Últimas Postagens de Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies) no Telegram

Postagens do Canal Kyaw Gyi Up To Date Movies (Free Channel)

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 Inscritos
1,247 Fotos
542 Vídeos
Última Atualização 26.02.2025 06:44

Canais Semelhantes

G12 Physics by Dr Vince
35,859 Inscritos
DeFinder Capital
31,189 Inscritos
Ancient Alpha Airdrop
12,604 Inscritos

O conteúdo mais recente compartilhado por Kyaw Gyi Up To Date Movies (Free Channel) no Telegram


The Night Owl (2022)
IMDB: 7.4/10

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ်... ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ်... ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်... အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ်... ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့ ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ်... မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ...

ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ်... ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော်... ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ...

Movie Link - https://t.me/sparrowmovies93/482

The Night Owl (2022)
IMDB: 7.4/10

Dark Figure of Crime (2018)
IMDB: 6.7/10

2018ကထွက်ရှိထားတဲ့ Dark Figure of Crime ဆိုတဲ့ ဒီမှုခင်းဇာတ်ကားလေးမှာတော့ Kingdom ထဲက မင်းသားဂျူဂျီဟွန်းနဲ့ The Frog ထဲက ဝါရင့်သရုပ်ဆောင်ကြီး ဂင်ယွန်းဆော့တို့ အဓိကပါဝင်ထားပါတယ်... တခြားဇာတ်လမ်းတွေနဲ့ မတူတဲ့အပိုင်းကတော့ ဒီဇာတ်လမ်းက 2010 ခုနှစ်၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအညွှန်း

ချစ်သူကောင်မလေးကို သတ်မှုနဲ့ အချုပ်ကျသွားတဲ့ ဂန်ထယ်အိုတစ်ယောက် ဘူဆန်မြို့ရဲ့စုံထောက်ဖြစ်သူ ဂင်ဟျောင်းမင်ဆီ ဆက်သွယ်လာပါတယ်။ ဆက်သွယ်လာရတဲ့အကြောင်းရင်းကတော့ သူကျူးလွန်ထားတဲ့ နောက်ထပ် လူသတ်မှု 7 ခု အကြောင်းကို ဝန်ခံဖို့ပါပဲ။ ဒါပေမဲ့ ဒီပြစ်မှုတွေကို ဂန်ထယ်အိုက စုံထောက်ဂင်ဟျောင်းမင်တစ်ယောက်တည်းဆီပဲ ဝန်ခံခဲ့ပါတယ်။ သူဒီလိုလုပ်ရတဲ့အကြောင်းရင်းက ဘာဖြစ်မလဲ။ ဂင်ဟျောင်းမင်ကရော ဒီအမှုတွေအကုန်လုံးကို ဖော်ထုတ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေအောက်မှာပဲ လူသတ်သမားနဲ့ စုံထောက်တို့ကြားက အားပြိုင်မှုကို ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/481

Emilia Pérez (2024)
IMDB: 7.0/10

အားလုံး စောင့်မျှော်နေကြတဲ့ Emilia Perez ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Musical Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ နာမည်ကျော် Cannes Film Fesitval နဲ့ Europe Film Award ပွဲတွေမှာ ဆုတွေ Nomination တွေ တစ်သီကြီး ရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ နောက်ပြီးတော့ နာမည်ကြီး ဂါမိုရာမင်းသမီး Zoe Saldaña အပြင် Selena Gomez နဲ့ Karla Sofía Gascón တို့ ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းကို ကြည့်မှပဲ သေချာခံစားလို့ရအောင် အရမ်းမပြောတော့ဘူးနော်။

ဇာတ်လမ်းအကျဉ်း

မက္ကဆီကိုက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ ငယ်စဉ်ကတည်းက မျိုသိပ်ထားတဲ့ဆန္ဒကို ရှေ့နေမတစ်ယောက်ရဲ့ အကူအညီနဲ့ ရယူနိုင်ခဲ့ပြီး ဘဝဟောင်းကို စွန့်ခွာကာ ဘဝသစ်စတဲ့အခါမှာ ဘဝအဟောင်းရဲ့ သံယောဇဉ်တွေက ဘဝအသစ်ကို ဘယ်လိုလာရိုက်ခတ်မှာလဲ ဘဝအသစ်မှာရော ဘဝအဟောင်းရဲ့ ကြွေးတွေ ဆပ်ခွင့်ရနိုင်မလား အဆုံးသတ်မှာ ဘဝ ၂ ခု ပြန်ပေါင်းစပ်သွားတဲ့အခါ ဘယ်လိုအဆုံးသတ်သွားမှာ စတာတွေကို အရမ်းကောင်းတဲ့ musical songs တွေ dialogues တွေနဲ့ ခံစားစီးမျှောသွားနိုင်မဲ့ ဇာတ်ကားကောင်းမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

Movie Link - https://t.me/sparrowmovies93/480

The Road to El Dorado (2000)
Adventure, Animation, Drama
IMDB: 7.0/10

စွန့်စားခန်းတွေ၊ ရတနာရှာဖွေရေးတွေ ကြိုက်တတ်တဲ့သူတွေအတွက် old but gold ဇာတ်ကားကောင်းလေးတပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ El Dorado ဆိုတာက ရှေးနတ်ဘုရားတွေ ဖန်းဆင်းထားခဲ့ပြီး ရွှေအပြည့်နဲ့ ရွှေမြိုတော်ကြီးလို့သိကြပါတယ်။ ဒါပေမယ့် ဒီမြို့ကိုတော်ရုံနဲ့တော့ ရှာမတွေ့နိုင်ဘူးပေါ့ဗျာ။ မီဂယ်လ်နဲ့ တူလီယို ဟာဆိုရင် လောင်းကစားတောင်မှ လိမ်စားတဲ့ အကြံဖန်သမားတွေပါ။ ကံ‌ ကောင်းလားဆိုးလားတော့မသိ el dorardoကိုသွားတဲ့မြေပုံကို လောင်းကစားလုပ်ရင်းရခဲ့ပြီး ပြေးရင်းလွှားရင်းနဲ့ပဲ အဲ့မြို့တော်ကိုပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတယ်... ဘယ်လို ခိုးထုတ်ကြမလဲဆိုတာကိုတော့…

Movie Link - https://t.me/sparrowmovies93/479

Kensuke’s Kingdom (2023)
Adventure, Animation
IMDB: 7.2/10

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။

ဇာတ်လမ်း အကျဉ်း

မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။

မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ်လို့...

Movie Link - https://t.me/sparrowmovies93/478

About Cannabis and Cancer (2019)
Documentary
IMDB: 7.4/10

ဒီ Documentary လေးကတော့ ကင်ဆာကို ဆေးခြောက်နဲ့ကုမယ်ဆိုတဲ့ နည်းကိုဆေးပညာရှုထောင့်ကနေပြောသွားတာဖြစ်ပါတယ်။ ဆေးခြောက်ဆိုတာ မကောင်းတဲ့အရာလို့တော်တော်များများက မှတ်ယူထားကြတာကို သိမယ်ထင်ပါတယ်။ တကယ်လည်း မကောင်းသလိုသုံးရင်တော့ မကောင်းပါဘူး။

“တန်ဆေး၊ လွန်ဘေး” ဆိုတဲ့ စကားလည်းရှိပါတယ်။ ဒါပေမယ့် ဆေးပညာရှုထောင့်ကနေကြည့်လိုက်ရင် မော်ဖင်းနဲ့ ဆေးခြောက်ကဲ့သလို့ မူးယစ်ဆေးဝါးတွေက ကမ္ဘာဦးအစ စစ်ပွဲတွေကစလို့ ဆေးပညာနယ်ပယ်မှာအသုံးပြုနေတာဖြစ်ပါတယ်။ ဒီ Documentary မှာတော့ ကင်ဆာရောဂါကို ဆေးခြောက်သုံးပြီး ဘယ်လိုများ ကုသသွားမလဲ၊ အရှင်းကြီးပျောက်တာမျိုးမဟုတ်ရင်တောင်မှ သက်သာအောင်ဘယ်လိုများလုပ်နိုင်မလဲဆိုတာကို အကျယ်တဝင့် ရှင်းပြသွားမှာဖြစ်ပါတယ်။

Documentary Movie Link - https://t.me/sparrowmovies93/477

Victor Frankenstein (2015)
IMDB: 6.0/10
4 wins & 1 nomination

ဆပ်ကပ်မှာ ကပ်နေရတဲ့ ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ်... ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံး အကုန်လုံးကဝိုင်းနှိမ်ပြီး အနိုင်ကျင့်ဆက်ဆံကြတဲ့အပြင် နာမည်တောင်မရှိရှာပါဘူး... သူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီး လှပလွန်းတဲ့ လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပုံဆွဲနေလေ့ရှိပြီး အလုပ်ချိန်ဆိုရင်တော့ သူကြိတ်ချစ်နေရတဲ့ ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကို ခိုးကြည့်နေတတ်တဲ့ တောက်တိုမယ်ရ လူရွှင်တော်တစ်ယောက်ပါ...

သူရဲ့ဘဝက ဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကို ပုံဆွဲနေရတဲ့အချိန်တွေရယ် အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီး အရာရာကို လက်လျှော့ပြီး အရှုံးပေးထားပါတော့တယ်... ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာ လော်ရယ်လိုင်းဟာ မမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ရင်း ဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့ တွေ့ကြဖို့ အကြောင်းဖန်လာပါတော့တယ်... အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘဝတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ်...

ဒီကားကညီအစ်ကို၊ ဆရာတပည့်ဆက်ဆံရေးကို ဖော်ကျူးထားပုံက တော်တော်ကြည့်လို့ကောင်းပါတယ်... လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့ အင်မတန်ကျေနပ်စရာကောင်းမယ့် သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ်...

Movie Link - https://t.me/sparrowmovies93/476

Victor Frankenstein (2015)
IMDB: 6.0/10
4 wins & 1 nomination

You Will Die in 6 Hours (2024)
IMDB: 7.6/10

NCT အဖွဲ့ဝင် Jaehyun နဲ့ Mouse ၊ Perfect Family တို့မှ မင်းသမီး Park Ju-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလာပါပြီ။ တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာ နေရလိမ်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း…(Park Ju-Hyun) အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲ ဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာ ဂင်ဂျွန်အူ (Jaehyun) က ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက “မင်း နောက် ၆ နာရီကြာရင် သေရမယ်”တဲ့… အဓိပ္ပာယ်မရှိတဲ့စကားမို့ ဂျောင်ယွန်းလည်း အစက မယုံနိုင်ဖြစ်နေခဲ့ပေမဲ့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဂျွန်အူနဲ့နှစ်ယောက်အတူ သူ့ကိုသတ်မဲ့ လူသတ်သမားကို အတူလိုက်ရှာကြတဲ့အခါမှာတော့… ဂျောင်ယွန်းက သူ့ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်မလား… ဂျွန်အူက ဂျောင်ယွန်းရဲ့ကံကြမ္မာကို ကြိုမြင်နိုင်ရတာရဲ့ နောက်ကွယ်မှာလည်း ဘယ်လိုအကြောင်းအရင်းတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...

Movie Link - https://t.me/sparrowmovies93/475