ဝင်သစ်တွေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ… နောက်ဆုံး အောင်မြင်မှုရရှိခဲ့လားဆိုတာကိုကြည့်ရမယ့် ဟာသ စူပါးဟီးရိုးကားလေး တစ်ကားပဲဖြစ်ပါတယ်။
ရုပ်ရှင်ပရိသတ်တိုင်းနဲ့ မကင်းတဲ့ Toy Story ကား‌တွေထဲက Buzz Lightyear အသံသရုပ်ဆောင် Tim Allen, ဂန္ထဝင်မြောက် Sitcom တစ်ခုဖြစ်တဲ့ FRIENDS မှာ Monica အနေနဲ့ သိခဲ့ကြတဲ့ မမ Courtney Cox တို့ ဦးဆောင်ပါဝင်ထားတာဖြစ်တာမို့
Crd

https://t.me/aunm0/1727

Drama Garden

21 Jan, 00:26


A.I လား လူလား ??

ကမ္ဘာ့အကြီးဆုံး အင်တာနက်ရှာဖွေရေး
ကုမ္ပဏီမှာအလုပ်လုပ်နေတဲ့ 26 နှစ်အရွယ် Programmer ကယ်လက်ဟာ CEO ဖြစ်သူ နေသန်တည်ဆောက်နေတဲ့ အေဗာအမည်ရှိ စွမ်းဆောင်ရည်မြင့် အသိဉာဏ်တုသုံး စက်ရုပ်အား စစ်ဆေးပေးရန် မဲနှိုက်ရွေးချယ်ခြင်း ခံခဲ့ရပါတယ် . .
 
စစ်ဆေးခြင်းများကို လုပ်နေရင်း နေသန်ရဲ့ မူမမှန်တဲ့ အပြုအမူတွေ အေဗာရဲ့ သာမန်ထက်ထူးခြားတဲ့ အပြုအမူတွေက ကယ်လက်ကို မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်စေခဲ့ပြီး စစ်ဆေးခံနေရသူက အေဗာလား သူကိုယ်တိုင်လားဆိုတာတောင် မကွဲပြားနိုင်တော့တဲ့အခါ . .
 
ဇာတ်ကားက Artifical Intelligence ကို ဇောင်းပေးရိုက်ထားသော ရုပ်ရှင်ဖြစ်ပြီး nude scene အနည်းငယ်ပါဝင်သောကြောင့် 18 နှစ်အောက် မကြည့်သင့်သော ရုပ်ရှင်ဖြစ်ပါတယ် . . .
Crd

https://t.me/aunm0/1723

Drama Garden

21 Jan, 00:26


ဂြိုလ်သားမလေးနဲ့ လူသားကောင်လေးတို့တွေ့ကြသောအခါ၀ယ် 😳😳

ကွာရှင်းတော့မယ့် မိဘတွေကြောင့်နဲ့ စိတ်ဆင်းရဲရပေမယ့် သူ့ရဲ့စိတ်ခံစားချက်ကို ထုတ်မပြောဘဲ အဆင်ပြေချင်ယောင်ပဲဆောင်နေခဲ့တဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက်။ မိဘတွေကွာရှင်းပြီးတော့ အာလန်လေးဟာ အဖေဖြစ်သူနဲ့အတူတူ နေရာအသစ်ကိုပြောင်းရွှေ့ခဲ့ကြပါတော့တယ်။ အာလန်လေးတို့ပြောင်းတဲ့နေရာအသစ်မှာနေတဲ့ ယူအက်ဖ်အိုကလပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူဟာ အမြဲတမ်း ဂြိုဟ်သားတွေကို‌ ထောက်လှမ်းနေရာကနေ အာလန်လေးရောက်လာတဲ့အချိန်မှာပဲ ထူးထူးဆန်းဆန်း ဂြိုဟ်သားတွေဆီကနေ တုံ့ပြန်ချက်တွေရခဲ့ပါတော့တယ်။အဲဒီမှာ ဒုဥက္ကဋ္ဌဟာ အာလန်လေးကို ဂြိုဟ်သားလို့ထင်သွားရာကနေ သူတို့နှစ်ယောက်တွေ့ဆုံကြရင်း တကယ်ပဲ ဂြိုဟ်သားမလေးနဲ့ တွေ့ဆုံကြတဲ့အချိန်မှာတော့ …… အာလန်လေးနဲ့ ဂြိုလ်သားမလေးတို့ တွေ့ဆုံကြရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။

https://t.me/aunm0/1725