Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies)の最新投稿

Kyaw Gyi Up To Date Movies (Free Channel) のテレグラム投稿

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 人の購読者
1,247 枚の写真
542 本の動画
最終更新日 26.02.2025 06:44

類似チャンネル

Verify Airdrop
73,722 人の購読者
Sweety Revo Entertainment
23,638 人の購読者
English Classes by GYS
17,518 人の購読者

Kyaw Gyi Up To Date Movies (Free Channel) によってTelegramで共有された最新のコンテンツ


Michael Jackson’s Ghosts (1996)
IMDB: 7.5/10

ဒီတစ်ခါ တင်ဆက်ပေးသွားမှာကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ Michael jackson သရုပ်ဆောင်ထားတဲ့ ကားလေး တင်ဆက်ပေးသွားမှာပါ... ဒီဇာတ်လမ်းလေးကိုတော့ Michael Jackson နဲ့ The Shining တို့ IT တို့ကိုရေးတဲ့ စာရေးဆရာ Stephen King နှစ်ယောက်ရေးထားပြီး Terminator တို့ Jurassic Park တို့မှာ Special effect Make up artist လုပ်ခဲ့သူ Stan Winston က ဒါရိုက်တာ လုပ်ထားတဲ့ Short Film လေးဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ Michael Jackson က မြို့ထဲက အိမ်အကြီးကြီးမှာ နေတဲ့လူထူးဆန်းတစ်ယောက်ဖြစ်ပြီး သူ့ကိုမြို့ထဲကနေ မြို့တော်ဝန် ကမနေဖို့ လာနှင်ထုတ်တဲ့ အကြောင်းပါ။ ဒီဇာတ်လမ်းတိုထဲမှာ Michael Jackson ရဲ့ သီချင်းသုံးပုဒ် ဖြစ်တဲ့ Ghosts , 2 Bad နဲ့ Is it scary? တို့ဘာပါပါတယ်။ ဒီထဲမှာ Michael Jackson တစ်ယောက်သူရဲ့ သီချင်း အကတွေကို Short Film ထဲမှာ ဘယ်လိုပေါင်းစပ်ထားမလဲဆိုတာ ကြည့်ရှုလိုက်ပါ။

Movie Link - https://t.me/sparrowmovies93/496

Two Guys (2004)
IMDB: 6.7/10

My Sassy Girl ထဲမှ Cha Tae Hyun ၊ Bad Guys: City of Evil ထဲမှ Park Joong Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရယ်လည်း ရယ်ရ အက်ရှင်ကားဆန်ဆန်လေးလည်း ကြည့်ရှုရမဲ့ comedy action ဖြစ်တဲ့ Two Guys ရုပ်ရှင်ကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်...

ဇာတ်လမ်းအညွှန်း

ဂင်ဟွန်း ( Cha TaeHyun) ဟာ အကြွေးတွေထူပြီး အကြွေးရှင်တွေဆီကနေ ပုန်းရှောင်နေရတဲ့ နာမည်ကြီး အကြွေးထူတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ငွေတိုးချေးစားသူတစ်ယောက်ဟာ ဂင်ဟွန်းဆီက အကြွေးကို ပြန်တောင်းပေးဖို့ ဘတ်ဂျွန်ထယ် (Park Joong Hoon) ကို ငှါးရမ်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဘတ်ဂျွန်ထယ်နဲ့ ဂင်ဟွန်းတို့နှစ်ယောက်သားတွေ့ဆုံမိပြီး တစ်နေ့မှာ ထူးဆန်းတဲ့အိတ်တစ်လုံးကြောင့် လူသတ်မှုတစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့အပြင် ထိုအိတ်ကိုလည်း လိုချင်နေတဲ့ အဖွဲ့တစ်ခုနှင့်လည်း ရင်ဆိုင်ရတဲ့အခါမှာတော့ ဂင်ဟွန်းနဲ့ ဘတ်ဂျွန်ထယ်တို့ နှစ်ယောက် ဘယ်လိုတွေ ဒုက္ခများကြမလဲ... ပွက်လောရိုက်ကြမလဲ... အိတ်ကို လိုချင်နေတဲ့အဖွဲ့ရဲ့လက်ထဲကနေရော ဘယ်လို လွတ်အောင် ထွက်ပြေးကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးနော်။

Movie Link - https://t.me/sparrowmovies93/495

Before We Go (2014)
IMDB: 6.9/10

Before We Go ဆိုတဲ့ ရုပ်ရှင်ကားကို ကျနော်တို့ အသဲစွဲ ကတ်ပတိန် အမေရိက (Chris Evans) ကိုယ်တိုင်ရိုက်ကူးထားပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်… သူကိုယ်တိုင်ရိုက်လို့ ဟာ.. ဖြစ်ပါ့မလားဘယ်လိုကြီးလဲ လို့ စိတ်ထဲက တွေးမိလိုက်တယ်... ပြီးတော့ ရုပ်ရှင်မကြည့်ခင် ရောဂါ တစ်ခုဖြစ်တဲ့ IMDb ဝင်မွှေကြည့်တော့ Rate က 6.9 ရှိနေတော့ အံ့သြောစရာ 🙂 ရုပ်ရှင်ကားတွင် ပါဝင်တဲ့ မင်းသမီးဖြစ်သူ Alice Eve ကလဲ ခေသူ မဟုတ် Night at the Museum: Secret of the Tomb တို့ She’s Out of My League တို့လို ရုပ်ရှင်ကားကောင်းတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး….

ဇာတ်လမ်းအစ မှာ Nick က ဘူတာရုံထဲမှာ ထရန်းပတ် မှုတ်ရင်း ပိုက်ဆံရှာနေစဉ် Brooke က သူ့ရှေ့ကနေ အလောတကြီး ပြေးသွားတာကို မြင်လိုက်ရတယ်... သူ့ရှေ့မှာလဲ သူမ ဖုန်းကျပြီး ကွဲသွားပေမယ့် ရထားကို မှီအောင်ပြေးလိုက်ခဲ့တယ်... ဒါပေမယ့် သူမ နောက်ကျသွားတယ်... ဘူတာရုံထဲက ပြန်ထွက်လာတော့ Nick က သူမ ဖုန်းကိုပြန်ပေးတော့ ကျေးဇူးတင်ပါတယ်ကလွဲရင် ဘာမှပြန်မရခဲ့… Nick ပစ္စည်းတွေ သိမ်းရင်း ဘူတာရုံအပြင်ဘက် ထွက်လာတော့ ဘူတာရုံအပြင်ဘက်မှာ နောက်ကျသွားတဲ့ ရထားလက်မှတ် စာရွတ်ဖြတ်ပိုင်းကို ကိုင်ရင်း မတ်တပ်ရပ်နေတဲ့ Brooke ကို မြင်လို့ မေးကြည့်ရာက သူမ ပိုက်ဆံအိတ် ခိုးခံလိုက်ရကြောင်း သူမ အိမ်ပြန်ဖို့ ရထားကလဲ နောက်ကျသွားပြီဖြစ်လို့ ဒုက္ခရောက်နေကြောင်း ပြောပြတယ်…

ဒီလိုနဲ့ Brooke ကို ကူညီချင်တဲ့ Nick က Brooke အိမ်ပြန်လို့ရဖို့ အရေး အခိုးခံရတဲ့ အိတ်ပြန်လိုက်ရှာရ သူမ ပြန်ဖို့အတွက် ကားတွေ လိုက်ငှားကြည့်ရနဲ့ အတော်အလုပ်ရှုပ်သွားတဲ့အချိန်မှာ Nick သိလိုက်ရတာက Brooke ဟာ အတော်များများကို သူ့အား အမှန်အတိုင်းမပြောခဲ့ဘူး ဆိုတာပါ… သူမ ဟာ သတို့သမီးလောင်း ဖြစ်ပြီး မနက်ဖြန် မနက်ဟာ မင်္ဂလာပွဲဖြစ်တဲ့အတွက် မင်္ဂလာပွဲ အမှီ ပြန်ရမှာပါ... ကိုယ့်အကျိုးထက် သူများကို ကူညီချင်တဲ့ Nick ရယ် လျို့ဝှတ်ချက်တွေ များလွန်းပြီး လူတိုင်းကို မယုံတက်တဲ့ Brooke ရယ် ပိုက်ဆံမရှိ ဒုက္ခအတိ နဲ့ ဘယ်လိုပြန်ရောက်အောင် စခန်းသွားကြမယ်ဆိုတာ ကြည့်မှ သိမှာမို့ ဒီလောက်ပဲ ညွှန်းပါတော့မယ်...

Movie Link - https://t.me/sparrowmovies93/494

Before We Go (2014)
IMDB: 6.9/10

Man on High Heels (2014)
IMDB: 6.1/10

အဓိကသရုပ် ဆောင် တွေအနေနဲ့ Our Blues နဲ့ One Ordinary Day အပြင် နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်တဲ့ မင်းသားကြီး Cha Seung Won… Mr.Plankton အပြင် It’s okay not to be okay တို့နဲ့ လူသိများတဲ့ မင်းသား Oh Jung Se နဲ့ Taxi Driver ထဲက မင်းသမီး Esom တို့က အဓိကပါဝင်ထားပြီး တခြားလူသိများတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။ အက်ရှင်ခန်းတွေမိုက်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့် ကြည့်ရတာတန်တဲ့ ဇာတ်လမ်းဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။

ဇာတ်လမ်းအကျဉ်း

တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့ စုံထောက် Ji Wook ဟာဆိုရင် အထက်လူကြီးကပါ ခေါင်းခဲရတဲ့ စုံထောက်ဖြစ်ပါတယ်။ ရဲဌာနတစ်ခုလုံးရဲ့ အားကိုးရာ ဖြစ်တဲ့အပြင် လူမိုက်တွေ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ အများအမြင်မှာ သွေးအေးပြီး ရက်စက်တဲ့ Ji Wookဟာ လူတိုင်းထင်ထားသလို မဟုတ်ဘဲ ငယ်စဉ်ကတည်းက သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကြောင့်နဲ့ ပင်ပန်းခက်ခဲရသူဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ လျှို့ဝှက်ချက်ကြောင့် ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး ပြောင်းလဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝသစ်စတင်မဲ့ အချိန်ကျမှ အရင်ကရန်စရှိခဲ့တဲ့ လူမိုက်ဂိုဏ်းက ခေါင်းဆောင်ရဲ့ နှောင့်ယှက်မှုကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာကွယ်ပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပါ ထိခိုက်လာပါတော့တယ်။ သူတန်ဖိုးထားရသူတွေကိုပဲ ဆက်ကာကွယ်မလား… သူဖြစ်ချင်တဲ့ ဘဝကိုပဲဆက်သွားမလားဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုရမှာပါ။

Movie Link - https://t.me/sparrowmovies93/493

Man on High Heels (2014)
IMDB: 6.1/10

Warriors of the Nation (2018)
IMDB: 6.1/10

ဒီတစ်ခါတော့ တရုတ်ကွန်ဖူးသိုင်းကားအများကြီးရှိတဲ့ အထဲမှာ မင်းသားများစွာပြောင်းလဲသရုပ်ဆောင်ခဲ့ဖူးတဲ့ နာမည်ကျော်ကွန်ဖူးသိုင်းသမား ဝမ်ဖေးဟုန်ရဲ့ worriors of the nation ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။

မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်ကို နိုးဆွပေးတဲ့ ဇာတ်ကားကောင်း တစ်ကားဆိုရင်လည်း မမှားပေဘူး။ ၁၉၀၇ခုနှစ် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နေတဲ့ အချိန်မှာ ဂျပန်နိုင်ငံက တရုတ်အရှေ့ကျွန်းကို သိမ်းပိုက်ဖို့အစတည်ရာက တစ်စတစ်စ တစ်တိုင်းပြည်လုံးသိမ်ပိုက်ဖို့ အတွက်Planကြီးဆွဲထားခဲ့တယ်။ အဲဒီအချိန် ဘုရင်ရဲ့ အမိန့်နဲ့ ကွမ်ကျိုးကို ရောက်လာတဲ့ မျိုးချစ်စိတ်နဲ့ နိုင်ငံတော်ကို ကယ်တင်ချင်တဲ့ စစ်သေနာပတိ ကျန်းကျိတုန်းနဲ့ ဝမ်ဖေးဟုန်တို့ ပေါင်းမိသောအခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့…

Movie Link - https://t.me/sparrowmovies93/492

Elevation (2024)
IMDB: 5.8/10

တစ်ကမ္ဘာလုံးမှာ စိမ့်တွင်းတွေ ပေါ်ပေါက်လာပြီး စိမ့်တွင်းထဲက ထူးဆန်းတဲ့သတ္တဝါကြီးတွေက လူသားမျိုးနွယ်ကို အမဲလိုက်သတ်ဖြတ်လာတဲ့အခါ…

ဇာတ်လမ်းအကျဉ်း

ကမ္ဘာပေါ်မှာ စိမ့်တွင်းတွေပေါ်ပေါက်လာပြီး ဒီစိမ့်တွင်းထဲက သတ္တဝါဆန်းတွေက လူသားမျိုးနွယ် ၉၅ ရာခိုင်နှုန်းကို အမဲလိုက်သတ်ဖြတ်ခဲ့ပါတယ်။ တစ်ခုထူးဆန်းတာက ဒီသတ္တဝါတွေက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀၀ ကျော်တဲ့အထိ မတက်လာနိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ကျန်ရစ်တဲ့လူသားမျိုးနွယ် ၅ ရာခိုင်နှုန်းဟာ ပေ ၈၀၀၀ အထက်မြင့်တဲ့ တောင်ထိပ်တွေမှာ စခန်းချနေထိုင်ရပါတယ်။

ဒီအချိန်မှာ ဇာတ်ဆောင်ဖြစ်သူ ဝီလ်ဟာ ကျန်းမာရေးချူချာလို့ အောက်ဆီဂျင်သွင်းနေရတဲ့ သားဖြစ်သူအတွက် လေသန့်စက်လိုအပ်တဲ့အတွက် တောင်အောက်ကို ဆင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်ချိန်တည်းမှာ ရူပဗေဒပညာရှင် နီနာကလည်း ဒီသတ္တဝါတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ပြုမူနေထိုင်ပုံကိုလေ့လာနေပြီး တောင်အောက်မှာရှိတဲ့ သူ့ဓာတ်ခွဲခန်းကို သွားချင်နေပါတယ်။ အဲဒီဓာတ်ခွဲခန်းမှာ သူ့လေ့လာတွေ့ရှိချက်တွေနဲ့ဆို စမ်းသပ်လိုက်ရင် ဒီအကောင်တွေကို သတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒီတော့ ဒီသတ္တဝါဆန်းတွေက ဘယ်ကနေ ပေါက်ဖွားလာတာလဲ၊ သူတို့ကို ဘာက အနိုင်ယူနိုင်မှာလဲ၊ ကျန်ရှိတဲ့ လူသားမျိုးနွယ်မှာရော မျှော်လင့်ချက်ရှိပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/491

Elevation (2024)
IMDB: 5.8/10

We Live in Time (2024)
IMDB: 7.3/10

မထွက်ခင်ကတည်းက Hype နေကြတဲ့ မင်းသား Andrew Garfield နဲ့ မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။ အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေးတစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။ သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီး ဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာ တစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်…

Movie Link - https://t.me/sparrowmovies93/483