OJEIC(Okayama University Japan Educational Information Center)

@ojeicmyanmar


"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

OJEIC(Okayama University Japan Educational Information Center)

22 Oct, 06:33


🎉APU မှာ ဘွဲကြိုတန်း လျှောက်ထားလိုတဲ့ မြန်မာကျောင်းသားကျောင်းသူတွေအတွက် ~Information of APU Undergraduate Program & Panel Discussion

💁🏻‍♀️ဒီWebinar မှာဆိုရင် APU ရဲ့ တာဝန်ရှိသူတွေက ကျောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တဲ့ ကောလိပ်၊ ပညာသင်ဆုထောက်ပံံကြေး စတဲ့အကြောင်းအရာတွေအပြင် ကျောင်းလျှောက်ရာမှာ လိုအပ်တဲ့အချက်အလက်တွေကို ရှင်းလင်း ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ APUမှာ လက်ရှိတက်ရောက်နေတဲ့မြန်မာကျောင်းသား(၆)ယောက် ပါဝင်ဆွေးနွေးမဲ့ Panel Discussion လည်းပါဝင်သွားမှာဖြစ်ပြီး၊ မေးလိုရာမေးမြန်းနိုင်မဲ့ Q&A session လည်းပါဝင်သွားမှာဖြစ်ပါတယ်။

🤗Webinar ကို မြန်မာဘာသာဖြင့် ကျင်းပပေးသွားမှာဖြစ်ပြီး၊ APU မှာ ဘွဲကြိုတန်းလျှောက်ထားလို မြန်မာကျောင်းသားကျောင်းသူတွေအတွက် အခွင့်အရေးကောင်းဖြစ်တာကြောင့် ဆက်ဆက်ပါဝင်ဆင်နွှဲကြဖို့ တိုက်တွန်းချင်ပါတယ်။

🔺Date : Oct 24, 2024 (Thursday)
🔺Time : 5:00 pm ~ 6:30 pm (MMT)

📩အခမဲ့ပါဝင်ဆင်နွှဲဖို့ အောက်ပါလင့်ခ်ကတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါပြီ။
https://apply.admissions.apu.ac.jp/register/20241024myanmar

OJEIC(Okayama University Japan Educational Information Center)

22 Oct, 03:08


🌟Virtual Study Fair at Kyushu University🌟

⭐️ဂျပန်နိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအစိုးရ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyushu University မှာ ဘွဲ့လွန်တန်းတက်ရောက်ဖို့ စိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေအတွက် နိုဝင်ဘာလ ၁ရက်နေ့မှာ Online Study Fair ကိုကျင်းပပေးသွားမှာဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် Kyushu Universityမှာ ပညာသင်ယူနိုင်ဖို့ လိုအပ်တဲ့ Admission Process အကြောင်း၊ MEXT Scholarships အကြောင်းနဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် Career Support အကြောင်းတွေကို ပြောကြားပေးသွားမှာဖြစ်လို့ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🍀ပွဲကိုတော့ အပိုင်း၂ ပိုင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 1st Session မှာ Kyushu University အကြောင်းမိတ်ဆက်၊ နိုင်ငံတကာကျောင်းသားကျောင်းသူ၃ယောက်ရဲ့ပညာတော်သင်အတွေ့အကြုံ နဲ့ အလုပ်အကိုင်ရှာဖွေရေးအတွက် ဘယ်လိုအထောက်အပံ့တွေ ပေးနေလဲဆိုတာကို ပြောကြားပေးသွားမှာဖြစ်ပါတယ်။2nd Session မှာတော့ Kyushu University ရဲ့ Graduate School ၈ခုအကြောင်းကို အသေးစိတ် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

📅Date: November 1 (Fri), 2024
⏲️Time: 1:30 pm – 3:30 pm (Myanmar time)

📚Program
☆1st session (1:30 pm to 2:30 pm)
🌸Overview of Kyushu University, Students’ Voice
🌸Introduction of job-hunting Support for International Students

☆2nd session (2:30 pm to 3:30 pm)
🌸Group A: Graduate School of Integrated Sciences of Global Society
🌸Group B: Graduate School of Science, Graduate School of Systems Life Sciences
🌸Group C: Graduate School of Engineering, Graduate School of Information Science and Electrical Engineering, Interdisciplinary Graduate School of Engineering Sciences
🌸Group D: Graduate School of Design
🌸Group E: Graduate School of Bioresource and Bioenvironmental Sciences

📌💬Kyushu University ရဲ့ ဘွဲ့လွန်တန်းမှာ ပညာသင်ယူနိုင်ဖို့အတွက် အခွင့်အရေးကောင်းဖြစ်တာ‌ကြောင့် လက်လွှတ်မခံဘဲ အောက်ပါလင့်ခ်ကနေ အခမဲ့စာရင်းပေးသွင်းပြီး ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Registration: https://kyushu-u-ac-jp-global.zoom.us/webinar/register/WN_TR9BiPW-RbO00J-z7X7tcA

Kyushu University Web Page:
https://www.isc.kyushu-u.ac.jp/intlweb/en/event/fair
Facebook:
https://www.facebook.com/Kyushu-University-Inbound-Team-102509684991241

“Study in Japan”နဲ့ပတ်သက်တဲ့အကြောင်းတွေကို Telegramမှာလည်း ဖတ်နိုင်ပါပြီ။
https://t.me/ojeicmyanmar (edited)
Global Gateways Kyushu University - 九州大学国際部
https://www.isc.kyushu-u.ac.jp/intlweb/en/event/fair
PAGE MENU Upcoming Featured Events Promotional Materials / Social Media Archive Study Abroad Fairs You can see more information of upcoming events mainly hosted by KU Inbound Team below. Upcoming Featured Events Virtual Study Abroad Fair in 2024 (Fall) Our Virtual Study Abroad Fair will be held on Friday, November 1, at 4:00 pm. This
Mar 4th, 2021
Facebook
https://www.facebook.com/Kyushu-University-Inbound-Team-102509684991241
Log into Facebook to start sharing and connecting with your friends, family, and people you know.
Telegram
https://t.me/ojeicmyanmar
"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

OJEIC(Okayama University Japan Educational Information Center)

21 Oct, 08:33


🐙Human Science International Undergraduate Degree Program @ Osaka University

🌸ဂျပန်နိုင်ငံရဲ့ နာမည်ကြီးနိုင်ငံပိုင်တက္ကသိုလ်ဖြစ်တဲ့ Osaka University ရဲ့ School of Human Science မှာ အင်္ဂလိပ်ဘာသာရပ်နဲ့သင်ယူနိုင်မဲ့ "Human Science International Undergraduate Degree Program" ကို မိတ်ဆက်ပေးချင်ပါတယ်။

💁🏻ဒီ Program မှာဆိုရင် -
1️⃣Diversity and Inclusion Studies
2️⃣Japan Studies
3️⃣Political and Global Studies
စတဲ့ Study Areas (3)ခုပါဝင်ပြီး၊ ကျောင်းသူကျောင်းသားတွေအနေနဲ့ ပထမနှစ်ကနေ ဒုတိယနှစ်1st semesterအထိ Foundation Course ကိုသင်ယူရမှာဖြစ်ပါတယ်။ ဒုတိယနှစ် 2nd semester ကစပြီး ကြိုက်နှစ်သက်ရာ Study Area (1)ခု ကိုရွေးချယ်ရမှာဖြစ်ပြီး၊ Advanced Level Course ကိုသင်ကြားရမှာဖြစ်ပါတယ်။ Short-term, Long-term Exchange Opportunities တွေလည်းရှိပြီး၊ ဒီProgram မှာရရှိနိုင်မဲ့ ဘွဲ့ကတော့ Bachelor of Human Sciences ဖြစ်ပါတယ်။

ကျောင်းလျှောက်ရန်အတွက် အခြေခံလိုအပ်ချက်တွေကတော့
၁။အထက်တန်းအောင်မြင်ထားသူ(သို့) Sep 30, 2025တွင် 12နှစ်တာပညာရေးပြီးဆုံးမည့်သူ (သို့) International Baccalaureate , German Abitur , GCE A level စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
၃။ TOEFL iBT 85 (သို့) IELTS 6.5 ရရှိထားသူ။

【2025 October Enrollment】
Application Period - Dec 2, 2024 ~ Jan 6, 2025 (23:59 JST)
Application Guideline : https://iudp.hus.osaka-u.ac.jp/wp-content/uploads/2024/07/2025-Application-Guidelines.pdf

💰For Undergraduate Program
💴Application Fee - 17,000 yen
💴Enrollment Fee - 282,000 yen
💴Tuition Fee - 535,800 yen per year

🍀Scholarship အခွင့်အရေးအနေနဲ့ Tuition Fee Exemption Scholarship (Half or Fully) အပြင်၊ International Students များအတွက် ကျောင်းဝင်ခွင့်ရပြီးနောက် လျှောက်ထားနိုင်တဲ့ Scholarship များလည်းရှိပါတယ်။

💻အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါပြီ။
✏️Website : https://iudp.hus.osaka-u.ac.jp/program/
✏️Admission: https://iudp.hus.osaka-u.ac.jp/admissions/
✏️Scholarships: https://iudp.hus.osaka-u.ac.jp/prospective-students/

OJEIC(Okayama University Japan Educational Information Center)

21 Oct, 07:03


🏫 Okayama University ဟာ 1870 ခုနှစ်မှာ Medical College တစ်ခု အနေနဲ့ စတင်တည်ထောင်ခဲ့ပြီး၊ 1949 ခုနှစ်မှာတော့ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း နိုင်ငံပိုင်တက္ကသိုလ် တစ်ခုဖြစ်လာခဲ့ပါတယ်။ Okayama University မှာဆိုရင် နိုင်ငံတကာကျောင်းသားကျောင်းသူတွေအတွက် Global Discovery Program (GDP) လို့ခေါ်တဲ့ English + Japanese Hybrid Program ကို ပြုလုပ်ပေးထားပါတယ်။

GDP မှာဆိုရင် အင်္ဂလိပ်ဘာသာနဲ့ သင်ယူနိုင်တဲ့ Discovery Track ၊ အင်္ဂလိပ်ဘာသာနဲ့ ဂျပန်ဘာသာ ပေါင်းပြီး သင်ယူနိုင်တဲ့ Matching Track ဆိုပြီး (၂) မျိုးရှိပါတယ်။

1️⃣ English Based Program ဖြစ်တဲ့ Discovery Track မှာတော့
🍀Cultural Diversity and Communities
🍀Social Innovation and Entrepreneurship
🍀Transdisciplinary Sciences ဆိုပြီး မိမိနှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်လေ့လာနိုင်မှာဖြစ်ပါတယ်။

2️⃣ Japanese level က N1နဲ့အထက် ရှိမယ်ဆိုရင်တော့ Matching track ကိုရွေးချယ်နိုင်ပါတယ်။ Matching Track ရဲ့ အားသာချက်တွေကတော့ Okayama University ရဲ့ နာမည်ကြီး Faculties တွေဖြစ်တဲ့
🌸School of Letters
🌸School of Education
🌸Faculty of Law
🌸School of Economics
🌸School of Science
🌸Medical School (Faculty of Health Sciences only)
🌸School of Pharmaceutical Sciences (Department of Pharmaceutical Technology only)
🌸School of Engineering
🌸 School of Agriculture စတဲ့အတန်းတွေကိုပါ ရွေးချယ်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

📣Application Period (2025 Enrollment)

Period 1 (For April or October 2025 admission) : Oct 7 ~ Oct 23, 2024 (17:00 JST)

Period 2 (For October 2025 admission only) :
Dec 23 ~ Jan 21, 2025 (17:00 JST)

🔺Application Guideline : https://discovery.okayama-u.ac.jp/master/wp-content/uploads/2024/07/Download-Application-Guide-for-2025-International-Admissions-Application-2.pdf

2024 ပညာသင်နှစ် အတွက် Scholarships တွေအနေနဲ့ Japan အစိုးရကပေးအပ်တဲ့ MEXT Scholarship ၊ ကျောင်းလခ100% အထိ ကင်းလွတ်ခွင့် ရရှိနိုင်တဲ့ “Discovery Scholarship”နဲ့ JASSO scholarship အပြင် အခြားပုဂ္ဂလိကအဖွဲ့အစည်းတွေက ပေးအပ်တဲ့ scholarship တွေလည်း ရှိခဲ့ပါတယ်။ 2025 ပညာသင်နှစ်အတွက် Latest Scholarship Information တွေကိုတော့ အောက်ပါလင့်ခ်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
https://discovery.okayama-u.ac.jp/en/

💁‍♀️Okayama University (GDP) ရဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်တွေမှာဖတ်ရှုနိုင်ပါတယ်။
🔺Okayama University : https://www.okayama-u.ac.jp/index_e.html
🔺GDP : https://discovery.okayama-u.ac.jp/en/about_discovery/
🔺Admission :https://www.okayama-u.ac.jp/eng/international_admissions/index.html
🔺Scholarship:https://discovery.okayama-u.ac.jp/en/prospective_students/s/

OJEIC(Okayama University Japan Educational Information Center)

21 Oct, 05:02


🇯🇵ဂျပန်နိုင်ငံရဲ့Top(10)စာရင်းဝင် ထိပ်တန်းနိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Tsukuba ရဲ့ Japan-Expert (Bachelor) program

🎌Japan-Expert (Bachelor) program ဟာဆိုရင် ဂျပန်နိုင်ငံ (သို့) မိမိနိုင်ငံရှိ ဂျပန်နဲ့ဆက်စပ်တဲ့ ကုမ္ပဏီတွေမှာ အလုပ်ဝင်ဖို့ဆန္ဒရှိတဲ့ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံကိုပိုမိုသိရှိနားလည်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ထားတဲ့ 4-year Undergraduate Program တစ်ခုဖြစ်ပါတယ်။

JEP မှာ ရွေးချယ်သင်ကြားနိုင်တဲ့ Courseတွေကတော့
▪️Agricultural Science Course
▪️Healthcare Course
▪️Japanese Art and Design Course
▪️Japanese Language Teacher Training Course တို့ဖြစ်ပါတယ်။

📌Program ရဲ့ပထမနှစ်ဝက် ၆လမှာ ဂျပန်ဘာသာကိုသာ အဓိကသင်ယူရမှာဖြစ်ပါတယ်။ Internship Program လည်းထောက်ပံ့ပေးထားပြီး သင်ယူခဲ့တဲ့ဘာသာရပ်ရဲ့နယ်ပယ်ကိုအမှန်တကယ်ကျွမ်းကျင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် လုပ်ငန်းခွင်အတွေ့အကြုံတွေကိုလည်း လေ့ကျင့်ခွင့်ရမှာဖြစ်ပါတယ်။

👉Eligibility To Apply
1.အထက်တန်းအောင်(သို့) 12နှစ်တာပညာရေးပြီးဆုံးထားသူ (သို့) GCE A-Level, IB, Abitur စသည့်ဖြင့်ဖြေဆိုအောင်မြင်ထားသူ။
2.Japanese Language Proficiency: N3 or Higher (JLPT, J.TEST, TOP-J, AP, EJU)
(Japanese Language Teacher Training Course အတွက် N2 level နဲ့အထက်)

🖌Japanese Art and Design Course အတွက် Art Works (Within 3pieces) ကိုပါတင်ပြရန်လိုအပ်ပါတယ်။ ကျောင်းဝင်ခွင့်စိစစ်ရွေးချယ်မှုကတော့ Documents Screening နဲ့ Interview အပေါ် မူတည်ရွေးချယ်မှာဖြစ်ပြီး၊ Interview အကြောင်းအရာတွေကို Application Guidline မှတစ်ဆင့် လေ့လာနိုင်ပါတယ်။

📖October လကျောင်းဝင်ခွင့်အတွက် March လတွင် စတင်ခေါ်ယူလေ့ရှိပြီး၊ စိတ်ပါဝင်စားသူတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ခေါ်ဆိုပြီးသွားတဲ့ Application Guidelines အဟောင်းကိုဖော်ပြပေးလိုက်ပါတယ်။
Application Guidelines (2024 October Intake) : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2023/12/EN_Application_Guidelines_for_2024.pdf#

🎊ထူးချွန် ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခလျော့ချပေးခြင်းနဲ့ Health Care Course မှ ကျောင်းသားကျောင်းသူတွေအတွက် Imagawa FUTURE Fund Scholarship: 80,000yen/month + 50,000yen (only for one time enrollment) စတဲ့ပညာသင်ဆုအခွင့်အရေးတွေရှိပါတယ်။ ဒါ့အပြင်JASSO Scholarship နဲ့ ကျောင်းဝင်ခွင့်ရပီးနောက်ပိုင်းလျှောက်ထားလို့ရတဲ့ Private Foundationတွေက ပေးအပ်တဲ့ ပညာသင်ဆုအခွင့်အရေးတွေလည်းရှိပါတယ်။

🏛ကျောင်းနဲ့ပတ်သတ်တဲ့အသေးစိတ် အချက်အလက်တွေကို အောက်ပါwebsiteတွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
☘️University of Tsukuba : https://www.tsukuba.ac.jp/en/
☘️JEP : https://jp-ex.tsukuba.ac.jp/en/
☘️Scholarship :https://jp-ex.tsukuba.ac.jp/en/support/
☘️JEP Pamphlet : https://jp-ex.tsukuba.ac.jp/en/wp-content/uploads/2024/02/pamph2024jpen.pdf