U Myint Khaing ( Psychology)

@u_myint_khaing_psychology


U Myint Khaing ( Psychology)

19 Oct, 14:20


သူဋ္ဌေးကြီးနဲ့ ဆင်းရဲသား
-----------------

သူဋ္ဌေးကြီးတွေလည်း ပိုက်ဆံရှာတာပဲ
ဆင်းရဲသားတွေလည်း ပိုက်ဆံရှာတာပဲ။

သူဋ္ဌေးကြီးတွေလည်း သားမယားအတွက်ပဲ
ဆင်းရဲသားတွေလည်း
သားမယားအတွက်ပဲ

သူဋ္ဌေးကြီးတွေ ကျောင်းဆောက်လှူ တာ
လည်း ကျောင်းကုသိုလ်ရတာပဲ
ဆင်းရဲသားရပ်ကွက်မှာ ကျောင်းဆောက်
ဖို့အလှူ ခံလာတဲ့အခါ ကိုယ်နိုင်
သလောက်လှူ တာလည်း ကျောင်းကုသိုလ် ရတာပါပဲ (သဒ္ဓါထက်သန်သူကအကျိုးပေးကြီးမှာပါ

သူဋ္ဌေးကြီးတွေလည်း နေမကောင်းတာပဲ
ဆင်းရဲသားတွေလည်းနေမကောင်းတာပဲ

သူဋ္ဌေးကြီးတွေကိုယ်ကျင့်တရားကောင်း
ရင်တန်ဘိုးရှိသလို ဆင်းရဲသားတွေ ကိုယ်
ကျင့်တရားကောင်းလည်းတန်ဘိုးရှိတာပဲ

သူဋ္ဌေးကြီးတွေတရားထိုင်လည်းနိဗ္ဗန်
အထောက်အပံ့ဖြစ်သလို
ဆင်းရဲသားတွေတရားထိုင်တော့လည်း
နိဗ္ဗါန်အထောက်အပံ့ဖြစ်တာပါပဲ

သူဋ္ဌေးကြီးတွေလည်း အို နာ သေ
ဆင်းရဲသားတွေလည်း အို နာ သေ

သူဋ္ဌေးကြီးတွေလည်း သေတော့အကုန်
ထားခဲ့ရတာပဲ
ဆင်းရဲသားတွေလည်း သေတော့
အကုန္ထာ.ခဲ့ရတာပဲ

ဘဘာဝတရားက ဘယ်သူ့ကိုမှ
ဘက်မလိုက်ပဲ ညီတူညီမျှ အခွင့်အရေး
ပေးထားတာပါ

ထင်တာက
လူတွေရဲ့ မူမမှန်တဲ့ စိတ်ကြောင့် ပါ

ကိုယ်လုပ်သလောက်ရမယ်
ကိုယ်လုပ်တာ ကိုယ်ခံစားရမယ်
သေရင် အကုန်ထားခဲ့ရမယ်

ကောင်းမှ ူ့လုပ်သူက
ကောင်းကျိ ု းခံစားရမယ်
မကောင်းတာလုပ်သူက
မကောင်းကျိ ု းခံစားရမယ်

အဓိက က
ကောင်းမှ ူ့ကုသိုလ် များများပိုလုပ်သူက
လူဖြစ်ကျိုးနပ်တာပါ ပဲ

အနာထပိဏ်လှူ တဲ့ ဇေတဝန် ကျောင်းနဲ့
ကုန်သည်လှူ တဲ့ မြက်ရှစ်ဆုပ်ဟာ
သူ့နေရာနဲ့သူ
တန်ဘိုးကြီးပြီး စေတနာထက်သန်
သလောက်အကျိ ု းပေးကြီးကြပါတယ်

ဆင်းရဲသားတွေဟာလည်း
ကျောင်းဆောက်လှူ တဲ့ကုသိုလ် ကထိန်
ခင်းတဲ့ကုသိုလ် သိမ်ဆောက်တဲ့ကုသိုလ်
အစရှိတဲ့ ကုသိုလ်ကြီးတွေကို စေတနာ
ထက်သန်စွာနဲ့သာ နိင်သလောက်
ငါးရာ တထောင် လှူ ကြစမ်းပါ
ကုသိုလ်အပြည့်ရပါတယ်

ကုသိုလ်ရဲ့အကျိ ု းပေးက
အလှူ ပစ္စည်း အနည်းအများမဟုတ်ပါဘူး
စေတနာ အနည်းအများ ပါ

ဒါ့ကြောင့်
ညောင်စေ့လောက်.လှူနိုင်လည်း.လှူကြပါ
ကုသိုလ်တွေ.ညောင်ပင်ကြီးလောက်
ရကြပါစေ.🙏

ဦးမြင့်ခိုင်

U Myint Khaing ( Psychology)

14 Oct, 14:12


သီတင်းကျွတ် ကန်တော့ပန်း
------------------

ကျွန်တော်၏ အကောင့်ထဲမှ သံဃာတော်အရှင်မြတ်များ သီလရှင်ဆရာကြီးဆရာလေးများ နှင့် ကျွန်တော့ထက် တနေ့ တရက် တမနက် တနာရီ တမိနစ် တစက္ကန့် ကြီးသော သူများအား ကျွန်ုပ်အနေ နှင့် ပဏာမဦးစွာ လက်ဆယ်ဖြာထိပ်မှာ မိုး၍ ရိုသေမြတ်နိုး ခြေစုံဦးခိုက် ကန်တော့ပါ၏။

ကျွန်တော်၏ လူမှူ့ကွန်ယက်သုံးစွဲခဲ့သော ဆယ့်နှ နှစ်တာကာလတလျောက်
လူမြင်မမြင်တွေ့ခဲ့ကြဘူးသော်လည်း ဆွေမျိုးအရင်းအချာများကဲ့သို့ ဓမ္မမိတ်ဆွေများနှင့်နေ့စဉ် ​မြင် တွေ့ ကြား သိခဲ့ရပါသည်။

ဤကဲ့သို့ လူခြင်းမမြင်ဘူးသော်လည်း နေ့စဉ်ဓမ္မစာပေများအား ဖတ်ရှူ့ခြင်း လေ့လာခြင်း ဆွေးနွေးခြင်းများဖြင့် နေ့စဉ်ပါတ်သတ်ခဲ့ကြပါသည်၊ ဤကဲ့သို့ ပါတ်သတ်စဉ်ကာလအတောအတွင်း အကြောင်းမညီညွတ်၍ ကာယကံ ဝစီကံ မနောကံ တို့ဖြင့် တဦးနှင့်တဦးပြစ်မှား မိသည်များ ရှိကောင်းရှိခဲ့ပါလိမ့်မည်။

အကယ်၍ များ ကျွန်ုပ်က ပြစ်မှားမိခဲ့ပါက ဓမ္မမိတ်ဆွေတို့အနေနှင့် သည်းခံခွင့်လွှတ်ကြပါရန် တောင်းပန်ဝန်ချ မေတ္တာရပ်ခံပါ၏။

အကျွန်ုပ်ကို ပြစ်မှားမိသည်များ ရှိခဲ့ပါကလည်း အကျွန်ုပ်က သည်းခံ ခွင့်လွှတ် ကျေအေးပါ၏၊ ခံင့်လွှတ်ပါ၏။

တဦးနှင့်တဦး ယခုမဘဝ ဆွေမျိုးမတော်စပ်ခဲ့ကြပါသော်လည်း မြတ်ဗုဒ္ဓ၏ တရားတော်အရ သံသရာ၌ တဦးနှင့်တဦး အမိအဘ သားနှင့်သမီး ဆွေမျိုးပေါက်ဖော်သေချာပေါက် တော်စပ်ခဲ့ဘူးကြပါသည်။

သို့ပါသောကြောင့် ယခုဘဝတင်သာမက သံသရာ အဆက်ဆက် ပါတ်သတ်ဘူးစဉ်က အပြစ်များပါ အကျွန်ုပ်ကို ကြေအေးပေးပါရန် နှင့် အကျွန်ုပ်က လည်း သည်းခံခွင့်လွှတ်ကြေအေးပါကြောင်း မေတ္တာလောင်း၍ ထပ်မံတောင်းပန်ပါ၏။

ယခုသီတင်းကျွတ်အခါသမယမှ စတင်ပြီး ဓမ္မမိတ်ဆွေအပေါင်းတို့ ကိုယ်၏ကျမ္မာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေကြောင်းဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

ဦးမြင့်ခိုင်

U Myint Khaing ( Psychology)

13 Oct, 12:56


ငါဘုရား သိသလိုသာ
----------------------------

ပေးကမ်းခြင်း ဝေမျှခြင်းရဲ့ အကျိုးကို ငါဘုရား သိသလိုသာ သတ္တဝါတွေ သိကြမယ်ဆိုရင် မပေးဘဲ စားဖြစ်မှာမဟုတ်၊ နှမြောတဲ့စိတ်ရဲ့အနိုင်ယူမှုကို ခံမှာမဟုတ်။

အဲဒီလို သိတဲ့ပုဂ္ဂိုလ်ဟာ ခံယူသူသာရှိရင် လက်ထဲကနောက်ဆုံးထမင်းလုပ် ပါးစပ်ထဲရောက်နေတဲ့နောက်ဆုံးထမင်းလုပ်ကိုတောင်မှ မဝေမျှဘဲ စားမှာမဟုတ်။

(ဗုဒ္ဓ)

ဒါနသုတ်၊ ဣတိဝုတ်ပါဠိ၊ တတိယဝဂ်

U Myint Khaing ( Psychology)

11 Oct, 15:22


အန္တရယ်ကင်းဖို့ အရေးကြီးတယ်။
------------

ဒီကနေ့ ဖြစ်နေတဲ့ အကုသိုလ်ကံ ကြီးတွေဟာ တော်တော်ကြောက်စကာကောင်းလှတယ်
အချိန်မရွေး နေရာမရွေး အမြဲဖြစ်နိုင်တာမို့ အထူးသတိထားဖို့လိုပါတယ်။

ကိုယ်တိုင် ဘယ်နေရာ ဘာဖြစ်မယ်မသိပေမဲ့ ကိုယ်စောင့်နတ်တွေ ဝိဇ္ဇာ တွေ နတ်ကောင်း နတ်မြတ် တွေက ကြိုသိတယ်၊ ဒါ့ကြောင့် ဒီအချိန်မှာ ပရိတ်ပဋ္ဌာန်းပူဇော်မူ့တွေ ဂုဏ်တော်ပွားတာတွေ ဝိပသနာ တရားအားထုတ်တာတွေ အထူးပြုလုပ်ကြပြီး သူတို့ကို အမျှ ပေးဖို့ လိုအပ်ပါတယ်၊ သူတို့ဟာ အမျှပေးဝေရင် ကိုယ်တွေရဲ့ မမြင်နိုင်တဲ့ အန္တရယ် တွေကို ကြိုတင်သတိပေးတာတွေ ရှောင်ကွင်းနိုင်အောင် ပြုလုပ်တာတွေ ရှိပါတယ်။

ဒါ့ကြောင့် မိမိတို့ ပြုလုပ်သမျှ ကုသိုလ်ကောင်းမူ့တွေကို အမျှပေးကြပါ သူတို့ တကယ်စောင့်ရှောက်ပါတယ်။

နောက်တချက်က သူတော်ကောင်းကြီးတွေဟာ လောက ကြီးကို ဒီလိုအချိန်မှာ ကယ်တင်လေ့ရှိတယ်၊ သူတို့ ကယ်လို့ရတဲ့ အခြေအနေ ရှိဖို့ ငါးပါးသီလ လုံခြုံအောင် စောင့်ထိမ်းရမယ်၊ ပြီးတော့ ခင်ပွန်းကြီးဆယ်ပါး ပြစ်မှား ထားတဲ့ ကံတွေ
ရတနာသုံးပါးကို ပြစ်မှားထားတဲ့ကံတွေ မရှိမှ သူတော်ကောင်းကြီးတွေ ကယ်လို့ရတာပါ။

ဒါ့ကြောင့် ငါးပါးသီလ လုံခြုံအောင် စောင့်ထိမ်းကြပါ ခင်ပွန်းကြီး ဆယ်ပါးကို ကန်တော့ တာင်းပန်ကြပါ၊
ရတနာသုံးပါးကို မပြစ်မှားမိအောင် အပြောအဆို အနေအထိုင် ဂရုစိုက်ကြပါ။
အမျှ အတန်းပေးဝေကြပါ။

သတ္တဝါ တွေရဲ့ ကံတူအကျိုးပေးဟာ သိပ်ကြောက်စရာ ကောင်းပါတယ်၊ ကိုယ်ကိုယ်တိုင် မလုပ်တာတောင် တပါးသူရဲ့ ပြုလုပ်မူ့ကြောင့် ကိုယ်ပါ ပါတတ်ပါတယ်။

ပရိတ်ပဋ္ဌာန်း ပူဇော်မူ့တွေကို ဘယ်လိုအကြောင်းနဲ့မှ မရပ်တန့်ကြပါနဲ့နော်။

အကြောင်း ရှိလို့ ပြောတာပါ။

ဦးမြင့်ခိုင်

U Myint Khaing ( Psychology)

10 Oct, 14:42


တန်ဆောင်မုန်းကျော်ရင် စိတ် တွေကြည်လင်လန်းဆန်းလာကြတော့မှာပါ
တပေါင်းကျော်ရင်တော့ ကောင်းသထက်ကောင်းလာပါပြီ
ဘုရားတရားအလုပ်တွေ ပိုလုပ်ကြပြီး အားတင်းထားကြနော်

ဦးမြင့်ခိုင်

U Myint Khaing ( Psychology)

08 Oct, 14:30


အညှာခိုင်အောင် လုပ်ထားကြ
------------

အမှည့်တဝင်းဝင်း
အကင်း တဖြုတ်ဖြုတ်
အကုန် ကိုင်လှုပ်တော့မှာမို့
အညှာခိုင်​အောင် လုပ်ထားကြ။

အပုတ်ကောင်တွေ ရေမျောရမှာမို့ ရေကြီးဖို့အကြောင်းတရားက လာကိုလာမှာ။

ပါပဂြိုဟ်
ဝါဆိုက သိမ်းမယ်လို့
ကိန်းအရ မှာခဲ့တယ်
အတည်မလွဲမျိုးညစ်
ဆိုးညစ်သူ အကုန်ပျောက်ပါလိမ့်
ကြောက်စရာ့ပွဲ တဲ့။

အရင်ဝါဆိုတွေထက်
ဒီဝါဆိုက
ပိုကြောက်စရာကောင်းမယ်။

ဒီဝါဆို
အကုန်သိမ်းလိမ့်မယ်။

ရေမမြုပ်ရသေတဲ့ နေရာတွေ ရေမြုပ်မယ်၊
မသန့်တဲ့ အပုပ်ကောင်တွေ
အကုန်ရေမျောရလိမ့်မယ်။

ရေမျောပြီးရင်
မဟာပထဝီ ကောင်းချီးပေးလိမ့်မယ်။

အမှည့်တဝင်းဝင်း
အကင်းတဖြုတ်ဖြုတ်
အကုန် ကိုင်လှုပ် မှာမို့
အညှာခိုင်အောင် လုပ်ထားကြ။

မိစ္ဆာ ပျက်ပွဲအတွက်
ကြားမညပ် ကြပါစေနဲ့ တဲ့။

ဦးမြင့်ခိုင်

2023 ခုနှစ်က ရေးပြီးသတိပေးထားတဲ့ပိုစ့်ပါ တကယ်မှန်ခဲ့တယ်
ငလျင်တခုကျန်သေးတယ်

U Myint Khaing ( Psychology)

07 Oct, 15:55


#ကုသိုလ်ပြုခါနီး_စိတ်ထား
******

ကောင်းမှုကုသိုလ် အလှူဒါနတစ်ခုကို
ဖြစ်ကတတ်ဆန်း ပြုလို့ရှိရင်
ဒီကံက အကျိုးပေးရင်
ဖြစ်ကတတ်ဆန်း အကျိုးပေးတတ်ပါတယ် …

❝ မနာပဒါယီ လဘတေ မနာပံ ❞ ဆိုတဲ့ အတိုင်း
နှစ်သက်မြတ်နှိုးဖွယ်ရာ ပစ္စည်းဝတ္ထုတွေကို
လှူဒါန်းမှ နှစ်သက်မြတ်နှိုးဖွယ်ရာ
အကျိုးဆိုတာ ရရှိပါတယ် …

ဒါကြောင့်
ဘုန်းကြီးရဲ့ ကျေးဇူးတော်ရှင်
ဆရာတော်တစ်ပါးက ခဏ, ခဏ ဆုံးမပါတယ် …

ကောင်းမှုကုသိုလ်တစ်ခု ပြုခါနီးမှာ
မိမိစိတ်ကို မိမိ နိုင်အောင် ဆုံးမကြည့်ပါ …

စိတ်က မနိုင်သေးဘူး ဆိုရင်
ဒီ ကောင်းမှုကုသိုလ် မပြုပါနဲ့ …

ကောင်းမှုကုသိုလ်တစ်ခု ပြုလိုက်လို့
ကံအရာ တည်သွားခဲ့ရင်
ဒီကံကို ပြန်ပြီး နှုတ်ပယ်လို့ မရဘူး …

တစ်နေ့ ...
ဒီကံက ရင့်ကျက်လို့ အကျိုးပေးရင်
ဒီကံနဲ့ တူတဲ့ အကျိုးတွေကို ရရှိတတ်တယ် …

ဘုန်းကြီး အမြဲ ပြောပါတယ် …

ဘုရားဆွမ်းတင်ရင် ဖြစ်သလို မတင်ပါနဲ့
ပြည့်ပြည့်စုံစုံ ဖွယ်ဖွယ်ရာရာလေး တင်ပါ …

ပန်းကန်တွေကို
အောက်ကို ဟိုချ၊ ဒီချ မလုပ်ပါနဲ့
သန့်စင်အောင် လုပ်ပါလို့ …

မိမိရဲ့ စိတ်က မနိုင်သေးရင်
မပြုဘဲ ဆိုင်းထား၊ ဘာမှ မဖြစ်ပါဘူး …

စိတ်က နိုင်နင်းပြီ ဆိုရင်
ကျကျနန မွန်မွန်မြတ်မြတ်နဲ့
ကောင်းမှုကုသိုလ် ပြုတတ်ဖို့တော့ လိုအပ်ပါတယ် …

🙏ကျေးဇူးရှင် ဖားအောက်ဆရာတော်ဘုရားကြီး🙏

U Myint Khaing ( Psychology)

05 Oct, 14:22


အငှားသုံးတတ်ရမယ်
-----------------

ကိုယ့်ဘဝရဲ့ တချို့ပြသနာတွေဟာ ကိုယ့်ဘဝရဲ့ အတွေ့အကြုံနဲ့ မလုံလောက်ဘူး၊ အဲဒီအခါကျရင် သူများဘဝနဲ့ သူများဦးနှောက်ကို အငှားသုံးတတ်ရတယ်၊ အငှားသုံးတယ်ဆိုတာ အကြံဥာဏ်ယူတာကို ပြောတာပါပဲ။

ဦးမြင့်ခိုင်

U Myint Khaing ( Psychology)

04 Oct, 13:34


သဒ္ဓါ အချိုးကျပါစေ
-----------------

ကိုယ့်သဏ္ဍာန်မှာ ဥာဏ်ဘုရားပေါ်အောင် လုပ်ရမှာ၊ အဲဒီလိုမလုပ်ကြပဲ ဟိုနားဘုရားပေါ်တယ်ဆိုလည်း သွားလိုက်ကြ ဒီနားဘုရားပေါ်တယ်ဆိုလည်း သွားလိုက်ကြတာ တားမရ ဆီမရပဲ၊ နွားမိတ်သင်းကြီး လိုပဲကွဲ့၊ ကောင်းလိုက်တဲ့ သဒ္ဓါတရားတွေ ပါတာအကုန်ချွတ်လှူတော့တာပဲ။

ပေါ်တော်မူအစစ်ဆိုတာ မှိုနဲ့ မျှစ်ပဲ ရှိတယ်ကွဲ့၊ အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှုပ်၊ ကိုယ့်အိပ်မက် ကိုယ်မက်ပြီး လိမ်စားနေကြတာ များတယ်၊ ပေါ်တော်မူမှန်ရင် မြေထဲမဆွေးလို့မြှုပ်တဲ့ ကျောက်ဆင်းတုနဲ့ ဖန်ဘုရားတွေချည်းပဲ၊ ကျွန်းဆင်းတုတော်မပါဘူး။

ဒီလိုမစဥ်းစားပဲ အရမ်းကောင်းတဲ့သဒ္ဓါဟာ သဒ္ဓါရူး သဒ္ဓါနှမ်းပဲ၊ ငွေကုန်ပြီးဘာမှ အကျိုးမရှိဘူး၊ အကျိုးမရှိတဲ့နေရာမှာ သဒ္ဓါတွေကကောင်းပြီး အကျိုးရှိတဲ့နေရာကျတော့ မကောင်းဘူး၊ ဘယ်ကလာပြီး မြန်မာတွေ ကောင်းစားမလဲ။

ကြည့်ပါလား လှူတာလဲ မြန်မာ မွဲတာလည်းမြန်မာပဲ
အဲဒါ သဒ္ဓါအချိုးမကျလို့ကွဲ့။

မြတ်စွာဘုရားက ဆင်းရဲတဲ့သူတွေကို ဂရုဏာ နဲ့ ပေးကမ်းကြ ထောက်ပံ့ကြတဲ့၊ ဒါမှ သဒ္ဓါအစစ်ကွဲ့။

အခုတော့ မဟုတ်တာလုပ်ပြီဆိုရင် သဒ္ဓါတရားကောင်းပြီ၊ အဲဒါ သဒ္ဓါအစစ်မဟုတ်ဘူး ၊ သဒ္ဓါရူး သဒ္ဓါနှမ်းပဲ ။

​နမ္မားဆရာတော် အရှင်ဥာဏ

မေတ္တာဖြင့်

ဦးမြင့်ခိုင

U Myint Khaing ( Psychology)

03 Oct, 15:07


စမ်းစစ်ဖို့ လိုပြီ
---------------

တလောကလုံးက ပြဿနာတွေကို အကြောင်းအကျိုးခိုင်လူံစွာနဲ့
ဖြေရှင်းဖို့ ဗုဒ္ဓတရားတော်တွေ
ရှိနေပါလျှက်နဲ့
ဖြေရှင်းခွင့်မရဘူး

အကြောင်းအကျိုးဝါဒ
ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတဲ့
အယူဝါဒ နဲ့ဖန်ဆင်းရှင်အယူဝါဒ
လွန်ဆွဲပွဲမှာ အင်အားကြီးမားတဲ့
ဖန်ဆင်းရှင်ဝါဒက လွှမ်းမိုးတာ
ခံလိုက်ရတယ်

အယူဝါဒချင်းပြိုင်ဖို့
ဆွေးနွေးဖို့ဖိတ်ခေါ်တိုင်း
သူများဘာသာကို မဝေဖန်ပါနဲ့
ဆိုတဲ့ စကားအောက်မှာ ပျောက်ဆုံးခဲ့ရတာ အကြိမ်မနည်းတော့ဘူး

ဗုဒ္ဓက မမှန်တာကို မမှန်ဘူးလို့
ဖြေရှင်းနိုင်ရမယ် လို့
မိန့်မှာခဲ့ပါတယ် ဗုဒ္ဓကိုယ်တိုင်
စင်ပြိုင်ဆရာကြီးများနဲ့ အခွင့်ကြုံတိုင်း အယူဝါဒ ဆွေးနွေးသလို
တပည့်များဆွေးနွေးတာက
ိုလည်း သာဓုခေါ်ခဲ့ပါတယ်

ကိုယ့်အယူအဆ ကိုယ့်ဘာသာ
မှန်တယ်ဆိုရင်
ဘာ့ကြောင့်များ ခရူးစိတ် စတဲ့
ဘာသာရေးစစ်ပွဲတွေ ဖြစ်လာရတယ်ဆိုတာ စဉ်းစားမိပုံမရဘူး

ဘုရားတွေလည်း ရှိပါတယ်
သူတို့ဟောထားတဲ့ တရားတော်တွေလည်း အထင်အရှား
ရှိပါလျှက် ဘာ့ကြောင့် အယူဝါဒ
ဆွေးနွေးပြီး အမှန်တရားကို
မရှာနိုင်ကြတာလဲ ကိုယ်ကိုးကွယ်တဲ့ ဘုရားရှင်တွေဟာ ဘာတွေ
ဟောထားတယ်ဆိုတာ ဘာ့ကြောင့် လူတောထဲကို ချမပြနိ ုင်ရတာလဲ

အယူမှားသူတွေ ကြီးစိုးနေတဲ့
ကမ္ဘာလောကကြီးပူလောင်နေတာ ဆန်းတော့မဆန်းပါဘူး
လောကကြီးက လူတွေ ရဲ့စိတ်အလိုအတိုင်းဖြစ်တည်နေတာ တဲ့
ဒါ့ကြောင့် ကမ္ဘာကြီး အေးချမ်းဖို့
အယူမှန်တဲ့သူတွေ များဖို့ လိုအပ်ပါတယ်

ကိုယ်ကြိုက်တာ ကိုးကွယ်တယ်
ထောက်ပြတော့လည်း သူများ
ဘာသာကို မဝေဖန် နဲ့တဲ့
ဝေဖန် ထောက်ပြတာတောင်
မခံနိ ုင်တဲ့ ဘာသာတရားကို
ဘယ်လိုများ ကိုးကွယ်ကြလည်း
စဉ်းစားလို့မရဘူး

ဗုဒ္ဓဝါဒက
ငါဘုရားဟောလို့ဆိုပြီး
မယုံကြည်ကြနဲ တဲ့
လေ့လာပါ
ဆန်းစစ်ပါ
ကျင့်သုံးပါ
ကိုယ်တွေ့ကြုံမှ ယုံပါ တဲ့

ကဲ ဒီထက် သိပ္ပံသဘော
ဆန်တာ ရှိသေးရဲ့လား

အယူလွဲနေတာတွေ
မလေ့လာ မဆန်းစစ်
မပြင်သ၍တော့

ကမ္ဘာကြီးဟာ
တနေ့တခြား
ပိုပိုဆိုးပြီး ပိုပိုပူလောင်လာမှာ
အသေအချာပါပဲ

ကမ္ဘာကြီးငြိမ်းချမ်းဖို့
အယူဝါဒတွေ
ဆန်းစစ်ဖို့ လိုပြီ။

ဦးမြင့်ခိုင်

share