Tʜᴇ Sᴛᴏʀʏ

@thestory200


ᴀʟʟ ᴠɪᴇᴅᴏꜱ ᴄʀᴇᴅɪᴛ ᴛᴏ ᴛʜᴇ ᴏʀɪɢɪɴᴀʟ ᴜᴘʟᴏᴀᴅᴇʀ.

Tʜᴇ Sᴛᴏʀʏ

22 Oct, 04:22


တစ်ခါလာလည်း
ဒီဘူတာနဲ့ဒီရထား
မပြီးနိုင်မစီးနိုင်...

-ကြည်ဖြူ

Tʜᴇ Sᴛᴏʀʏ

22 Oct, 04:21


သစ်တစ်ပင် ကောင်းရင်
ငှက်တစ်သောင်း ခိုးနားလို့
ရချီရဲ့ တဲ့ ရှေးလူကြီးတွေပြောတော့

ဥယှဥ်မှူး က ရင်ကျိုးရပြီပေါ့။


                                      - ဗေဒါ

Tʜᴇ Sᴛᴏʀʏ

22 Oct, 04:20


မြကန်သာ၊
တောင်ကျချောင်းတေး၊ ရေဝင်ပြေးလှည့်
ရေအေးကြည်စွာ ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ၊ ငှက်မျိုးစုံသည်၊
ဘုံပတိံသာက နန္ဒာလော၊
တူစွဟုတ္ထာ။

-အမည်မသိရှေးစာဆို

Tʜᴇ Sᴛᴏʀʏ

22 Oct, 04:19


ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုးခပ်ဝေးဝေး
ကြီးကောင်စဝင်စ အသံလေးမှာ
ပြန်စရာအိမ် မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ
အကုသိုလ်ပန်းတွေ ဝေပုံကလည်း
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားက မြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘဝဟာ
မြေငွေ့ပျံ ညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်။

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလည်း
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့
အသံတွေတောင် ငုပ်နေခဲ့ပါပြီ အမေ။

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမရေဲ့။

တကယ်တော့လည်း အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေး တစ်ချောင်းပါဗျာ
အမေရယ်
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့ အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ်။

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်။

အမေ မသိဘူးလား
လူတွေရဲ့ အပြုံးမှာ
ကုန်ဈေ:နှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
သား တူးတူးခါးခါးမုန်းတယ် အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ ညရယ်လို့ မရခဲ့ဖူးဘူး။

သားရဲ့ 'ဘီး'ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့ ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင် ဘီးက ထပေါက်သွားနိုင်ပါတယ် အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ် ခုန်ခုန်ချနေရတဲ့ ဘဝခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကျပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထထတောက်တာ မြင်ရ
အမေရယ်
အတွင်းလူမ,မာ တစ်ယောက်ပါ

ဒါပေမဲ့
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီး ဆိုတဲ့လူလည်း ပါတယ်လေ လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့ ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာ ပြိုလဲခဲ့ပါသလဲ ဘယ်တော့များမှ သမ္မာဒေဝတွေလက်ထဲ ရောက်မှာတဲ့လဲ တစ်ယောက်ကို တစ်ယောက် မေးရင်းပေါ့။

မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုဟ်တွေ ချောင်းကောဖြစ်သွား
ဘဝကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်။

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်ဝ၀ တိုက်ရိုက်မမြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ်အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖဝါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့ တဆတ်ဆတ်တုန်နေတဲ့ သားဘဝလေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ရာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့် သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်ပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ကရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ။

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေ အမေရဲ့။

ကျွန်တော် ရိုးသားခဲ့ပါတယ် အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။ ။

-မောင်ချောနွယ်

Tʜᴇ Sᴛᴏʀʏ

22 Oct, 04:17


ဆယ်လီတွေကိုယ်တိုင်💯
review ပေးပြီးသားမလို့
ဘာမှထွေထွေထူးထူး 🙅🏻‍♀️🙅🏻‍♀️
ကြေညာမနေတော့ဘူး ဆော့ခြင်းရင် 1000ကျပ်လေးနဲ့☝🏻☝🏻
အကောင့်ဖွင့်လိုက်ယုံဘဲ🍭🍭


☘️Telegram- https://t.me/mm159myanmar

❤️Viber- https://msng.link/o?959692257310=vi

Tʜᴇ Sᴛᴏʀʏ

21 Oct, 04:29


အေးစက်မှု့ဆိုတာ
မင်းဆီကရပြီးတယ့်
နောက်ပိုင်းငါ့ကမ္ဘာဟာ
ဆောင်းရာသီဖြစ်ခဲ့တယ်

Lavina

Tʜᴇ Sᴛᴏʀʏ

21 Oct, 04:20


ဒီဘ၀တော့ရှိပါစေတော့အချစ်ရေ။

နောင်ဘ၀ကျရင်တော့ နေရာလဲကြမယ်။

မင်းကစောင့်ငါကပြန်မလာဘူး။

# လေနု
#crd

Tʜᴇ Sᴛᴏʀʏ

21 Oct, 04:18


ညီမသာ ညီမရဲ့
မျက်မှန်ဘောင်လေးတွေရဲ့
အပြင်ကို ကျော်ကြည့်တတ်ခဲ့ရင်
အကို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို
တွေ့ခဲ့မှာပါလေ

ဖြူစင်လှပါတယ်ဆိုတဲ့
သစ္စာတွေ
သန့်ရှင်းလှပါတယ်ဆိုတဲ့
မေတ္တာတွေ
တစ်စတစ်စ
ငြိတွယ်လာနေမိတဲ့
သံယောဇဥ်တွေ
အရာအားလုံးဟာ
မင်းအတွက်ပါပဲ
အကို့ကို ရည်ငံစမ်းပါ
မျက်မှန်လေးရယ်.....

- သစ်ခက်

Tʜᴇ Sᴛᴏʀʏ

21 Oct, 04:17


ရာဇဝင်ထဲမှာအချစ်ရှိတယ်
သမိုင်းထဲမှာစစ်ရှိတယ်
နိုင်ငံထဲမှာ သူပုန်ရှိတယ်
တော်လှန်ရေးထဲမှာ လူငယ်တွေရှိတယ်
လူငယ်ထဲမှာ လူငယ်ရှိတယ်။

စစ်ကြီးပြီးသွားရင်တော့
နှလုံးသားရဲ့အမိန့်တော်အတိုင်း
ချစ်သူကို နန်းတင်မယ်...။

-ဘယ်လာခင်

Tʜᴇ Sᴛᴏʀʏ

21 Oct, 04:00


1000ကျပ်လေး နဲ့☝🏻
ဂိမ်းဆော့ပြီး နိုင်လာလို့ ❤️❤️
မင်မင်တော့ 😋😋
မုန့်တွေသွားစားလာခဲ့တယ် 🍔🍔အလျော်အစား မင်မင်ကိုယ်တိုင်အာမခံတာမလို့ဆော့ကြည့်လို့ မမှားစေရဘူးနော်💯💯

1000ကျပ်လေးနဲ့
ဆော့ခြင်းရင် Linkလေး
တစ်ချက်သာနိုပါလိုက်တော့👌🏻

☘️Telegram- https://t.me/mm159myanmar

❤️Viber- https://msng.link/o?959692257310=vi

Tʜᴇ Sᴛᴏʀʏ

20 Oct, 07:21


အဝေးကရင်ခွင်ငယ်ကို ခုံမင်တတ်ရင်း
‌ကြည်နူးမှုတို့ ပုံရိပ်ထင်ဆဲ
ကိုဟာ ဒီ လမ်းမှာ ဒီစခန်းငယ် ချပြီးပြီး။
ကောင်းမွေဆိုးမွေတွေအတွက် မင်းနူတ်ဖ‌ျား၌
ဥပဒေသတွေတည်စေ။



#ကိုလူချစ်ခင်

Tʜᴇ Sᴛᴏʀʏ

20 Oct, 07:20


နာကျင်မှုမှာ စကားလုံးမလိုဘူး

ခဲမှန်တဲ့သူထက် သေနတ်မှန်တဲ့သူက ဗိုင်းကနဲ ပစ်လဲသွားသလိုမျိုးပေါ့...

မင်းမှမဟုတ်ရင် သေခြင်းတရားပဲ ငါ့ဆီလာပါစေ...

- EOK

Tʜᴇ Sᴛᴏʀʏ

20 Oct, 07:19


ဒါ ၀ဋ်ကြွေးပဲ အချစ်ရေ ဆိုရင်တောင်
ငါ သက်တမ်းလေး တိုးထားချင်ပါသေးတယ်။

- စောနန္ဒာခိုင်

Tʜᴇ Sᴛᴏʀʏ

20 Oct, 07:18


လောကကြီးထဲမှာ
ခေါင်းစဥ်နဲ့စာကိုယ်မကိုက်ညီတဲ့
သမိုင်းကြောင်းတွေအများကြီးရှိတယ်
အထူးသဖြင့် ကျုပ်ရေးတဲ့သမိုင်းကြောင်းတွေ....။

-ဘယ်လာခင်

Tʜᴇ Sᴛᴏʀʏ

20 Oct, 07:16


⚪️ (၁၀၀၀)⚪️ ကျပ်လေးပဲ🆘
ညိုကီး တို့အတွက်❤️
အားလပ်ချိန်တိုင်းငွေရှာပါ
🌜Candyဂိမ်းလေးကကြမ်းချက်ပဲ အခုနိုင်အခုထုတ်ပဲ/ ကစားနည်းတွေ့လဲပြပေးတယ် ဘောနပ်တွေ့လဲရှယ်ပဲရှင့်

❤️Telegram- https://t.me/mm159myanmar

✔️Viber- https://msng.link/o?959692257310=vi

Tʜᴇ Sᴛᴏʀʏ

19 Oct, 03:07


မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။

- သန်းတင့်

Tʜᴇ Sᴛᴏʀʏ

19 Oct, 03:06


ဆောင်းရာသီရဲ့ အငွေ့အသက်
ကြောင့်ထင်တယ်
နွေးထွေးနေကျ တယ်လီဖုန်းလေးရဲ့
အခြားတစ်ဖတ်မှာ
တိတ်ဆိတ် အေးစက်ခြင်းများ
ကြီးစိုးလျှက်..။

-လွန်းနောင်

Tʜᴇ Sᴛᴏʀʏ

19 Oct, 03:06


သန်းခေါင်ယံအလွမ်းစေရာ

အတ္တဆန်ပေမဲ့
သည်ပန်းနွမ်းရိပ်ပြရင်
ကျနော်လက်လွှတ်လိုက်မှာပါ။

နေညို။။။။

Tʜᴇ Sᴛᴏʀʏ

19 Oct, 03:05


ပြတ်သားတတ်တာပေါ့
တခါတည်းနဲ့ဇီဝိန်မချုပ်ရရင်
ဖြေးဖြေးချင်အချိန်ဆွဲ
သတ်တာတောင်မလုပ်ဘူး
နှလုံးသားရေးမှာတော့
တဆွေးဆွေးနဲ့
ရုပ်ပေါက်တာကွာ
အဲ့ရောဂါကိုဘယ်လိုခေါ်လဲ
ပျောက်မယ်ဆေးပြစမ်းပါ
ဘူးလိုက်မျိုချရင်ချရပါစေ
ငါသောက်မယ်

Lavina

Tʜᴇ Sᴛᴏʀʏ

19 Oct, 03:03


⚪️ (၁၀၀၀)⚪️ ကျပ်လေးပဲ🆘
ညိုကီး တို့အတွက်❤️
အားလပ်ချိန်တိုင်းငွေရှာပါ
🌜Candyဂိမ်းလေးကကြမ်းချက်ပဲ အခုနိုင်အခုထုတ်ပဲ/ ကစားနည်းတွေ့လဲပြပေးတယ် ဘောနပ်တွေ့လဲရှယ်ပဲရှင့်

❤️Telegram- https://t.me/mm159myanmar

✔️Viber- https://msng.link/o?959692257310=vi

7,212

subscribers

114

photos

171

videos