SHARE4IT MYANMAR

@share4itmyanmar


Life Made Simple

SHARE4IT MYANMAR

21 Oct, 07:05


ဝံပုလွေတိုက်ပွဲ
+++++++++

တရုတ်ကား ကောင်းကောင်း ကြည့်ချင်တဲ့ သူတွေအတွက် 2024 ထွက်ကားသစ်


တိုက်ရိုက်ကြည့်ရန် လင့်
https://helvid.net/play/index/6fc68ede581c

SHARE4IT MYANMAR

21 Oct, 05:58


L+e+e (2024)
+++++++++

Drama, History, War




ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်



ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့

လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်

စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်

တစ်ယောက်ပါ။

ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်

စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေ

စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီး

စစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီး

ရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။

ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာ

Eternal Sunshine of the Spotless Mind ရဲ့ Cinematographer

ဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်က

သရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေ

ဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်

ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်

မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်း

ကြိုပြီး သတိပေးထားချင်ပါတယ်။

တိုက်ရိုက်ကြည့်ရန်
+++++++++++
https://helvid.net/play/index/a18fb17f6a75

SHARE4IT MYANMAR

19 Oct, 17:02


T+h+e B-o-y-s (2023)
++++++++++++++++++++

Crime, Drama, Mystery

The boys ကတော့ ၁၉၉၉ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်အမှုကို အခြေခံပြီးရိုက်ကူးထားတဲ့

မှုခင်းဇာတ်ကားလေးပဲဖြစ်ပါတယ်။

Kill Boksoon ထဲကမင်းသားကြီး Sul Kyung Gu, Doom At your service ထဲက မင်းသား Seo In Guk,

Dr.romantic ထဲက မင်းသမီး Jin Kyung တို့အပြင် တခြားနာမည်ကြီး cast တွေအများကြီးနဲ့

ရိုက်ကူးထားတာမို့ ခပ်မိုက်မိုက် သရုပ်ဆောင်ချက်တွေကို ကြည့်ရမယ့် movie လေးပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း

မြို့လေးတစ်မြို့က အူရီ စူပါမားကတ်မှာ ခိုးယူမှုနဲ့ လူသတ်မှု ဖြစ်ပွားခဲ့တယ်။

အသက်မပြည့်ကြသေးတဲ့ ကောင်လေးသုံးယောက်ဖြစ်တဲ့ ချန်းဟို, ဆွန်းအူနဲ့ ဗြောင်းဝန်းတို့က

အဲဒီအမှုအတွက် တရားခံအဖြစ် စွပ်စွဲခံလိုက်ရပြီး အမှုစစ်တွေရဲ့ လူမဆန်တဲ့ နှိပ်စက်မှုတွေကြောင့်

ကောင်လေးတွေဟာ ဒဏ်မခံနိုင်တော့ဘဲ မကျူးလွန်ထားတဲ့ပြစ်မှုကို ဝန်ခံလိုက်ရတယ်။

ဒါပေမဲ့ ဒုရဲအုပ်ဖြစ်တဲ့ ဟွမ်ဂျွန်ချောကတော့ သူတို့ရဲ့ ဝန်ခံချက်ကို သံသယဖြစ်ပြီး

အမှုကို ပြန်လည်စစ်ဆေးမှုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ ကောင်လေးသုံးယောက်ဟာ

အပြစ်ဒဏ်ခံယူလိုက်ရတယ်။

နှစ်များစွာ ထောင်ထဲမှာ အပြစ်ဒဏ်ခံယူပြီးလို့ ထွက်လာကြတဲ့အချိန်မှာလည်း ကောင်လေးတွေဟာ

ပြစ်မှုမှတ်တမ်းဟောင်းရှိသူတွေအဖြစ် အပြင်လောကမှာပါ ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေ့ခဲ့ရသလို

သူတို့ဘက်မှာ ရပ်တည်ပေးခဲ့တဲ့ ဒုရဲအုပ်ဟွမ်ဂျွန်ချောကလည်း ရာထူးချခံလိုက်ရတယ်။

မတရားခံလိုက်ရတဲ့သူတို့တွေ တရားမျှတမှုရအောင် ပြန်လည်ကြားနာမှုလုပ်ဖို့ ကြိုးစားကြတဲ့အခါ..

ဒီကြိုးစားမှုမှာ ဘယ်သူတွေက ဘယ်လိုကူညီပေးသွားကြမလဲ… တရားခံအစစ်ကရော ဘယ်သူဖြစ်နေမလဲ…

တရားခံက ဘယ်လိုလူဖြစ်နေလို့ အမှုစစ်တွေကပါ ပေါင်းကြံခဲ့ကြတာလဲဆိုတာကိုတော့

ဒီ The Boys movie လေးထဲမှာပဲ ရင်တဖိုဖိုနဲ့ ကြည့်လိုက်ကြပါဦးနော်။



(ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။)

တိုက်ရိုက်ကြည့်ရန်
https://helvid.net/play/index/e39b8697f22d

SHARE4IT MYANMAR

19 Oct, 15:04


M=u=r=i and K=o

ဒီနှစ်ထဲမှာပဲ ထွက်ရှိထားတဲ့ နိုင်ဂျီးရီးယား ဟာသကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ Muri က ခါးပိုက်နှိုက်တစ်ယောက်ဖြစ်ပြီး တစ်ရက် တစ်ရက် ပိုက်ဆံအိတ်တွေ လုရတာ စိတ်ကုန်လာတဲ့ Muri ကို သူငယ်ချင်း ဖြစ်သူ Raski က အကြံကောင်းတစ်ခုပေးပါတယ်။ အကြံကတော့ ကားခိုးဖို့ပါ။ ကားအပိုပစ္စည်းတွေ ဖြုတ်ပြီး Chukwudi ဆိုတဲ့ လူဆိုးခေါင်းဆောင်ဆီမှာ ရောင်းပြီးရင် ရတဲ့ငွေနဲ့ Muri ဟာ busကား အသေးစားလေး ဝယ်ပြီး မောင်းစားဖို့ စီစဥ်ထားတာပါ။

ဒါနဲ့ တစ်ရက် စူပါမားကတ်ရှေ့က ကားတစ်စီးရဲ့ အမှတ်တံဆိပ်ကို ဖြုတ်နေတုန်း အန်တီကြီး တစ်ယောက်က ကားတံခါးကို မပိတ်ပဲ အမှုမဲ့ တစ်ဖက်ကို ထွက်သွားတာ မြင်လိုက်ပါတယ်။ အခွင့်ကောင်းကို အသုံးချတဲ့ Muri တစ်ယောက် ကားပေါ်တက်ပြီး မောင်းပြေးပါတော့တယ်။ လမ်းမှာ ကားရောင်းဖို့ အစီအစဥ်ချပြီး ပျော်နေတုန်း ကားနောက်ခန်းက ကလေးလေး တစ်ယောက် ထလာပါတယ်။

အဲ့ဒီကလေးဟာ နာမည်ကြီး Celebrity တစ်ယောက်ဖြစ်တဲ့ Didi ရဲ့ သားလေး ဖြစ်ပါတယ်။ Didi ကိုလည်း မသိ သူ့ရဲ့သားလေးကိုလည်း မသိတဲ့ Muri က ကလေးကို ကားပေါ်က ဆွဲချပြီး လမ်းပေါ်မှာ ထားခဲ့ဖို့ လုပ်ပေမယ့် မနေနိုင်ပဲ ပြန်တင်ခေါ်လာခဲ့ပါတယ်။ Muri နဲ့ အတူ Koဆိုတဲ့ ကလေး ရဲ့ ဟာသနဲ့ အလွဲတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။

တိုက်ရိုက်ကြည့်ရန်
+++++++++++++
https://helvid.net/play/index/8bb6bafea517

SHARE4IT MYANMAR

16 Oct, 13:12


T=a=k=e=r=s (2010)
++++++++++++
လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်…

စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလို
မျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်…
M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်…
သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်း
သွေးအေးတည်ငြိမ်လွန်းနေကြတယ်… သိပ်မကြာဘူး..
လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်….
ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကို
ဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်….
ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….
ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ…. LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား…
ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ…
ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့
Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်….
အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှ
သဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….

ကြည့်ရန်
https://helvid.net/play/index/1f6b3453c720

SHARE4IT MYANMAR

16 Oct, 10:18


C-i-t-y of D+a+m+n+a+tion (2009)
************************

Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့….
ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင်
ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့်
၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။
Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လို
ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။
ဇာတ်လမ်းအကျဥ်း-
ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့
အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။
ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင်
ယန်ဂန်ဆော့ရဲ့ နောက်ကြောင်းကိုလိုက်ပြီး ဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပြီး
ဂိုဏ်းသတင်းတွေကို အတိအကျသိရဖို့အတွက် ဂိုဏ်းထဲမှာ သူလျှိုထည့်မယ့်အစီအစဉ်ကို
အကောင်အထည်ဖော်တဲ့အခါ အရာရှိချန်းတစ်ယောက်အရွေးခံလိုက်ရပါတယ်။
အရာရှိချန်း လူမိုက်ဂိုဏ်းအဖွဲ့ထဲကို လက်သစ်လူမိုက်အနေနဲ့ရောက်ရှိသွားချိန်မှာပဲ
တစ်ဖက်လူမိုက်ဂိုဏ်းကလည်း ရဲတွေဟာ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်းသိတဲ့အတွက်
ရဲဌာနထဲမှာ သူတို့ရဲ့ တစ်ဦးတည်းသော တက္ကသိုလ်ဘွဲ့ရအဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင်
ဉာဏ်ထက်တဲ့ အီဂျုံဒယ်ကို သူလျှိုအနေနဲ့ လွှတ်လိုက်ပါတယ်။
လက်ရည်ရှိတဲ့ ချန်းချွန်းဒုံဟာ တစ်ဖက်လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ယုံကြည်မှုကို ရလာခဲ့ပြီး
အဆင့်နေရာတွေ ရလာခဲ့သလို တစ်ဖက်က အီဂျုံဒယ်ကလည်း ထက်မြက်မှုတွေကို အသုံးချကာ
အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့မှူး ရာထူးအထိ ရောက်လာပါတော့တယ်။
အချင်းချင်း သတင်းတွေ ဖလှယ်ရင်း ရဲတပ်ဖွဲ့ဘက်ကပဲ လူမိုက်ဂိုဏ်းကို နှိမ်နင်းနိုင်မလား
လူမိုက်ဂိုဏ်းကပဲ ရဲတပ်ဖွဲ့ကို အနိုင်ယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင်
ဟာသအနှောကြောင့် တစ်ခဏတာ စိတ်အမောလည်း ပြေစေနိုင်မယ့်
ဇာတ်ကားကောင်းတစ်လက်ဆိုတာတော့ မမှားပါဘူး။
(ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။)

ကြည့်ရန်
https://helvid.net/play/index/073bd18de922

SHARE4IT MYANMAR

16 Oct, 09:46


B+l+i+n+d W+a+t+e+r+s (2024)
+++++++++++++++++++++++++++++++++
Action, Horror, Thriller



2024 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony C. Ferrante

ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ Thriller ဇာတ်လမ်းကောင်းလေး
တစ်ပုဒ်ပဲဖြစ်ပါတယ်။ မျက်နှာသစ်မင်းသားမင်းသမီးတွေပြောလို့ရမဲ့
Meghan Carrasquillo , Noam Sigler နဲ့ Francisco Angelini တို့
ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Valentina နဲ့ Weston တို့စုံတွဲဟာ ကမ်းခြေမြို့တစ်ခုမှာ အပန်းဖြေ
ခရီးထွက်ကြရင်း Weston မှာလှေမောင်းလိုင်စင်ရှိတဲ့အတွက်
လှေတစ်စီးငှားပြီး scuba diving လုပ်ကြဖို့ ပြင်ဆင်ထားကြပါတယ်။
ကံမကောင်းစွာနဲ့ဘဲ သူတို့သွားမဲ့နေ့ရဲ့ ညနေပိုင်းမှာ မုန်တိုင်းဝင်ဖို့ရှိနေတဲ့
အတွက် စောစောပြန်လာရမဲ့အပြင် ငါးမန်းမလာတာဆယ့်ငါးနှစ်မျှ ရှိနေပြီ
ဖြစ်တဲ့ ဆိပ်ကမ်းမှာ သူတို့သွားကြချိန်မှ ငါးမန်းတစ်ကောင်ပေါ်လာပါတော့တယ်…….

ကြည့်ရန်
https://helvid.net/play/index/23a8cfd8244b

SHARE4IT MYANMAR

15 Oct, 16:51


သိုင်းပန်းချီမှ ထျန်းကန်းဒဏ္ဍာရီ P+a+i+n+t+i+n+g J+i+a+n+g+h+u : T+h+e L+e+g+e+n+d o+f T+i+a+n+G+a+ng

ဇာတ်လမ်းအကျဉ်း
++++++++++

🌱 သာ့ကျိုးခေတ်အတွင်းမှာ နိုင်ငံရေးရှုပ်ထွေးပြီး အမတ်ယုတ်တို့ကြီးစိုးနေခဲ့ပါတယ် တော်၀င်မျိုးနွယ်ရဲ့ထိတ်တန်းလျှို့ဝှက်လုပ်ကြံရေးအဖွဲ့ဟာလည်း တစ်ညအတွင်း ခေါင်းဆောင်မရှိဖြစ်သွားခဲ့ပါတယ် 🌱 အကြောင်းအရင်းကတော့ ပုလျန်အဖွဲ့ခေါင်းဆောင် ယွမ်ထျန်းကန်းဟာ နှုတ်ထွက်စာတစ်စောင်ချန်ထားခဲ့ပြီး ခြေရာဖျောက်ကာ ပျောက်ဆုံးသွားခဲ့လို့ပါပဲ 🌱 ဦးတည်ရာမဲ့နေတဲ့ ယွမ်ထျန်းကန်းဟာ မိတ်ဆွေကောင်းဖြစ်သူ လီချွမ်းဖုန်း ချန်ထားခဲ့တဲ့ အမွှေးနံသာအိတ်တစ်အိတ်ရဲ့မျှားခေါ်မှုအောက်မှတဆင့် ချန်အန်းအပျော်ဂေဟာကိုရောက်လာခဲ့ပါတယ် 🌱 လွတ်လပ်မှုပျောက်ဆုံးခြင်း ရှင်သန်ဖို့ အဓိပ္ပါယ်မဲ့ခြင်းများစွာနှင့် ပြည့်နှက်နေတဲ့ ယွမ်ထျန်းကန်း၏ဘ၀ဟာ ချန်အန်းမြို့ကလေးကိုရောက်ရှိလာပြီး ဘယ်လိုဆက်ဖြစ်လာမလဲ

Zကားကြည့်ရန်
https://helvid.net/play/index/30b4b86a55f4

SHARE4IT MYANMAR

15 Oct, 06:21


အထူးစစ်ဆင်ရေး အတွဲ (၂) S+p+e-c-ia-l R=ai=d 2 (2024)
+++++++++++++++++++++++++++++++++++++++

Zကားကြည့်ရန် လင့်
https://helvid.net/play/index/7fbdddda85fb

SHARE4IT MYANMAR

15 Oct, 02:45


နာမည်ကျော် A+l+i+e-n ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ

ဇာတ်လမ်းအကျဉ်း
**********
ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့်
ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့
အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း
ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့
ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့
ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။
အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့
သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ်
စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ
လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့
ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း
လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ
ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့
အမျိုးအစားပဲ ဖြစ်ပါတယ်။

Zကားကြည့်ရန်
https://helvid.net/play/index/f77b389b965d

SHARE4IT MYANMAR

14 Oct, 18:27


T+a+k+e C+o+v+e+r (2024)
++++++++++++++++++++++++++++++
Action, Thriller

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို နာမည်ကြီးအက်ရှင်မင်းသား

Scott Adkins ရဲ့ ဇာတ်ကားသစ်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Scott Adkins ဟာဆိုရင် တခြားနာမည်ကျော် Action movie တွေဖြစ်တဲ့
John Wick: Chapter 4, IP Man 4 စတဲ့ ဇာတ်ကားတွေမှာလည်း
ပါဝင်သရုပ်ဆောင်ဖူးပြီးတော့ အခုတစ်ခါမှာလည်း အက်ရှင်အကြမ်းစားတွေ
ပါဝင်တဲ့ ဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါတယ်။
သူနဲ့အတူ တခြားသရုပ်ဆောင်တွေအနေနဲ့ Jack Parr, Madalina Bellariu Ion
တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ကြေးစားစနိုက်ပါလူသတ်သမား
တစ်ယောက်ဟာ ကြေးစားဘဝကနေ အငြိမ်းစားယူဖို့အတွက် နောက်ဆုံး
မစ်ရှင်တစ်ခုကို လုပ်နေတုန်းမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်သွားပြီးတော့
အန္တရာယ်တောထဲကနေ ရုန်းထွက်ပုံကို စိတ်လှုပ်ရှားစွာ ကြည့်ရှုကြရမှာပါ။
Action Scene တွေက ကြည့်လို့ကောင်းပြီးတော့ Plot twist တွေနဲ့အတူ
ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရိုက်ကူးထားပါတယ်။
IMDb မှာလည်း Rating အသင့်အတင့်ရထားတာကြောင့် Action Genre ကို
ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေ သဘောကျလောက်မယ့် ဇာတ်ကားတစ်ကား
ဖြစ်ပါတယ်။

Zကားကြည့်ရန်
https://helvid.net/play/index/2339dd7fdb2c

SHARE4IT MYANMAR

14 Oct, 15:59


L+i+t+t+l+e B+i+t+e+s (2024)
++++++++++++++++++++++++++++++

ဒီရုပ်ရှင်ကတော့ Horror ကြိုက်တဲ့သူတွေအတွက် စိတ်ဝင်စားစရာ ရုပ်ရှင်တစ်ကားပါပဲ။ မင်ဒီဗိုဂယ်ဟာ သူ့ရဲ့ သမီးလေးကို အိမ်နဲ့ဝေးရာကို ပို့ထားရပါတယ်။ ဘာလို့လဲဆိုတော့ သူ့အိမ်အောက်ထပ်မှာ လူသားစားတဲ့ မိစ္ဆာတစ်ကောင်ရှိနေလို့ပဲ ဖြစ်ပါတယ်။ မင်ဒီဟာ သူ့သမီးကို ကာကွယ်ဖို့အတွက်နဲ့ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အကိုက်ခံကာ သမီးအတွက် စတေးခံပေးနေတာပါ။
ဒါပေမဲ့ သူ့အသက်ကိုရော သူ့သမီးကိုပါ ဆုံးရှုံးရတော့မယ့် အခြေအနေကြုံလာတဲ့အချိန်မှာတော့ မင်ဒီတစ်ယောက် မိစ္ဆာကောင်ကို ပြန်အနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။ မင်ဒီ နဲ့ သူ့သမီးလေး ဘယ်လို ဇာတ်သိမ်းသွားမလဲဆိုတာကို ကြောက်လန့်တကြား ကြည့်ရမှာဖြစ်ပါတယ်။

Zကားကြည့်ရန်
https://helvid.net/play/index/a5c1eefa1a66