Techanical Analysis

@ta_gp


Techanical Analysis

19 Oct, 16:57


Liquidity and Brokers (3)

Broker လိုင်စင်ရပြီး စ run မယ်ဆိုတာနဲ့
metatrader server တစ်ခုရပါမယ် server တိုင်းမှာ
admin account ရှိပါတယ် manager account ရှိပါတယ်
manager account တွေကတော့ လိုသလောက်ပွားလို့ရပါတယ်
ဒီ manager controlရတဲ့ serverခွဲတွေကို Funded brokerလုပ်စားမယ့်သူတွေကို ပြန်ငှားလို့ရပါတယ်
funded brokerများက လိုင်စင်ကိုယ်ပိုင်မရှိတာများပါတယ်
broker အဆင့်လည်းမဟုတ်ကြပါဘူး

Admin Manager role ရသွားတဲ့သူက
trading pairsတွေကို spread swap comission တွေ တစ်ခုချင်းစီ လိုသလိုပြုပြင်လို့ရပါတယ်
deposit သွင်းတာ credit သွင်းတာ withdrawlလုပ်တာ manualလုပ်လို့ရသလို
API နဲ့ programmactically လည်းလုပ်လို့ရပါတယ်

ဒီနေရာမှာ broker တွေက User အကောင့်တိုင်းကို spread slippage တွေ priceတွေ manipulateလုပ်လို့ရပါတယ်
ဒါကြောင့်လည်း brokerမတူရင် ruleတွေလည်းမတူကြသလို
ညစ်ခံရတာတွေလည်း မတူကြတာပါ

offshore broker တွေကတော့ အများစုက လိမ်ဖို့ သုံးကြတာပါ
မြန်မာပြည်မှာ offshore တွေ run နေကြတာရှိပါတယ်

server ကိုင်ထားတဲ့သူတွေက trade recordတွေကိုလည်း back dateနဲ့ ပြန် ပြင်လို့ရပါသေးတယ်
ဒါကြောင့် youtube လိုနေရာတွေမှာ Million ချီ အမြတ်တွေပြတိုင်းလည်း
myfxbookတွေပြတိုင်းလည်းမယုံရတာပါ
တစ်ချို့scammerတွေကတော့ offshore brokerတွေနဲ့ investment websiteတွေတွဲသုံးပြီးလိမ်ကြပါတယ်
ရှေ့မှာဒီလိုcaseတွေရှိပြီးသားပါ

ဒီserver က regulated လား လူသိများထင်ရှားတာလားပြန်စစ်ဆေးဖို့လိုပါတယ်

server တစ်ခု စ runတယ်ဆိုတာနဲ့ အပိုင်ရတာမဟုတ်ပဲ လစဥ်ကြေးတွေ သွင်းရတာမို့
running cost ရဖို့ကတော့ brokerတိုင်းက ကြိုးစားမှာပါပဲ

ဒါကြောင့် broker တွေ ရဲ့ သားကောင် မဖြစ်ဖို့အရေးကြီးပါတယ်

#education

Techanical Analysis

19 Oct, 16:57


Liquidity and brokers (2)

A book B book Market maker brokerတွေ မှာလည်းပုံစံအမျိုးမျိုးရှိသေးတယ်
ယုံကြည်လို့ရတဲ့broker ယုံကြည်လို့မရတဲ့brokerတွေရှိတယ်
Broker တစ်ခုထောင်မယ်ဆိုရင် အရင်ဆုံးစဥ်းစားကြတာက
trading platform ကိုပဲ
လူသိများတာက metaquotes, Ctrader ,tradingview စသဖြင့်ရှိတယ်
ဒီ platform တွေက လာသမျှ broker companyတိုင်းကို သူတို့service မပေးဘူး
သူတို့ခွင့်ပြုထားတဲ့ နိုင်ငံ အပေါ်မူတည်ပြီး လိုင်စင်ပေးတယ်
အဲ့မှာမှ Onshore နဲ့ Offshore broker ဆိုပြီးရှိလာတယ်

Onshore broker ဆိုတာက broker location နဲ့ broker licenseယူတဲ့နေရာ အတူတူပဲရှိတဲ့အရာမျိုး
ဥပမာ UK မှာ broker ထောင်တယ် အစိုးရဆီက လိုင်စင်ရဖို့ ပေးရတာ သိန်းဂဏန်းရှိမယ်
အဲ့အစိုးရကပေးတဲ့ Company လိုင်စင်နဲ့ metaquote ကိုပြပြီး server ငှားရတယ်

metatrader 4 or 5 ကြိုက်တာသုံး တစ်လဘယ်လောက်ဆိုပြီးငှားရတယ်
လစဥ်ကြေး သောင်းဂဏန်းရှိမယ်

ဒီလို Onshore brokerတွေက ဒီလောက်နဲ့ ပြီးမသွားဘူး
Governments regulatory bodyတွေရဖို့ ထပ်လုပ်ရတယ်
ဒါတွေလုပ်နိုင်ဖို့ လိုအပ်ချက်တွေလည်းများတယ်
clientတွေ ကို ပြန်လျှော်နိုင်မယ့် company ဒေဝါလီမခံရလောက်တဲ့အထိ လုံလောက်တဲ့ငွေပမာဏ တင်ပေးရတယ်
Ukမှာဆိုရင်Financial Conduct Authority (FCA) USမှာဆိုရင်
National Futures Association (NFA) - USA
Commodity Futures Trading Commission (CFTC)
သြဇီမှာဆိုရင်
Australian Securities and Investments Commission (ASIC)
ဆိုက်ပရက်မှာဆိုရင်
Cyprus Securities and Exchange Commission
ဒီလိုတွေရအောင်ယူရတယ်
ပြီးမှ broker bussiness runလို့ရမယ်

Onshore ကအရမ်းregulatedဖြစ်လို့ စရိတ်သက်သက်သာသာနဲ့ လုပ်တဲ့ offshore တွေလည်းရှိတယ်

metaquoteကခွင့်ပြုပေးထားတဲ့ နိုင်ငံအနည်းငယ်မှာ company ထောင်ရတယ် ပြီးရင် metaquoteကိုပြပြီး server ငှားရတယ်
metaquoteက serverပဲငှားလိုက်တာ ဒီbroker မှာ ဘာregulatory bodyတွေရှိတယ်မရှိဘူးကသူနဲ့မဆိုင်ဘူး

mauritius ,Saint Vincent and the Grenadines လိုနေရာတွေမှာ offshore companyထောင်ကြတယ်
offshoreဆိုတာ လိုင်စင်ယူတဲ့နေရာနဲ့ broker လိပ်စာရှိတဲ့နေရာမတူတဲ့အရာကိုပြောတာ
လိုင်စင်ကို တစ်နေရာမှာယူပြီး broker ကို ဒူဘိုင်းမှာ ဖွင့်ထားတာမျိုး

ဒီလို Offshore broker တွေက low credibility ဖြစ်တယ်
အများစုက scam broker တွေဖြစ်တယ်
government regulatory body ခိုင်ခိုင်မာမာမပြနိုင်ဘူး
ပြဖို့လည်း requirements မမှီကြဘူး
ဒါကြောင့် ပုဂ္ဂလိက အဖွဲ့အစည်း တွေဆီက cerificateတွေ ဖန်တီးကြတယ်

အများစုက Dubai အခြေစိုက် တွေဖြစ်ကြတယ်

Trader တွေအနေနဲ့ ဒီလိုအချက်အလက်တွေကို သိမှလည်း broker ကောင်းတာကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်

နောက်တစ်ပိုင်းမှာ scam brokerတွေ ဘယ်လို လိမ်တက်ကြလည်းဆိုတာရေးပေးမယ်

#education

Techanical Analysis

19 Oct, 16:56


Liquidity and brokers (1)

liquidityအကြောင်း အရမ်းပြောနေကြတော့
နည်းနည်းရှင်းပြပေးမယ်
Tradingမှာ liquidity ဆိုတာက
ဝယ်ရောင်းလုပ်နိုင်စွမ်းကိုပြောတာဖြစ်ပြီး
provider ဆိုတာက ဝယ်ရင်ရောင်းပေးသူ ရောင်းရင်ဝယ်ပေးသူကိုပြောတာ

Forex tradingမှာဆိုရင် broker အမျိုးအစား ပေါ်မူတည်ပြီး
liquidity provider တွေကွာခြားတယ်

ကျနော်တို့ ဝယ်ရောင်းတာတွေကို counterparty လုပ်ပေးတာတွေက

1- Bank, financial institutionတွေ
2- Internal broker counterparty တွေ
3- retail trader အချင်းချင်းရဲ့ counterparty တွေ

ကိုယ်ဝယ်ရောင်းတာကို ဘဏ်တွေနဲ့တိုက်ရိုက်counter လုပ်နိုင်တာကို
real market transaction လုပ်တာလို့ခေါ်တယ်
A book broker အမျိုးအစားတွေ

ကိုယ်tradeနေတဲ့brokerကနေပဲ ကိုယ့်orderကိုပြန်counter လုပ်ပေးတာရှိတယ်

ကိုယ်လိုretailအချင်းချင်းorderကိုပဲ counter လုပ်ပေးတဲ့brokerရှိတယ်

ဒါတွေက B book broker / market maker brokerတွေ

ပြောရရင်တော့ B book ရော market makerရောက
conflict of interest ရှိတယ်
သူတို့ သုံးနေတဲ့ price က real market priceနဲ့အနည်းငယ်ကွာခြားတယ်
spread တွေ လိုသလိုဖန်တီးနိုင်လို့
ဒီbrokerတွေမှာ မိမိ SL TP ကို လိုသလို slippage တို့ spreadတို့နဲ့ ဒုက္ခပေးလို့ရတယ်

ဒါကြောင့် ကိုယ်က liquidity provider ပြန်ဖြစ်နေတယ် ဒီbrokerတွေမှာ
ကိုယ်ရှုံးလေ သူတို့အဆင်ပြေလေပဲ

CFD brokerတွေလို့ခေါ်တယ်
ဒီbrokerတွေမှာ candle wick တချောင်း ရှည်ထွက်သွားလို့
real market transactionတွေဘာမှမထိခိုက်သွားဘူး
ဒါကြောင့် အမျိုးမျိုး ညစ်တာတွေခံရနိုင်တယ်

မိမိတို့orderတွေကလည်း real marketထဲကိုဘယ်တော့မှမရောက်သွားဘူး

ဒါကြောင့် very very high risk ဖြစ်တဲ့အလုပ်ဖြစ်တယ်

ဒါတွေသိမှ risk manage ဘာကြောင့် အရေးကြီးလည်း
နားလည်မယ်



#education

Techanical Analysis

07 Sep, 14:23


https://www.facebook.com/share/v/KP6iY1HndvGHTCVN/?mibextid=oFDknk

Techanical Analysis

24 Apr, 02:34


please follow my tiktok and facebook

Techanical Analysis

24 Apr, 02:34


https://www.tiktok.com/@kyawswarlin757?_t=8lmd7TGxI49&_r=1

Techanical Analysis

16 Aug, 11:22


https://www.facebook.com/profile.php?id=100095065934899&mibextid=ZbWKwL