Últimas Postagens de Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies) no Telegram

Postagens do Canal Kyaw Gyi Up To Date Movies (Free Channel)

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 Inscritos
1,247 Fotos
542 Vídeos
Última Atualização 26.02.2025 06:44

Canais Semelhantes

G12 Physics by Dr Vince
35,859 Inscritos

O conteúdo mais recente compartilhado por Kyaw Gyi Up To Date Movies (Free Channel) no Telegram


The Exorcism of God (2022)
IMDB: 5.3/10
1 nomination

Exocrism ဆိုတာကတော့ လူတွေကိုယ်ထဲကို ဝင်ပူးနေတဲ့ မကောင်းဆိုးရွားကို နှင်ထုတ်တာဆိုပေမဲ့ ဒီဇာတ်ကားရဲ့နာမည်ကတော့ ဘုရားသခင်ကို နှင်တာပါတဲ့။

ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးရွား ပူးကပ်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို ကယ်ချင်ဇောနဲ့ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက အပနှင်ဖို့ကြိုးစားပေမဲ့ မကောင်းဆိုးရွားရဲ့ စေ့ဆော်မှုကို မတွန်းလှန်နိုင်ဘဲ အပမှီနေတဲ့ ကောင်မလေးနဲ့ အိပ်မိသွားပါတယ်။ မကောင်းဆိုးရွားကတော့ ဒီအမှုကိုကျူးလွန်ပြီးတော့ ထွက်သွားပါတယ်။ အတွေ့အကြုံမရှိသေးတဲ့ ဘုန်းကြီးလေးက မကောင်းဆိုးရွားကို နှင်နိုင်ခဲ့လို့ သူတော်စင်လို့ နာမည်ကျော်လာပါတယ်။ ဒါပေမဲ့ တကယ်ဖြစ်ပျက်သွားတဲ့ ကိစ္စကိုတော့ သူနဲ့ ဘုရားသခင်နဲ့ နတ်ဆိုးပဲ သိနိုင်တာပေါ့။ နတ်ဆိုးက ဒီအတိုင်းထွက်သွားတာနဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ အစီအစဉ်တွေရှိနေတာကို နောက် ၁၈ နှစ်ကြာမှ သိလာရပါတယ်။ ဒီဇာတ်ကားမှာတော့ ဘုရားသခင်ရဲ့ အစီအစဉ်တွေကိုတင်မဟုတ်ဘဲ နတ်ဆိုးရဲ့အစီအစဉ်တွေကိုလည်း တွေ့ရမှာပါ။ နတ်ဆိုးရဲ့ အစီအစဉ်တွေကဘယ်လိုလဲဆိုတာတော့ ဇာတ်ကားကိုပဲ ကြည့်လိုက်ကြစေချင်ပါတယ်။

ပုံမှန် သရဲပူးလို့ ဖာသာက သရဲနှင် သရဲထွက် ဖာသာနိုင် ဇာတ်လမ်းတွေကနေကွဲထွက်ပြီး ဖာသာရဲ့ ယုံကြည်မှုကို နတ်ဆိုးက ကစားပြီး သူ့ဘက်ပါအောင် သိမ်းသွင်းတဲ့ ထူးထူးခြားခြား ဇာတ်အိမ်မျိုးပါပဲ။ ဗာတီကန်က ဘုန်းတော်ကြီးတွေရဲ့ လိုက်နာရမယ့် နည်းစနစ်တွေ ဥပ‌ဒေ‌တွေကိုတောင်မှ သရော်ပြ မေးခွန်းထုတ်ပြထားတဲ့ Horror ကားကောင်းတစ်ကားပေါ့။

Movie Link - https://t.me/sparrowmovies93/474

The Exorcism of God (2022)
IMDB: 5.3/10
1 nomination

The Pursuit of Happyness (2006)
IMDB: 8.0/10
Nominated for Oscar. Another 11 wins 24 nominations

အကယ်​၍ သင်​ဟာ Single Father တစ်​​ယောက်​ဖြစ်​ပြီး သင့်က​လေးအိပ်​ဖို့အတွက်​ ​ကျောတစ်​ခင်းစာ​တောင်​မဖန်​တီး​ပေးနိုင်​​တော့ဘူးဆိုရင် သင့်ရင်​​သွေးကိုစွန့်လွှတ်လိုက်​​မှာပါလား? Chris Gardner ဆိုတဲ့ လူတစ်​​ယောက်​​က​တော့ မိမိရဲ့သား​လေးလက်​ကိုဆွဲပြီး ဘဝရဲ့အခက်​ခဲဆုံးအချိန်​​တွေကိုဖြတ်​​ကျော်​ပြီးလို့ အခုဆို Millionaire တစ်​​ယောက်​​တောင်​ဖြစ်​လို့​နေပါပြီ။ သင့်ဘဝကို သင်​ခက်​ခဲလှပြီလို့ထင်​​နေရင်​ တကယ့်ဖြစ်​ရပ်​မှန်​ဘဝကိုအ​ခြေခံပြီးရိုက်​ကူးထားတဲ့ ဒီဇာတ်​ကား​လေးကို အချိန်​​ပေးပြီးကြည့်ကြည့်လိုက်​ပါ...

ဒီကား​လေးကြည့်ပြီး အရင်​ဦးဆုံး ခံစားမိမှာက​တော့ ဖခင်​တစ်​​​ယောက်​ရဲ့​မေတ္တာ ဘယ်​​လောက်​ နက်​ရှိုင်းတယ်​ဆိုတာပါပဲ… ဘဝရဲ့အဆိုးဆုံးအ​ခြေအ​နေတစ်​ခုမှာ​တောင်​ သားဖြစ်​သူကို လက်​လွှတ်​မခံခဲ့တဲ့ ဖခင်​တစ်​​ယောက်​ရဲ့ ​မိဘ​မေတ္တာ… ကျွန်​​တော်​တို့ ​တော်​​တော်​များများ ​ငွေကိုသည်းကြီးမည်းကြီးရှာ​နေကြချိန်​မှာ ​ပျော်​ရွှင်​မှုဆိုတာဘာလဲ ဘယ်​လိုအရာက မိမိကို​ပျော်ရွှင်​​စေတာလဲ မ​တွေးမိကြတာများပါတယ်​…

ဒီဇာတ်​ကား​လေးက​နေ ​တော်​ရုံသတိပြုမိဖို့ခဲယဉ်းတဲ့ဖခင်​တစ်​​ယောက်​ရဲ့ချစ်​ခြင်းမေတ္တာရယ်​…​​ ​ပျော်​ရွှင်​မှုဆိုတာ ကြိုးစားသူတိုင်းအတွက်​ အလှမ်းမ​ဝေးဘူးဆိုတာရယ်​… ဘဝဆိုတာ ​”ဘုံလုံတစ်​လှည့် ငါးပျံတစ်​လှည့်” ဖြစ်​​တယ်​ဆိုတာ စိတ်​ကူးယဉ်​သက်​သက်​မဟုတ်​ပဲလက်​​တွေ့မှာပါ တကယ်​ရှိတယ်​ဆိုတာ တို့ကို…သာမန်​အ​ရောင်းသမား(Saleman) ​လေးဘဝက​နေ သန်းကြွယ်​သူ​ဌေးတစ်​​ယောက်​ဖြစ်​လာသည်​အထိ ခက်​ခက်​ခဲခဲ ရုန်းကန်​လှုပ်​ရှားခဲ့ရသူ Chris Gardner ရဲ့ဘဝကို​ inspired လုပ်​ပြီး ရိုက်​ကူးထားတဲ့ “The Pursuit of Happyness” ဆိုတဲ့ကား​လေးမှာ အထင်​အရှား​တွေ့ကြရမှာပါ…

ဒီဇာတ်​ကား​လေးကို​တော့ Director Gabriele Muccino ကရိုက်​ကူးထားပြီးကျွန်​​တော်​တို့ရုပ်​ရှင်​ကြိုက်​သူ​တွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်​တဲ့ မင်းသားကြီး Will Smith ကသရုပ်​​ဆောင်​ထားပါတယ်​… ထူးခြားမှုအ​နေနဲ့က ဒီဇာတ်​ကားထဲမှာ Chris Gardner(Will Smith) ရဲ့ သား​နေရာက​နေ သရုပ်​​ဆောင်​ထားသူက​တော့Will Smith ရဲ့ သားအရင်းဖြစ်​သူ Jaden Smith ပဲဖြစ်​ပါတယ်​…၈ နှစ်​အရွယ်​သာရှိ​သေးတဲ့ Jaden Smith ရဲ့ပထမဦးဆုံးပွဲဦးထွက်​ကားဖြစ်​​ခဲ့ပေမယ့်
> MTV+TV awards(2007) : Breakthrough Performance ဆု
> Phoenix Film Critics Society Awards(2006): Best Performance by a Youth ဆု
> Teen Choice Awards(2007)ဆုတို့ရခဲ့တဲ့အပြင်​ အခြား Nominees ​ပေါင်းများစွာလဲ ဝင်​ခဲ့ပါ​သေးတယ်​…အနုပညာ​သွေးအခံရှိလို့ထင်​ပါရဲ့…

မင်းသားကြီး Will Smith ကိုယ်​တိုင်​လဲ
> Academy Awards,USA(Oscar)(2007): Nominated
> Gloden Globe,USA(2007): Nominated တို့အပြင်​ အခြား Nominees ​ပေါင်းများစွာနဲ့ ဆု​တွေကိုလဲ ရ​ခဲ့​သေးတာဆို​တော့..

အချိန်​၂နာရီ​ပေးပြီးကြည့်​ရမှာ တကယ်​တန်​တဲ့ကား​ကောင်းတစ်​ကားလို့ညွှန်းလိုက်​ပါရ​စေ​ဗျာ…။ IMDb Rating(8.0)ထိရရှိထားပါတယ်။

Movie Link - https://t.me/sparrowmovies93/473

The Pursuit of Happyness (2006)
IMDB: 8.0/10
Nominated for Oscar. Another 11 wins 24 nominations

Thangalaan (2024)
IMDB: 7.1/10

ကာနာတာကာရဲ့ကိုလာရွှေတွင်းမှာ ‌ရွှေတူးသမားတွေ တွေ့ကြုံခဲ့ရတာကိုအခြေခံပြီးပြန်လည်ရိုက်ကူးထားတာပါ... Box Office အနေနဲ့လည်း ₹100 crore ထိရရှိထားတဲ့ ၂၀၂၄ထွက် ဖြစ်ရပ်မှန်ရုံတင်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်... ချစ်မိသွားရင်ဘာမှမမြင်တတ်ကြတဲ့သဘာဝအတိုင်း မိန်းမသည်သာအရာရာဖြစ်နေတဲ့ သန်ဂန်လန် ကလေးတွေဆိုလည်း မိခင်ထက် ဖခင်ကိုပိုချစ်ကြပြီးအဖေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေက သူတို့ရဲ့အိပ်ဆေးပဲပေါ့ မိသားစုတွေဘဝကို အလုပ်လုပ်လိုက် ကြည်နူးလိုက်ဖြစ်နေချိန်မှာ ရွေတွင်းတူးဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လိုက်ပါတယ် ဒီရွှေတွင်းရဲ့သမိုင်းကိုပြောရရင်တော့။

ပွန်နာမြစ်ဝန်းရံနေတဲ့အာနာမာလိုင်တောင်တစ်လုံး ဆင်နဲ့တူလို့ဒီလိုနာမည်ပေးထားတာဖြစ်ပြီး ဆင် ကျား ဝက်ဝံရိုင်းတွေရဲ့အသံတွေ ပဲ့တင်သံကြားရတဲ့ထိပေါများပါတယ်... တိုင်းတစ်ပါးကရန်သူတွေကိုချေမှုန်းပြီး မြစ်ကိုဖြတ်သန်းလာတဲ့ဘုရင်က ဒီမြစ်မှာရွှေတူးသမားတွေနဲ့ဆုံခဲ့တယ် မြစ်ထဲမှာရှာနေတဲ့ရွှေတွေက လိုအပ်သူသာရဖို့ကျိန်စာသင့်နေပေမဲ့ ဘုရင်ကဒီရွှေကို အပိုင်သိမ်းချင်ခဲ့ပါတယ်... ကျိန်စာသင့်တဲ့အတိုင်း ဘုရင့်လူတွေဆင်းရှာတော့ ဘယ်ရွှေမှမတွေ့ခဲ့ဘူးပေါ့... ဒါပေမဲ့ပွန်နာမြစ်နဲ့မဝေးတဲ့တစ်နေရာမှာ ရွှေအတိဖြစ်နေတဲ့ကျောက်တုံးနဲ့ ရွေမြေတွေကို ကံကောင်းထောက်မစွာနဲ့တွေ့ခဲ့တယ် ဒီရွှေမြေကိုတော့ အာရသီဆိုတဲ့မှော်ဆရာမကစောင့်ရှောက်နေတာပါ တောအုပ်ရဲ့ခေါင်းဆောင် စိတ်ကိုအလိုရှိသလိုညှို့နိုင်စွမ်းရှိတဲ့သူမ..သူ့ကြောင့်ပဲဒီရွှေတွေကဘေးမသီရန်မခရှိနေခဲ့တာပါ... ဒါပေမဲ့ လောဘသားတွေလက်အောက်မှာကျရှုံးခဲ့ရပြီး သူ့သွေးနဲ့ထိတဲ့ နယ်မြေတိုင်းကိုရွှေအတိဖြစ်စေခဲ့ပြီး ကျိန်စာတွေကလည်းဒီတိုင်းကျန်ရှိနေပြီး သမိုင်းကြောင်းကတစ်ခန်းရပ်ခဲ့တယ်...

မျက်မှောက်ကာလမှာတော့ ဒီရွေတွင်းကိုပြန်တူးဖော်ဖို့အင်္ဂလိပ်အစိုးရက အမိန့်ချမှတ်လေတော့ သန်ဂန်လန်တို့ရွာသားတွေက မဖြစ်မနေသွားဖို့အကြောင်းဖန်လာရာကနေ ဘယ်လိုအခက်အခဲတွေတွေ့ကြုံသွားရမယ်ဆိုတာကိုတော့...

Movie Link - https://t.me/sparrowmovies93/457

Thangalaan (2024)
IMDB: 7.1/10

Knuckles (2024)

ဒါလေးကတော့ Sonic The Hedgehog ဗီဒီယိုဂိမ်းကိုအခြေခံထားတဲ့ animation လှလှလေးတွေနဲ့ ပေါင်းစပ်ထားတဲ့ action/ comedy လေးပါ။

ရုပ်တည်နဲ့ ဘာမဆိုအလေးအနက်ဖြစ်နေတတ်တဲ့ ခွတီးခွကျနိုင်တဲ့ Knuckle ကို ဘိုးဘေးရဲ့၀ိညာဥ်က အရှုံးသမားဖြစ်နေတဲ့ ဘိုးလင်းသမာ၀ိတ်ကို ချန်ပီယံဖြစ်အောက်လုပ်ပေးရမယ်လို့ တာ၀န်ပေးလာပါတယ်။ တဖက်ကလည်း Knuckle ရဲ့ခြေလှမ်းအမှားကို စောင့်ဖမ်းချင်တဲ့ လူတစ်စုလည်း ရှိနေတာကြောင့် ပျော့ညံ့တဲ့၀ိတ် နဲ့ စိတ်မရှည်တဲ့ Knuckle တို့ အန္တရာယ်တွေကြား နှစ်ပါးသွားရပုံကိုရှုစားရမှာဖြစ်ပါတယ်။

IMDB 6.3 ရထားတဲ့ mini series လေးပါ။ရှုစားကြပါဦး။

Movie Link - https://t.me/sparrowmovies93/451

Kuman Thong (2024) Black Magic Baby
IMDB: 7.3/10

ကူမန်ထုံဆိုတဲ့ နာမည်ကိုကြားရင် ထဲထဲဝင်ဝင်မသိဘူးဆိုရင်တောင် အများစုကတော့ ကြားဖူးနေကျ ရင်းနှီးနေကျ နာမည်တစ်ခုဖြစ်မှာပါပဲ။ အိမ်နီးချင်းထိုင်းနိုင်ငံရဲ့ရိုးရာယုံကြည်မှုအစီအရင်တစ်ခုဖြစ်ပြီး အပေါ်ယံသဘောပြောရရင်တော့ ကလေးသရဲတွေကိုအစီအရင်တွေနဲ့အရုပ်ထဲထည့်ပိတ်ပြီး ကလေးတွေကိုဆက်ဆံသလို မုန့်ကျွေး၊အဝတ်ဆင်၊ ကစားစရာပေး၊ ကိုယ့်ဘက်က လိုရာဆုတောင်းကြတဲ့ပုံစံမျိုးပါ။ အဲ့ဒီဖြစ်စဉ်တွေကြောင့် မသမာမှုတွေ၊ရာဇဝတ်မှုတွေ၊အမှုအခင်းတွေဖြစ်ပေါ်လာတဲ့နောက် အာဏာပိုင်တွေကပါ နှိမ်နင်းရတဲ့အထိအုတ်အော်သောင်းတင်းဖြစ်ခဲ့တာပါ။ အခုချိန်မှာ တရားမဝင်ဖြစ်သွားပြီဖြစ်တဲ့အတွက် ကလေးအလောင်းအစစ်ကိုမသုံးတော့ပေမယ့် တစ်ခြားနည်းလမ်းတွေနဲ့တော့ ဆက်ပြီး တည်ရှိနေကြတုန်းပါပဲ။ ဒီဇာတ်ကားကလည်း အဲ့ဒီနာမည်ကျော် ကူမန်ထုံကိုအခြေခံတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

ဖိလစ်ပိုင်တစ်ကိုယ်ရည်မိခင်တစ်ဦးဖြစ်တဲ့ ကလာရာဟာ သမီးဖြစ်သူကေတီနဲ့အတူ သူ့ခင်ပွန်းလောင်းဖြစ်လာမယ့် စိုင်းချွန်ဆိုတဲ့ကောင်လေးရဲ့မိခင်ဖြစ်သူနဲ့တွေ့ဖို့ ထိုင်းနိုင်ငံကိုထွက်လာခဲ့ပါတယ်။ ကလာရာဟာ မကြာသေးခင်က သားငယ်ဖြစ်သူကို မတော်တဆမှုနဲ့ဆုံးရှုံးထားရတဲ့အတွက် အခုချိန်ထိ သောကတွေဖိစီးနေဆဲဖြစ်ပြီး သူလာရောက်တွေ့ဆုံတဲ့ယောက္ခမ‌လောင်းကြီးကလည်း သူ့ကိုအခုတစ်မျိုးတော်ကြာတစ်မျိုးဆက်ဆံတဲ့အတွက် စိတ်ဆင်းရဲနေရပါတယ်။ တစ်နေ့မှာတော့ လမ်းမှာတွေ့တဲ့ စိတ္တဇဝေဒနာသည်အဘွားကြီးတစ်ယောက်ရဲ့တိုက်တွန်းမှုနဲ့အမှန်အမှားမခွဲခြားနိုင်တဲ့ ကလာရာဟာ သူ့သားရဲ့အရိုးပြာတွေနဲ့ ကူမန်ထုံအရုပ်ကိုစီရင်မိခဲ့ပြီး အဲ့ဒီအရုပ်အိမ်ကိုစရောက်တဲ့ညကစလို့ အစကတည်းက မငြိမ်းချမ်းတဲ့ သူတို့အိမ်မှာ အခြောက်အလှန့်တွေ ပြဿနာတွေတောက်လျှောက်ဆက်လာပါတော့တယ်။ Vivamax ရဲ့မိခင် ကုမ္ပဏီကြီးဖြစ်တဲ့ Viva Film ကထုတ်တဲ့ကားဖြစ်ပြီး Iskandalo (2022)၊ Nerisa ဇာတ်ကားတွေနဲ့ ပရိသတ်တွေရင်းနှီးကြတဲ့Cindy Miranda နဲ့ ‌ထိုင်းမင်းသား Max Nattapol Diloknawarit (Bad Romance၊ Together with Me) တို့ဦးဆောင်ပါဝင်ထားပါတယ်။

Movie Link - https://t.me/sparrowmovies93/450

Kuman Thong (2024) Black Magic Baby
IMDB: 7.3/10

A Millionaire’s First Love (2006)
IMDB: 7.2/10

ဒီကားလေးကတော့ Crash Landing On You ထဲကမင်းသားကြီး Hyun Bin နဲ့ Ghost ထဲကမင်းသမီး Lee Yeon Hee တို့က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး ဒါရိုက်တာ Kim Tae Kyun ရိုက်ကူးပြသထားတဲ့ Romance, Comedy ကားလေးဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်း

ဆိုးလ်မြို့သားလေး ဂန်ဂျယ်ဂယောင်းက သူ့အဘိုးဖြစ်သူ ဆုံးပါးပြီးနောက် သူအမွေဆက်ခံရဖို့အတွက် အဘိုးဖြစ်သူရဲ့ သေတမ်းစာထဲကအတိုင်း ဘိုရမ်အထက်တန်းကျောင်းကို ကျောင်းပြောင်းလာခဲ့ရာက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မွေးရာပါရောဂါသည် ချွဲအွန်းဟွမ်နဲ့ တွေ့ပြီးနောက် သူ့ဘဝရဲ့တန်ဖိုးထားရတဲ့အရာကို ဘယ်လိုရှာတွေ့သွားမလဲဆိုတာကို ချိုချိုအေးအေးလေး ခံစားကြည့်ရှုရမှာဖြစ်ပါတယ်...

Movie Link - https://t.me/sparrowmovies93/449