Sai Aung

@saiaungtvchannel


သတင်းအမှန် အရင်းခံ

Sai Aung

22 Oct, 15:41


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ - ၂၂

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။ Read More>> https://www.cincds.gov.mm/node/27191

Sai Aung

22 Oct, 15:39


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၅၀ / ၂၀၂၄ ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

Sai Aung

22 Oct, 14:36


ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ
၂၀၂၄/အောက်တိုဘာ(၂၂)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။ Read More>> https://www.cincds.gov.mm/node/27188

Sai Aung

22 Oct, 02:29


Chairman of State Administration Council Prime Minister Senior General Min Aung Hlaing addresses Union Government meeting 7/2024

NAY PYI TAW October 21

The Union Government meeting 7/2024 held at the meeting hall of the State Administration Council Chairman’s Office here this morning, addressed by Chairman of State Administration Council Prime Minister Senior General Min Aung Hlaing.

Also present were Vice Chairman of State Administration Council Deputy Prime Minister Vice-Senior General Soe Win, union ministers, union level officials, the Nay Pyi Taw Council chair, Chin State chief minister and officials. Region/state chief ministers took part in the meeting through video conferencing.
Read More>> https://www.cincds.gov.mm/node/27185

Sai Aung

22 Oct, 01:48


အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
==========================
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန် ထုတ်ပြန်ချက်
----------------------------------------------------
၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)သည် အနောက်မြောက်ဘက်သို ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သိုလည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သိုလည်းကောင်း ရောက်ရှိနိုင်ပြီး၊ ၂၄-၁၀-၂၀၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ် ပိုမိုအားကောင်းလာနိုင်ကာ၊ ၂၅-၁၀-၂၀၂၄ ရက်နေ့ နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတိုကို ပူရီမြို(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တိုအကြားမှ ဖြတ်ကျော်နိုင်သည် ဟု ခန့်မှန်းရပါသည်။

၂။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၂၄-၁၀-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချိုဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

၃။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိင်းကြီးရာမှ လှိင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၅၀ မှ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ၁၀ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်
----------------
၄။ သိုဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိးဆော်အပ်ပါသည်။

မိုး/ဇလ

Sai Aung

21 Oct, 12:29


❗️❗️❗️❗️❗️❗️❗️❗️

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုကို တရုတ်နိုင်ငံက ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူကိုဖမ်းဆီး၍ ပြင်းထန်စွာအပြစ်ပေးရန်တောင်းဆို


၂၁ အောက်တိုဘာ ၂၀၂၄

🔳မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဖောက်ခွဲတိုက်ခိုက်မှုခံရသည့်အတွက် အဆိုပါတိုက်ခိုက်မှု လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချတယ်လို့ တရုတ်အစိုးရကပြောပါတယ်။
🔳အောက်တိုဘာ ၂၁ ရက် ယနေ့တွင် ဘေဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပုံမှန်ကျင်းပတဲ့ သတင်းစာရှင်း လင်းပွဲမှာ သတင်းထောက်တစ်ဦး၏အမေးအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စတာလင်းကျန့်က ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
🔳“မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၈ ရက်နေ့ ၅ နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ တရုတ်ကောင် စစ် ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲရေးတိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း ရုံးဆောင်အချို့တဝက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။ တရုတ်ဘက်က အဆိုပါတိုက် ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချပါတယ်” လို့ မစ္စတာလင်ကျန့်က ပြောဆိုခဲ့ တာပါ။
🔳တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေးပေါ်တုံ့ပြန်မှုယန္တရားကိုလျင်မြန်စွာစတင်တုန့်ပြန်လုပ်ဆောင်ခဲ့တယ်လို့လည်းသူကပြောပါတယ်။ယင်းအပြင် တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ ကျူးလွန်သူကို အစွမ်းကုန် ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် မြန်မာနိုင်ငံဘက်သို့ တရုတ်နိုင်ငံဘက်က လေးနက်စွာ အရေးဆို တိုက်တွန်းထားပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။
🔳မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သောအစီအမံများကို လုပ်ဆောင်ပြီးဖြစ်ကာ ———
❗️❗️❗️❗️
https://yangonmediagroup.com/index.php/special/china-myanmar/k002-21-10-24-myanmar-world-politics-ymg

Sai Aung

21 Oct, 07:41


သုတကမ္ဘာဂျာနယ် အတွဲ(၇)၊ အမှတ်(၂၈)

Sai Aung

21 Oct, 07:41


သုတကမ္ဘာဂျာနယ် အတွဲ(၇)၊ အမှတ်(၂၈) ထွက်ပြီ။

မှာယူလိုပါက ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Sai Aung

21 Oct, 07:41


မိုးသောက်ပန်းဂျာနယ် အတွဲ(၂၈)၊ အမှတ်(၄၀) ထွက်ပြီ။

မှာယူလိုပါက ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Sai Aung

21 Oct, 06:17


ယနေ့နံနက် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်မြင်တွေ့ရသည့် ကြည်ညိုဖွယ်ရာ ပုံတော်များ
(သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၄ ရက်နေ့ ၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ တနင်္လါနေ့)