အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

@pyittiehtaung9000


ဘာသာပြန် စိတ်ကူးယဉ် သိုင်းစာပေ
ဘာသာပြန်ဆိုသူ - ပစ်တိုင်းထောင်

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

27 Feb, 09:21


နောက်နှစ်ရက်သုံးရက်နေရင် ဝန်ဇင်းမှာ စာစဉ် - ၂၃ လာပါမယ်ဗျ ကြားရက်ထဲ ပျက်ကွက်ခဲ့လို့ အားလုံးကို တောင်းပန်ပါတယ်ခင်ဗျ စာလုံးလည်း ကြီးပေးထားပါတယ်နော် ကျွန်တော့် စာစဉ်လေး ဖတ်လို့အဆင်ပြေတယ်ဆိုရင် သူငယ်ချင်းတွေဆီကိုလည်း မျှဝေပေးပါဦးနော်

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

15 Feb, 12:46


အားလုံးပဲ ကျွန်တော့အဖေ ဦးနှောဏ်သွေးယိုစိမ့်မှုကြောင့် ရက်အတော်ကြာ ကျွန်တော်ပျောက်သွားခဲ့ပါတယ် အခုတော့ အတော်လေး သက်သာလာပြီမလို့ မကြာခင် ဆေးရုံက ဆင်းရတော့မှာပါဗျ ဆေးရုံက ဆင်းရင်တော့ ကျွန်တော် စာဆက်ရေးပြီး တင်ပေးပါ့မယ်ဗျ ဆရာဝန်ကတော့ အခြေအနေကောင်းရင် နောက်အပတ်ထဲလောက်ကို ဆင်းရပြီလို့ ပြောထားလို့ မကြာတော့ဘူး ထင်ပါတယ်ဗျ ဒီကြားထဲ စာမလာ အကြောင်းမကြားပဲ ပျောက်သွားခဲ့လို့ တောင်းပန်ပါတယ် ခွဲစိတ်ခန်း ဝင်ရလုနီးနီးအခြေအနေသုံးကြိမ်လောက် ဖြစ်လိုက်တော့ အကြောင်းကြားချိန်မရ ဖြစ်သွားလို့ပါဗျ

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:56


ထိုသည်ကို မြင်သောအခါ လူတိုင်း ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။ “တကယ်ကို နဂါးပုလဲပဲ”

“အင်း ဒါပေမဲ့ ထူးဆန်းတယ် အဲ့နှစ်ခုက ဘာလို့အပြည့်အဝ မပေါင်းစပ်သွားတာလဲ”

အလင်းလုံးနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကပ်နေသော်လည်း အလယ်တွင် တစ်ခုခု ရှိနေသကဲ့သို့ အပြည့်အဝ မကပ်နိုင် ဖြစ်နေခဲ့လေသည်။

ထိုသည်ကို မြင်သောအခါ ကူရှီမှ ပြောလိုက်လေသည်။ “ အချိန်အတော်ကြာ ကွဲသွားလို့ ပေါင်းစပ်ဖို့ အချိန်အတော်လေး ယူရဦးမယ် ထင်တယ်”

ကူရှီပေးလိုက်သည့် နဂါးပုလဲသည် သူမလက်ထဲရှိ နဂါးပုလဲနှင့် တစ်ပုံစံထဲ တူညီကြောင်း မေ့ချန်းမန် ခံစားမိပေသည်။ ထို့အပြင် နဂါးပုလဲနှစ်ခုသည် တစ်ခုနှင့်တစ်ခု အမှန်တကယ် ဆွဲဆောင်နေသဖြင့် သူ၏သံသယများ ပျောက်ကွယ်သွားခဲ့လေသည်။

“သခင်‌‌လေးကူက အခု မူလပျက်သုန်းခြင်းနယ်မြေရဲ့ သခင်ဖြစ်လာပြီဆိုတော့ ကျွန်မတို့ကော လျှို့ဝှက်နယ်မြေထဲ ဝင်ခွင့်ပေးနိုင်မလားဂ

မေ့ချန်းမန်သည် ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေသော်လည်း သူမသည် သူ့အား စမ်းသပ်နေကြောင်း ကူရှီ သိပေသည်။

သို့သော် လူများ၏ လောဘသည် အတောမသတ်နိုင်လောက်အောင် များပြားလှသည်။ တစ်ထွာရလျှင် ဆယ်တောင်လောက် လိုချင်ကြသူများသာ ဖြစ်သည်။

“ရပါတယ် ဒါပေမဲ့…” ကူရှီ ချီတုံချတုံ ဖြစ်ဟန်ပြုမူ နေလေသည်။

ကူရှီ ထိုသို့တုန့်ပြန်မည်ကို မေ့ချန်းမန် ခန့်မှန်းထားပြီး ဖြစ်သည်။ ကူရှီမှ တုန့်ဆိုင်းခြင်းမရှိ သဘောတူခဲ့လျှင် အထဲတွင် ထောင်ခြောက်များအပြည့် ဖန်တီးထားနိုင်သဖြင့် စိုးရိမ်ရနိုင်ပေသည်။

ကူရှီသည် လျှို့ဝှက်နယ်မြေ၏ သခင်ပင်ဖြစ်သည်။ လက်ရှိတွင် ကူရှီ လျှို့ဝှက်နယ်မြေအား မည်မျှအထိ ထိန်းချုပ်နိုင်သနည်းကို သူမ ရှင်းရှင်းမသိသေးပေ။ လျှို့ဝှက်နယ်မြေအတွင်း သူထိန်းချုပ်ထားသည့်နေရာတွင် သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပေသည်။

“သခင်လေးကူ မစိုးရိမ်ပါနဲ့ အစောက ပြောခဲ့တဲ့ စကားတွေက အမှန်ပါ… ကျွန်မတို့က မူလပျက်သုန်းခြင်းနယ်မြေကို လိုချင်ရင်တောင် လမ်းမှန်ဂိုဏ်းက လူတွေလို လက်သီးပုန်းထိုးပြီး လုယူမှာမဟုတ်ဘူး”

မေ့ချန်းမန်သည် အရိုးမဲ့သည့် မြွေတစ်ကောင်အလား ကူရှီ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ကာ ပွတ်သပ်နေလေသည်။

ခေါင်းငုံ့ကြည့်လိုက်မည်ဆိုပါက သူမ၏ နှင်းဖြူရောင် ရင်သားအစုံ သူ၏မျက်စိရှေ့တွင် တစ်အိအိလှုပ်ရှားနေသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ၎င်းမှာ တစ်ကိုယ်လုံးရှိ သွေးများပွက်ပွက်ဆူ သွားစေနိုင်လောက်သည်အထိ လှပပေသည်။

အခန်း (၁၉၁) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:56


အခန်း (၁၉၀) နတ်ဆိုးဒေသအဝင်၊ အန္တရာယ် တစ်ဖန်ကျရောက်လာခြင်း

ရှီမင်းယူ အံ့အားသင့်သွားလေသည်။ “ဒါဆို မင်းကို ဘာက စိတ်ပြောင်းသွားစေတာလဲ”

“အဲ့အချိန်က ကူရှီက ကျွန်တော့်ကို ဒေါသတကြီး မလုပ်ဖို့ အသံပို့လွှတ်လာခဲ့တယ်လေ… သူလွတ်မြောက်ဖို့ကို သူ့နည်းသူ့ဟန်နဲ့ လုပ်ပါ့မယ် အဲ့အစား သူ့ဂိုဏ်းနဲ့ သူ့မိသားစုငို စောင့်ရှောက်ပေးဖို့ တောင်းဆိုသွားခဲ့တယ်”

ရှီမင်းယူသည် ထိုအရှုပ်အထွေးထဲတွင် မပါချင်သော်လည်း သူကတိပေးပြီးဖြစ်သည်။ ထို့အပြင် ထိုသည်မှာ ပို၍ ကျိုးကြောင်းဆီလျော်မှုရှိသောကြောင့် ကူညီသင့်သည်ဟု သူထင်ပေသည်။

“ကူညီဖို့ မလွယ်မှာကို ငါကြောက်မိသား”

ထိုလူအုပ်ကြီးသည် ကူရှီအား ရှာမရပါက ကူရှီ၏မိသားစုနှင့် ဂိုဏ်းဘက်သို့ မြှားဦးလှည့်လာမည်ဖြစ်သည်။

ရှီမင်းယူ စိုးရိမ်စွာဖြင့် ခြေကိုလေးပင်စွာ လှမ်းသွားလေတော့သည်။

ထိုအချိန်တွင် မေ့ချန်းမန်၊ ကူရှီနှင့် အခြားလူများသည် သွေးနီရောင်လခြမ်းအတွင်းတွင် ရှိနေကြလေသည်။ ရုတ်တရက် သူတို့အားလုံး ပုံပျက်ပန်းပျက် ဖြစ်နေသော ဟင်းလင်းပြင်အတွင်း ဝင်ရောက်သွားခဲ့ပြီး သူတို့ မျက်စိများ ပြန်ဖွင့်လိုက်သည့် အချိန်တွင် မည်သူမျှ မရှိသည့် နေရာတစ်ခုသို့ ရောက်နေကြောင်း တွေ့လိုက်ကြရလေသည်။

ကူရှီသည် စိတ်ထဲ အနည်းငယ် မသက်မသာ ဖြစ်နေသော်လည်း ပတ်ဝန်းကျင်ကို အကဲခတ် စစ်ဆေးကြည့်လိုက်လေသည်။ အသီးအပင်များ မရှိသည့် ကျက်တီးခေါင်နယ်မြေတွင် ရှိနေကြောင်း သိလိုက်ရလေသည်။ ခြောက်သွေ့နေသော သစ်ပင်များသာ ရှိပေသည်။

ရံဖန်ရံခါ ဦးခေါင်းအထက်မှ အရိပ်မည်းကြီးများ ဖြတ်ပြေးသွားတတ်ပေသည်။ ၎င်းမှာ ကျီးကန်းများ၏ အရိပ်ဖြစ်ပြီး သစ်ကိုင်းများတွင် နားကာ ထူးဆန်းသော အသံများ ပြုလုပ်နေကြလေသည်။

ကူရှီနှင့် မနီးမဝေးတွင်ရှိသည့် သစ်ပင်ပေါ်တွင် ကျီးကန်းတစ်ကောင် နားနေပြီး သူတို့အား ထူးဆန်းသော အလင်းတန်းများ ထွက်ပေါ်နေသည့် မျက်လုံးဖြင့် စိုက်ကြည့်နေလေသည်။

ထို့အပြင် ထိုနေရာတွင် အခြားသားရဲများ မရှိပဲ ကျီးကန်းအုပ်သာ ရှိနေလေသည်။ ၎င်းတို့ကိုကြည့်ကာ ကူရှီ စိတ်ထဲ အတော်လေး မသက်မသာ ခံစားနေရလေသည်။

မေ့ချန်းမန် ပျင်းရိစွာဖြင့် ပြောလိုက်လေသည်။ “နောက်ဆုံးတော့ စိတ်အနှောက်အယှက်ပေးတဲ့ ကျင့်ကြံသူတွေကို ဖယ်ရှားနိုင်လိုက်ပြီပဲ”

သူမ၏ အကြည့်များသည် ကူရှီပေါ်သို့ ကျရောက်သွားခဲ့လေသည်။ အခြားသူများသည်လည်း ကူရှီအား ကြည့်လိုက်ကြသည်။

“နတ်ဆိုးဒေသမှ ကြိုဆိုလိုက်ပါတယ်”

“ဒါ နတ်ဆိုးဒေသလား” ကူရှီ အံ့အားသင့်သွားလေသည်။

နတ်ဆိုးဒေသသည် မြို့တော်နှင့် မိုင်သန်းပေါင်းများစွဦ ဝေးကွာလှသဖြင့် သာမန်ပို့ဆောင်ရေးအစီအရင်များဖြင့် မသွားလာနိုင်ပေ။

ထိုအကွာအဝေးကို ဖြတ်ကျော်သွားလာနိုင်ရန် အနည်းဆုံး ကောင်းကင်အဆင့် ပို့ဆောင်ရေးဂိတ်များ တည်ဆောက်ရန် လိုအပ်ပေသည်။ သို့သော် ၎င်းဂိတ်များ တည်ဆောက်ရန် လိုအပ်သည့် ပစ္စည်းများမှာ ရှားပါးပေသည်။

သွေးနီရောင်လတွင် ထိုကဲ့သို့ ချက်ချင်း အရောက်ပို့ပေးနိုင်သည်အထိ အစွမ်းထက်လိမ့်မည်ဟု ကူရှိ မထင်ထားခဲ့ချေ။ မေ့ချန်းမန်နှင့် အခြားလူများ လျှို့ဝှက်နယ်မြေထဲသို့ ယုံကြည်ချက်အပြည့်ဖြင့် ဝင်‌ရောက်လာနိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

၎င်းအကူအညီဖြင့် အကြောက်အလန့်မရှိ ထွက်လာပြီး ဂိုဏ်းခေါင်းဆောင်များကို တိုက်ခိုက်၍ပင် ထွက်ပြေးလာခဲ့သေးသည်။

ထိုမျှအထိ ကြိုးစားသည်မှာ လျှို့ဝှက်နယ်မြေအတွင်းမှ မည်သည်အား လိုချင်နေသောကြောင့်နည်း။

ကူရှီ နဂါးပုလဲအကြောင်း စဉ်းစားလိုက်မိလေသည်။

နောက်တစ်စက္ကန့်အကြာတွင် မေ့ချန်းမန်မှ စကားပြောလာခဲ့လေသည်။ “သခင်လေးကူ ကျွန်မတို့ ရှင့်အသက်ကို ကယ်တင်ပေးပြီး ရှင်ကလည်း နတ်ဆိုးဒေသကို ဝင်မယ်လို့ လူသိရှင်ကြား အသိပေးခဲ့တယ်ဆိုတော့ နဂါးပုလဲ တစ်ဝက်ကိုမျာ ထုတ်ပေးနိုင်မလား မသိဘူးနော်”

ထိုနဂါးပုလဲတစ်ဝက်မှာ ရွှေကလေး အသုံးပြုပြီးခဲ့ပြီဖြစ်သည်။

ကူရှီ ခေတ္တတုန့်ဆိုင်းနေသည်ကို မြင်သည်နှင့် မေ့ချန်းမန် စကားဆိုလာပြန်သည်။ “သခင်လေးကူ ဘာလို့များ တုန့်ဆိုင်းနေတာလဲ… ဘာလဲ အစောက ရှင်ပြောခဲ့တာ ဟာသတွေများလား”

သူမ၏ အမူအရာ မပြောင်းလဲသော်လည်း လေသံမှာ ခြိမ်းခြောက်နေသကဲ့သို့ ဖြစ်နေလေသည်။

ကူရှီသည် နဂါးပုလဲ ထုတ်မပေးကာ မေ့ချန်းမန် ချက်ချင်းရန်လိုလာမည်ကို စိုးရိမ်မိပေသည်။

“ကောင်းပြီ ကျွန်တော်ပေးပါ့မယ်”

ကူရှီသည် ရွှေကလေးအား နဂါးပုလဲတစ်ဝက်ကို အတုဖန်တီးရန် တောင်းဆိုလိုက်သည်။

ရွှေကလေးသည် လောင်ထန်း၏ အမွေကို ဆက်ခံခဲ့သူဖြစ်ပြီး အစစ်အမှန် နဂါးတစ်ကောင်ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် နဂါးပုလဲတစ်ဝက်မှာ သူအသုံးပြုခဲ့ခြင်း ဖြစ်သဖြင့် အတုဖန်တီးရန် မခက်ခဲခဲ့ချေ။

ကူရှီသည် အစ်အမှန်နဂါးတစ်ကောင်၏ အရှိန်အဝါများဖြင့် တောက်ပနေသော နဂါးပုလဲတစ်ဝက်ကို အလျင်အမြန် ထုတ်ယူလိုက်ကာ မေ့ချန်းမန်လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

“စစ်ကြည့်ပါဦး မိန်းကလေး”

ကူရှီ အလွယ်တကူ ထုတ်ပေးမည်ဟု မထင်ထားသောကြောင့် မေ့ချန်းမန် သူ့အား မသင်္ကာစွာ ကြည့်လိုက်ပြီး သူမတွင်ရှိနေသည့် နဂါးပုလဲတစ်ဝက်အား ထုတ်ယူလိုက်လေသည်။

အလင်းလုံးနှစ်ခုမှာ တစ်ခုခုနှင့်တစ်ခု ဆွဲဆောင်လို့နေပြီး လေထဲမြောက်တက်လာကာ တစ်ဖြေးဖြေး နီးကပ်သွားကြလေသည်။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


“တာအိုရောင်းရင်းကူ ကျွန်တော့်ကို တစ်ချက်တည်း အနိုင်ယူခဲ့တုန်းက သူ့ရဲံ ဓားစိတ်ဆန္ဒက အလွန်ကြောက်စရာကောင်းပြီး အင်မတန် ဖြောင့်မတ်တည်ကြည်တယ်ဆိုတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေတယ်လေ… ပြောရမယ်ဆိုရင် လောကက အညစ်အကြေးအားလုံးကို ဆေးကြောပြီး မတရားမှုကို အနိုင်ယူနိုင်တယ်လို့ ခံစားခဲ့ရတယ်… ဒါကြောင့် အဲ့လို ဓားစိတ်ဆန္ဒကို ပိုင်ဆိုင်ထားသူက နတ်ဆိုးဒေသနဲ့ လုံးဝ မပူးပေါင်းနိုင်ဘူး”

ရှီမင်းယူ နေရာမှာတွင်ပင် အံ့အားသင့်သွားခဲ့လေသည်။ ၎င်းအကြောင်းကြောင့် ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ချေ။ သို့သော် ထိုမှတ်ချက်ပေးခဲ့သူမှာ ဓားသမားရှီမင်းယူပင် ဖြစ်သည်။

သူသည် လူများအပေါ်တွင် မှန်းဆမှု မှားလျှင်မှားနိုင်သော်လည်း ဓားနှင့်ပက်သက်ပါက မည်သည့်အချိန်ကမျှ မမှားခဲ့ဖူးချေ။

“တာအိုရောင်းရင်းကူမှာ မကောင်းတဲ့ စိတ်တစ်ခုခု ရှိနေရင် အဲ့လို ဓားစိတ်ဆန္ဒကို ထုတ်ဖော်နိုင်ဖို့ မပြောနဲ့ သူကိုင်ထားတဲ့ ဓားကိုတောင် သုံးနိုင်မှာ မဟုတ်ဘူး”

ထိုစကားအား ကူရှီသာ ကြားခဲ့မည်ဆိုပါက မှင်သက်နေမိပေလိမ့်မည်။

ရှီမင်းဇီသည် ဓားတာအိုအား သူ၏အသွေးအသားများဖြင့် အမှန်တကယ် ပေါင်းစပ်နိုင်ခဲ့ပြီဖြစ်သည်။

“ဒါဆို မင်းအစောက ဘာလို့ လူသိထင်ရှား မပြောပြခဲ့ပဲ ဆုံးဖြတ်ချက်ကို ပြောင်းလဲလိုက်ရတာလဲ” ဟု ရှီမင်းယူ မေးလိုက်လေသည်။

“ကျွန်တော်ပြောရင်ကော အဲ့လူတွေက နားထောင်လိမ့်မယ်လို့ ထင်နေတာလား” ရှီမင်းဇီ လှောင်ပြောင်ထေ့ငေါ့ဟန်ဖြင့် ပြောလိုက်လေသည်။

ရှီမင်းယူသည်လည်း အစောပိုင်းက လူများ၏ သဘောထားကို ပြန်လည်အမှတ်ရသွားခဲ့ပြီး တိတ်ဆိတ်သွားလေသည်။

“သူတို့က မူလပျက်သုန်းခြင်းနယ်မြေကို လုယူဖို့ ဆုံးဖြတ်ထားကြပြီးသား ဒါကို နတ်ဆိုးမဝင်လာတော့ သူတို့အတွက် အကြောင်းပြချက်ကောင်းလို ဖြစ်သွားတယ်လေ”

“အခု ကူရှီက နတ်ဆိုးဒေသနဲ့ ပူးပေါင်းတဲ့ သူလျှိုဆိုပြီး နာမည်ထွက်သွားခဲ့ပြီ တစ်ကမ္ဘာလုံးက သူ့ကို သတ်ဖို့ အသည်းအသန် လိုက်ရှာနေမှာကို ငါစိုးရိမ်မိသား” ဟု ရှီမင်းဇီ ရေရွတ်လိုက်လေသည်။

“အဲ့အချိန်က ငါ ကူရှီရဲ့ဘေးမှာ ဇွတ်အတင်း ဆက်နေရင် ထျန်းဂျန်ဓားဂိုဏ်းလည်း အားလုံးရဲ့ ပစ်မှတ်ဖြစ်လာမှာကို ငါကြောက်လို့ ဆုံးဖြတ်ချက် ပြင်ခဲ့တာလည်း ပါတယ်”

ရှီမင်းဇီသည် ခေါင်းမာသော်လည်း တုံးအသူ တစ်ယောက်မဟုတ်ချေ။ သူသည် ကူရှီအား အဆုံးထိ ကာကွယ်ပေးရန် ကတိပေးခဲ့ထူးသည်။ ထိုအချိန်က သူသေသွားလျှင်ပင် သူ၏ ဂုဏ်သိက္ခာကို လုံးဝ ထိခိုက်လိမ့်မည် မဟုတ်ပေ။

သို့သာ် မေ့ချန်းမန် ထွက်ပေါ်လာမှုသည် အရာအားလုံးကို အပြောင်းအလဲ ဖြစ်သွားစေပေသည်။ ထို့အပြင် လူများလည်း ရှိနေလေသည်။ ဘူးတစ်ရာပိတ်ရန် လွယ်သော်လည်း ပါးစပ်တစ်ပေါက်ပိတ်ရန် မလွယ်ဆိုသည့် ဆိုရိုးအတိုင်း ထိုလူများ၏ ပါးစပ်များကို ပိတ်ရန်မဖြစ်နိုင်ပေ။

ထို့အပြင် လူတိုင်းသည် မူလပျက်သုန်းခြင် နယ်မြေကို လုယူချင်နေကြသူများ ဖြစ်သောကြောင့် သူတို့လက်ထဲ ရောက်သွားသည့် သက်သေအထောက်အထားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည်မှာ ကျိန်းသေပင် ဖြစ်သည်။

“နှစ်ပေါင်းထောင်ချီ တည်တံ့ခဲ့တဲ့ ထျန်းဂျန်ဓားဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားမှုကို သူများတံတွေးခွက်ထဲမှာ ရစရာမရှိအောင် အပြောခံရတဲ့အထိ မဖြစ်သွားစေချင်ဘူးလေ”

ထိုစကားကို ကြားသည်နှင့် ရှီမင်းယူ သက်ပြင်းချလိုက်လေသည်။ “ဟူး တော်သေးတာပေါ့… အဲ့အချိန်က မင်းစိတ်အား ထက်သန်ခြင်း မရှိလို့ မဟုတ်ရင် ငါတို့ သူ့ကို ယုံရင်တောင် အခြေအနေတွေ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

“တကယ်တော့ အဲ့အချိန်က ကျွန်တော် တစ်ကမ္ဘာကြီးတစ်ခုလုံးနဲ့ ရန်သူလုပ်ရရင်တောင် ကျွန်တော့ကတိကို တည်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားခဲ့တာ” ဟု ရှီမင်းဇီမှ ပြောလိုက်၏။

အခန်း (၁၉၀) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


အခန်း (၁၈၉) ဝင်ရောက်မစွက်ဖက်ရန် ဆုံးဖြတ်ခဲ့သည့် ထျန်းဂျန်ဓားဂိုဏ်း

“ကောင်းတယ် ကောင်းတယ်… ရှီမင်းဇီဆိုတဲ့ မင်းက အဲ့လောက်မာနကြီးပြနေရအောင် ဘာတွေများ ကြီးကျယ်နေလို့လဲ… ငါထင်တာကတော့ မင်း ကူရှီကို မတိုက်ရဲတာပဲ ဖြစ်ရမယ်… ဒါကို သူ့နောက် အမှီလိုက်မယ် ပြောနေသေးတယ် ဘယ်လောက်တောင်ရူးမိုက်…”

ရှေးဟောင်းဂိုဏ်းခေါင်းဆောင် ဒေါသအကြီးအကျယ် ထွက်ကာ ပြောသင့်မပြောသင့် မသိတော့ပဲ ပါးစပ်ထဲရှိသလို ကြိမ်းမောင်းလေတော့သည်။ သို့သော် စကားဆုံးအောင် မပြောနိုင်ခဲ့ချေ။

ကောင်းကင်ထက်မှ ဓားတစ်စင်းပျံသန်းလာပြီး သူ၏အ‌ရှေ့တည့်တည့်တွင် စိုက်နေသောကြောင့်ပင် ဖြစ်သည်။ ၎င်းမှာ သူ့အား စကားဆက်မပြောရန် သတိပေးနေသကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ဆံပင်အချို့သည်လည်း လေထဲပျံဝဲကုန်လေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်လို့သွားလေသည်။ အသက်ပင် ကျယ်ကျယ်မရှူရဲကျတော့ချေ။

ရှီမင်းဇီသည် ကူရှီထံတွင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့သော်လည်းပဲ သူသည် ဓားလမ်းစဉ်တွင် နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ လက်ရှိမတိုင်ခင်က သူ၏ ဘဝတစ်လျှောက်လုံး အရှုံးမရှိခဲ့သလို ထျန်းဂျန်ဓားဂိုဏ်း၏ ဂုဏ်ယူမှုတစ်ရပ်လည်း ဖြစ်ခဲ့ပေသည်။

သူသည် နတ်ဆိုးဒေသမှ ထိပ်တန်းဂိုဏ်းအချို့ကိုပင် လက်တစ်ဖက်တည်း အသုံးပြုကာ စိန်ခေါ်တိုက်ခိုက်ခဲ့ပြီး သူ၏အမည်ကြားသည်နှင့် ဖိန့်ဖိန့်တုန်အောင် ပြုလုပ်ခဲ့သူပင် ဖြစ်သည်။

သို့သော် ကူရှီကို ရှုံးနိမ့်ကာ သူ၏ဓားနှလုံးသား ပျက်စီးသွားခဲ့သဖြင့် ကံဆိုးလှသည်ဟု လူတိုင်း ထင်ခဲ့ကြလေသည်။ သို့သော် သူသည် ဓားနှလုံးသားကို ပြန်လည်တည်ဆောက်နိုင်ရုံသာမက ကျင့်စဉ်အဆင့်ပင် ထိုးဖောက်ဝင်‌‌ရောက်သွားခဲ့သေးပေသည်။ လက်ရှိ သူ၏ခွန်အားအား မည်သူမျှ မမှန်းဆနိုင်ကြချေ။

ပြတ်သွားသော ဆံပင်များကို ကြည့်ရင့်ဖြင့် ရှေးဟောင်းဂိုဏ်းခေါင်းဆောင် ဒေါသထိန်းမနိုင် ဖြစ်သွားခဲ့လေသည်။ သူ၏ မှော်လက်နက်ကို ထုတ်ယူကာ ရှီမင်းဇီအနောက်သို့ လိုက်ရန်ပြင်လိုက်လေသည်။

သို့သော် လူတိုင်းမှ တားဆီးခဲ့လေသည်။

“ထားလိုက်စမ်းပါ… မင်း ဘာလို့ သူ့ကိုရန်သွားစသလဲ… ရှီမင်းဇီရဲ့ ဒေါသထွက်ရင် အပြုအမူတွေ ထူးဆန်းတာကို မင်းမသိတာကြလို့ကွာ… သူ ရှုံးနိမ့်လို့ စိတ်မကြည်မလင်ဖြစ်ပြီး အခုလို လုပ်တာနေမှာပါ”

ရှေးဟောင်းဂိုဏ်းခေါင်းဆောင်သည် လူများစွာ ဝုိင်းဝန်းဖြောင်းဖြလာသည့်အခါမှ စိတ်ကိုလျော့ခဲ့လေသည်။ ထို့နောက် ထွက်ခွာသွားသော ထျန်းဂျန်ဓားဂိုဏ်းကိုကြည့်ကာ ပြောလိုက်လေသည်။ “ဒီကောင် သူ့ကိုယ်သူ ဘာများထင်နေတာလဲ… သူတို့က ငါတို့ဘက်မှာ မရပ်တည်တာနဲ့ နတ်ဆိုးဒေသကလူတွေ သူတို့ကို မတိုက်ဖူးထင်နေတာလား”

ထို့နောက် ဂိုဏ်းခေါင်းဆောင်များသည် ခွင့်ပြုချက်မရှိဘဲ ထွက်ခွာသွားသည့် ထျန်းဂျန်ဓားဂိုဏ်းနှင့် ပက်သက်သည့် မှတ်ချက်များ ပြော‌လေတော့သည်။

“ဒါနဲ့ ရှီမင်းဇီက ထူးဆန်းမနေဘူးလား… အရင်က သူ ကူရှီကို အသက်ပင်သေသေ မရရအောင် ကယ်ထုတ်ပေးမယ် ပြောပြီးမှ ရုတ်တရက်ကြီး စိတ်ကူးပြောင်းသွားတာ ထူးဆန်းမနေဘူးလား”

“မင်းဆိုလိုတာက ရှီမင်းဇီက တမင်သပ်သပ် နောက်ဆုတ်ပေးလိုက်တယ်လို့ ပြောချင်တာလား” ကြယ်တာရာဂိုဏ်းခေါင်းဆောင်မှ ရှေးဟောင်းဂိုဏ်းခေါင်းဆောင်ကိုကြည့်ကာ မေးလိုက်သည်။

“သံသယဆွေ လွန်ကဲမနေနဲ့… ကူရှီက နတ်ဆိုးဒေသနဲ့ ပူးပေါင်းလို့ ရှီမင်းဇီက နောက်ဆုတ်လိုက်တာပါကွာ… သူက မကောင်းမှုကို ဘယ်လောက်ရွံ့ရှာလဲ မင်းတို့လဲ သိပါတယ်… ဒါ့အပြင် သူက နတ်ဆိုးဒေသကို အကြီးအကျယ် ထိခိုက်အောင် လုပ်ခဲ့ဖူးတယ်ဆိုတာလည်း မမေ့ကြနဲ့”

‌”ကောင်းပြီ လောလောဆယ် ထျန်းဂျန်ဓားဂိုဏ်းအကြောင်းကို ဘေးဖယ်ထားကြရအောင်… အခုလို တစ်ယောက်ကိုတစ်ယောက် သံသယပွားစေတာက နတ်ဆိုးဒေသကလူတွေရဲ့ ထောင်ချောက်လည်း ဖြစ်နိုင်တယ်… အခုတောင် အမှောင်ထဲကနေ ကျိတ်ရယ်ရင် ရယ်နေလောက်တယ်”

လူတိုင်း ထျန်းဂျန်ဓားဂိုဏ်းအရေးကို ဘေးဖယ်ထားလိုက်ကြလေသည်။ နောက်ထပ် ဒုက္ခမပေးသရွေ့ အဆင်ပြေပေသည်။ ထျန်းဂျန်ဓားဂိုဏ်း အင်အားကြီးသည်မှာ မှန်သော်လည်း အခြားသော ဂိုဏ်းများ ကျန်သေးပေသည်။ ထို့ကြောင့် ဂိုဏ်းတစ်ဂိုဏ်း ထွက်သွားရုံမျှဖြင့် ကြီးကြီးမားမား မထိခိုက်နိုင်ပေ။

“အခုကစပြီး ကူရှီနဲ့ နတ်ဆိုးဒေသကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆွေးနွေးကြတာပေါ့”

…..

ရှီမင်းဇီ၏ အပြောင်းအလဲကြောင့် သူတို့သည်သာ ပဟေဌိဖြစ်နေကြခြင်း မဟုတ်ပေ။ ရှီမင်းယူသည်လည်း ပဟေဌိဖြစ်နေလေသည်။ ရှီမင်းရှီသည် ထိုကဲ့သို့ စိတ်အပြောင်းအလဲ မြန်သူတစ်ယောက် မဟုတ်ချေ။ မေ့ချန်းမန်ထံမှ စကားအနည်းငယ်မျှဖြင့် သူ၏သဘောထားကို မပြောင်းလဲနိုင်ပေ။

“ကူရှီက နတ်ဆိုးဒေသက လူတွေနဲ့ ပူးပေါင်းတယ်ဆိုတာကို မင်းယုံလား”

“မယုံပါဘူး” ရှီမင်းဇီ ခေါင်းခါယမ်းကာ ဖြေလိုက်လေသည်။

သူ၏ ယုံကြည်မှုရှိလှသည့် လေသံကြောင့် ရှီမင်းယူ စူးစမ်းချင်သွားလေသည်။ “မင်း ဘာလို့ အဲ့လောက် အတပ်ပြောနိုင်ရတာလဲ”

ရှီမင်းဇီသည် ကိစ္စအချို့ကို ပြန်လည်တွေးတောနေဟန်ဖြင့် ခေတ္တငြိမ်သက်ပြီးမှသာ အဖြေပြန်ပေးလိုက်သည်။ “လူက လိမ်နိုင်ပေမဲ့ ဓားကတော့ မလိမ်နိုင်ဘူး”

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


“ငါ့အမိန့်ကို နာခံကြစမ်း… ကူရှီက နတ်ဆိုးဒေသက သူလျှိုတစ်ဦးဖြစ်ပြီး လမ်းမှန်ဂိုဏ်းတွေထဲမှာ ဝင်ရောက်နေထိုင်ခဲ့တယ်… သူ့ရဲ့ ရည်ရွယ်ချက်က လမ်းမှန်ဂိုဏ်းတွေကို ပြိုလဲသွားအောင် လုပ်ဖို့ပဲ… ‌ရှေးဟောင်းဂိုဏ်းက တပည့်တွေ နားထောင်ကြစမ်း မင်းတို့ထဲက တစ်ယောက်ယောက် ကူရှီကို သတ်နိုင်ရင် ဂိုဏ်းဘဏ္ဍာတိုက်ထဲက ကြိုက်ရာရွေးနိုင်တယ်”

ချက်ချင်းပင် အခြားသော ဂိုဏ်းကြီးများနှင့် မိသားစုကြီးများမှလည်း ထိုနည်းတူ အမိန့်ထုတ်လာခဲ့လေသည်။

“ကျွန်ုပ်တို့ ရှင်းခွန်ဂိုဏ်းကလည်း နတ်ဆိုးဒေသက သူလျှိုကို သုတ်သင်ပြီး လမ်းမှန်ဂိုဏ်းနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းအောင် ပြုလုပ်မယ်”

“ကျန်းကလန်ရောပဲ…”

“အလင်းရောင်ခန်းမလည်းပါတယ်”

…..

လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားသော်လည်း လူနှစ်ဦးမှာ ထိုသို့ ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။ ထိုလူများမှာ ထျန်းဂျန်ဓားဂိုဏ်းမှ ရှီမင်းဇီနှင့် ရှီမင်းယူတို့သာ ဖြစ်သည်။

ဂိုဏ်းခေါင်းဆောင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့၏ အမူအရာများမှာ မှုန်ကုပ်ကုပ် ဖြစ်လို့နေသည်။ မည်သို့ပင် ဖြစ်စေကာမူ အစောပိုင်းက ရှီမင်းဇီ၏ အပြုအမူများကြောင့် သူတို့ အနည်းငယ် စိတ်မချမ်းမသာ ဖြစ်နေကြလေသည်။

လက်ရှိတွင်လည်း ထျန်းဂျန်ဓားဂိုဏ်းသည် သူတို့နှင့် တစ်ဖက်တည် မရှိသည်မှာ ထင်ရှားပေသည်။

“ဂိုဏ်းခေါင်းဆောင်ရှီ မင်းကော ဘယ်လိုလုပ်မယ်လို့ ကြံစည်ထားလဲ”

ရှီမင်းယူ စကားပြောသည်ကို မစောင့်ပဲ တိတ်ဆိတ်နေသည့် ရှီမင်းဇီမှ ရုတ်တရက် ထပြောလိုက်လေသည်။ “ငါတို့မှာ ဘာအကြံအစည်မှ မရှိဘူး… မင်းတို့လည်း အစောက တိုက်ပွဲကို မြင်မှာပဲ ငါတစ်ချက်တည်းနဲ့ ရှုံးနိမ့်ခဲ့တယ်လေ… အခုချိန်မှာ ငါ့ရဲံဓားနှလုံးသားကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်… ဒါကြောင့် ငါတို့ ထျန်းဂျန်ဓားဂိုဏ်းက တံခါးပိတ်ကျင့်ကြံမှာဖြစ်လို့ မည်သည့်ဧည့်သည်ကိုမဆို ငြင်းဆန်ရလိမ့်မယ်”

အဓိပ္ပါယ်မှာ ရှင်းပေသည်။ ပြင်ပကမ္ဘာတွင် ဖြစ်ပျက်နေသည်များမှာ သူတို့နှင့် မဆိုင်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။

ထိုစကားများကို ကြားသည့်အခါ ကြာပန်းဖြူဂိုဏ်း၊ ပုံရိပ်ယောင်နတ်ဘုရားခန်မးနှင့် အခြားသော ဂိုဏ်းကြီးများ ဆက်မပြောတော့ချေ။

ထျန်းဂျန်ဂိုဏ်းမှာ ပြောရဆိုရ လက်ပေါက်ကပ်သောကြောင့်လော သူတို့တွင် အခြားသော အကြံများ ရှိနေခြင်းကြောင့်လောကို မည်သူမျှ မသိနိုင်ပေ။

ဂိုဏ်းခေါင်းဆောင်များ အချင်းချင်း အကြည့်များ ဖလှယ်လိုက်ကြပြီးနောက် ကြယ်တာရာဂိုဏ်းခေါင်းဆောင် ရှေ့တက်ကာ စကားဆိုလိုက်လေသည်။ “ငါတို့အားလုံးက လမ်းမှန်ဂိုဏ်းထဲ ထိုးဖောက်ဝင်ရောက်လာတဲ့ သူလျှိုကူရှီနဲ့ နတ်ဆိုးတွေကို သုတ်သင်ဖို့ လုပ်နေတာလေ… ဒီအထဲမှာ ဓားလမ်းစဉ်ရဲ ဦးဆောင်လမ်းပြဖြစ်တဲ့ ထျန်းဂျန်ဓားဂိုဏ်းလည်း ပါဝင်သင့်တယ်”

ရုတ်တရက် ရှီမင်းဇီ၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ဓားစိတ်ဆန္ဒ ထွက်ပေါ်လို့လာလေသည်။ ကြယ်တာရာဂိုဏ်းခေါင်းဆောင် အချိန်တစ်ခုမျှ ရှီမင်းဇီအား မျက်လုံးချင်းဆုံအောင် မကြည့်ရဲ ဖြစ်သွားခဲ့လေသည်။

“ငါက ဓားတာအိုမှာ ပါရမီရှိတယ် ဆိုနိုင်ပေမဲ့ အခုလေးတင်ပဲ အခြားတစ်ယောက်ကို ရှုံးနိမ့်သွားတယ်လေ… ဒီတော့ ငါတံခါးပိတ်ကျင့်ကြံဖို့ လိုအပ်တာက ပြဿနာ မဖြစ်သင့်ဘူး မဟုတ်လား”

ရှီမင်းဇီ၏ စကားများမှာ ယုတ္တိရှိကာ ကျိုးကြောင်းဆီလျော်သဖြင့် ပြန်လည်ချေပရန် စကားရှာမရတော့ချေ။

ရှီမင်းဇီသည် ပြောသည့်အတိုင်း တည့်တိုးလုပ်ဆောင်တတ်သူပီပီ ဂိုဏ်းကြီးများ၏ တုန့်ပြန်ချက်ကိုပင် မစောင့်ဆိုင်းတော့ပဲ တပည့်များကိုခေါ်ကာ ထွက်သွားလေတော့သည်။

အခန်း (၁၈၉) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


အခန်း (၁၈၈) သတ်ဖြတ်ရန်အမိန့်၊ နတ်ဆိုးဒေသမှ သူလျှို

“ငါ၏အမိန်ကို နာခံပြီး သူတို့ကို သတ်ပစ်ကြစမ်း”

မျက်လုံးများနီရဲကာ အနီရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် သွေးနီရောင်လ၏ ထိန်းချုပ်ခြင်းကို ခံထားရသော တပည့်များ မေ့ယုရှန်းအရှေ့သို့ ရောက်ရှိလာပြီး သူတို့၏ ဆရာသခင်များကိုပင် ပြန်လည် တိုက်ခိုက်လေတော့သည်။

“သောက်ရူးနတ်ဆိုးမ ငါတို့ကို ကိုယ့်လူကို ပြန်တိုက်အောင် လုပ်ရဲတယ်ပေါ့လေ”

ဂိုဏ်းခေါင်းဆောင်များ ဒေါသအကြီးအကျယ် ထွက်သွားကြကုန်လေသည်။ ထိုတပည့်များသည် သူတို့ဂိုဏ်းများ၏ အဓိကတပည့်များ ဖြစ်သောကြောင့် မသတ်ချင်ကြပေ။

သို့သော် တပည့်များမှာ အသိစိတ် လွတ်နေကြပြီဖြစ်သည်။

တပည့်များ ရှိနေသောကြောင့် ဂိုဏ်းခေါင်းဆောင်များသည် သူတို့၏ ခွန်အားကို အပြည့်အဝ အသုံးမချနိုင်ခဲ့ကြချေ။

သွေးနီရောင်လသည် သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်ပြီး ပို၍ အကျပ်ရိုက်စေသည်မှာ သူတို့၏ လက်နက်များကို မယူဆောင်လာနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

တစ်ခဏချင်းမှာပဲ သွေးနီရောင်အလင်းတန်းများ ပိုမိုတောက်ပလာခဲ့ပြီး တပည့်များကို အသိစိတ်လွတ်ကာ ရူးသွပ်သွားစေခဲ့ပေသည်။

သွေးနီရောင်လ၏ ထိန်းချုပ်မှုကို ခံလိုက်ရသည့် တပည့်များသည် အသိစိတ်လွတ်သွားသည့်အပြင် သူတို့၏ ကျင့်စဉ်အဆင့်များသည်လည်း များစွာ မြင့်တက်လာပေသည်။ ထို့အပြင် သူတို့သည် ထိန်းချုပ်ခံနေရစဉ်အတွင်း အခြားမည်သည်ကိုမှ မသပဲ သတ်ဖြတ်ရန်သာ စိတ်ထဲရှိနေကြပေသည်။

ထိုကဲ့သို့ အစွမ်းထက်လှသော နတ်လက်နက်ကို အနာဂတ်တွင် အသုံးပြုလာမည်ဆိုပါက ၎င်းမှာ အတော်လေး ဆိုးရိမ်ဖွယ်ကောင်းသော အဖြစ်အပျက်များ ဖြစ်လာနိုင်ပေသည်။ အနီရောင်အလင်းတန်း၏ လွှမ်းမိုးမှုကို ခံရသူတိုင်းနီးပါး လူသတ်စက်များ ဖြစ်သွားသည် မဟုတ်လား။

လူတိုင်းသတိထားမိလိုက်ချိန်တွင် မေ့ချန်းမန်နှင့် နတ်ဆိုးဒေမှလူများ နေရာတွင် မရှိတော့ပြီဖြစ်သည်။

“သူတို့ ထွက်ပြေးသွားကြကုန်ပြီ”

“ဒါဆိုရင် မေ့ချန်းမန်က နတ်လက်နက်ကို ပြေးဖို့အတွက် အယောင်ပြလေး သုံးသွားတာပေါ့လေ”

သို့သော် သူတို့သိချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ အမွှေးတိုင်တစ်ဝက်စာ လောင်ကျွမ်းချိန်မျှ ကြာသွားပြီဖြစ်သဖြင့် လိုက်၍ မမှီနိုင်တော့ချေ။

တိုက်ပွဲတွင် တပည့်အချို့သာ ဒဏ်ရာရရှိခဲ့ပြီး အထိအခိုက် နည်းပါးသည်ဟု ဆိုနိုင်သော်လည်း လမ်းမှန်ဂိုဏ်းမှ လူများအတွက် ကြီးမားစွာ စော်ကားခံခဲ့ရသကဲ့သို့ ဖြစ်နေခဲ့လေသည်။

လူများစွာ ‌ပေါင်းစည်းဝန်းရံခဲ့သည်ကိုပင် ကူရှီအား မဖမ်းဆီးနိုင်ခဲ့ချေ။ နတ်ဆိုးဒေသမှ လူများနှင့် ထွက်သွားသည်ကိုသာ ကြည့်နေခဲ့ကြရသည်။ ထိုသတင်းသာ ပျံ့သွားပါက အားလုံးက လှောင်ပြောင်ရယ်မော ကြပေလိမ့်မည်။

သွေးနီရောင်လ ပျောက်ကွယ်သွားသည်နှင့် အသိစိတ်များ လွတ်ကာ အရူးများကဲ့သို့ မဲမဲမြင်တိုက်ခိုက်နေကြသူများ၏ မျက်လုံးများ အရောင်ပြန်ပြောင်းသွားကာ တစ်ဖြေးဖြေး အသိစိတ် ပြန်ဝင်လာကြလေသည်။

မေ့ချန်းမန်၏ နည်းစနစ်အတွင်း ရောက်သွားကာ အသိစိတ်လွတ်သွားကြသူများအား အတွင်းနတ်ဆိုး မပေါက်ဖွားလာစေရန်အတွက် စိတ်နှလုံးအေးချမ်းအောင် ကြာပန်းဖြူဂိုဏ်းတပည့်များမှ ကျမ်းဂန်များရွတ်ဖတ်ကာ သန့်စင်ပေးခဲ့သည်။

အသိစိတ်လွတ်သွားကြသည့် တပည့်များသည်လည်း အမှားများ လုပ်မိကြောင်း သိကြပေသည်။ ထို့ကြောင့် နောင်တရစွာဖြင့် လိုက်လံ တောင်းပန်ခဲ့လေသည်။

“ဂိုဏ်းခေါင်းဆောင်တို့ ကျွန်တော်တို့ကို အပြစ်ပေးပါ… ကျွန်တော့်ရဲ့ စိတ်စွမ်းအင် အားနည်းတာကြောင့် နတ်ဆိုးတွေရဲ့ လှဉ့်ကွက်ထဲ ကျရောက်ခဲ့ရတယ်”

“ဒါက မင်းတို့အပြစ် မဟုတ်ဘူး… အရှက်ကင်းမဲ့ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဆိုး‌ဒေသက နတ်ဆိုးနည်းစနစ်ကြောင့်ပဲ… သူတို့နည်းလမ်းတွေက ကာကွယ်ဖို့ လွယ်မှမလွယ်ပဲ”

“ကူရှီနဲ့အတူ မူလပျက်သုန်းခြင်းနယ်မြေ ပါသွားပြီဆိုတော့ မူလပျက်သုန်းခြင်းနယ်မြေက နတ်ဆိုးဒေသလက်ထဲ ရောက်သွားပြီလို့ ဆိုလိုတာနဲ့ အတူတူပဲ မဟုတ်ဘူးလား… အနာဂတ်မှာ ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်နော်”

လူတိုင်း မျက်နှာပျက်သွားကြကုန်လေသည်။ ထိုသည်မှာ သူတို့အတွက် ကြီးမားသော အကြပ်အတည်း တစ်ခုပင် ဖြစ်သည်။

“ဒါဆို ငါတို့ ဘာဆက်လုပ်ကြမလဲ”

ပုံရိပ်ယောင်နတ်ဘုရားခန်းမမှ လူများ ထပြောလာကြလေသည်။

“နတ်ဆိုးဒေသက လူတွေက အတော်လေး ယုတ်မာကောက်ကျစ်တယ်… ပထမအနေနဲ့ သူတို့က လူများစွာကို ခေါ်လာပြီး လျှို့ဝှက်နယ်မြေထဲမှာ ကူရှီနဲ့ ပူးပေါင်းခဲ့တဲ့အပြင် သူတို့က နတ်လက်နက်ကိုပါ ယူလာခဲ့ကြတယ်… ဒီတော့ သူတို့က ငြိမ်းချမ်းရေးကို ချိုးဖောက်ချင်နေတယ်လို့ ရတယ်မလား… ကြည့်ရတာ ငါတို့လည်း စစ်ပွဲအတွက် ပြင်ဆင်ထားသင့်ပြီထင်တယ်”

“သူတို့ပြောတာ မှန်တယ်… နတ်ဆိုးဒေသက လူတွေမှာ အဲ့လိုစိတ်ကူးမျိုး တကယ်ကို ရှိတယ်… ဒါကြောင့် ငါတို့ ကြိုပြင်ဆင်ထားကြရမယ်… ငါတို့မျက်စိရှေ့ရောက်မှ ပြင်ဆင်မယ်ဆိုရင် နောက်ကျသွားလိမ့်မယ်”

ထိုစကားများမှာ လူတိုင်းကို ထိတ်လန့်သွားစေပေသည်။

“ကူရှီ… မင်းက နတ်ဆိုးဒေသကို ဝင်လိုက်တာနဲ့ မင်းကို ဘာမှမလုပ်နိုင်တော့ဘူး ထင်နေတာလား”

ရှေးဟောင်းဂိုဏ်းခေါင်းဆောင်မှ အေးစက်စွာ ရယ်မောလိုက်လေသည်။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


အခြေအနေ မကောင်းကြောင်းကို နားလည်လိုက်ကြသဖြင့် ဂိုဏ်းခေါင်းဆောင်များ၏ အမူအရာများ ကြည့်ရဆိုးသွားကုန်လေသည်။ သူတို့အနေဖြင့် ထိခိုက်မှုမရှိသော်လည်း သွေးနီရောင်လ၏ ထိန်းချုပ်မှုကို ခံထားရသည့် တပည့်များအားလုံး အချင်းချင်း ပြန်သတ်နေကြပြီဖြစ်သည်။

ထိုတပည့်များသည် ဂိုဏ်းများ၏ အဓိကတပည့်များဖြစ်သည်။ အကယ်၍ သူတို့အားလုံး ထိုနေရာတွင် သေဆုံးသွားပါက ဂိုဏ်းအတွက် အတော်လေး နစ်နာဆုံးရှုံးပေလိမ့်မည်။

မေ့ချန်းမန်အား ကိုင်တွယ်ရန် မခက်ခဲသော်လည်း သူမနှင့်အတူ ပါလာသည့် နတ်လက်နက်သည် အတော်လေး ဆန်းကျယ်လှပေသည်။ လက်ရှိတွင် သူမသည် သွေးနီရောင်လနှင့် တစ်သားတည်း ဖြစ်နေခြင်းဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်များသည် ဇွတ်တစ်ရွတ်ဖြင့် ရှေ့တက်သွားပါက သူတို့ဒုက္ခရောက်နိုင်ကြောင်း သိထားပေသည်။

လက်ရှိအခြေအနေမှာ အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် သူတို့၏ နတ်လက်နက်များကို အချိန်မှီ မစုစည်းနိုင်ကြချေ။

“ငါ့ကို ကာကွယ်ပေး ဒီနတ်ဆိုးမကို ငါဖမ်းမယ် သူမကို ဖမ်းထားနိုင်မယ် အားလုံးကို တားဆီးနိုင်ပြီ”

ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းခေါင်းဆောင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။ သူတို့အတူ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြလေသည်။ သူတို့အနေဖြင့် နတ်လက်နက်ကို မယှဉ်နိုင်သော်လည်း သူတို့လက်ထဲရှိ အရာမှာ သာမန်အရာတစ်ခု မဟုတ်ချေ။

သူတို့သည် အဖြူရောင်အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်စိမ်းတံဆိပ်တော်ကို ထုတ်ယူလိုက်လေသည်။ ကောင်းကင်ဖိနှိပ်ခြင်းချိတ်ပိတ်စည်းမှာ လေထုအလယ်တွင် ပေါ်လာခဲ့ပြီး အရာအားလုံးကို စတင်ဖိနှိပ်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် နတ်သားရဲချီလင်၏ ဟိန်းသံထွက်ပေါ်လာခဲ့သည်။ ၎င်းဟိန်းသံတွင် ကောင်းချီးနိမိတ်များသာ ပြည့်နှက်နေခဲ့ပြီး မကောင်းသည့်အရာများကို နောက်ဆုတ်သွားစေခဲ့သည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက် အဘက်ဘက်မှ နတ်ဘုရားတစ်ပိုင် လက်နက်များ ပေါ်ထွက်လာခဲ့လေသည်။ အားလုံးမှာ ကျောက်စိမ်းကဲ့သို့ ‌တောက်ပလို့နေသည်။ ၎င်းတို့သည် အနက်ရောင်အငွေ့အသက်များ ဖုံးလွှမ်းခြင်း ခံရသည်ကိုပင် အရောင်မှေးမှိန် မကျသွားခဲ့ချေ။

ရှေးဟောင်းဂိုဏ်းနှင့် ပုံရိပ်ယောင်နတ်ဘုရားခန်းမတို့မှ တစ်ချိန်တည်း စတင် တိုင်ခိုက်ခဲ့လေသည်။ သူတို့သည် မေ့ချန်းမန်အား အသေသတ်လိုသော ဆန္ဒများနှင့်အတူ ပြင်းထန်လှသော အရှိန်အဝါများကိုလည်း သယ်ဆောင်လို့လာပေသည်။

“ရှင်တို့လို ယောကျ်ားကြီးနှစ်ယောက်က ကျွန်မလို ပျော့ညံ့တဲ့ မိန်းကလေးကို ပေါင်းတိုက်မလို့ပေါ့လေ”

ဂိုဏ်းခေါင်းဆောင်နှစ်ယောက်မှ အေးစက်စွာပင် တုန့်ပြန်လာခဲ့လေသည်။

“သောက်နတ်ဆိုးမ သောက်ပေါက်တတ်ကရတွေ မပြောစမ်းနဲ့”

သွေးနီရောင်လ၏ လွှမ်းမိုးမှုအောက်တွင် သူတို့နှစ်ဦး၏ ခွန်အားများ လျော့ကျနေသော်လည်း သူတို့သည် ကျွမ်းကျင်ပညာရှင်များဖြစ်ကာ အလွန်ပင်ပါးနပါလှပေသည်။ ထိုနှစ်ယောက်နှင့် ရင်ဆိုင်ပါက သူမ အခက်အခဲ ကြုံနိုင်ပေသည်။

သူမ ကူရှီအားလှမ်းကြည့်လိုက်သည့်အခါ ကူရှီသည်လည်း ကျန်းကလန်အပြင် အခြားသော ဂိုဏ်းခေါင်းဆောင်အချို့နှင့် တိုက်ခိုက်နေသည်ကို တွေ့မြင်ခဲ့လေသည်။ နတ်ဆိုးဒေသမှလူများသည်လည်း အခြားတပည့်များနှင့် တိုက်ခိုက်နေပေသည်။

သွေးနီရောင်လသည် အစွမ်းထက်သည်မှာ မှန်သော်လည်း သူမ၏လက်ရှိ ကျင့်ကြံမှုအဆင့်အရ သွေးနီရောင်လ၏ စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးကြောင်း သူမသိသည်။ ထို့အပြင် အချိန့်အကန့်အသတ်လည်း ရှိပေသည်။

သူမ၏အကန့်အသတ်သို့ရောက်ကာ သွေးနီ‌ရောင်လ ပျောက်သွားသည်အထိ တိုက်ခိုက်နေမည်ဆိုပါက သူမရှုံးနိမ့်ကာ တစ်ဖက်လူများ အရှင်လတ်လတ် အရေခွံအခွာခံရမည်ကို ကြောက်မိပေသည်။

ထို့ကြောင့် မေ့ချန်းမန် အချိန်ဆွဲမနေတော့ပေ။ သူမ၏ မျက်လုံးများ ပို၍နီမြန်းလာခဲ့လေသည်။ ထို့အပြင် သူမ နဖူးအထက်ရှိ လခြမ်းသည်လည်း သူမ၏မွေးရာပါ အမှတ်အသားတစ်ခုကဲ့သို့ ဖြစ်လာကာ ပိုမိုတောက်ပလာပြီး ဖော်မပြနိုင်လောက်အောင် ဆန်းကျယ်သော အရှိန်အဝါများ ထုတ်လွှတ်လာလေတော့သည်။

အခန်း (၁၈၈) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:55


အခန်း (၁၈၇) အချိန်မရွေး ထွက်ပေါ်လာနိုင်သော အကြောက်တရား

ကောင်းကင်ထက်ရှိ ကြယ်များမှာ အရောင်မှေးမှိန်သော်လည်းပဲ ကြယ်တာရာစက်ဝန်းများ၏ လွှမ်းမိုးမှုအောက်တွင် တောက်ပစွာ လင်းလက်လို့နေသည်။ ခုနှစ်စင်ကြယ်၊ ခရမ်းရောင်ကြယ်စင်တန်းနှင့် အခြားသောကြယ်များတို့ထံမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးနီရောင်လဆီသို့ စီးဆင်းသွားလေသည်။

သွေးနီရောင်လ၏ အရောင်အဝါမှာ မှိန်ဆင်းသွားလေတော့သည်။

မေ့ချန်းမန်သည် ထိုအခြေအနေကို မြင်သော်လည်းပဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
“ဒီလောက်နဲ့ နိုင်ပြီထင်နေတာတော့ မဟုတ်ပါဘူးနော်”

သူမသည် လက်ထဲရှိ ဆည်းလည်းကို လှုပ်ရမ်းလိုက်သည့်အခါ ပြင်းထန်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ လူတိုင်း သူတို့၏နှလုံးသားများကို လေးလံသောတူကြီးဖြင့် ရိုက်နှက်ခံလိုက်ရသည့်အလား ခံစားလိုက်ကြရလေသည်။

ဂိုဏ်းခေါင်းဆောင်များ၏ နှလုံးသားများအတွင်းတွင်လည်း အချက်ပေးသံများ ထွက်ပေါ်လာလေတော့သည်။

သွေးနီရောင်လမှာ ပြောင်းလဲခြင်းများ ဖြစ်ပေါ်မလာခဲ့ချေ။ သို့သော် မေ့ချန်းမန်၏ ချောမွတ်လှသော နဖူးပြင်ထက်တွင် လခြမ်းကွေးတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းမှာ သွေးနီရောင်လအငယ်စားလေးနှင့်ပင် တူညီနေပြီး သူမ၏ မျက်လုံးများသည်လည်း အနီရောင်ပြောင်းလဲသွားခဲ့လေသည်။

မေ့ချန်းမန်၏ ပုံစံမှာ အတော်လေး နတ်ဆိုးဆန်လှပေသည်။ သူမသည် ယခင်ကထက် ပိုမိုလှပလို့နေပြီး နိုင်ငံများစွာပင် သူမ၏အလှကြောင့် ပျက်စီးသွားစေနိုင်ပေသည်။ အလွန်အန္တရာယ်များသော်လည်း လူတိုင်းနီးပါး သူမကို မကြည့်ပဲ မနေနိုင်ချေ။

“ရှင်တို့ ကျွန်မကို လျော့မတွက်သင့်ဘူး”

မေ့ချန်းမန်သည် သူမအနောက်ရှိ သွေးနီရောင်လနှင့် ပေါင်းစပ်ထားသကဲ့သို့ လေထဲတွင် လွင့်မျောလို့နေသည်။ သူမ၏ လက်လေးများကို သိမ်မွေ့စွာ လှုပ်ရှားလိုက်သည့်အခါ အနီရောင်အလင်းတန်းမှာ တစ်ကမ္ဘာလုံးအား ဖုံးလွှမ်းသွားခဲ့ပြန်လေသည်။

“အခုချိန်က ရှင်တို့အားလုံး ကြောက်လန့်ရမဲ့ အချိန်ပဲ”

မေ့ချန်းမန်သည် သွေးလ၏ ကြားခံအဖြစ် ပြုလုပ်ခဲ့ပြီး တစ်ကမ္ဘာလုံးအား အမှာင်ကျသွားစေခဲ့ပြီး သူတို့ဦးခေါင်းထက်ရှိ လခြမ်းကြီးကသာ ထူးဆန်းသော အနီရောင်အလင်းတန်းများ ထုတ်လွှတ်ပေးနေလေသည်။

လူတိုင်း ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ကြတော့ချေ။ သူတို့သည် မေ့ချန်းမန်နှင့် သူမအနောက်ရှိ သွေးနီလကို တွေ့မြင်ပြီးနောက် မျက်လုံးများ နီရဲလာကြပြန်လေသည်။ တစ်ချိန်တည်းတွင် သူတို့၏ မျက်လုံးများထဲ၌ သွေးနီလ၏ ပုံရိပ်မှေးမှေးလေး ပေါ်လာခဲ့လေသည်။

သူတို့အားလုံး သွေးနီလ၏ ရုပ်သေးရုပ်များ ဖြစ်သွားကြပြီဖြစ်သည်။ ရွှေကြာပန်း၏ အစွမ်းနှင့်ပင် မသန့်စင်နိုင်တော့ချေ။



ကောင်းကင်ထက်ရှိ ကြာပန်းမှာလည်း တစ်စုံတစ်ခုကြောင့် ပျက်စီးသွားပုံရသည်။ ဖော်မပြနိုင်သော ဆန်းကျယ်မှု အချို့ကြောင့် ၎င်း၏ ပွင့်ချပ်များ လျင်မြန်စွာ ညှိုးနွမ်းသွားခဲ့လေသည်။

အောက်ခြေမှ ကြာခုံသာ ကျန်ရှိခဲ့လေတော့သည်။ ထို့နောက် လူသွေးနှင့်တူညီသည့် သွေးရောင်အရည်များ ၎င်းအရိုးတစ်ခုလုံး ဖုံးလွှမ်းသွားလေသည်။

နောက်တစ်စက္ကန့်မျှအကြာတွင် ညှိုးနွှမ်းနေသော ကြာခုံ တောက်ပလာပြီး ပွင့်ချပ်အချို့ ထွက်ပေါ်လာခဲ့လေသည်။ သို့သော် ၎င်းမှာ သွေးနီရောင်ပွင့်ချပ်များ ဖြစ်နေပြီး အလွန်အမင်း နတ်ဆိုးဆန်လှပေသည်။

ကြာပန်းဖြူဂိုဏ်းမှ ဂိုဏ်းခေါင်း‌‌ဆောင်၏ အမူအရာ ဆိုးရွားသွားလေသည်။ သူ အရမ်းဂုဏ်ယူခဲ့သည့် နည်းစနစ်မှာ ထိုကဲ့သို့ သွေးနီလ၏ လွှမ်းမိုးမှုကို ခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဖူးပေ။

သွေးနီရောင်အလင်းတန်း ဖြန့်ကျက်လာသည်နှင့်အမျှ ကောင်းကင်ထက်မှ ကြယ်များ တစ်ဖြေးဖြေး မှေးမှိန်လို့သွားပြန်သည်။ အနက်ရောင်မြူခိုးများလည်း ပြန့်လွင့်လို့လာကာ ကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းပစ်လေသည်။

ထိုအခါ ကောင်းကင်ကြီးမှာ အနက်ရောင်အတိဖြစ်သွားခဲ့လေသည်။

ကြယ်တာရာဂိုဏ်းမှလူများ အခြေအနေ မကောင်းကြောင်း ရိပ်မိလိုက်ကြလေသည်။ သူတို့သည် သွေးအဆီအနှစ်များကို ကြယ်တာရာစက်ဝန်းပေါ်သို့ တင်လိုက်ပြီး သူတို့၏အစွမ်းကို မြင့်တင်လိုက်ကြလေသည်။ ကြယ်တာရာစက်ဝန်းမှ အလင်းရောင်များ တစ်ဖန် ပြန်လည်ထုတ်လွှတ်ခဲ့‌သော်လည်း အနက်ရောင်မြူခိုးများ၏ လွှမ်းမိုးမှုကို မကျော်လွှားနိုင်ချေ။

သူတို့၏မျက်နှာများ ဖြူဖျော့လို့သွားလေသည်။ ရုတ်တရက် ကြယ်တာရာစက်ဝန်း အဆက်မပြတ် တုန်လှုပ်လာကြသည်။ တစ်ခါတစ်ရံတွင် အနီရောင်အလင်းတန်းများ ထွက်ပေါ်လာတတ်ပြီး အထဲရှိ ကြယ်စွမ်းအင်များမှာ တုန်ယင်လို့နေလေသည်။ မတူညီသည့် စွမ်းအားနှစ်ခု တိုက်ပွဲဖြစ်ပွားနေပုံပင်။

ကြီးမားလှသော စွမ်းအားကြောင့် ကြယ်တာရာစက်ဝန်းပေါ်တွင် အက်ရာများ ပေါ်လာခဲ့လေသည်။ အားလုံး၏ မျက်နှာများ ဖြူဖျော့သွားကြကုန်သည်။

ဘန်း…

မျက်စိတစ်မှိတ်အတွင်း ကြယ်တာရာစက်ဝန်းမှာ အပိုင်းအစများအဖြစ် ပေါက်ကွဲထွက်သွားခဲ့လေသည်။ သွေးနီရောင်အလင်း၏ စွမ်းအားကို မခုခံနိုင်ခဲ့ကြချေ။ ကြယ်တာရာဂိုဏ်းမှ လူများသည်လည်း အတွင်းဒဏ်ရာရသွားကြသဖြင့် သွေးစိမ်းများ အန်ထုတ်လိုက်ကြရလေသည်။ ထို့နောက် သူတို့၏ မျက်လုံးများ နီမြန်းလာလေတော့သည်။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:54


"သတိထား… သူက အသိစိတ်လွတ်သွားပြီ ငါထင်တာမမှားရင် သူအခု နတ်ဆိုးတွေရဲ့ ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီထင်တယ်"

"ဒီအနက်ရောင်အငွေ့တွေက အတော်လေး ဆိုးရွားတယ်… အဲ့ဒါတွေက အတွင်းနတ်ဆိုး ထွက်ပေါ်လာအောင် လုပ်နိုင်တယ်"

ထိုတပည့်၏ မျက်ခုံးကြားသို့ ရွှေရောင်ကြာပန်းတစ်ပွင့် ပျံသန်းဝင်ရောက်သွားလေသည်။ ထိုအခါ ထိုတပည့်သည် သားရဲတစ်ကောင်အလား အော်ဟစ်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်နေသကဲ့သို့ ဖြစ်နေလေသည်။ ထို့နောက် မြောက်များစွာသော အနက်ရောင်အငွေ့များ သူ၏ခန္ဓာကိုယ်အတွင်းမှ ထွက်လာခဲ့လေသည်။

မြင်တွေ့လိုက်ရသည့် မြင့်ကွင်းကြောင့် လူတိုင်း ဆံပင်မျညး ထောင်ထသွားသည်လားဟု ခံစားလိုက်ရသည်အထိပင် ထိတ်လန့်သွားကြသည်။

ဂိုဏ်းခေါင်းဆောင်များ၏ အမူအရာများမှာ လေးနက်လို့နေသည်။

"အခြေအနေတွေကို ကြည့်ရသလောက်ပြောရရင် နတ်ဆိုးဒေသက သူတို့ရဲ့ နတ်လက်နက်ကို ထုတ်ယူလာမှာကို ငါစိုးရိမ်မိတယ်"

"နတ်ဆိုးဒေသက လူတွေက ရူးနေတာလား…သူတို့က လမ်းမှန်ဂိုဏ်းတွေနဲ့ စစ်ခင်းချင်နေတာလား"

"သူတို့က အရူးတွေ… သူတို့ မလုပ်ရဲတာ ရှိမယ်ထင်လို့လား"

"နတ်ဆိုးဒေသက လူတွေမှာ အကြံဆိုးတွေရှိတယ်… သူတို့က ငြိမ်းချမ်းရေးကို တကယ် ချိုး​ဖောက်ချင်နေကြပုံပဲ… နောက်ကွယ်မှာ အကြောင်းပြချက် အချို့ရှိတယ် ထင်တယ်"

မေ့ချန်းမန် အကြောက်အလန့်ကင်းကာ မာနကြီးစွာ ပြုမူနေသည်မှာ အံ့ဩစရာ မဟုတ်တန်ပေ။ သူမသည် လျှို့ဝှက်နယ်မြေထဲသို့ပင် အကြောက်မရှိ ဝင်ခဲ့သေးပေသည်။ ထိုသည်ကို ကြည့်ပါက သူမလက်ထဲတွင် နတ်လက်နက်ရှိနေကြောင်းကို မှန်းဆနိုင်ပေသည်။

"နတ်ဆိုးမ မင်းမှာ နတ်လက်နက်ရှိနေလို့ ငါတို့ကြောက်နေလိမ့်မယ်လို့တော့ မထင်လိုက်နဲ့" အလင်းရောင်ခန်းမမှလူများ ကြိမ်းဝါးလိုက်လေသည်။

မေ့ချန်းမန်တွင် ထူးကဲသော ပါရမီ အရည်အချင်းများ ရှိနေလျှင်ပင် နတ်လက်နက်၏ စွမ်းအားကို အစွမ်းကုန်ထုတ်သုံးနိုင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် မည်သူမျှ သူမကို မကြောက်လန့်ကြချေ။ အကယ်၍ သုမနေရာတွင် နတ်ဆိုးအရှင်သခင်သာ ရှိနေပါက ကြောက်မိကြပေလိမ့်မည်။

မေ့ချန်းမန်သာဆိုလျှင် ထိုမျှ ကြောက်မက်ဖွယ် မကောင်းနိုင်ပေ။

ရွှေကြာပန်းဂိုဏ်းခေါင်းဆောင် သူ၏လက်ကို ညှင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်ထက်တွင် ထူးဆန်းသော အရောင်အဝါများ ထုတ်လွှတ်နေသည့် ကြာပန်းကြီး ပေါ်လာခဲ့လေသည်။ ထိုအရောင်အဝါများမှာ အနက်ရောင်ချီများ၏ လွှမ်းမိုးမှုခံနေရသည့် တပည့်များထံသို့ ကျရောက်သွားခဲ့လေသည်။

ထို့နောက် ကျမ်းဂန်ရွတ်ဖတ်သံများ ထွက်ပေါ်လာကာ လူတိုင်း၏စိတ်ဝိဥာဥ်ကို သန့်စင်ပေးကာ အဆိုးမြင်စိတ်များကို ဖယ်ရှားပေးလေသည်။

မျက်လုံးများ နီရဲလို့နေပြီး နတ်ဆိုးအသွင်ပြောင်းနေသည့် တပည့်များ တုန်လှုပ်လာလေသည်။ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင်ဓာတ်ငွေ့များ အဆက်မပြတ် ထွက်ပေါ်လာပြီး သတိပြန်လည်လာခဲ့လေသည်။

ကြယ်တာရာဂိုဏ်းမှ လူများသည်လည်း သူတို့၏ နက္ခတ်တာရာစက်ဝန်းများကို ထုတ်ယူလိုက်ကြလေသည်။ ထို့နောက် ကြယ်တာရာစက်ဝန်းများကို အသက်သွင်းလိုက်သည့်အခါ ရုတ်တရက် ကောင်းကင်ထက်တွင် ကြယ်စင်တန်းကြီး ထွက်ပေါ်လာခဲ့ပြီး သွေးလနှင့် အနက်ရောင်အငွေ့များကို ဖုံးလွှမ်းသွားခဲ့လေသည်။

အခန်း (၁၈၇) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:54


အခန်း (၁၈၆) ကောင်းကင်ယံမှ သွေးနီရောင်လ

ကောင်းကင်ထက်တွင် သွေးလပေါ်လာခဲ့ပြီး နေရာတိုင်းအား လွှမ်းခြုံထားလေသည်။

ကြီးမားလှသော အန္တရာယ်တစ်ခု ကျရောက်လာသည်ကို ညွှန်ပြနေသည့်အလား ထူးဆန်းသော အနီရောင်အလင်းတန်းသည် တစ်ကမ္ဘာလုံးအား ဖုံးလွှမ်းလို့ထားလေသည်။

သွေးနီရောင်လအတွင်းမှ မရေမတွက်နိုင်သော အနက်ရောင်အရိမ်များ ထွက်ပေါ်လာခဲ့လေသည်။ ၎င်း အနက်‌ရောင်အရိပ်များမှာ နှစ်ပေါင်းထောင်ချီကြာအောင် ပိတ်လှောင်ခံထားရသည့် နာကြည်းမှုများ ပြည့်နှက်နေသော ဝိဉာဉ်များပင်ဖြစ်သည်။ ယခုတွင် ၎င်းတို့သည် လူသားကမ္ဘာပေါ်သို့ ဆင့်ခေါ်ခံခဲ့ရပြီဖြစ်ပြီး သူတို့နှင့်အတူ မကောင်းသောချီဓာတ်များ သယ်ဆောင်လာခဲ့လေသည်။

လူတိုင်း၏ နှလုံးသားများ အရိပ်အငွေ့များဖြင့် လွှမ်းခြုံသွားသလို ခံစားလိုက်ကြရလေသည်။

လေထဲတွင် အနက်ရောက်အငွေ့များ ပြည့်လျှံသွားခဲ့လေသည်။ “အနက်ရောင်အငွေ့တွေကို သတိထားကြ”

သွေးလကို မြင်တွေကြချိန်တွင် လူတိုင်း စိတ်မသက်မသာ ခံစားလာခဲ့၌ပြီး သူတို့၏ စိတ်အတွင်းတွင် အဆိုးမြင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။ သတ်ဖြတ်ချင်စိတ်များနှင့် အကြမ်းဖက်လိုစိတ်များ ပေါက်ဖွားလာကြသည်။ တပည့်အချို့ဆိုပါက မျက်လုံးများပင် နီမြန်းလို့နေပြီဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းလှသည့် တောင်လိုရာလို ပုံနေသော အလောင်းပုံကြီးနှင့် သွေးများဖြစ်သဖွယ် စီးဆင်းနေသည်ကို သူတို့ တွေ့မြင်လိုက်ကြရလေသည်။ သူတို့အားလုံးသည် အရိုးများပင် ဖြစ်နေသည့် သူတို့၏ မိတ်ဆွေများကို ကြည့်လိုက်မိကြလေသည်။

“သေကုန်ပြီ… အားလုံးသေကုန်ပြီ… လူတွေအားလုံး သေကုန်ပြီ”

တပည့်အချို့မှာ ခံနိုင်ရည်မရှိတော့သဖြင့် အသည်းအသန် အော်ဟစ်ကြလေသည်။

ထိုတပည့်များ မဆိုထားနှင့် အစွမ်းထက်လှသည့် ဂိုဏ်းခေါင်းဆောင်များပင် စိတ်မသက်မသာ ခံစားမိကြလေသည်။ “ဒီနတ်ဆိုးတွေက နတ်ဆိုးဒေသရဲ့ ထိပ်တန်းလက်နက်ကို ယူလာကြတာလား”

နတ်ဆိုးဒေသတွင် အင်မတန် အစွမ်းထက်လှသော လက်နက်တစ်ခုရှိပေသည်။ ၎င်းသည် အလွန်ကို အစွမ်းထက်လှပြီး မည်သူမျှ မမြင်ဖူးခဲ့ကြချေ။

သို့သော် ထိုလက်နက်သည် အတော်လေး အစွမ်းထက်လှသည့် လက်နက်ဖြစ်သောကြောင့် ထိုလက်နက်ကို အသုံးပြုရန် များစွာသော အခြေအနေများ လိုအပ်ပေသည်။ ထို့အပြင် နတ်ဆိုးဒေသမှလူများ စစ်ပွဲမစတင်လိုပါက လမ်းမှန်ဂိုဏ်းအတွင်းသို့ ထိုလက်နက်ယူလာစရာ အကြောင်းမရှိပေ။

လက်ရှိတွင် နတ်ဆိုးဒေသနှင့် ပဠိပက္ခများ အဆက်မပြတ် ဖြစ်ပွားနေသော်လည်း ကြီးမားသော အဖြစ်အပျက်များ မဖြစ်ပေါ်သေးချေ။ သို့သော် နတ်ဆိုးဒေသမှ ကြီးမားသော အဓိကရုဏ်းများ ဖြစ်ပေါအောင် လုပ်ဆောင်နေသည် ဟုတ်မဟုတ်ကို မည်သူမျှ အတပ်မပြောနိုင်ကြချေ။

လွှမ်းခြုံထားသော အနီရောင်အလင်းတန်းကြောင့် ဂိုဏ်းခေါင်းဆောင်များ အတော်လေး အားနည်းသွားဟု ခံစားမိခဲ့ကြသည်။

သွေးလမှာ အပြည့်အဝ ‌‌တောက်ပနေခြင်း မရှိသော်လည်း ၎င်းမှာ အတော်လေး အစွမ်းထက်နေပြီဖြစ်သည်။ အကယ်၍သာ အပြည့်အဝ တောက်ပစွာ ထွက်ပေါ်လာမည်ဆိုပါက မတွေးရဲဝံ့စရာပင်။

ကြာပန်းဖြူဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်၏ အမူအရာများ ပြောင်းလဲသွားပြီး "မကောင်းတော့ဘူး… သွေးလကို မပေါ်အောင် တားဆီးထားကြ" ဟု ကမန်းကတန်း ပြောလိုက်လေသည်။

အခြားသော ဂိုဏ်းခေါင်းဆောင်များသည်လည်း အလျင်အမြန် တုန့်ပြန်လာကြလေသည်။

သူတို့၏ ခန္ဓာကိုယ်အတွင်းမှ ဝိဥာဥ်စွမ်းအင်များကို ထုတ်လွှတ်လိုက်ကြကာ သွေးလဆီသို့ ပစ်လွှတ်လိုက်လေသည်။

ဘုန်း…

ကျယ်လောင်သော အသံကြီး ထွက်ပေါ်လို့လာကာ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့လေသည်။ သွေးနီရောင်လ၏ အရှိန်အဝါများ ​မှေးမှိန်သွားခဲ့ပြီး လေထဲတွင် ဝဲပျံနေသည့် အရိပ်များလည်း ပျံ့ကျဲသွားလေသည်။

"ငါတို့ အောင်မြင်သွားပြီလား"

လူလွန်းတိုင်း မေးလိုက်ကြလေသည်။ အတော်လေး လွယ်ကူလွန်းသောကြောင့် မယုံကြည်နိုင် ဖြစ်နေကြလေသည်။

သို့သော် နောက်တစ်စက္ကန့်အကြာတွင်တော့ အရိပ်မည်းများမှာ ပြန်လည်စုစည်းလို့ လာလေတော့သည်။

ကောင်းကင်ထက်မှ သွေးနီလသည်လည်း ထိခိုက်ခြင်း မရှိသောကြောင့် အနီရောင်အလင်းများ ပြန်လည်တောက်ပလာခဲ့လေသည်။ အနီရောင်အလင်းတန်းသည် အစောကထက် ပိုမိုတောက်ပလာခဲ့ပြီး မရေမတွက်နိုင်အောင် များပြားသော အနက်ရောင်အရိပ်များသည်လည်း အားလုံးအရှေ့တွင် ပျံသန်းလို့နေသည်။

မကောင်းဆိုးဝါးဆန်းကာ စိတ်ပျက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် နေရာတစ်ခုလုံးအား ဖုံးလွှမ်းလို့ထားပြီး ထိုအရှိန်အဝါများနှင့် ထိတွေ့သူတိုင်း အဆိုးမြင်စိတ်များ ပေါက်ဖွားလာပေလိမ့်မည်။ အစွမ်းထက်လှသည့် ဂိုပ်းခေါင်းဆောင်များသည်ပင် ထိုအကျိုးသက်ရောက်မှုကို ခံစားကြရပေသည်။

တပည့်များဆိုပါက ပို၍ဆိုးသော အခြေအနေများတွင် ရှိနေကြလေသည်။ အနက်ရောင်အငွေ့များမှာ သူတို့၏ခန္ဓာကိုယ်အား ရစ်ပတ်ကာ သူတို့၏ ဝိဥာဥ်အကာအကွယ်အတွင်းသို့ ဖောက်ဝင်လာသည်ကို မကာကွယ်နိုင်ခဲ့ကြချေ။

အချို့တပည့်များ၏ မျက်လုံးများဆိုပါက သွေးများစီးကျလာလုနီးပါး နီရဲလို့နေပြီး သူတို့၏နားထဲတွင် အသံတစ်ခုထဲကိုသာ ကြားနေခဲ့ရလေသည်။

သတ်ပစ်! သတ်ပစ်! သတ်ပစ်!

တပည့်တစ်ဦးသည် သူလက်ထဲမှ လက်နက်ကို မြှောက်ကိုင်ကာ သူ၏သူငယ်ချင်းအား ချိန်ရွယ်၍ တိုက်ခိုက်လိုက်လေသည်။

သူ၏သူငယ်ချင်းမှာ အလျင်မှီ တုန့်ပြန်နိုင်လိုက်သဖြင့် သေဘေးမှ လွတ်သွားခဲ့လေသည်။

"မင်းရူးလားကွ"

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:54


ထို့အပြင် ကြယ်တာရာဂိုဏ်းမှလည်း တိုက်ကွက်ကို ထုတ်ဖော်ခဲ့လေသည်။ ကောင်းကင်ထက်တွင် ကြယ်များ တစ်ဖျပ်ဖျပ် ထွက်ပေါ်လာကာ ကြယ်ခုနှစ်လုံး တစ်တန်းတည်း တန်းသွားခဲ့ပြီး အလွန်ကိုမှ လျှို့ဝှက်ဆန်းကျယ်လှသော ကြယ်တာရာစက်လုံးမှာ လူတိုင်းအရှေ့တွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အလွန်လျှို့ဝှက်ဆန်းကျယ်လှပြီး အဆုံးမဲ့စကြာဝဠာကြီးကိုပင် ၎င်းအတွင်းတွင် ဖော်ပြထားသကဲ့သို့ ဖြစ်နေလေသည်။

လူတိုင်း သူတို့၏ ထူးချွန်လှသော နည်းစနစ်များကို အသုံးပြုခဲ့ပြီး ဂိုဏ်းပေါင်းစုံမှ ဂိုဏ်းခေါင်းဆောင်များ စုဝေးတိုက်ခိုက်ခြင်းပင် ဖြစ်သည်။ ထိုမှ ထွက်ပေါ်နေသော အရှိန်အဝါများမှာ အင်မတန် ပြင်းထန်လှပြီး အဆင့်တက်သွားသည့် ရှီမင်းဇီ ထုတ်ဖော်ခဲ့သည့် အရှိန်အဝါထက်ပင် ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေသည်။

သူတို့သည် သူတော်စင်အဆင့် ရောက်ရှိနေကြပြီးဖြစ်သည်။ ထို့ကြောင့် ထိုစုပေါင်းတိုက်ခိုက်ချက်များ၏ အရှိန်အဝါများ သာမန်ကျင့်ကြံသူတစ်ဦးပေါ်သို့ ကျရောက်ခဲ့မည်ဆိုပါက ထိုလူအား သေပင်သေဆုံးသွားစေနိုင်ပေသည်။

မေ့ချန်းမန်သည်လည်း အနည်းငယ် စိတ်မသက်မသာ ခံစားမိခဲ့လေသည်။ သူမ၏ ပင်ကိုယ်စွမ်းရည်သာ ကောင်းမွန်ခြင်း မရှိပါက ၎င်းကို သူမ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။

သူသည် ထိုစိတ်ပျက်ဖွယ် အခြေအနေအား ကူရှီ မည်ကဲ့သို့ ဖြေရှင်းမည်နည်းကို သိချင်ပေသည်။

“အခုနေ မလှုပ်ရှားရင် အားလုံး သေသွားနိုင်တယ်‌နော်”

မေ့ချန်းမန်သည် ကူရှီအားကြည့်ကာ “သခင်လေးကူ ကျွန်မတို့ နတ်ဆိုးဒေသကို ဝင်မယ်ဆိုရင် ရှင့်ရဲ့ ရိုးသားမှုကို ဖော်ပြနိုင်မယ်လို့ ထင်ပါတယ်… ထျန်းဂျန်ဓားဂိုဏ်းက ရှီမင်းဇီကို တစ်ချက်တည်း အနိုင်ယူနိုင်တဲ့ ရှင်က နောက်ထပ် တိုက်ခိုက်ဖို့ ပြဿနာရှိမယ် မထင်ဘူး” ဟု ဆိုလိုက်လေသည်။

ထိုအချိန်တွင်ပင် သူမသည် ကူရှီ၏ အစစ်အမှန် စွမ်းရည်ကိုသိအောင် စမ်းသင်ချင်နေခဲ့ပေသည်။

ကူရှီသည်လည်း ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ပြရန် ဆန္ဒမရှိပေ။ “ငါတစ်ယောက်တည်း မကိုင်တွယ်နိုင်ဘူး အဲ့ဒါကို ကိုင်တွယ်ဖို့က လူများစွာရဲ့ အကူအညီလိုတယ်… ဒီက နတ်ဆိုးမိန်းမပျိုက ကျုပ်ကို အရမ်းအထင်ကြီးနေပုံပဲ”

သူ၏စကားမှာ မှန်တစ်ဝက်၊ မှားတစ်ဝက်ဖြစ်ပြီး မေ့ချန်းမန် ယုံ၏လော၊ မယုံ၏လော သူမသိပေ။

“အနာဂတ်မှာ အချိန်အများကြီး ကျန်ပါသေးတယ်လေ… ရှင် ကျွန်မတို့ နတ်ဆိုးဒေသကိုရောက်ရင် ရှင့်ရဲ့ ပါရမီအရည်အချင်းတွေကို ထုတ်ပြလာရမှာပါပဲ”

ကလင် ကလင် ကလင်…

မေ့ချန်းမန်သည် အချိန်မဖြုန်းနေတော့ပဲ သူမ၏ နှင်းဖြူရောင် လက်ကောက်ဝတ်လေးကို လှုပ်ရှားလိုက်လေသည်။ ထိုအခါ ဆည်းလည်းသံအချို့ ထွက်ပေါ်လို့လာလေတော့သည်။

ဆည်းလည်းသံသည် ဝေးကွာလှသော နေရာထိတိုင် ပျံ့နှံ့သွားခဲ့ပြီး နားမလည်နိုင်သော တည်ရှိမှုတစ်ခုက တုန့်ပြန်လာသကဲ့သို့ ပဲ့တင်သံ ထွက်ပေါ်လာခဲ့လေသည်။

တပည့်များအားလုံး သူတို့၏ နားစည်များမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ကြရလေသည်။

“ကောင်းကင်ကြီး မှောင်ကျသွားပြီ”

တစ်စုံတစ်ယောက်မှ အော်လိုက်လေသည်။ ကောင်းကင်ကြီး တစ်ဖြေးဖြေး မှောင်ကျလို့သွားပြီး မမြင်နိုင်သော ဖိအားတစ်ရပ်မှာ နေရာအနှံ့အပြား လွှမ်းခြုံသွားခဲ့လေသည်။ လူတိုင်း နားမလည်နိုင်သော ခံစားချက်များကို ခံစားနေကြရသည်။

လေအေးများ တိုက်ခတ်လို့လာပြီး ကောင်းကင်အထက်မှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ အနီရောင်အလင်းတန်း မြေပြင်ပေါ်သို့ သက်ဆင်းလာသည်နှင့် လူတိုင်း၏ လှုပ်ရှားမှုများ နှေးကွေးသွားလေသည်။

၎င်းမှာ ကြီးမားလှသော သွေးနီရောင်လကြီးပင် ဖြစ်သည်။ ယခင်က သူတို့မြင်ဖူးသည်ထက်ပင် ပိုမိုရှင်းလင်ကာ ကြီးမားလှပေသည်။ ၎င်းလကြီးသည် ကောင်းကင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းလို့ထားပြီး အဆုံးသတ်ကိုပင် မမြင်ရလုနီးနီး ကြီးမားလှလေသည်။

သွေးနီလထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေရာအနှံ့အပြားမှ အော်ဟစ်သံများ ပျံ့နှံ့လို့လာလေတော့သည်။

လူတိုင်း ဖော်မပြနိုင်သော အကြောက်တရား၏ လွှမ်းခြုံမှုကို ခံစားလိုက်ကြရလေတော့သည်။

“ဒီ… ဒီဟာက ဘာကြီးလဲ”

အခန်း (၁၈၆) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:54


အခန်း (၁၈၅) တိုက်ပွဲမှ ထျန်းဂျန်ဓားဂိုဏ်း နှုတ်ထွက်ခြင်း၊ နတ်ဆိုးဒေသအတွင်းသို့ အမှန်တကယ် ဝင်‌ရောက်သွားသည့် ကူရှီ

ထျန်းဂျန်ဓားဂိုဏ်းမှ တပည့်များသည်လည်း အလျင်အမြန် ပြောင်းလဲသွား‌သော ရှီမင်းဇီအား ထူးဆန်းသည်ဟု ထင်မိကြသော်လည်း နတ်ဆိုးဒေသမှ လူများကြောင့် ထိုသို့ဖြစ်ခြင်း ဖြစ်မည်ဟု လူတိုင်းထင်ခဲ့ကြသည်။

ကူရှီသည် နတ်ဆိုးဒေသနှင့် အမှန်တကယ် ပက်သက်နေပုံရပြီး သူ့အတွက် တိုက်ခိုက်ပေးမည် ဆိုပါက တစ်ကမ္ဘာလုံး၏ ပြစ်တင်ရှုံ့ချခြင်းကို ခံရပေလိမ့်မည်။

ဂိုဏ်းကြီးများသည်လည်း ရှီမင်းဇီ နောက်ဆုတ်သွားသည်ကို မြင်သောအခါမှသာ သက်ပြင်းချနိုင်ကြလေသည်။ ထျန်းဂျန်ဓားဂိုဏ်းသာ နတ်ဆိုးဒေသနှင့် မဟာမိတ်ဖြစ်သွားပါက ကိုင်တွယ်ရန် အမှန်တကယ် ခက်ခဲသွားပေလိမ့်မည်။

ကံကောင်းထောက်မစွာဖြင့် ထိုမျှအထိ မဖြစ်သွားခဲ့ချေ။

ထျန်းဂျန်ဓားဂိုဏ်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ‌မေ့ချန်းမန် ဂုဏ်ယူဝံ့ကြွားစွာပြုံး၍ ပြောလိုက်လေသည်။ “သခင်လေးကူရဲ့ ဆုံးဖြတ်ချက်ကကော ဘာများလဲရှင့်”

ကူရှီ၏ အမူအရာမှာ ပြောင်းလဲခြင်း မရှိချေ။ “မင်းပြောကြည့်လေ ငါ့မှာ ‌‌ရွေးချယ်စရာရှိတယ် ထင်လို့လား”

မေ့ချန်းမန် အတောက်ပဆုံးပြုံးကာ “သခင်လေးကူ နတ်ဆိုးဒေသကို ဝင်ရောက်လာတာကို နတ်ဆိုးဒေသကိုယ်စား ကြိုဆိုလိုက်ပါတယ်ရှင့်” ဟု ဆိုလိုက်၏။

သူတို့နှစ်ဦးသည် အနားတွင် မည်သူမျှ မရှိသည့်အလား စကားပြောနေသည်ကို မြင်သောအခါ အခြားဂိုဏ်းကြီးများ ဒေါသမထွက်ပဲ မနေနိုင်ကြတော့ချေ။

“သောက်နတ်ဆိုးတွေ ငါတို့ကို မျက်ကန်းတွေများ ထင်နေတာလား”

“မင်းတို့အား ဒီနေရာရောက်လာမှတော့ လွတ်ဖို့မတွေးနဲ့တော့”

မေ့ချန်းမန်သည် သူတို့၏ ကြမ်းတမ်းသော စကားလုံးများကို စိတ်ထဲပင် မထားခဲ့ချေ။ သူမသည် မျက်လုံးများကို မှိတ်လိုက်ဖွင့်လိုက်လုပ်ကာ “ရှင်တို့က အတော်လေး ဆူညံပူညံ လုပ်ကြတာပဲ” ဟု ပြောလိုက်လေသည်။

နတ်ဆိုးဒေသမှလူများ မောက်မာနေသည်ကို မြင်သောအခါ ရှေးဟောင်းဂိုဏ်းခေါင်းဆောင် မနေနိုင်တော့ချေ။ “သောက်နတ်ဆိုး အရမ်းတွေ မောက်မာမနေနဲ့”

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့် မရေမတွက်နိုင်သော ဝိဉာဉ်စွမ်းအားများ စုဝေးလို့လာလေသည်။ ကြီးမားသော လက်တစ်စုံ လေထဲတွင် ပေါ်လာလေ၏။ အလွန်ကိုမှ စွန်းအားကြီးမားလှဟန်ရှိပြီး ကူရှီနှင့် မေ့ချန်းမန်တို့အား ဖမ်းဆုပ်လိုက်လေသည်။

သို့သော် ထိုလက်များ သူတို့အနား မရောက်ခင်တွင် ကူရှီသည် သူ၏ဓားကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်လေသည်။ ပြင်းထန်လှသော ဓားစိတ်ဆန္ဒ ထွက်ပေါ်လို့လာပြီး လက်များအား ပိုင်းဖြတ်သွားလေသည်။ ထိုအကျိုးသက်‌ရောက်မှုကြောင့် ရှေးဟောင်းဂိုဏ်းခေါင်းဆောင်ပင် နောက်သို့ခြေလှမ်းတစ်ဝက် ဆုတ်လိုက်ရလေသည်။

ကူရှီသည် ရှေးဟောင်းဂိုဏ်းခေါင်းဆောင်၏ တိုက်ခိုက်မှုအား အလွယ်တကူ တားဆီးသွားသည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း ထိတ်လန့်သွားကြကုန်လေသည်။ သို့သော် ၎င်းမှာ ရှေးဟောင်းဂိုဏ်းခေါင်းဆောင်တစ်ဦးတည်း တိုက်ခိုက်ခြင်းသာ ဖြစ်သည်။

ရှေးဟောင်းဂိုဏ်းခေါင်းဆောင်မှ အခြားလူများကို ကြည့်လိုက်ကာ “မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ… အခွင့်အရေးရတုန်း နတ်ဆိုးဒေသက လူတွေကို တစ်ကြိမ်တည်းနဲ့ ရအောင်ဖမ်းဆီးကြ” ဟု ပြောလိုက်လေသည်။

အခြားသော ဂိုဏ်းများသည်လည်း ကူရှီတို့ အခွင့်အရေးရကာ လွတ်မြောက်သွားမည်ကို မလိုလားကြပေ။

ထိုတိုက်ပွဲတွင် ထျန်းဂျန်ဓားဂိုဏ်းမှလွဲ၍ အခြားသော ဂိုဏ်းများအားလုံးကို အတင်းအကြပ် မစေခိုင်းပဲ ဝင်ရောက်ခဲ့ကြလေသည်။ ထျန်းဂျန်ဓားဂိုဏ်းမှာ တိုက်ပွဲတွင် လုံးဝ မပါဝင်ခဲ့ချေ။ အကယ်၍ နတ်ဆိုးဒေသမှ လူများ မပေါ်လာပါက သူတို့အားလုံး ထျန်းဂျန်ဓားဂိုဏ်းနှင့် တိုက်ခိုက်ရလိမ့်မည် ဖြစ်သည်။

…..

ကောင်းကင်ထက်တွင် ကမ္ဘာကြီးကိုပင် လွှမ်းခြုံထားနိုင်သည့် ရွှေကြာပန်းကြီး ထွက်ပေါ်လာခဲ့ပြီး လေထဲတွင် ကျမ်းဂန်ရွတ်ဆိုသံများ ပျံ့ဝဲလို့နေလေသည်။ ထိုသည်မှာ ကြာပန်းဖြူဂိုဏ်းမှ တိုက်ခိုက်ချက်ဖြစ်ပြီး လက်ရှိတွင် ကြာပန်းဖြူဂိုဏ်းခေါင်း‌ဆောင်သည် ဘုရားရှင်နှင့်ပင် တူညီလို့နေသည်။

သူ၏ အကြည့်များသည် ကူရှီထံသို့ ကျရောက်သွားခဲ့ပြီး အေးစက်စွာ ပြောလိုက်လေသည်။

“နှိမ်နင်းလိုက်စမ်း”

သူ၏အောက်ရှိ ကြားပန်းကြီးမှာ တန်ခိုးကြီးမားလှသော အရောင်အဝါများ ထုတ်လွှတ်ကာ ကူရှီနှင့် အခြားလူများထံသို့ ပြေးဝင်လာခဲ့လေသည်။ ကမ္ဘာပေါ်မှ သက်ရှိအားလုံးကို နှိမ်နင်းပစ်လိုက်တော့မည့် အလားပင်။

တစ်ချိန်တည်းမှာပင် ပုံရိပ်ယောင်နတ်ဘုရားခန်းမသည်လည်း သူတို့၏ အစွမ်းထက်ဆုံး သိုင်းကွက်ဖြစ်သည့် ဆင်နတ်ဘုရားအပြစ်ပေးခြင်းကို အသုံးပြုခဲ့လေသည်။

ကောင်းကင်ကြီးမှာ ရုတ်တရက် မှောင်ကျသွားခဲ့ပြီး ဆင်ကြီးတစ်ကောင် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ နေရာအနှံ့တွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းလို့နေပြီး ဆင်ကြီးသည် အနက်‌ရောင်မီးတောက်များ အကြားမှ ထွက်ပေါ်လာခဲ့လေသည်။ ၎င်းဆင်ကြီးသည် အလွန်အင်မတန် ကြောက်မက်ဖွယ်ကောင်းသော အရောအဝါများကို သယ်ဆောင်လို့လာသည်။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:53


မေ့ချန်းမန်သည် ကူရှီအနားကပ်ကာ “ရှင်မသေချင်သေးရင် ဒီနည်းလမ်းကိုပဲ ‌ရွေးချယ်ရမှာလေ” ဟု ပြောလိုက်လေသည်။

သူမသည် အပြစ်ကင်းသည့် ပုံစံဖြင့် ပြုံးနေသော်လည်းပဲ သူမ၏ စကားများမှာ အတော်လေး ကြမ်းတမ်းလှသည်။ သူမသည် ကူရှီအား ပြေးပေါက်မရှိအောင် ချောင်ပိတ်နိုင်ခဲ့ပြီဖြစ်သည်။

ကူရှီနှင့် မေ့ချန်းမန်တို့၏ အပြုအမူများနှင့် အကြည့်များကို သေချာအကဲခတ်ပြီးနောက် ကူရှီသည် နတ်ဆိုးဒေသနှင့် အမှတ်တကယ် အဆက်အသွယ် ရှိသည်ဟု ကောက်ချက်ချလိုက်ကြလေသည်။

“တာအိုရောင်းရင်းကူ မင်း နတ်ဆိုးဒေသကလူတွေ ဆွဲဆောင်တာကို လက်မခံလိုက်ပါနဲ့… ကျွန်တော်တို့ ထျန်းဂျန်ဓားဂိုဏ်းက ဒီကနေ လွတ်မြောက်နိုင်အောင် အသက်ပင်သေသေ ကာကွယ်ပေးသွားမှာပါ… ဒါပေမဲ့ နတ်ဆိုးဒေသနဲ့ ပက်သက်မယ်ဆိုရင်တော့ လုံးဝ ကာကွယ်ပေးမှာ မဟုတ်ဘူး… နတ်ဆိုးဒေသက လူတွေက အင်မတန် ကြမ်းကြုတ်ပြီး အပြစ်ပေးခံရသင့်တဲ့ လူတွေသာ ဖြစ်တယ်”

“ဒါကြောင့် လမ်းမှား မလိုက်ပါနဲ့” ရှီမင်းယူမှ ပြောလိုက်လေသည်။

ထျန်းဂျန်ဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည့် ရှီမင်းယူသည် ကူရှီနှင့် နတ်ဆိုးနယ်မြေ မည်သို့မျှ အဆက်အသွယ် မရှိကြောင်းကို သေချာသိပေသည်။ ဂိုဏ်းကြီးများမှလူများ ကူရှီထံမှ မူလပျက်သုန်းခြင်း နယ်မြေကို လိုချင်သောကြောင့် ထိုအကြောင်းပြချက်ကို ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။

လူအများ၏ လောဘကြောင့် မှားယွင်းခဲ့ကြခြင်းဖြစ်သည်။

သူ့အနေဖြင့် ပုံမှန်အတိုင်း ဆိုပါက အခြားဂိုဏ်းမှ လူများ၏ဆန္ဒကို ဆန့်ကျင်ကာ ကူရှီအား အသက်သေသည်အထိ ထောက်ခံကာကွယ်ပေးခဲ့လျှင်ပင် သူ၏ဂိုဏ်းဂုဏ်သိက္ခာအား လုံးဝ ထိခိုက်လိမ့်မည် မဟုတ်ချေ။

သို့သော် ကူရှီ နတ်ဆိုးဒေသနှင့် လက်တွဲသွားပါက မတူတော့ပြီဖြစ်သည်။

အကယ်၍ ကူရှီသာ နတ်ဆိုးဒေသနှင့် ပူးပေါင်းခဲ့ပါက ထျန်းဂျန်ဓားဂိုဏ်းသည် နတ်ဆိုးဒေသမှ သူလျှိုအား ကာကွယ်ပေးသည်ဟု သတင်းထွက်ခဲ့မည်ဖြစ်ကာ နှစ်ပေါင်းထောင်ချီ ကျော်ကြားခဲ့သည့် သူတို့၏ ဂိုဏ်းဂုဏ်သတင်း ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

မေ့ချန်းမန်သည် အေးစက်စက် အမူအရာဖြင့် ရှီမင်းယူအား လှမ်းကြည့်ကာ ပြောလိုက်လေသည်။ “ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ကျွန်မ သတိပေးချင်တယ်… ပြဿနာတွေကို ပိုရှုပ်ထွေးအောင် မလုပ်ပါနဲ့… ကျွန်မတို့ နတ်ဆိုးဒေသက ဆိုးတယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း လုပ်တယ်… ရှင်တို့လို ကြောင်သူတော် ကြွက်သူခိုး မလုပ်ဘူး”

ထိုအခိုက် ကူရှီ၏ အကြည့်များသည် ရှီမင်းဇီအပေါ်သို့ ကျရောက်သွားခဲ့လေသည်။ ခဏကြာသည်အထိ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီးနောက် နှစ်ယောက်သား အကြည့်များ လွှဲသွားကြကုန်လေသည်။

ရှီမင်းယူ တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သည့် အချိန်တွင် ရှီမင်းဇီမှ တားလိုက်လေသည်။ သူသည် ခေါင်းကိုညှင်သာစွာ ခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။ “အစောက ငါမှားသွားခဲ့ပုံပဲ… မတူညီတဲ့ လမ်းစဉ်တွေက မတူညီတဲ့ လမ်းကြောင်းကို ဖြစ်ပေါ်သွားစေနိုင်တယ်”

အဖြစ်အပျက်များမှာ လူတိုင်းကို စိတ်ရှုပ်သွားစေခဲ့လေသည်။

အစောပိုင်းက ရှီမင်းဇီသည် ဘက်ပြောင်းကာ ကူရှီအား အသက်နှင့်ရင်း၍ ကာကွယ်ကာ လွတ်မြောက်အောင် လုပ်ပေးမည်ဟု ပြောခဲ့ဖူးပေသည်။ အစပိုင်းတွင် လူတိုင်းက သူနှင့် စကားပြောဆိုရာတွင် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့ကြသော်လည်း ထိုမျှမြန်မြန် ရှီမင်းဇီ စိတ်ပြောင်းလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြချေ။

တစ်ဖက်မှ ရှီမင်းယူ ထိတ်လန့်သွားခဲ့လေသည်။ သူသည်လည်း ရှီမင်းဇီ ထိုသို့ပြောလိမ့်မည်ဟု မထင်ထားခဲ့ပုံပင်။

ရှီမင်းဇီသည် ရှီမင်းယူထံတွင် မေးခွန်းများရှိနေသည်ကို နားလည်သဖြင့် ခေါင်းညိတ်ကာ “နောက်မှ ငါရှင်းပြမယ်” ဟု ဆိုလိုက်လေသည်။

ထို့နောက် မည်သည်မှ မပြောတော့ဘဲ အနောက်သို့သာ ဆုတ်သွားလေတော့သည်။

အခန်း (၁၈၅) မျှော်…။

အသန့်စင်ဆုံးသော ခန္ဓာကိုယ်သန့်စင်ခြင်းစနစ်

18 Oct, 04:53


အခန်း (၁၈၄) မင်းက တကယ်ကို နတ်ဆိုးတွေနဲ့ အဆက်အသွယ် ရှိနေတာပဲ

မေ့ချန်းမန်၏ စကားများမှာ အတော်လေး ရိုင်းလှသောကြောင့် ဂိုဏ်းများမှလူများ ဒေါသထွက်ကုန်ကြလေသည်။

“နတ်ဆိုးမကများ ငါတို့ကို ကျိန်ဆဲနေတယ်တဲ့လား”

“ဘာလဲ ကျွန်မပြောတာ မှားသွားလို့လား” ဟု မေ့ချန်းမန် တုန့်ပြန်လိုက်၏။

ထို့နောက် မေ့ချန်းမန်၏ အကြည့်များသည် ကူရှီအပေါ်သို့ ကျရောက်သွားခဲ့လေသည်။ “တာအိုရောင်းရင်းကူ ကျွန်မတို့ရဲ့ခင်မင်မှုကြောင့် ကျွန်မ ရှင့်ကို အသက်စွန့်ပြီး လာကယ်ပြီ”

မေ့ချန်းမန်၏စကားမှာ အတော်လေး ရှင်းလင်းပြန်သားလှသဖြင့် လူတိုင်း ကြားလိုက်ရပြီး အမူအရာများ ပြောင်းလဲသွားကြကုန်လေသည်။

“ဘာလဲ ကူရှီက တကယ်ကြီး နတ်ဆိုးဒေသက လူတွေနဲ့ အဆက်အသွယ် ရှိတာလား”

ဂိုဏ်းများစွာမှ လူများသည် ကူရှီအား အစောပိုင်းကကဲ့သို့ သနားညှာတာစိတ် မရှိတော့ပဲ အမြန်ဆုံး ရှင်းလင်းပစ်ရန်သာ ဆန္ဒရှိနေပြီး ကူရှီအား စူးစိုက်ကြည့်နေခဲ့ကြလေသည်။

နတ်ဆိုးဒေသသည် လမ်းမှန်ဂိုဏ်းများ အလွန်အမင်း ရွံ့ရှာကြသည့် အပြုအမူများကို ပြုလုပ်ကြလေသည်။ ထို့အပြင် နတ်ဆိုးဒေသမှ ကျင့်ကြံသူအချို့သည် အလွန်နတ်ဆိုးဆန်သည့် ကျင့်စဉ်များကိုလည်း ကျင့်ကြံလေရှိကြသည်။ သူတို့သည် ကျင့်ကြံသူများနှင့် သေမျိုးများ၏ သွေးအိုင်ထဲတွင်စိမ်ကာ သူတို့၏ ခွန်အားများ တိုးလာအောင် ပြုလုပ်တတ်ကြပေသည်။

ထို့ကြောင့် လမ်းမှန်ဂိုဏ်းများသည် ထိုနတ်ဆိုးဒေသမှ လူများကို အလျင်အမြန် ဖယ်ရှားပစ်ရန် လိုလားကြပေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စောင့်ကြည့်ရန်သာ ရွေးချယ်ခဲ့ကြရပေသည်။ နောက်ဆုံးတွင် တိုက်ပွဲကို ရပ်တန့်ကာ ခက်ခက်ခဲခဲ ငြိမ်းချမ်းရေး ယူခဲ့ကြလေသည်။

ငြိမ်းချမ်းရေး ကာလတစ်လျှောက်လုံး နှစ်ဦးနှစ်ဖက် ကြီးမားသော စစ်ပွဲများ မဖြစ်ခဲ့သော်လည်း သဘောထားကွဲလွဲမှုများ ရှိခဲ့လေသည်။ ထို့အပြင် နတ်ဆိုးဒေသသည် လမ်းမှန်ဂိုဏ်းများနှင့် အတော်လေး ဝေးလံသည့် နေရာတွင် တည်ရှိနေခြင်း ဖြစ်သောကြောင့် စစ်မက်ဖြစ်ပွားရန် မလွယ်ကူလှချေ။

“ငါသိနေတယ်… ကူရှီတစ်ယောက်တည်းဆို မူလပျက်သုန်းခြင်း နယ်မြေကို ဘယ်လိုလုပ် ရယူနိုင်မှာလဲ… နတ်ဆိုးဒေသက သူ့ကို ကူညီပေးနေတာပဲ ဖြစ်မယ်ဂ

“ဒီကောင်က ကျုပ်တို့ လမ်းမှန်ဂိုဏ်းထဲကို နတ်ဆိုးဒေသက ပို့လွှတ်ထားတဲ့ သူလျှို့များဖြစ်နေမလား”

ကူရှီသည် ပြုံးနေသော မေ့ချန်းမန်အား ကြည့်ကာ ပြောလိုက်လေသည်။ “ငါတို့ကြားမှာ ဘယ်လိုပက်သက်မှုမျိုး ရှိနေလို့လဲ”

…..

“ပက်သက်မှုတဲ့လား… ဟုတ်တာပေါ့ ကျွန်မတို့က လျှို့ဝှက်နယ်မြေထဲမှာ ဝင်္ကပါကို အတူတူ ဖျက်စီးခဲ့တဲ့ ပက်သက်မှုမျိုးလေ”

ကူရှီနှင့် မေ့ချန်းမန်ကြားတွင် မည်သို့သော ပက်သက်မှုမျိုးမှ မရှိချေ။ အားလုံးမှာ အပေါ်ယံ ဟန်ဆောင်နေမှုသာ ဖြစ်သည်။ ထိုမိန်းကလေးသည် နောက်ဆုံးအချိန်တွင် သူ့အား ရက်စက်စွာ လှည့်စားသွားခဲ့ပေသည်။ သူ၏ ကံကောင်းမှုနှင့် စနစ်ကြောင့်သာ မဟုတ်ပါက သူသေသည်မှာ ကြာလှပြီဖြစ်သည်။

သို့သော် ယခု သူမည်သည်ကို ပြောသည်ဖြစ်စေ တစ်ဖက်ပိတ် ကျင့်ကြံသူများက သူ့ကို ယုံလိမ့်မည် မဟုတ်ချေ။

ကူရှီ ဖျော့တော့စွာ ပြုံးလိုက်လေသည်။ မေ့ချန်းမန်သည် အတော်လေး အကွက်ကျကျ လှုပ်ရှားသွားခဲ့ခြင်းပင် ဖြစ်သည်။

“မင်း ငါ့ကို ကျင့်ကြံသူအားလုံးနဲ့ ဆန့်ကျင်ဘက်ဖြစ်အောင် လုပ်လိုက်တာပဲ… ဒီတစ်ကြိမ်တော့ ငါတကယ်ကို တစ်ကမ္ဘာလုံးနဲ့ ရန်သူဖြစ်လာပြီထင်တယ်”

မေ့ချန်းမန်၏ မျက်လုံးလေးများ လှုပ်ရှားသွားခဲ့လေသည်။ သို့သော် သူမ၏ အကြံအစည်အား ထုတ်ဖော်ပြရန် ရည်ရွယ်ချက် မရှိပေ။

“သခင်လေးကူ အဲ့လိုကြီး မပြောပါနဲ့လား… နတ်ဆိုး‌ဒေသက သခင်လေးအတွက်ဆို တံခါးဖွင့်ထားပြီးသားပါနော်… ဒီစကားတွေက တစ်သက်လုံးအတွက် တည်မြဲနေမှာပါ… အားလုံးက သခင်လေးကူရဲ့ စကားအပေါ်ပဲ မူတည်ပါတယ်”

ထို့စကားပြောပြီးသည့်နောက် မေ့ချန်းမန်သည် လမ်းမှန်ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များကိုကြည့်ကာ လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်လေသည်။

“သခင်လေး သေချာစဉ်းစားဖို့တော့ လိုတယ်နော်… မဟုတ်ရင် ဒီလူအုပ်ကြီးက အရှင်လတ်လတ် အရေခွံနွှာလိမ့်မယ်”

ကူရှီသည် သူ၏အရှေ့ရှိ မေ့ချန်းမန်ကို ကြည့်လိုက်လေသည်။ ထိုမိန်းကလေးသည် အင်မတန် ယုတ်မာကာ အကြံပက်စက်သည့် အဆိပ်ပြင်းမြွေပွေးမပင် ဖြစ်သည်။

သူ၏ လက်ရှိ အခြေအနေမှာ စုပ်လည်းဆူး၊ စားလည်းရူး အခြေအနေသို့ ‌ရောက်ရှိနေပြီ ဖြစ်သည်။ လမ်းမှန်ဂိုဏ်းများနှင့် ဆက်လက်တိုက်ခိုက်နေလျှင် လွတ်မြောက်ရန် လမ်းစမရှိချေ။ နတ််ဆိုးဒေသသို့ ဝင်မည်ဆိုပါကလည်း အသက်ရှင်ရန် အခွင့်အရေးမှာ တကယ်ကို နည်းပါးလှသည်။

သို့သော် ကူရှီတွင် ရွေးချယ်စရာ နည်းလမ်းတစ်ခုသာ ရှိပေတော့သည်။ ထိုသည်မှာ နတ်ဆိုးဒေသသို့ ဝင်ရောက်ရန်ပင် ဖြစ်သည်။

ကူရှီသည် ‌မေ့ချန်းမန်အား မပြောင်းလဲသော အမူအရာဖြင့် ပြောလိုက်လေသည်။ “င့ါမှာ ရွေးချယ်စရာရှိတယ် ထင်လို့လား”

ကူရှီ ထိုစကားပြောလိုက်သည့်အချိန်တွင် သူ၏မျက်လုံးအတွင်းမှ အလင်းတန်းတစ်ခု ဖြတ်ခနဲ လက်သွားခဲ့လေသည်။

‌မေ့ချန်းမန်သည် သူ့အတွက် သေလမ်းများ အထပ်ထပ် တူးဖော်ထားပြီးဖြစ်သည်ကို ကူရှီသိပေသည်။ ထို့ကြောင့် ငြင်းနေလျှင်လည်း နောက်ထပ် တစ်နည်းဖြင့် သေလမ်းပို့ဦးမည် ဖြစ်သည်။