အေကေ ရုပ်ရှင်အညွှန်း

@rv_ak_en


အေကေ ရုပ်ရှင်အညွှန်း

22 Oct, 08:26


Road Wars: Max Fury (2024)


ကပ်ဘေးကြီးအပြီးမှာ လူသားတွေတစထက်တစလျော့နည်းလာခဲ့တယ်။ ကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်မှုတွေနဲ့အတူ ရှင်ကျန်ရစ်တဲ့ လူနည်းစုတွေစုပေါင်းပြီး နယ်မြေတွေအုပ်စိုးနေခဲ့ကြတာပေါ့။ ဒီဇာတ်လမ်းကတော့ ရှင်ကျန်ရစ်ခဲ့တဲ့အုပ်စုတွေထဲက အုပ်စုတစ်စုရဲ့ဇာတ်လမ်းပါ။ သူတို့အုပ်စုမှာ ချမှတ်ထားတဲ့စည်းကမ်းတွေကိုမလိုက်နာဘဲ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ လူတစ်ယောက်ကို နယ်နှင်ဒဏ်ပေးခဲ့လိုက်ကြတယ်။

နယ်နှင်ဒဏ်ပေးတဲ့အချိန်မှာပဲ တိုက်ခိုက်မှုတွေဖြစ်ပြီး ခေါင်းဆောင်တစ်ယောက် ဆုံးပါးသွားခဲ့ပေမဲ့ နယ်နှင်ဒဏ်ပေးခံရတဲ့သူကတော့ နာကျည်းမှုတွေနဲ့ လွတ်မြောက်သွားခဲ့ပါတယ်။ အချိန်ကာလတစ်ခုအကြာမှာတော့ သေဆုံးသွားသူရဲ့ ကျန်နေခဲ့တဲ့ သမီးနှစ်ယောက်အရွယ်ရောက်လာပြီး လက်စားချေလိုမှုတွေနဲ့ သူ့ကိုနယ်နှင်ဒဏ်ပေးလိုက်တဲ့ ကျန်ရစ်တဲ့ခေါင်းဆောင်တွေကို လိုက်ရှာနေခဲ့တဲ့လူနဲ့ ထိပ်တိုက်တွေ့ကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)

Credit

အေကေ ရုပ်ရှင်အညွှန်း

22 Oct, 08:25


Special Double ( 2024 )

ရုပ်ရှင်ကြည့်တဲ့လူတိုင်း ရိုက်ကွင်းမှာ အစားထိုးသရုပ်ဆောင်ဆိုတာ ရှိတတ်မှန်း သိပေမဲ့
သူတို့တွေ ဘယ်လို အလုပ်လုပ်ရသလဲကိုတော့ သေချာမသိကြဘူးထင်ပါတယ်။
Special Double ဆိုတဲ့ ရုပ်ရှင်လေးကတော့ အဲလို
အစားထိုးသရုပ်ဆောင်တွေရဲ့ ဘဝကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။

ဟန်ကျားကျယ်ဟာ သိုင်းအစားထိုးသရုပ်ဆောင်ဖြစ်ပြီး ဂျက်ကီချန်းတို့
ဂျက်လီတို့လို အောင်မြင်တဲ့ အက်ရှင်သရုပ်ဆောင်ဖြစ်ဖို့ အိပ်မက်ရှိသူတစ်ယောက် ဖြစ်ပါတယ်။
ဒါပေမဲ့ အပြင်လောကမှာတော့ သိုင်းအစားထိုးအလုပ်က
အန္တရာယ်များပြီး ဝင်ငွေနည်းတဲ့အတွက် သူ့ဘဝ စားဝတ်နေရေးအတွက်တောင် အခက်အခဲရှိနေပါတယ်။



ရည်းစားဖြစ်သူ ယွီရှင်းက လိုက်ဖ်လွင့်တဲ့အလုပ်က ငွေပိုရတဲ့အတွက်
ရှန်ဟိုင်းကို ထွက်သွားတဲ့အခါ၊ သူငယ်ချင်းကျိုးမြောင်က မတော်တဆထိခိုက်မိပြီး
ခြေထောက်ကျိုးသွားလို့ ဇာတိကို ပြန်သွားရတဲ့အခါ၊ အနားက
အလုပ်တူတူလုပ်တဲ့လူတွေ အကြောင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းကို
စွန့်ခွာသွားကြတဲ့အခါ ဟန်ကျားကျယ် တစ်ယောက် လမ်းပျောက်သွားခဲ့ပါတယ်။

စိတ်ပျက်လက်ပျက်နဲ့ အရက်ဆိုင်မှာ အရက်သောက်နေတုန်း
မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်ခံရမဲ့အန္တရာယ်က ကယ်ပေးခဲ့လိုက်ပါတယ်။
ဒါပေမဲ့ သူကယ်ပေးတဲ့လူက မူးယစ်ဂိုဏ်းခေါင်းဆောင်ရဲ့သမီး အိုးယင်ယင်ဖြစ်နေပါတယ်။
ငွေလိုနေတဲ့ ဟန်ကျားကျယ်ဟာလည်း ငွေအလွယ်ရမဲ့
မူးယစ်ရောင်းချရေး လုပ်ငန်းထဲ ပါဝင်လာခဲ့ပါတယ်။

အိပ်မက်အပြည့်နဲ့ လူငယ်တစ်ယောက်က မူးယစ်ဂိုဏ်းထဲ ရောက်သွားပြီလား……
အိပ်မက်ကို ဆက်တောင့်ခံပြီး ကြိုးစားနိုင်မလား……
ဆိုတာကို ရုပ်ရှင်ကိုပဲ ဆက်ကြည့်လိုက်ရအောင်နော်။

Credit

အေကေ ရုပ်ရှင်အညွှန်း

22 Oct, 08:24


Love of May (2004)

CM ချစ်ပရိသတ်တို့ရေ…
ဒီနေ့မှာတော့ အဟောင်းတွေထဲက အသစ်ရှာဖွေတင်ဆက်ခြင်းအဖြစ်
ဂူဂူးလို့နာမည်ကြီးတဲ့ လျိုယိဖေးနတ်သမီးလေးရဲ့ ငယ်ပုံရိပ်လေးကို ပြန်လည်ခံစားဖို့
အချစ်ရိုမန့်ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဇာတ်ကားနာမည်လေးကတော့ Love of May တဲ့…
မေလမှာတွေ့တဲ့ အချစ်တစ်ခုကို ဖော်ပြတာဖြစ်သလို ထိုင်ဝမ်အဆိုတော်အဖွဲ့ Wu Yue Tian (May Day) အဖွဲ့က
ဖန်တီးပေးတဲ့ အချစ်ဇာတ်လမ်းလေးကို ပြောချင်တာလည်း ဖြစ်ပါတယ်…

ဇာတ်လမ်းအကျဉ်းကတော့…
၂၀၀၀ ခုနှစ်အစောပိုင်း အီးမေးလ်တွေစပြီး နာမည်ကြီးစဉ်ကာလက
May Day အဆိုတော်အဖွဲ့ရဲ့ ဖန်ဆိုဒ်ကို main vocalist အားရှင်းရဲ့ ညီဖြစ်သူ ၁၉ နှစ်အရွယ်ကောင်လေး အားလေ့က တာဝန်ယူ ပြန်ကြားပေးနေခဲ့ပါတယ်…
ဒီလိုနဲ့ သူဟာ ဖန်တွေပို့တဲ့မေးလ်တွေထဲကနေ ရင်ခုန်သံတစ်ခုကိုရှာတွေ့ခဲ့တာကြောင့် အားရှင်းလို ဟန်ဆောင်ပြီး စာတွေပြန်နေခဲ့ပါတယ်…

တစ်ဖက်က စာတွေပို့နေတဲ့ ဟာအာပင်းက ၁၇ နှစ်အရွယ် တရုတ်ပြည် ပီကင်းက အော်ပရာ ကျောင်းသူလေး ရွှမ်ရွှမ်တဲ့…
တနေ့တော့ ရွှမ်ရွှမ်အနေနဲ့ အားလေ့ရှိတဲ့ ထိုင်ဝမ်ကို အော်ပရာသရုပ်ပြဖို့ သွားရမယ်ဆိုတော့
အားရှင်းလို့ယုံကြည်လို့ပဲလား… စကားပြောဖော်ကို ယုံကြည်လို့ပဲလားတော့မသိပေမယ့်
အားလေ့ (သူသိထားတဲ့ အားရှင်း) နဲ့ တွေ့ဖို့ကြိုးစားပါတော့တယ်…
အကြောင်းကတော့ ထိုင်ဝမ်ကို တူတူလည်ချင်လို့ပါတဲ့…

ဒီတော့ အားရှင်းအဖြစ်ဟန်ဆောင်ထားတဲ့ အားလေ့အနေနဲ့ ဒီကိစ္စတွေကိုဘယ်လိုရှင်းပြမလဲ
ရင်ခုန်တတ်စ ဆယ်ကျော်သက်ရွယ် ၂ ယောက်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ…
မမြင်ဖူးတဲ့သူစိမ်းယောက်ကျားလေးကိုတောင် ဆက်သွယ်ပြီး ရွှမ်ရွှမ် လျှောက်လည်ချင်ခဲ့တဲ့ ထိုင်ဝမ်မှာ ဘာမြှုပ်ကွက်တွေရှိနေခဲ့တာလဲ…
ကံတရားက သူတို့ကို ပိုနီးစပ်စေမှာလား… ပိုပြီးဝေးကွာစေမှာလားဆိုတာ…
ဂူဂူးနဲ့ မင်းသား Chen Bolin တို့ရဲ့ အပြစ်ကင်းရိုးသားနုငယ်တဲ့ ပုံစံလေးတွေနဲ့အတူ ရင်ခုန်ကြရအောင်ပါ။

(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Chu Chu မှ တင်ဆက်ထားပါတယ်။)

Credit

အေကေ ရုပ်ရှင်အညွှန်း

22 Oct, 08:23


Daddy’s Head 2024

ဇာတ်ကားလေးကတော့ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့



Horror Genre ဇာတ်ကားလေးတစ်ကားဖြစ်ပြီးတော့ IMDb မှာ 5.7/10

ဆိုတဲ့ Rating ကောင်းတစ်ခုကို ရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Isaac ဆိုတဲ့ကောင်လေး

တစ်ယောက်ဟာ သူ့အဖေကို မကြာသေးခင်ကမှ ကားမတော်တဆမှု

တစ်ခုမှာ ဆုံးရှုံးလိုက်ရတာကြောင့် စိတ်ထိခိုက်နေပါတယ်။

အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီးတော့ မကောင်းဆိုးဝါး

တစ်ကောင်က သူ့အဖေဟန်ဆောင်ကာ သူနဲ့သူ့အမေကြား

ပြဿနာတွေဖြစ်အောင် အမျိုးမျိုးနှောင့်ယှက်ရင်း Isaac ကိုပြုစားဖို့

ကြိုးစားပါတယ်။

အဲဒီမကောင်းဆိုးဝါးကို သားအမိနှစ်ယောက်ပေါင်းကာ ဘယ်လိုတွေ

မောင်းထုတ်ကြမလဲ၊ မကောင်းဆိုးဝါးရဲ့အကြံကရော အောင်မြင်

သွားမလားဆိုတာတွေကို အသည်းတထိတ်ထိတ် ရင်တဖိုဖိုနဲ့ ကြည့်ရှု

ကြရမှာပါ။

ဇာတ်လမ်းက အစပိုင်းမှာတော့ နည်းနည်းရှုပ်သလိုလိုရှိပေမယ့် ကြည့်ရင်း

ကြည့်ရင်းနဲ့ သဘောပေါက်လာပြီးတော့ Horror vibe ကို လုံးဝ

ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Credit

အေကေ ရုပ်ရှင်အညွှန်း

21 Oct, 08:58


Predestination (2014)
~~~~~~~~~~~~~~~~~~~

IMDb – 7.5/10, Rotten Tomatoes – 84%

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။

အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။

အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။

ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ “ဇာတ်ဆရာစေစား ခိုင်းနွားလားသို့” ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ “ကြိုတင်စီမံ ကြမ္မာဖန်” လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။

Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် “ဂျွန်ဒိုး” က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။

အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။

(ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်)

Credit

အေကေ ရုပ်ရှင်အညွှန်း

21 Oct, 08:57


Mortdecai (2015)

ဒီဇာတ်ကားက ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Johnny Depp,

Paul Bettanyနဲ့ Gwyneth Paltrowတို့လို နာမည်ကြီးတွေပါဝင်ထားတဲ့


ဟာသအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့

ပန်းချီပွဲစား၊နယ်စားမော့ဒီကိုင်းတစ်ယောက် လူမွဲစာရင်း သွင်းခံရမဲ့အချိန်

ပန်းချီကား ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦး အသတ်ခံရပြီး

ပန်းချီကားတစ်ချပ်ပျောက်သွားတဲ့အမှုကို စုံစမ်းပေးဖို့

MI5က သူ့ရဲ့ မိတ်ဆွေဟောင်းစုံထောက်မာ့တ်လန်းက အမှုလာအပ်ပါတယ်။

အမှုလိုက်နေရင်းနဲ့ အဲဒီ ပန်းချီက ဟိုးယခင် စပိန်ဘုရင်ခေတ်ကတည်းက

လက်ရာကောင်း တစ်ခုဖြစ်နေပြီး ဒုတိယကမ္ဘာစစ်ပြီးကထဲက

ပျောက်ဆုံးနေတဲ့ ပန်းချီကား ဖြစ်နေခဲ့တာပါ။

ဒါ့အပြင် အဲဒီပန်းချီကားရဲ့ ကျောဘက်မှာ ပန်းချီကားကို နောက်ဆုံးပိုင်ခဲ့သူက

သူ့ရဲ့လျှို့ဝှက်ဘဏ်နံပါတ်ကို ချရေးခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့်

အဲဒီပန်းချီကားဟာ ပန်းချီလောကမှာ နာမည်ကြီးပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတာပါ။

အဲဒီပန်းချီကားကို မော့ဒီကိုင်း တစ်ယောက် အရယူနိုင်ပါ့မလား။

ဘယ်လိုလူမျိုး‌တွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြိုင်လုရမလဲဆိုတာ

Jonny Deppရဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ခံစားလိုက်ပါဦး

Credit

အေကေ ရုပ်ရှင်အညွှန်း

21 Oct, 08:56


Lee (2024)

IMDB: 7.0/10

ဟစ်တလာရဲ့ ရေချိုးကန်ထဲမှာ ရေချိုးပြခဲ့တဲ့ စစ်သတင်းထောက်



ကမ္ဘာ့အထင်ရှားဆုံး စစ်သတင်းထောက်တွေထဲက တစ်ဦးဖြစ်တဲ့

လီမေလာရဲ့အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

လီဟာ ဒုတိယကမ္ဘာစစ်တလျှောက် ရှေ့တန်းစခန်းတွေ ချွေးတပ်

စခန်းတွေမှာ သမိုင်းဝင်ဓာတ်ပုံတွေကို ရိုက်ကူးခဲ့တဲ့ သတင်းထောက်

တစ်ယောက်ပါ။

ပြင်သစ်လွတ်မြောက်ခြင်း၊ နော်မန်ဒီဆေးရုံများ၊ ဘူချန်ဝေါ့ချွေးတပ်

စခန်း စတဲ့ ဓာတ်ပုံတွေဟာ သမိုင်းမှာ အထင်ရှားဆုံးဓာတ်ပုံတွေ

စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ ဟစ်တလာ သေကြောင်းကြံအပြီး

စစ်ပွဲအပြီးမှာ ဟစ်တလာရဲ့ တိုက်ခန်းထဲက ရေချိုးခန်းထဲမှာ ရေချိုးပြီး

ရိုက်ပြခဲ့တဲ့ ဓာတ်ပုံဟာလည်း ကမ္ဘာကျော်ပါပဲ။

ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Ellen Kuras ဖြစ်ပြီး သူဟာ

Eternal Sunshine of the Spotless Mind ရဲ့ Cinematographer

ဖြစ်ခဲ့တဲ့သူပါ။ လီ နေရာမှာတော့ မင်းသမီးကြီး ကိတ်ဝင်းစလက်က

သရုပ်ဆောင်ထားပါတယ်။ လီတစ်ယောက် မော်ဒယ်ဘဝကနေ

ဓာတ်ပုံဆရာ၊ စစ်သတင်းထောက်ဖြစ်လာပုံတွေနဲ့ စစ်ပွဲတလျှောက်

ကြုံတွေ့ခဲ့ရတာတွေကို စိတ်ဝင်စားစရာ ပြသထားတာမို့ လက်လွှတ်

မခံသင့်တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။

အဖော်အချွတ်နဲ့ ရက်စက်တဲ့အခန်းအချို့ ပါဝင်တာကိုလည်း

ကြိုပြီး သတိပေးထားချင်ပါတယ်။

Credit..

အေကေ ရုပ်ရှင်အညွှန်း

21 Oct, 08:55


Interstellar (2014)

IMDB: 8.6/10
2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDb ရဲ့ Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ…

ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး…

Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ်

… 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background music

တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်…

ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့…

21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ

ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်…

၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့…

ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း

ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား…

ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်..

..ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး.

..ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ဝါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ..

.အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်….

(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် May Thazin Myint (Wendy) ဖြစ်ပါတယ်….)

Credit

အေကေ ရုပ်ရှင်အညွှန်း

20 Oct, 11:33


Outside (2024)



ဒီတစ်ခါ ပရိသတ်ကြီးကို Netflix က အသစ်ထုတ်လွှင့်လိုက်တဲ့



အာရှနိုင်ငံတစ်ခုရဲ့ ဇွန်ဘီဇာတ်ကားသစ် တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီဇာတ်ကားက အောက်တိုဘာ ၁၇ ကမှ ပူပူနွေးနွေးထွက်ရှိထားပြီးတော့

IMDB မှာ လက်ရှိ Rating 5.5 ရထားပါတယ်။

သမားရိုးကျ ဇွန်ဘီကားတွေနဲ့ မတူဘဲ ပြင်ပဘေးအန္တရာယ်နဲ့အတူ

ယှဉ်တွဲပြီး အတွင်းစိတ်ဒဏ်ရာ ရှိသူတစ်ဦးက ဘယ်လောက်ထိ

အန္တရာယ်များနိုင်သလဲဆိုတာ ရိုက်ကူးတင်ဆက်ထားတာပါ။

ဇာတ်ညွှန်းကတော့ ဖိလစ်ပိုင်နိုင်ငံမှာ Zombie Outbreak ဖြစ်ပြီး

နောက်ပိုင်း ဖက်ဒရစ်တို့ မိသားစုဟာ သူရဲ့မိဘတွေ ရှိတဲ့ နယ်မြို့လေးကို

ခိုလှုံဖို့ ပြေးလာကြတာနဲ့ အစပြုထားပါတယ်။

ကံမကောင်းချင်တော့ မိဘတွေလည်း ဇွန်ဘီဗိုင်းရပ်စ်ပိုး

ကူးစက်ခံထားရပြီး သေဆုံးကုန်ကြပါတယ်။ ဖက်ဒရစ်ဟာ

ငယ်စဉ်ကလေးဘဝကတည်းက ဖခင်ဖြစ်သူရဲ့ ကိုယ်ထိလက်ရောက်

နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ကြီးပြင်းလာခဲ့ရပြီး သူ့မိဘအိမ်ဟာ

အတိတ်မှာ သူ့အတွက်တော့ ပျော်ရွှင်စရာ အိမ်မဖြစ်ခဲ့ပါဘူး၊ ဒါ့အပြင်

သူ့ရဲ့ဇနီး အိုင်းရစ်ကလည်း သူနဲ့အိမ်ထောင်ရေး အဆင်မပြေတာ

ကာလတစ်ခုကြာပြီးနောက်ပိုင်း ကလေးတွေ မျက်နှာကြောင့်သာ သူနဲ့

အတူရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဖက်ဒရစ်နဲ့

သူ့မိသားစု ဘယ်လိုအန္တရာယ်တွေ ရင်ဆိုင်ရမှာလဲ….။

သူ့အတွက် အကျဉ်းထောင်တစ်ခုလို ဖြစ်ခဲ့တဲ့ သူ့မိဘနေအိမ်မှာ

သူ့အတွက် ဘယ်လိုအတိတ်ကို နှိုးဆွစေမယ့် အရာတွေ ဖြစ်လာမလဲ

ဆိုတာတော့…..။

Credit

အေကေ ရုပ်ရှင်အညွှန်း

20 Oct, 11:31


MouseHunt (1997)

IMDB: 6.5/10
ဒီတစ်ခါကတော့ကတော့ စိတ်သက်သာရာရစေမယ့် ရုပ်ရှင်တွေထဲကတစ်ကားဖြစ်ပါတယ်။

အတော်လေးလည်းကြည့်လို့ကောင်းသလို ဘဝအမောတွေကိုလည်း ပြေပျောက်စေမယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။



မိသားစုနှင့်လည်းကြည့်လို့ရတဲ့ ဟာသကားကောင်းတစ်ကားမလို့ ကြည့်လိုက်ကြပါလို့ တိုက်တွန်းပါရစေ။

ဇာတ်ညွှန်း

အာနီ နဲ့ လားစ်တို့ ဟာ ညီအစ်ကိုတွေဖြစ်ပါတယ်။ အာနီ ဟာစားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး

လားစ်ကတော့ သူ့အဖေနဲ့ အတူတူ ချည်မျှင်စက်ရုံတစ်ခုကို အတူတူလုပ်ကိုင်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ရဲ့အဖေဆုံးသွားတော့ အမွှေအနေနဲ့ ကံကောင်းစေတဲ့ ချည်မျှင်လေးတစ်ချောင်းရယ်၊

ချည်မျှင်စက်ရုံတစ်ခုရယ် အပေါင်ခံထားတဲ့အိမ်ကြီးတစ်လုံးရယ်ကို အမွေချန်ထားခဲ့ပါတယ်။

အာနီက ပိုက်ဆံဘာမှမချန်ထားခဲ့လို့ စိတ်ဆင်းရဲနေပေမယ့်

လားစ်ကတော့ အဖေနဲ့ပိုပြီး ရင်းနှီးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် အဖေ့ကိုအပြစ်မမြင်ရက်ဖြစ်နေပါတယ်။

ဒီလိုနဲ့ ကံဆိုးချင်တော့ နှစ်ယောက်သား လမ်းဘေးရောက်သွားပြီး အမွေထားခဲ့တဲ့အိမ်ကြီးပေါ်ကိုတက်နေဖို့ဖြစ်လာပါတော့တယ်။

အဲဒီမှာ သူတို့ဟာ ဒီအိမ်ပျက်ကြီးက သာမန်အိမ်အိုအိမ်ဟောင်းကြီးတစ်ခုမဟုတ်ပဲ

နာမည်ကျော် ဗိသုကာပညာရှင် လရူး ရဲ့အိမ်တော်ကြီးဆိုတာကိုသိလိုက်ရပါတယ်။

ဒီလိုနဲ့ အိမ်တော်ကြီးကိုရောင်းဖို့ကြံတော့ အဲဒီအိမ်မှာ နဂိုကတည်းက နေထိုင်ခဲ့တဲ့ ကြွက်တစ်ကောင်က သူတို့ကိုလိုက်နှောင့်ယှက်ပါတော့တယ်။

ညီအစ်ကိုနှစ်ယောက်နဲ့ကြွက်ကြားက တိုက်ပွဲကို ဘယ်လိုများ ဟာသအမြင်နဲ့ဖော်ပြသွားမလည်းဆိုတာ ရှုစားလိုက်ကြပါ။


Credit

အေကေ ရုပ်ရှင်အညွှန်း

20 Oct, 11:30


The Shaolin Boy ( 2021 )

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင်
အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်

– ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ
– အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့
တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန်
– အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန်
– အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး



သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့…
ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့
ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး
ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာ
တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲ
ရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့်
လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်

ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မေ
ာင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ
လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ
သူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို
ဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်

Credit

အေကေ ရုပ်ရှင်အညွှန်း

20 Oct, 11:29


Dominique (2024)

အက်ရှင်အပြည့်နဲ့ စိတ်လှုပ်ရှားစရာ


ကားကောင်းတစ်ကားပါ။ အရမ်းကြမ်းတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား

တစ်ယောက် ဖြစ်တဲ့ Dominique ဆိုတဲ့ အမျိုးသမီးဟာ သူ့ရဲ့

အရင်အတိတ်က အလုပ်ကို စွန့်လွှတ်ဖို့အတွက် ကိုလမ်ဘီယာမြို့လေးကို

ရောက်သွားရာကနေ သူ့ကိုလိုက်လံတဲ့ ရဲတွေနဲ့ မာဖီယားတွေကြားမှာ

တိုက်ပွဲဝင်ရပါတယ်။ အဲဒီမှာ သူက ကိုလမ်ဘီယာသားတစ်ယောက်နဲ့

ချစ်ကြိုက်မိပြီး ကိုလံဘီယာ မိသားစုကို ကယ်တင်ပေးရမလား၊

သူ့အသက်ကို သူ ကယ်တင်ရမလားဆိုပြီး ဘေးကျပ်နံကျပ်အခြေအနေ

တစ်ခုကို ဆိုက်ရောက်လာခဲ့ပါတယ်။ အသည်းတထိပ်ထိပ်ဖြစ်‌စေတဲ့

အက်ရှင်ခန်း‌‌ပေါင်းများစွာနဲ့အတူ ရင်ခုန်စရာ ကားဖြစ်လို့ အက်ရှင်ကား

ချစ်သူတွေ ကြည့်ရမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။

Credit

အေကေ ရုပ်ရှင်အညွှန်း

19 Oct, 14:15


The Lost Children aka Les enfants perdus (2023)

IMDb 6.4/10
အော်ဒရေနဲ့ မောင်နှမသုံးယောက်ဟာ အဖေနဲ့အတူတူ
နွေရာသီအားလပ်ရက်ကိုကုန်ဆုံးဖို့ပြင်ဆင်ထားတဲ့
အိမ်ဟောင်းကြီးတစ်အိမ်ထဲမှာ စွန့်ပစ်ခံထားရပါတယ်



အဖေဖြစ်သူရှိလို့ သူတို့တွေ အဆင်ပြေနေမယ့်
အဲဒီနေ့ညမှာပဲ အဖေဖြစ်သူက ပျောက်ဆုံးသွားတဲ့အခါ..

ထိတ်လန့်ခြောက်ခြားဖွယ် ကိစ္စတွေနဲ့အတူ
ပဟေဋိဆန်ဆန်အိမ်ကြီးထဲကနေ သူတို့တွေ
ရုန်းထွက်သွားနိုင်မှာလား….

ဖခင်ဖြစ်သူနဲ့ရောပြန်လည်ဆုံတွေ့နိုင်မှာလားဆိုတာကိုတော့

Credit

အေကေ ရုပ်ရှင်အညွှန်း

19 Oct, 09:26


Sleep Tight (2011)


IMDb Rating (7.2) / Rotten Tomatoes (92%)

တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်…

အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ???

ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။

ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။

သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ

သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ

တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။

ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့

ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ…….။

ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။

စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ

IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။

Credit..

အေကေ ရုပ်ရှင်အညွှန်း

19 Oct, 09:24


SpongeBob Squarepants: Kreepaway Kamp (2024)
IMDB: 6.0/10
Horror ပရိသတ်တွေကြိုက်ကြတဲ့ Horror ဇာတ်ကားကောင်းတွေ



တ၀ကြီးကြည့်ရမဲ့ ဟောလိုးဝင်းကာလကြီးနီးကပ်လာပါပြီ။

အဲ့ဒါကြောင့်ပဲရုပ်ရှင်စတူဒီယိုအကြီးတွေ အသေးတွေအကုန်လုံးကနေ

Horror ဇာတ်ကားတွေအပြိုင်အဆိုင်ရိုက်ကူးလာကြတာ ကလေး

လူကြီးမရွေးကြိုက်နှစ်သက်တဲ့ Spongebob တောင်အပါအဝင်ပါပဲ။

အဲ့ဒါကြောင့် Spongebob ချစ်သူတွေအတွက်အသစ်ထွက်ရှိထားတဲ့

လက်ရှိ IMDb 6.0 အထိရရှိထားတဲ့ Kreepaway Kamp ဆိုတဲ့

ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

Spongebob က Horror ထွက်တာရှားပေမဲ့ ပရိသတ်တစ်ယောက်

ဆိုရင်တော့ကြည့်လို့ကောင်းမှာအမှန်ပါပဲ။

ဇာတ်လမ်းအစမှာတော့ ထုံးစံအတိုင်း သူငယ်ချင်းနှစ်ယောက်

ပေါတောတောတွေလုပ်နေရင်း သူတို့ငယ်ငယ်က သွားခဲ့ဖူးတဲ့

နွေရာသီစခန်းဖြစ်တဲ့ သန္တာကျောက်တန်းစခန်းကနေ သူတို့ကို

ပြန်လည်တွေ့ဆုံပွဲလာဖို့ဖိတ်တဲ့ ဖိတ်စာရလာခဲ့ပါတော့တယ်။

ဒါပေမယ့်သူတို့နှစ်ယောက်တည်းရတာမဟုတ်ဘဲ တစ်မြို့လုံးရတဲ့

အတွက် အကုန်လုံးကလည်း ကလေးဘ၀တုန်းကအမှတ်တရလေးတွေ

ရှိခဲ့ဖူးတဲ့နေရာကို အသက်ကြီးလာတဲ့အခါမှာပြန်သွားချင်ခဲ့ကြ

ပါတော့တယ်။ဒီလိုနဲ့ သန္တာကျောက်တန်းစခန်းကိုရောက်ခဲ့ကြတဲ့

အခါမှာတော့ ထင်ထားသလိုဖြစ်မနေဘဲ တော်တော်လေးစုတ်ပြတ်

သတ်နေပြီးခြောက်ခြားစရာဖြစ်နေခဲ့ပါတော့တယ်။

ပြန်မယ်လုပ်တော့လည်း ပြန်စရာလမ်းတွေကတစ်ခုမှမရှိတော့တဲ့

အတွက် Spongebob နဲ့ သူငယ်ချင်းတွေအားလုံးအဲ့ဒီမှာပိတ်မိ

နေကြရင်း ဘယ်လိုသည်းထိပ်ရင်ဖိုစရာတွေဖြစ်လာမယ်ဆိုတာကို

ပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

Credit

အေကေ ရုပ်ရှင်အညွှန်း

19 Oct, 09:23


Sarfira 2024 အိပ်မက်များနဲ့ကျွန်တော်

IMDb -7.9/10


မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့
အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။
ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။
အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က
သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။

ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊
လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က
သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။
သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့
အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။
ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။

ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊
သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က
ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့
ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Credit

အေကေ ရုပ်ရှင်အညွှန်း

19 Oct, 09:22


Sleep Tight (2011)


IMDb Rating (7.2) / Rotten Tomatoes (92%)

တစ်စုံတစ်ယောက်က သင့်ရဲ့ပျော်ရွှင်မှုတွေကို နှုတ်ယူဖို့ အစဉ်တစိုက်ကြိုးပမ်းနေတယ်…

အဲ့ဒီတစ်စုံတစ်ယောက်က သင်အိပ်ပျော်သွားတာကို အမြဲတမ်းလာစောင့်ကြည့်နေတယ်ဆို ဘယ်လိုခံစားရမလဲ???

ဇာတ်ကားတချို့မှာ အော့နှလုံးနာစရာဗီလိန်မျိုးတွေကို မြင်ဖူးကြလိမ့်မယ်။

ဒီဇာတ်ကားထဲက ဗီလိန်ကတော့ မြင်ဖူးသမျှ ဗီလိန်တွေထဲမှာ တော်တော်လေး အော့နှလုံးနာစရာဗီလိန်မျိုးဖြစ်နေခဲ့တယ်။

သူက လူတွေပျော်ရွှင်နေတာကို မခံစားနိုင်တဲ့လူ

သူ့ပတ်ဝန်းကျင်က လူတိုင်းရဲ့ ပျော်ရွှင်မှုကို နှုတ်ယူဖို့ အမြဲကြံစည်နေတဲ့လူ

တနည်းအားဖြင့် ပျော်ရွှင်မှုကိုသတ်တဲ့လူ။

ဒီလို လူမျိုးက မိန်းကလေးတစ်ယောက်ရဲ့အိပ်ခန်းထဲကို ညတိုင်းဝင်လာပြီး မိန်းကလေးရဲ့

ပျော်ရွှင်မှုတွေကို ဘယ်လိုသတ်မလဲဆိုတာ…….။

ဇာတ်လမ်းကတော့ နောက်ဆုံးခန်းထိ အော့နှလုံးနာအောင်ရိုက်ကူးသွားပါတယ်။

စပိန်ဇာတ်ကားဖြစ်ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ ရိုက်ကွက်တစ်ကွက်မှမပါဘဲ

IMDb Rating (7.2/10) ထိရရှိထားတာကိုကြည့်ရင် ဒီဇာတ်ကားရဲ့ ထူးခြားတဲ့ဇာတ်အိမ်ကိုသတိပြုမိပါမယ်။

Credit..

အေကေ ရုပ်ရှင်အညွှန်း

18 Oct, 10:58


Transcendence(2014)

2014 ထွက် Drama | Mystery | Sci-Fi ဇာတ်ကားတစ်ကားပါ…



Dr. Will Caster နဲ့ Evelyn တို့ ဇနီးမောင်နှံဟာ သူငယ်ချင်းဖြစ်သူ Max Waters နဲ့ အတူ Pinn ကို တီထွင်နိုင်ခဲ့ကြပါတယ်….

PINN ဆိုတာဟာ သူ့ဆီမှာ ရှိတဲ့ အချက်အလက်အကုန်လုံးကို လျှင်မြန်စွာ တွက်ချက်ပြီး အဖြေထုတ်နိုင်ပေမယ့်

ကိုယ်ပိုင်အသိဉာဏ် ဖြင့် စဉ်းစားဆင်ခြင်နိုင်တဲ့အဆင့်ထိတော့ မရသေးပါဘူး…

နည်းပညာရပ်ဆိုင်ရာ ဟောပြောပွဲ တခုမှာ Will Caster ဟာ လုပ်ကြံခံခဲ့ရပြီး သူ့ရဲ့တခြားသော

team တွေအကုန်လုံးလဲ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အပြင် သူတို့ Research တွေလည်း လုံးဝဖျက်ဆီးခံလိုက်ရပါတယ်…

နည်းပညာကလူတွေကိုလွှမ်းမိုးလာတာကိုမလိုလားတဲ့လူတစ်စုကြောင့်ပေါ့..

သူတို့ကတော့ “Revolutionary Independence From Technology” (R.I.F.T.)ပါ..

လုပ်ကြံမှုကြီးပြီးတဲနောက်မှာတော့ Will Caster ဟာ သူ့အတွက် ရွေးချယ်မှုတစ်ခုသာရှိပါတော့တယ်..

အဲဒါနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့…..

ဒီကားက ရဲ့ခေါင်းဆောင်မင်းသားကြီး Johnny Depp ကိုတော့ ထွေထွေထူးထူး

မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…ဒါအပြင် Morgan Freemanလည်းပါနေသေးရဲ့..

ဒီဇာတ်ကားဟာ ၂၀၁၄တုန်းက ရိုက်ခဲ့တာဖြစ်ပေမယ့် ဒီနှစ်အတွင်းမှာ Google က

announce လုပ်လိုက်တဲ့ Google Assistant ရဲ့ version အသစ်ဟာဆိုရင်

ဒီကားထဲကရိုက်ပြထားတာတွေနည်းနည်းလောက်ဖြစ်လာနေပါပြီ

A.Iအကြောင်းစိတ်ဝင်စားတယ် Sci-Fi ဇာတ်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့သူတွေအဖို့

မိုးအေးအေးလေးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားပါလို့ညွှန်းဆိုပါရစေ.

ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့JtheKoala ပဲဖြစ်ပါတယ်…

Credit

အေကေ ရုပ်ရှင်အညွှန်း

18 Oct, 10:57


Forest Killer (aka) Lesní vrah (2024)

ချက်ပ် ရီပါးပလစ် နိုင်ငံက တောအုပ်ကြီးထဲမှာ ဖြစ်ခဲ့တဲ့ လူသတ်မှု ၃ ခု တကယ့်ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ချက်ပ်စကားပြော ဇာတ်ကားတကားဖြစ်ပါတယ်

လူသတ်သမားရဲ့ လုပ်ရှားမှုတွေ သူ့အပြုအမူ ကို တွေ့မြင်ရမှာမို့ Murder mystery ကြိုက်တဲ့သူတွေအတွက် စိတ်ဝင်တစားကြည့်ရှုရမယ့်ဇာတ်ကားပါ

Credit

အေကေ ရုပ်ရှင်အညွှန်း

18 Oct, 10:56


Scooby-Doo! and the Loch Ness Monster (2004)

IMDB: 6.6/10

စကူးဘီ ဒူးဘီ ဒူး!!

မွန်းစတားရှာပုံတော်စပါပြီ။ဘလိတ်မျိုးနွယ်ရဲ့ရဲတိုက်ကြီးမှာ လုပ်မယ့် အားကစားပွဲကို



ဘလိတ်မျိုးနွယ်၀င်ရှန်နွန်က ဦးဆောင်လုပ်မှာဖြစ်ပြီးတော့ ရှန်နွန်ရဲ့၀မ်းကွဲညီအစ်မနဲ့သူငယ်ချင်းတွေကလည်း ပွဲကို လာရောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ မွန်းစတားကြီးရှိတယ်လို့ယူဆချက်တွေနဲ့အတူ မတော်တဆမှုတွေကိုလည်း ကြုံလာခဲ့တဲ့အခါမှာတော့

ရှန်နွန်နဲ့အဖွဲ့က အားကစားပွဲကိုမစတင်ခင်မှာ မွန်းစတားကြီးရဲ့တည်ရှိမှုကို စုံစမ်းအတည်ပြုဖို့ဖြစ်လာပါတော့တယ်။

မွန်းစတားကြီးက အမှန်တကယ်တည်ရှိနေတာလား

ဒီလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်က ဘယ်လိုမျိုးလဲဆိုတာကို သိရဖို့ ဇာတ်လိုက်ကျော်ကြီး စကူးဘီနဲ့အတူ

ရှန်နွန်တို့သူငယ်ချင်းတစ်သိုက်ရဲ့ မွန်းစတားရှာပုံတော်ကြီးကို လိုက်လံကြည့်ရှူလိုက်ပါဦး။

Credit