Sandi Myint Aung

@sandimyintaung969969


💚 Only one but Lion 💚

Sandi Myint Aung

22 Oct, 16:29


မကြာခင် အကုန် ဂိမ်တော့မှာပါ😊
ဘာမှအားတင်းမနေနဲ့


Sandi Myint Aung

Sandi Myint Aung

22 Oct, 10:06


ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်အချို့ ရေနစ်မြုပ်၍ ရေသန့်နှင့် စားစရာများလိုအပ်နေ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ၂၄ရပ်ကွက်၊ အင်းပေါက်စုအပါအဝင် ရပ်ကွက်အချို့မှာ ရေဝင်နစ်မြုပ်နေတာကြောင့်  ရေသန့်နဲ့ စားစရာတွေလိုအပ်နေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
#Local_News

Sandi Myint Aung

22 Oct, 10:03


ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်း ကသတိပေးစာထုတ်

ရန်ကုန်ုတိုင်း ဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များ လုံခြုံရေးအသိဖြင့် သတိရှိကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင် အသင်းက ယနေ့ အောက်တိုဘာ (၂၂) ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

ယမန်နေ့ညက လှိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဆိုင်မှ အိမ်ပြန်သယ်လာသည့် ရွှေ (၅)ပိဿာပါ သေတ္တာသုံးလုံးကို လူ (၆) ဦးက ‌ေ-သနတ်ဖြင့် ပစ်ခတ်လုယက် ဓ-ားပြတိုက်မှု ဖြစ်စဉ်အပြီး ထိုကဲ့သို့ သတိပေးခြင်း ဖြစ်သည်။

သတိပေးချက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဆိုင်ပိုင်ရှင်များအနေဖြင့်မိမိရွှေဆိုင်များတွင် CCTV များ တပ်ဆင်သည့်အတိုင်း မိမိတို့နေထိုင်သည့် အိမ်နေရာ ပတ်ဝန်းကျင်နှင့် ကားပါကင်နေရာများတွင် CCTV Camera များ တပ်ဆင်ခြင်း၊ အရေးပေါ် Alarm Bell များတပ်ဆင်ခြင်း၊ မိမိတို့ ရွှေငွေ သယ်ဆောင်သည့် ကားများတွင် Camera တပ်ဆင်ခြင်း၊ GPS စနစ်များ ထားရှိခြင်းတို့ကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ဒုစရိုက်လုယက်မှုများ မဖြစ်ပေါ်အောင် ကာကွယ်ကြရန် တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း ယမန်နေ့ညပိုင်းကဖြစ်ပွားခဲ့သည့် လုယက်မှုဖြစ်စဉ်တွင် ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်ရဲတပ်ဖွဲ့ကဆောင်ရွက်နေကြောင်းလည်း သိရသည်။
#

Sandi Myint Aung

22 Oct, 06:49


လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်

လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသို့ မဝင်ရောက်သဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အောက်တိုဘာ ၂၂ ရက် ၉ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်းသည် အနောက်-အနောက် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်။

၎င်းမှာ ဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၈၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း၊ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးဇလက ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၃ ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကြောင်း၊ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး အောက်တိုဘာ ၂၅ ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်း နှင့် အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့နှင့် ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလက ခန့်မှန်းထားသည်။

Sandi Myint Aung

22 Oct, 06:44


၀ါးခယ်မမြို့ မီးလောင်မှုတွင် အဘိုးအိုတစ်ဦး သေဆုံးပြီး ဆိုင်ခန်း ၁၁ ခန်းနှင့် အိမ်တလုံး ဆုံးရှုံးခဲ့

ဝါးခယ်မမြို့၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း (၁၁)ခန်းနှင့် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးကာ အဘိုးအိုတစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်စဉ်မှာအောက်တိုဘာလ (၂၁)ရက်နေ့၊ ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ ရေကျော်ရပ်ကွက်၊ ကုန်သည်လမ်း၊ မြို့မဈေးအနီး၌ ဖြစ်ပွားခဲ့တာပါ။

"ဆိုင်ခန်းကနေ မီးစလောင်တာပါ။ လူနေဆိုင်ခန်းပေါ့။ မီးလောင်ဆုံးရှုံးမှုက စုစုပေါင်း ဆိုင်ခန်း (၁၁)ခန်းနဲ့ လူနေအိမ်တစ်လုံး ဆုံးရှုံးသွားပါတယ်။ လူတစ်ဦးသေဆုံးတာရှိပါတယ်။သေဆုံးသူက အသက် (၈၇)နှစ်ရှိပါပြီ။ မီးလောင်မှုကြောင့်ပဲ သေဆုံးသွားတာပါ။မီးလောင်မှုအကြောင်းရင်းကတော့ ဖယောင်းတိုင်မီး ထွန်းထားရာကနေ မီးကူးစက်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်နိုင်တဲ့ပစ္စည်းတွေကလည်း လူသုံးကုန်ပစ္စည်းတို့၊ကလေးအရုပ်ပစ္စည်းတို့၊ တစ်ရှုးတို့ ၊ ဒိုက်ဘာတို့လည်းရှိတော့ မီးလောင်မြန်တာပေါ့"ဟု ဝါးခယ်မမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။

ယင်းမီးလောင်မှုဖြစ်စဉ်၌ အချိန်ယူငြှိမ်းသတ်ခဲ့ကြရပြီး Level 2အဆင့်ရှိတယ်လို့သိရပါတယ်။

Sandi Myint Aung

21 Oct, 11:47


မှော်ဘီတွင် မိုးသည်းစွာရွာသွန်းပြီး (၅၀) နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး နှစ်ပေါင်း (၅၁)နှစ်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်သိ အသိပေးချက်အရ သိရသည်။

ယနေ့ အောက်တိုဘာ (၂၁)ရက်နေ့ မှော်ဘီမြို့တွင် မိုးရွာသွန်းမှုစံချိန်မှာ ၅ ဒဿမ ၁၂ ရှိခဲ့ပြီး  မိုးလေဝသစခန်း စတင်ဖွင့်လှစ်သည့် နှစ်ပေါင်း(၅၁)နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ကြို့ပင်ကောက်မြို့၏ ယနေ့ မိုးရွာသွန်းမှုစံချိန်မှာ ၄ ဒဿမ ၃၃ ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်၌ ၄ ဒဿမ ၀၉ ရှိခဲ့ကာ မိုးလေဝသစခန်းဖွင့်လှစ်သည့်နှစ်ပေါင်း(၃၉)နှစ်အတွင်း စံချိန်တင် မိုး ရွာသွန်းခြင်းလည်းဖြစ်သည်ဟု မိုး/ဇလ၏ အသိပေးချက်တွင်ဖော်ပြထားသည်။

#crd

Sandi Myint Aung

21 Oct, 02:18


ရန်ကုန်မြို့ ထူးကဲဒီရေမြင့်တက်လာပြီး ကားလမ်းမများပါ ရေမြုပ်၍ နေအိမ်များအတွင်းပါ ဝင်ရောက်မှုရှိ

၂၁. ၁၀. ၂၀၂၄
Photo - Tha Doe

အောက်တိုဘာ ၁၆ ရက်ကနေ ၂၁ ရက်အတွင်း ရန်ကုန်မြစ်ဟာ ထူးကဲဒီရေမြင့်တက်ဖို့ရှိနေတယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကြိုတင်သတိပေးခဲ့သလို ဒီနေ့မနက်မှာတော့ ရန်ကုန်မြို့နယ်အချို့ ထူးကဲဒီရေမြင့်တက်လာခဲ့ပြီး ရပ်ကွက်လမ်းတွေဆိုလည်း ဒူးလောက်အထိမြုပ်ခဲ့တာတွေ့ရသလို ငမိုးရိပ်ချောင်းနဲ့ ဆက်စပ်နေရာတွေဆိုလည်း ချောင်းရေနဲ့ လမ်းပေါ်ရေ တစ်ဆက်တည်းဖြစ်တဲ့အထိ ရေနစ်မြုပ်ခဲ့တာ တွေ့ရပါတယ်။

Sandi Myint Aung

20 Oct, 16:26


လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးဖိုးလှိုင်လမ်းတွင် အောက်တိုဘာ ၂၀ ရက်နံနက်၉ နာရီ မိနစ် ၄၀ ခန့်က ​ဖြစ်ပွားခဲ့သော á€“á€Źá€á€şá€™á€źá€ąá€žá€źá€‡á€Źá€žá€­á€Żâ€‹â€‹á€œá€žá€ąá€Źá€„á€şá€›á€Żá€śá€™á€Žá€¸á€œá€ąá€Źá€„á€şá€™á€žá€Żá€™á€žá€Ź ပလပ်ခုံအပူလွန်ကဲပြီး အောက်ရှိဓာတ်မြေသြဇာအိတ်များပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုစစ်ဆေးသူများထံမှသိရသည်။

အလျားပေ ၁၄၀၊ အနံ ပေ ၈၀ ရှိသော ဓာတ်မြေသြဇာသိုလှောင်ရုံတွင်ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ၃၅ မိနစ်ခန့် နီးပါးလောင်ကျွမ်းခဲ့ပြီး ဓာတ်မြေသြဇာအိတ် ၁၀၀ နှင့် ဓာတ်မြေသြဇာအိတ်ခွံ ၅၀၀ နီးပါးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

"ရေမော်တာနဲ့လုံခြုံရေးမီးသုံးဖို့သွယ်တန်းထားတဲ့ပလပ်ခုံကနေအပူလွန်ပြီးမီးပွားကျရာကနေအောက်မှာလောင်စာရှိတာကြောင့်မီးလောင်မှုဖြစ်တာပါ။ လူထိခိုက်သေဆုံးမှုတော့မရှိပါဘူး"ဟုမီးငြှိမ်းသတ်သူတစ်ဦးကပြောသည်။

မီးလောင်မှုကိုမီးငြှိမ်းသတ်ယာဥ်၁၀စီး၊ရေသယ်ယာဥ် ၉ စီး၊အထောက်အကူပြုယာဥ် ၁ စီး၊ကွပ်ကဲမှုယာဥ်၁စီးနှင့် သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၂၀ကျော်ဖြင့်ငြှိမ်းသတ်ခဲ့ကြသည်။

ဓာတ်မြေသြဇာသိုလှောင်ရုံ မီးလောင်မှုကြောင့်တာဝန်ခံအသက်၄၂နှစ်အရွယ်အမျိုးသားကိုလှိုင်သာယာ (အရှေ့ပိုင်း)မြို့မရဲစခန်းက ပုဒ်မ၂၈၅ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရ


#crd

10,707

subscribers

14,018

photos

878

videos