Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies)の最新投稿

Kyaw Gyi Up To Date Movies (Free Channel) のテレグラム投稿

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 人の購読者
1,247 枚の写真
542 本の動画
最終更新日 26.02.2025 06:44

Kyaw Gyi Up To Date Movies (Free Channel) によってTelegramで共有された最新のコンテンツ


Family Matters (2024) [Complete]
TMDb: 6/10

Tom and Jerry: Robin Hood and His Merry Mouse (2014)
IMDB: 6.3/10

ဒီဇာတ်လမ်းကတော့ Tom and Jerryနဲ့ နာမည်ကျော်သူခိုးကြီး ရော်ဘင်ဟုဒ်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အားလုံးလည်း သိကြတဲ့အတိုင်း ရော်ဘင်ဟုဒ်ဆိုတာ လူကုံထံတွေဆီက ပိုက်ဆံတွေကို လုယက်ခိုးဝှက်ပြီး လူဆင်းရဲတွေကို ပြန်ပြီးဝေမျှပေးတဲ့ လူဆိုးကြီးပဲ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာလည်းရော်ဘင်ဟုဒ်က နော်တင်ဟမ်မြို့မင်းသားနဲ့ အရာရှိကြီးရဲ့အခွန်တွေကို ကြားဖြတ်လုယက်သွားခဲ့လို့ အကုန်လုံးကတောနင်းဖမ်းဆီးချင်နေကြတာပါ။ ရော်ဘင်ဟုဒ်မှာလည်းအတွင်းလူတစ်ယောက်ရှိနေပြီး သူကနေတဆင့် သတင်းတွေရနေလို့ လက်မတင်လေး လွတ်နေခဲ့တာပါ။ ဒါကြောင့်လည်းမင်းသားတို့က မြားပစ်ပြိုင်ပွဲ တစ်ခုလုပ်ပြီး သူ့ကိုဖမ်းဆီးဖို့ ကြံပါတော့တယ်။ သူတို့ရဲ့အကြံအစည် အောင်မြင်သွားမှာလား၊ ရော်ဘင်ဟုဒ်တို့ လွတ်မြောက်သွားမှာလား ကြည့်ရှုရမယ့်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/531

Focus (2015)
IMDB: 6.6/10
2 nominations

မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်… Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။ လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့… သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ…

သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။IMDb Rating (6.6) ရရှိထားပါတယ်။

Movie Link - https://t.me/sparrowmovies93/530

That Christmas (2024)
IMDB: 6.8/10

နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။

ဇာတ်လမ်းအညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာကိုယ့်အစီအစဉ်နဲ့ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို့စီစဉ်နေကြတဲ့အချိန် မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်နှင်းမုန်တိုင်း၂ခါတိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ်။ ဒါပေမဲ့ ခရစ်စမတ်ဆိုတာပျော်ပွဲရွှင်ပွဲတွေနဲ့မဆိုင်ပဲ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်နဲ့အတူရှိနေဖို့သာအဓိကဖြစ်ပြီး နေတတ်ရင်အရာရာတိုင်းကပျော်ရွှင်ဖို့ကောင်းကြောင်းကို ရသအစုံနဲ့ရိုက်ပြထားပါတယ်။ ဒီတော့ အားလုံးလဲဒီဇာတ်ကားလေးနဲ့အတူတူလိုက်ပါစီးမျောပြီးကြည့်ရှုခံစားလိုက်ကြပါဦး။

Movie Link - https://t.me/sparrowmovies93/529

Three Stooges Comedy Collection (2024)
IMDB: 6.6/10

Three Stooges ဆိုတာ ၁၉၂၂ ခုနှစ်ကနေ ၁၉၇၀ ခုနှစ်အထိ နာမည်ကျော်ကြားခဲ့သော အမေရိကန်ဟာသမင်းသားအဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်... ဇာတ်ကားပေါင်း ၂၂၀ ကျော်ရိုက်ကူးခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော်အထိ ပုရိတ်သတ်တွေရဲ့ ရင်ထဲကို လွှမ်းမိုးနိုင်ခဲ့တဲ့ ဟာသအဖွဲ့ဖြစ်ပါတယ်။ Three Stooges Comedy Collection ကတော့ သူတို့ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတိုတွေထဲက အကောင်းဆုံး ၄ ခုကို ရွေးချယ်ဖော်ပြထားတဲ့ ဟာသပေါင်းချုပ်ပဲဖြစ်ပါတယ်။ စိတ်ညစ်စရာများတဲ့ လောကကြီးမှာ ဘဝအမောတွေပြေစေဖို့ The Three Stooges Comedy Collection ကို ကြည့်ဖို့ အကြံပြုပေးချင်ပါတယ်။

Movie Link - https://t.me/sparrowmovies93/528

Runt (2024)
IMDB: 7.0/10

ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်…

ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်းလာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်…

တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့်လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့်ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား... Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ…

Movie Link - https://t.me/sparrowmovies93/527

Runt (2024)
IMDB: 7.0/10

Anora (2024)
IMDB: 8.1/10

Panda Plan (2024) Xiong mao ji hua
IMDB: 5.6/10

မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။ အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။

Movie Link - https://t.me/sparrowmovies93/525

A Walk to Remember (2002)
IMDB: 7.4/10
4 wins & 2 nominations