Kyaw Gyi Up To Date Movies (Free Channel) (@kstfreechannelmovies)の最新投稿

Kyaw Gyi Up To Date Movies (Free Channel) のテレグラム投稿

Kyaw Gyi Up To Date Movies (Free Channel)
#Movies အရင် Down ပါ...အရင် မ Down ရင် ရုပ်ရှင်အပြည့်မပါတာ ဖြစ်တတ်ပါတယ်ဗျ...

#Rating မြင့် ဇာတ်ကားကောင်းများသာ ရွေးတင်ပါမယ်...အတတ်နိုင်ဆုံး Update ဖြစ်အောင် အမြန်ဆုံးတင်ပေးပါ့မယ်ဗျ...

#ရုပ်ရှင်ကားအသစ်တွေကို အပျင်း​ပြေ အလွယ်တကူကြည့်ကြပါစို့...📽
2,465 人の購読者
1,247 枚の写真
542 本の動画
最終更新日 26.02.2025 06:44

類似チャンネル

Legendary Gamer - Premium Store
28,707 人の購読者
Ancient Alpha Airdrop
12,604 人の購読者
Hunt in Blockchain
10,113 人の購読者

Kyaw Gyi Up To Date Movies (Free Channel) によってTelegramで共有された最新のコンテンツ


Sing: Thriller (2024)
IMDB: 6.6/10

ဒါကတော့ Halloween Special အတွက် ထွက်ရှိထားတဲ့ Sing ရဲ့ Short Film လေးပါ။ ‌Pop King, Michael Jackson ရဲ့ Thriller သီချင်းကို Tribute လုပ်ထားတာကို တွေ့ရပါတယ်။ ဇာတ်ကြောင်းလေးကတော့ Sing အဖွဲ့သားတွေ ဟောလိုးဝင်းညကို ဖြတ်သန်းကြတဲ့ အကြောင်းလေးပါ။ ‌11 မိနစ်စာ ဇာတ်လမ်းတိုလေးမလို့ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ခရစ်စမတ် နီးပြီဆိုပေမဲ့ အောက်တိုဘာကို ပြန်စိတ်ကူးယဉ်ပြီး Sing အဖွဲ့သားတွေနဲ့အတူ ဟောလိုးဝင်းကို နောက်တစ်ခေါက် အလည်သွားလိုက်ကြပါဦး…

Movie Link - https://t.me/sparrowmovies93/549

Hidden Face (2024)
IMDB: 7.1/10

Mufasa: The Lion King (2024)
IMDB: 6.7/10

Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကိုတော့ မသိသူဆိုတာ မရှိသလောက်ပါပဲ။ Animation မှာရော Live Action မှာပါ လူကြိုက်များပြီး အောင်မြင်မှုတွေ ရထားပါတယ်။ ဒါပေမဲ့ Simba ဆိုတာ Mufasa မရှိရင် ဖြစ်မလာပါဘူး။ ဒီတော့ ကျွန်တော်တို့တွေ Simba ဆိုတဲ့ ခြင်္သေ့ဘုရင်ကို မွေးထုတ်ပေးခဲ့ပြီး တစ်ချိန်ကလည်း သူကိုယ်တိုင် ခြင်္သေဘုရင်ဖြစ်ခဲ့တဲ့ Mufasa အကြောင်းကို နောက်ကြောင်းပြန်လိုက်ကြရအောင်ပါ။ ဒီဇာတ်လမ်းမှာတော့ Mufasa ဆိုတာ ဘာလဲ။ Mufasa ဟာ ခြေလေးချောင်းသတ္တဝါတွေ ဘုရင်တစ်ပါး ဘာကြောင့်ဖြစ်နေရလဲ။ ဒီလို တောဘုရင်တစ်ပါးဖြစ်မလာခင် သူ့နောက်ကြောင်းကရော ဘာလဲ။ သူဘယ်လို အခက်အခဲတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Movie Link - https://t.me/sparrowmovies93/547

Wicked (2024)
IMDB: 8.0/10

ဒီရုပ်ရှင်ကတော့ ကမ္ဘာကျော် ဂီတပြဇာတ်ကြီး Wicked ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါပဲ။ စကာတင်ဆု ၁၅၀ နီးပါးနဲ့ ဆုပေါင်း ၃၆ ခု ရရှိထားပါတယ်။ သေချာပေါက် အော်စကာမှာ ဆုတွေလုမဲ့ ရုပ်ရှင်ပါပဲ။ ဒါရိုက်တာJon M. Chu ရိုက်ကူးထားပြီး Cynthia Erivo, Ariana Grande နဲ့ Michelle Yeoh တို့ ပါဝင်ထားပါတယ်။ ဒီဂီတဇာတ်လမ်းကို တေးရေးဆရာ Stephen Schwartz က စာရေးဆရာ Gregory Maguire ရဲ့ The Life and Times of the Wicked Witch of the West စာအုပ်ကို အခြေခံပြီးရေးသားခဲ့တာပါ။

၂၀၀၃ ခုနှစ်မှာ ပြဇာတ်စတင်ခဲ့ပြီး ၁၆ နိုင်ငံ မြို့ပေါင်း ၁၀၀ လောက်မှ ကပြခဲ့ရပါတယ်။ လူပေါင်း ၆၅ သန်းခန့် ကြည့်ရှုအားပေးပြီးဖြစ်ပါတယ်။ မူလ Classic ရုပ်ရှင်ဖြစ်တဲ့ ၁၉၃၉ The Wizard of Oz ကားထဲက Dorathy Oz တိုင်းပြည်မရောက်ခင် Timeline ကိုအခြေခံထားတယ်... The Wizard of Oz ထဲက wicked of the west စုန်းမဖြစ်တဲ့ အယ်ဖာဘာရဲ့ မူလ အော်ရယ်ဂျင်နောက်ခံ ဇာတ်ကြောင်းနဲ့ ဗီလိန်တစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတာကို Prequel Film အနေနဲ့ မူလကားရဲ့ Refrence တွေကို ယူထားပေမယ့် Musical အနေနဲ့ ရိုက်ပြထားတာက ဒီကားကို နာမည်ကြီးစေတာလို့ပြောလို့ရတယ်... အားလုံး လူဆိုးလို့ထင်နေကြတဲ့ အစိမ်းရောင်စုန်းမကြီးက လူကောင်းစင်စစ်ဖြစ်နေပါလားဆိုတာကို လက်ခံသွားအောင် ရိုက်ပြထားပြီး သုံးသွားတဲ့ အပြင်အဆင်တွေနဲ့ Cast တွေကလည်း အပိုအလိုမရှိဘဲ လက်ခံပေးလို့ရတယ်

ဒီရုပ်ရှင်အကျဉ်းကတော့ လူတွေအထင်လွဲပြီး ကြောက်ကြတဲ့ အစိမ်းရောင်မှော်ဆရာမလေး အယ်ဖာဘာ နဲ့ လူတိုင်းချစ်ကြတဲ့ ကောင်မလေး ဂလင်ဒါတို့ မှော်ကျောင်းကြီးမှာ သူငယ်ချင်းဖြစ်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ အော့ဇ်တိုင်းပြည်ရဲ့ မှော်ဆရာကြီးနဲ့ တွေ့ဖို့ သွားကြရင်း မထင်ထားတဲ့ စွန့်စားခန်းတွေ ဖြစ်ပေါ်လာပုံနဲ့ ကြောက်စရာစုန်းမဆိုးကြီး ပေါ်ပေါက်လာပုံကို ပြသထားတာပဲဖြစ်ပါတယ်။ သေချာပေါက် ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။

Movie Link - https://t.me/sparrowmovies93/546

Wicked (2024)
IMDB: 8.0/10

The Martian (2015)
IMDB: 8.0/10

Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။ မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေ ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။ မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါ လုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။ စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲ... အပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့် ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်း ဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာ ရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်း လူငယ်လေးတစ်ယောက်ရဲ့ အတွေးခေါ်တစ်ခုကနေ အကောင်းဆုံးနဲ့စွန့်စားမှုတွေအပါအဝင် မာခ်ဝပ်နေးကိုအမြန်ဆုံးကယ်တင်နိုင်မယ့် နည်းလမ်းကိုရခဲ့ပါတယ်။ အဲ့တော့ ဘယ်လိုမျိုးများ စွန့်စားကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာသာခံစားကြည့်ရှုကြပါ။ ဒီကားရဲ့ IMDb rating 8.0 ဆိုတာကိုလည်း မမေ့ကြနဲ့ဦးနော်။

Movie Link - https://t.me/sparrowmovies93/545

The Martian (2015)
IMDB: 8.0/10

Squid Game Season 2 (2024) Complete

အပိုင်းသစ် (၁ မှ ၇) စ/ဆုံး

ကဲ အားလုံးမျှော်နေကြတဲ့ Squid Game S2ကတော့ 3နှစ်အကြာမှာ ထွက်ရှိလာပါပြီ။ S1က ရင်းနှီးပြီးသား Castတွေဖြစ်တဲ့ Lee Jung Jae, Lee Byung Hun, Wi Ha Joon, Gong Yooတို့လို မင်းသားကြီးတွေ အပြင် Im Si Wan, Kang Ha Neul, Park Sung Hoon တို့လို ပရိသတ်ရင်းနှီးပြီးသား တခြားနာမည်ကြီး သရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပေးကြပါသေးတယ်။ S1 ကစားပွဲရဲ့ အနိုင်ရသူဖြစ်တဲ့ ကစားသမားနံပါတ် ၄၅၆ ဆောင်းဂီဟွန်း (Lee Jung Jae) ဟာ တခြားကစားသမားတွေရဲ့ အသက်ကို ကယ်တင်ပြီး ကစားပွဲကို အဆုံးသတ်ချင်တဲ့အတွက် Squid Gameထဲကို ပြန်လည်ဝင်ရောက်လာပါတယ်။ ဒါပေမဲ့ အခက်အခဲအမျိုးမျိုးကြောင့် ပိုက်ဆံလိုအပ်လို့ ကစားပွဲထဲကိုရောက်လာကြတဲ့ ကစားသမားအသစ်တွေကတော့ ဝမ်၄၅.၆ဘီလီယံဆိုတဲ့ ငွေပမာဏအမြောက်အမြားကိုမြင်ပြီး ငွေဆိပ်တက်ကာ အသက်ကို မမှုနိုင်ဖြစ်နေကြပါတယ်။ ဒါကြောင့် ဒီရက်စက်လှတဲ့ကစားပွဲထဲမှာ ဘယ်ကစားသမားက အဆုံးထိရှင်ကျန်သွားနိုင်မလဲ... ဆောင်းဂီဟွန်းကရော ဒီကစားပွဲရပ်တန့်အောင် တားဆီးသွားနိုင်မလား... S1 ထက် ပိုကြမ်းတဲ့ ဇာတ်လမ်း၊ ဇာတ်ကောင်ပုံစံတွေနဲ့ ရင်တထိတ်ထိတ် ကြည့်ရှုရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦးနော်။

Movie Link - Ep 1/2/3/4 » https://t.me/sparrowmovies93/538?single
Ep 5/6/7 » https://t.me/sparrowmovies93/542?single

Squid Game Season 2 (2024) Complete

Family Matters (2024) [Complete]
TMDb: 6/10

အပိုင်း (၁ မှ ၆) စ/ဆုံး

သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် “Kingdom”ဇာတ်ကားမှ မင်းသမီးကြီး Bae Doona, “All of us are dead, Revenge of others”စတဲ့ ဇာတ်ကားတွေထဲမှ မင်းသားချောလေး Park Solomon အပြင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတဲ့ “Family Matter”ဇာတ်လမ်းတွဲကတော့ လာပါပြီ...

ဇာတ်လမ်းအကျဥ်းကတော့

သဘာဝလွန် အထူးစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့လူတစ်စုဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်ကောင်တွေကို တွန်းလှန်ဖို့အတွက် .. မိသားစုတစ်စုလို ဟန်ဆောင်ပြီး နေနေကြပါတယ်... အဲဒီမိသားစုမှာတော့ ချစ်စရာကောင်းတဲ့အမေဖြစ်သူ ဟန်ယောင်းဆူ (Bae Doona), ရှက်တတ်ပြီး မိန်းမကိုအရမ်းချစ်တဲ့ အဖေဖြစ်သူ ဘဲ့ချောဟီး(Ryoo Seung Bum), ဂျစ်ကန်ကန်ပုံစံရှိ‌ပေမဲ့ မိသားစုကိုအရမ်းချစ်တဲ့ အဘိုးဖြစ်သူ ဘဲ့ဂန်ဆွန်း (Baek Yoon Sik), နွေးထွေးပြီး နူးညံ့တဲ့ သားဖြစ်သူ ဘဲ့ဂျီဟွန်း (Park Solomon)နဲ့ ဇီဇာကြောင်ပြီး ဆတ်ဆတ်ထိမခံတတ်တဲ့ သမီးဖြစ်သူဘဲ့ဂျီအူ (Lee Su Hyun)တို့ပဲဖြစ်ပါတယ်... ဒီမိသားစုက ဘယ်လိုထူးခြားတဲ့စွမ်းရည်‌တွေကို ပိုင်ဆိုင်ထားပြီး ရာဇဝတ်ကောင်တွကို ဘယ်လိုအကွက်ကျကျ နှိမ်နှင်းသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ လျှို့ဝှက်ဆန်းကြယ်စွာ ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်...

Movie Link - https://t.me/sparrowmovies93/532