Últimas Postagens de Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies) no Telegram

Postagens do Canal Kyaw Gyi Up To Date Movies (Free Channel)

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 Inscritos
1,247 Fotos
542 Vídeos
Última Atualização 26.02.2025 06:44

Canais Semelhantes

Ancient Alpha Airdrop
12,604 Inscritos
Hunt in Blockchain
10,113 Inscritos

O conteúdo mais recente compartilhado por Kyaw Gyi Up To Date Movies (Free Channel) no Telegram


Kingdom 4: Return of the Great General (2024)
IMDB: 7.6/10

Flying Swords of Dragon Gate (2011)
IMDB: 5.9/10

Jet Li ရဲ့အမိုက်စားအက်ရှင်တွေနဲ့ သဘာဝကျတဲ့ Effectsအလန်းစားတွေနဲ့ သိုင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာမည်ကျော် လုံမိန်တည်းခိုခန်းမီးလောင်သွားပြီးတော့ ပိုင်ရှင်ဖြစ်တဲ့သူပျောက်သွားပြီး (၃)နှစ်မှာ တိုင်းပြည်အုပ်ချုပ်ရေးမျာကြီးစိုးနေတဲ့ အာဏာကိုအလွဲသုံးစားလုပ်နေတဲ့ မိန်းမစိုးအင်အားစုကို ကျောက်ဟွိုင်အန်းတို့လူစုက ဖြိုလှဲဖို့ကြိုးစားနေခဲ့ကြတယ်။

တစ်ချိန်ထဲမှာပဲ ကျောက်ဟွိုင်အန်းဆိုတဲ့နာမည်နဲ့ လူတွေကိုကယ်တဲ့သူတစ်ယောက်ရှိလာတယ်။ နန်းတွင်းကိုအပျိုတော်လေးတစ်ယောက်ကိုကယ်ဖို့ကြိုးစားရင်းနဲ့ သဲကန္တာရထဲက လုံမိန်တည်းခိုခန်းကိုရောက်လာခဲ့ကြတယ်။ သိပ်မကြာခင်မှာ သဲမုန်တိုင်းကြီးကျလာတော့မှာဖြစ်တဲ့အတွက် တည်းခိုခန်းထဲမှာ ပိတ်မိမလိုဖြစ်လာတဲ့အခါ သဲမုန်တိုင်းကြားကသူတို့ရဲ့တိုက်ပွဲဟာ ဘယ်လိုတွေပြင်းထန်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့ကြည့်ရမှာဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/554

Unbreakable (2000)
IMDB: 7.3/10
2 wins & 13 nominations

Mr.glassဆိုတဲ့လူကိုကြားဖူးကြလားဗျ မကြားဖူးသေးရင်တော့2019 ဇန်နဝါရီလရဲ့ပထမအပတ်မှာရုံတင်တော့မယ့် Glass ကိုသွားကြည့်ရင် အဆင်ပြေလှမှာမဟုတ်ပါဘူး။ Mr.glassဆိုတာ Osteogenesis Imperfecta လို့ခေါ်တဲ့ အရိုးကြေမွလွယ်ရောဂါဖြစ်နေတဲ့လူမမာလေးပါ။ ငယ်ငယ်ထဲကဆေးရုံမှာပဲကြီးပျင်းလာတာဖြစ်ပြီး သူ့အမေ ယူယူလာပေးတဲ့ ကာတွန်းစာအုပ်တွေနဲ့သာကြီးပျင်းလာတဲ့ကလေးလေးတစ်ယောက်ပါ။ ခန္ဓာကိုယ်ကိုသိပ်မသုံးနိုင်တဲ့သူ့ရဲ့ ဦးနှောက်ဟာအစွန်းတစ်ဖက်ရောက်တဲ့အထိစွမ်းဆောင်ရည်ရှိနေပါတယ်။ သူအဲ့ဦးနှောက်ကိုပြန်အသုံးချဖို့တော့ကာတွန်းစာအုပ်တွေကလွဲပြီးမရှိခဲ့ပါဘူး။ ကလေးဘဝကလုပ်ဆောင်နိုင်စွမ်းတွေဟာအသက်ရလာတာနဲ့အတူပိုပိုပြီးတိုးလာခဲ့ပါတယ်။ သူ့ကိုယ်သူဘယ်သူလဲဆိုတာလည်းအရမ်းရှာချင်ခဲ့ပါတယ်။

အရွယ်ရောက်လာတာနဲ့အမျှသူ့ကိုယ်သူရှာတဲ့ကိစ္စကလည်းပိုပြီးတွင်ကျယ်လာခဲ့ပါတယ်။ ကာတွန်းစာအုပ်တွေထဲကလိုပဲ သူ့ရဲ့အစွန်းတစ်ဖက်ကိုသူရှာခဲ့ပါတယ်။ Dunnလို့ခေါ်တဲ့လူအာဂဟာ အယောက်၁၃၁ယောက်ကို သေသွားစေတဲ့ ရထားမတော်တဆမှုမှာခြစ်ရာမထင်ပဲကျန်ခဲ့ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေတဲ့ပုံမှန်အခြေခံလူတန်းစား Dunn ဟာ အဲ့အဖြစ်အပျက်တွေဖြစ်ပြီးသိပ်မကြာခင်မှာပဲ လူထူးဆန်းတစ်ယောက်နဲ့မဖြစ်မနေရင်ဆိုင်ရပါတော့တယ်။ အဲ့လူကတော့ Mr.glassဖြစ်ပြီး Dunn ရဲ့ဘဝတစ်ခုလုံးကိုပြောင်းသွားစေမယ့်comic factsတွေနဲ့ သွေးအေးတဲ့လူသတ်မှုတွေကိုအရသာရှိရှိကြည့်ရမှာပဲဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/553

Unbreakable (2000)
IMDB: 7.3/10
2 wins & 13 nominations

The Lord of the Rings: The War of the Rohirrim
IMDB: 6.6/10

ကမ္ဘာကျော် The Lord of the Rings ဇာတ်လမ်းတွေထဲက တစ်ခုကို ထုတ်နုတ်ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။ လက်စွပ်စစ်ပွဲကြီး မဖြစ်ခင် နှစ် ၂၀၀ အကွာလောက်က ဇာတ်လမ်းဖြစ်ပြီး The Two Towers ထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့တဲ့ Helm’s Deep ရဲတိုက်ကြီးရဲ့ သမိုင်းကို အခြေခံထားပါတယ်။ ဒီတော့ အလယ်ကမ္ဘာရဲ့ တတိယခေတ်အတွင်းက ဇာတ်လမ်းပါပဲ။

ဇာတ်ကြောင်းကို နောက်ခံပြောသူအဖြစ် The Two Towers နဲ့ The Return of the Kings မှာပါတဲ့ Éowyn က ပြောပြသလို ဖန်တီး ထားတာဖြစ်ပြီး Éowyn ရဲ့ အသံသရုပ်ဆောင်အဖြစ် Miranda Otto က ပါဝင်ထားပါတယ်။ ဘုရင်ကြီး သီအိုဒန်ဟာ ရိုဟန်ရဲ့ ၁၇ ဆက်မြောက်ဘုရင်ဖြစ်ပြီး အခုရုပ်ရှင်ထဲမှာတော့ ရိုဟန် ၉ ဆက်မြောက်နဲ့ ၁၀ ဆက်မြောက်ဘုရင်ရဲ့ သမိုင်းကို ပြသထားတာဖြစ်ပါတယ် LOTR စကြဝဠာမှာ ခေတ်လေးခေတ်ရှိတဲ့အထဲက တတိယခေတ်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

ပထမခေတ်ဟာ ဗာလာနှစ် ၃၀၀၀ (နှစ်ပေါင်း ၃၀၀၀၀) ကျော်ကြာမြင့်ခဲ့ပါတယ်။ မူလအစမှာတော့ Eru Ilúvatar အယ်ရူအီလူဗာတာဆိုတဲ့ဖန်ဆင်းရှင်တစ်ပါးရှိခဲ့ပါတယ်။ ဆရာကြီးတိုကင်းရ် တီထွင်ခဲ့တဲ့ နတ်ဘာသာစကား ကွင်ယာအရ အယ်ရူဆိုတာ တစ်ခု၊တစ်ဦးတည်းသောသူကို ရည်ညွှန်းပြီး အီလူဗာတာ ဆိုတာကတော့ အဘဘုရားလို့ ရည်ညွှန်းပါတယ်။ အယ်ရူရဲ့ စိတ်ထဲကနေ ဖန်ဆင်းရှင်အငယ်တွေ ဖြစ်ပေါ်လာပါတယ်။ သူတို့ကိုတော့ Ainur အိုင်နူအော်လို့ခေါ်ပါတယ်။ သူတို့ဟာ အယ်ရူနဲ့အတူ ကမ္ဘာကြီးကို ဖန်ဆင်းကြတဲ့သူတွေဖြစ်ပါတယ်။ အယ်ရူဟာ Eä လို့ခေါ်တဲ့ ဗလာနယ်ကြီးကို ဖန်ဆင်းပြီးမှ Arda အဖြစ် စိတ်ကြိုက်ဖန်ဆင်းဖို့ အိုင်နူအော်တွေကို ခိုင်းစေခဲ့ပြီး အဲဒီလို ဖန်ဆင်းဖို့ သွားခဲ့ကြတဲ့ အကြီးဆုံး အိုင်နူအော်တွေကို Valar ဗယ်လာလို့ခေါ်ပါတယ်။ ပြီးတော့ အိုင်နူအာတွေထက် တဆင့်နိမ့်တဲ့ ဖန်ဆင်းရှင်အငယ်စားတွေကိုတော့ Maia မိုင်ရာလို့ခေါ်ပါတယ်။ Gandalf ဟာလည်း Olórin ဆိုတဲ့နာမည်နဲ့ မိုင်ရာတစ်ပါးပဲဖြစ်ပါတယ်။ အဲဒီနောက်မှာပဲ အယ်ရူရဲ့ စိတ်ထဲကနေ နတ်သူငယ်တွေနဲ့ လူသားတွေ အလယ်-ကမ္ဘာမှာပေါ်ထွက်လာပါတယ်။ ဒီနှစ်မျိုးကိုတော့ အီလူဗာတာရဲ့ ကလေးငယ်များလို့ခေါ်ပါတယ်။ နတ်သူငယ်တွေကိုတော့ ပထမမွေးဖွား သူလို့ခေါ်ပြီး လူသားတွေကိုတော့ ဒုတိယမွေးဖွားသူလို့ခေါ်ပါတယ်။

အဲဒီပထမခေတ်ရဲ့ အကြီးဆုံးရန်သူကတော့ အယ်ရူရဲ့ အကြီးဆုံးအမှုထမ်း စွမ်းအားအကြီးဆုံးအိုင်နူအော်အဖြစ်ကနေ ဖောက်ပြန်သွားတဲ့ Melkor ခေါ် Morgoth(ကမ္ဘာကြီးရဲ့အနက်ရောင်ရန်သူ) ပါပဲ။ မောရ်ဂေါ့သ်နဲ့ရဲ့ညီအစ်ကို Manwë Súlimo ကတော့ ဗယ်လာတွေရဲ့ ဘုရင်ပေါ့။ တိုကင်းရန်စကြဝဠာရဲ့ မကောင်းမှုအားလုံးက မောရ်ဂေါ့သ်ကနေ ဆင်းသက်လာတာပါ။ မောရ်ဂေါ့သ်ဟာ မိစ္ဆာဆိုတာကိုနားမလည်တဲ့ အိုင်နူအာအငယ်တွေကို သူ့ဘက်ပါအောင် စည်းရုံးသွားခဲ့ပါတယ်။ မောရ်ဂါ့ရဲ့ အားဟာ အခြားဗယ်လာအားလုံးပေါင်းရဲ့အားလောက်ရှိတာမို့ သူတို့ ဗယ်လာတွေအစမှာမနိုင်ခဲ့ပါဘူး။ နောက်မှသာ ဗယ်လာ Tulkas ရောက်လာပြီး အင်အားမျှခဲ့တာပါ။ အဲဒီနောက်မှာ ဗယ်လာတွေ ဆုတ်ခွာပြီး အခြေချတဲ့နေရာက ဗယ်လီနော်ဆိုတဲ့ မသေမျိုးနိုင်ငံဖြစ်လာပါတယ်။ မောရ်ဂေါ့ကတော့ အလယ်-ကမ္ဘာကိုကြီးစိုးထားခဲ့ပါတဘ်။ ဗယ်လာတွေသူ့ကိုဝင်မတိုက်ခင်မှာ မောရ်ဂေါ့သ်ဟာ နတ်သူငယ်တွေကို ဖမ်းဆီးနှိပ်စက်ဖျက်ဆီးပြီး ပထမဆုံးတော့ အော့ခ် ဘီလူးတွေကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဗယ်လာတွေဟာ မောရ်ဂေါ့သ်ကို ၇ နှစ်တိုင် တိုက်ခိုက်ပြီးမှ အကျဉ်းချထားနိုင်ခဲ့ပါတယ်။ နောင်မှ သူလိမ္မာချင်ယောင်ဆောင်လို့ ဗယ်လီနော်မှာခံဝန်နဲ့ ပြန်နေခွင့်ပေးခဲ့ပေမဲ့ နတ်ဘုရင် Finwë ကို သတ်ပြီး Silmarils ရတနာသုံးခုကိုယူပြီးထွက်ပြေးပြန်ပါတယ်။ သူ့ဘက်ကနေ လူသားတွေလည်း ပါလာကြပါတယ်။

အဲဒီနောက်မှာတော့ အလယ်-ကမ္ဘာမှာ ပထမခေတ်ရဲ့ စစ်ပွဲကြီးတစ်ခုအဖြစ် နတ်သူငယ်တွေနဲ့ လူသားတွေပူးပေါင်း၊ မောရ်ဂေါ့သ်နဲ့လူသားတွေကိုအနိုင်တိုက်ပြီး အမှောင် ဗလာနယ်ထဲကို ပစ်ချလိုက်နိုင်ပါတော့တယ်။ အဲဒီတိုက်ပွဲဟာနှစ် ၅၀ ကြာခဲ့ပြီး မောရ်ဂေါ့သ်ဘက်က နဂါးတွေလည်း အားလုံးနီးပါးသေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်တွေဘက်က ကူတိုက်တဲ့လူသားမျိုးနွယ်တွေဟာ Númenor နူမန်နော်မျိုးနွယ်ဖြစ်လာပြီး အခြားလူသားတွေထက် အသက်ပိုရှည်ကြပါတယ်။ LOTR ရုပ်ရှင်ထဲက အာရာဂွန်ဘုရင်ဟာ နူမန်နော်မျိုးဆက်ဖြစ်ပြီး အသက် ၈၇ အထိ နုပျိုနေဆဲဖြစ်ပါတယ်။ နတ်တွေကလည်း အလယ်-ကမ္ဘာမှာ ပြန်အခြေချသူတွေရှိသလို ဗယ်လီနော်ကို သွားကြသူတွေလည်းရှိလာပါတယ်။ ဒါကတော့ ပထမခေတ်ရဲ့အကျဉ်းပါ။

မောရ်ဂေါ့သ်ကိုနှိမ်နင်းအပြီးမှာတော့ ဒုတိယခေတ်စတင်လာပြီး ဘာတွေ ဆက်ဖြစ်လဲဆိုတာကို ဒီစီးရီးမှာကြည့်ရမှာပါ။ ဒီခေတ်ရဲ့အဓိကမိစ္ဆာကတော့ မိုင်ရာတွေထဲကတစ်ယောက်ဖြစ်တဲ့ မောရ်ဂေါ့သ်ရဲ့ တပည့်ရင်းကြီးဆော်ရွန်ပါပဲ အတုမဲ့လက်စွပ်ကို ပြုလုပ်တဲ့သူပါ။ ဒုတိယခေတ်သမိုင်းကိုတော့ the rings of power စီးရီးမှာ စောင့်ကြည့်ရမှာဖြစ်ပြီး တတိယခေတ်ကိုတော့ The hobbit နဲ့ The Lord of the Rings ရုပ်ရှင်တွေမှာ ကြည့်နိုင်ပါတယ်။

Movie Link - https://t.me/sparrowmovies93/552

The Lord of the Rings: The War of the Rohirrim
IMDB: 6.6/10

Ninja II: Shadow of a Tear (2013)
IMDB: 6.1/10

IMDb rating 6.1/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးဟာကျွန်တော်အမြဲဘာသာပြန်နေကျဇတ်ကားလေးလိုပါပဲ... အက်ရှင်ကားကောင်းလေးတစ်ကားပါ။ ဒီဇတ်ကားလေးက အပိုင်း(၂)ပါ... ပါဝင်တဲ့မင်းသားက Undisputed ဇာတ်ကားထဲကမင်းသားရယ် Tekken 2 ထဲကမင်းသားရယ်ဖြစ်တာကြောင့် မကောင်းမှာပူစရာမလိုတော့ပါဘူး။

(ဇာတ်လမ်းကမြန်မာပြည်ကိုအင်္ဂလိပ်တွေအုပ်စိုးစဉ်က အင်္ဂလိပ်တွေနဲ့ဂျပန်တွေအကြောင်းကနေပြီးစတင်ထားပါတယ်။ နင်ဂျာဘယ်ကနေဆင်းသက်လာတယ်ဆိုတာကိုလည်းပြောပြထားပါတယ်။ အမေရိကန်လူမျိုး ကေစီရယ် ဂျပန်အမျိုးသမီးလေး နာမီကိုရယ်က အိမ်ထောင်ကျလို့ ဂျပန်မှာ အခြေချနေထိုင်နေရင် တနေ့မှာတော့ နာမီကို အသတ်ခံလိုက်ရပါတယ်… နာမီကို ကိုဘယ်သူလုပ်ကြံလဲဆိုတာ ခင်ပွန်းသည် ကေစီကလိုက်ရှာရင်း သူနဲ့ရန်ညိုးရှိတဲ့လူတွေ ဂိုဏ်းတွေဆီသွားပြီးတိုက်ခိုက်ပုံ ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ စီနီယာဆီကိုသွားပြီး နာမီကိုသေဆုံးတာကိုစုံစမ်းပုံ လူသတ်သမားဟာမြန်မာပြည်ထဲမှာရှိတယ်ဆိုလို့မြန်မာထိကိုသွားပြီး လုပ်ကြံပုံစသဖြင့်ကေစီရဲ့အက်ရှင်အလန်းတွေကိုကြည့်ရမှာပါ။ ဇာတ်ကားစဆုံးအက်ရှင်ခန်းတွေနဲ့လှည့်ကွက်တွေလည်းပါဝင်တာကြောင့် ပရိတ်သတ်တွေလက်မလွှတ်သင့်ဘူးလို့ပြောချင်ပါတယ်။

Movie Link - https://t.me/sparrowmovies93/551

Ninja II: Shadow of a Tear (2013)
IMDB: 6.1/10

Ninja (2009)
IMDB: 5.5/10

ဒီဇာတ်ကားကတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ အက်ရှင်ကားလေးဖြစ်ပါတယ်။ Scott Adkins, Tsuyoshi Ihara, Mika Hijii တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Isaac Florentine ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း….

Casey ဆိုတဲ့ အနောက်တိုင်းသားကောင်လေးတစ်ယောက်က အခြေအနေအမျိုးမျိုးကြောင့် ဂျပန်နိုင်ငံကို ရောက်ရှိလာပြီးတော့ နင်ဂျစ်စု သိုင်းကို သင်ကြားနေသူတစ်ဦးပါ။သူ့ရဲ့ဆရာဖြစ်သူဟာ သူ ပိုင်ဆိုင်ထားတဲ့ ဒဏ္ဍာရီလာနင်ဂျာလက်နက်တွေနဲ့ ဝတ်စုံတွေဟာ Casey နဲ့သာထိုင်တန်တယ်လို့တွေးထားသူပါ။ဒါပေမယ့် Masazuka ဆိုတဲ့ နောက်ကျောင်းသားတစ်ယောက်ကတော့ သူနဲ့သာ ထိုက်တန်တယ်လို့ ထင်နေခဲ့ပါတယ်။

တစ်နေ့မှာတော့ Masazuka ဟာ Casey ကိုတိုက်ခိုက်ခဲ့ပြီး Casey ရဲ့ ပြန်ခုခံမှုကြောင့် Masazuka ဟာ ဒဏ်ရာရသွားခဲ့ပြီး သူ့ဆရာရဲ့ အပြစ်ပေးချင်းကိုပါခံခဲ့ရပါတယ်။အဲ့ဒိနောက် Casey ဟာ အမေရိကန်နိုင်ငံကို အဲ့ဒိဒဏ္ဍာရီလာ လက်နက်တွေကို ယူဆောင်သွားဖို့ဖြစ်လာပြီးMasazuka ဟာလည်း လက်နက်တွေကို ပြန်ယူဖို့ ကြိုးစားပါတော့တယ်။ ဘယ်သူက နောက်ဆုံးမှာ ဒီဒဏ္ဍာရီလာ လက်နက်တွေကို ရသွားမလဲ ဘယ်သူအနိုင်ရရှိသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူရမှာပဲဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/550

Ninja (2009)
IMDB: 5.5/10