Nang Mya Mya Mie Mie Zaw

@nanmyamyameimeizaw969


နိုင်ငံရေးလေ့လာသုံးသပ်သူ

Nang Mya Mya Mie Mie Zaw

11 Dec, 12:26


ယခုလို Dipolmatic level ကိုနိမ့်ချတာသည် အပိုအလုပ်တခုသာ ဖြစ်တယ်လို့ မြင်ပါတယ် ။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအမှန်တကယ်ထွန်းကားစေလိုရင် အမေရိကန်အနေဖြင့် အကြမ်းဖက် လုပ်ရပ်များကို အားပေးမှုတွေမလုပ်မိရန်နှင့် မြန်မာ့ရွေးကောက်ပွဲကို ဆန့်ကျင်တာ တွေရပ်တန့်ခြင်းသည်သာကမ္ဘာ့ ဒီမိုကရေစီ မဏ္ဍိုင်ဖြစ်သော အမေရိကန်တို့၏ နိုင်ငံခြားရေးမူဝါဒ နှင့် ကိုက်ညီမှာဖြစ်ပါကြောင်း အပြောနှင့်အလုပ်ထပ်တူကျပါစေကြောင်း အပြုသဘောရေးသားဖော်ပြအပ်ပါတယ် ။

နန်းမြမြမီမီဇော်
၁၁ ဒီဇင်္ဘာ ၂၀၂၂ ။

Nang Mya Mya Mie Mie Zaw

11 Dec, 12:26


အမေရိကန်ပြည်ထောင်စုက မြန်မာ့ဒီမိုကရေစီအရေး
မြန်မာ့ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်နေတဲ့သတင်း၂ ပုဒ် အပေါ် ပြန်လည်ဆွေးနွေး စရာရှိပါတယ် ။
ပထမသတင်းကတော့ အမေရိကန်အောက်လွှတ်တော်သည် ၂၀၂၁ ခုနှစ် မြန်မာအက်ဥပဒေကို အတည်ပြုလိုက်တဲ့ ကာကွယ်ရေး အသုံးစရိတ်ဥပဒေ NDAAဥပဒေ အတည်ဖြစ်လာတဲ့အခါ မြန်မာနိုင်ငံ၏အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကို ပိတ်ဆို့ဒဏ်ခတ်တာကို ပစ်မှတ်ထားကာ ဝင်ငွေအကြီးဆုံးဖြစ်တဲ့ မြန်မာ့ကမ်းလွန်ဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားခြင်းအားဖြင့် မြန်မာအစိုးရကို ဖိအားပေးဖို့ရာ တောင်းဆိုမှုတွေရှိပါတယ်လို့ သတင်းများအရ ကြားသိရပါတယ် ။

ပထမဆုံးအနေဖြင့် တုန့်ပြန်ဆွေးနွေးလိုတာက မြန်မာသည် ဒေသတွင်းမှာ မြန်မာနိုင်ငံသည် ဘင်္ဂလားပင်လယ်အော်အတွက် ဗျူဟာမြောက်တန်ဖိုး"Myanmar has added a new strategic value to the Bay."
ဖြစ်ပါတယ် ။နှစ်များတစ်လျှောက် |ပင်လယ်အော်ရှိ အပြန်အလှန်ဆက်သွယ်မှုများသည် ပူးပေါင်းဆောင်ရွက်မှုအဖြစ်သို့ ဦးတည်ရွေ့လျားလာခဲ့သည်။
ဒေသ၏ ရေရှည်အကျိုးစီးပွားအတွက်မြန်မာ့ geopolitics က အရေးကြီးပါတယ် ။
ဒီအချက်အရ အင်အားကြီးနိုင်ငံများ၏ အာရုံစူးစိုက်မှုကို ရနေတာလို့ ထင်မြင်ပါတယ် ။
အင်ဒို-ပစိဖိတ်ဒေသရှိ ဤပထဝီဝင်အနေအထားအရ ပင်လယ်အော်သည် အင်အားကြီးနိုင်ငံများအတွက် မဟာဗျူဟာအရ အရေးပါလှသည်။
၂၀၁၀ မှစတင်၍မြန်မာနိုင်ငံသည် ဒေသတွင်းနှင့် ဒေသဆိုင်ရာ ပြင်ပနှင့် ဆက်ဆံရေးကို တိုးမြှင့်ခဲ့သည်။
နစက လက်ထက်တွင် အထူးသဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ နှင့် ဒေသတွင်း ဆက်သွယ်မှု ကွန်ရက်များ ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် စတင်ညှိနှိုင်းနေ
ပြီဖြစ်ပါတယ် ။

ဖေဖော်ဝါရီလကတည်းက မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (Eurasian Economic Union - EAEU) တို့အကြား ပူးပေါင်း‌ဆောင်ရွက်ရေးအလားအလာများရှိနေပါတယ် ။

ကမ်းလွန်ရေနံ လုပ်ကွက်များနှင့် စပ်လျဉ်း၍လည်း ၂နိုင်ငံဆွေးနွေးညှိနှိုင်းထားမှု အခြေအနေများကို အစိုးရသတင်းများက အချိန်နှင့်တပြေးညီ အသိပေးထုတ်ပြန်ထားပါတယ် ။ဆိုလိုတာက ကုန်သည်စကားပြောရရင် ကုန်က ယနေ့ကမ္ဘာမှာ ရောင်းပန်းအလှဆုံး ဝယ်လိုအားအကောင်းဆုံး မရှိမဖြစ် စွမ်းအင် ဖြစ်ပါတယ် ။

နောက်တချက်က ကမ႓ာ့ထိပ်တန်း ထွန်းသစ်စစီးပွားရေးငါးနိုင်ငံacronym for five leading emerging economies:ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိက ငါး နိုင်ငံပါဝင်သောBRICSမဟာမိတ်အဖွဲ့ဖြစ်ပါတယ် ။BRICS သည် ထိပ်တန်းအဆင့်မြင့်စီးပွားရေးထိပ်တန်း G7 အစုအဝေး၏ အဓိကပြိုင်ဘက်foremost rival to the G7 bloc .အဖြစ် သတ်မှတ်ခံထားရပြီး|ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်| Contingent Reserve Arrangement | announcing competing initiatives such as the New Development Bank, Contingent Reserve Arrangement,BRICS ငွေပေးချေမှုစနစ်"BRICS payment system, and BRICS basket reserve currency အစီအစဉ်များကို ကြေငြာထားပါတယ် ။
အဖွဲ့ဝင်များသည် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ကြပြီး အခြေခံအဆောက်အအုံဆိုင်ရာချေးငွေများကိုညှိနှိုင်းဆောင်ရွက်ရန် New Development Bank (NDB) ကို တည်ထောင်ခဲ့သည်။
IMF နှင့် ကမ္ဘာ့ဘဏ်ဖွဲ့စည်းပုံများမှ အစားထိုးချေးငွေယန္တရားများကို ပံ့ပိုးပေးရန်အတွက် ၂၀၁၄ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ် ။
အာရှအခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြုပ်နှံမှုဘဏ် (AIIB) ကို တရုတ်နိုင်ငံကတည်ထောင်ခဲ့ပြီး |
အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘာရိန်း၊ ဘီလာရုစ်၊ ကမ္ဘောဒီးယား၊ အီဂျစ်၊ ကူဝိတ်၊ မော်လဒိုက်၊ မွန်ဂိုလီးယား၊ မြန်မာ၊ နီပေါ၊ ဆော်ဒီအာရေဗျ၊ သီရိလင်္ကာ၊ တာကီယေး၊ တာ့ခ်မင်နစ္စတန်၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် SCO ဆွေးနွေးဖက်များနှင့် လေ့လာသူများအဖြစ် အမျိုးမျိုးသော အခြေအနေတွင် ရှိနေပါတယ် ။ဒီမဟာမိတ်အဖွဲ့သည် နောင်အနာဂတ်တွင်
European Union နှင့် ကုန်သွယ်မှုအပြိုင် ထွက်ပေါ်လာမည် ဟူသော ခန့်မှန်းမှုတွေရှိပါတယ် ။
ဖော်ပြပါအချက် ၂ ချက် မြန်မာ၏ geopoliticsပထဝီနိုင်ငံရေး အာသားချက် နှင့် BRICS ပေါ်ထွက်လာခြင်း
အချက်အရ အမေရိကန်၏ NDAA သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေလုပ်လည်း ထိရောက်မှု နည်းပါးပါလိမ့်မယ် လို့ ယူဆပါတယ် ။

နောက်ထပ်သတင်းတစ်ပုဒ်ကတော့ မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန် သံအမတ်ကြီး Thomas Vajda နေရာမှာ အစားထိုးဖို့ နောက်ထပ်သံအမတ်ကြီးသစ်မပို့ဘဲ ယာယီသံရုံးတာဝန်ခံအဆင့်ပဲထားမယ်လို့ အမေရိကန်သံရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်ဆိုတဲ့ သတင်း နှင့်စပ်လျဉ်းပြီး သုံးသပ်ရေးသားတင်ပြလိုတာရှိပါတယ် ။
မြန်မာနိုင်ငံရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ခံအစိုးရတစ်ရပ်ပေါ်ထွက်လာမှာဖြစ်တယ် ။

Nang Mya Mya Mie Mie Zaw

08 Dec, 01:26


ပညာရပ်ဆိုင်ရာ သုံးသပ်မှု အားနည်းချက်များရှိပါက ဆွေးနွေးတည့်မတ်ပေးနိုင်ပါတယ် ။ 🙏

နန်းမြမြမီမီဇော် 🙏
၈ ဒီဇင်္ဘာ၂၀၂၂ ခုနှစ် ။

Nang Mya Mya Mie Mie Zaw

08 Dec, 01:26


"Great Powers များ၏ အားပြိုင်မှု "Great Powers' Rivalry in Middle East"

Middle East သို့ President Xi Jinping သွားရောက်ခြင်းသည်တရုတ် - အမေရိကန် ပြိုင်ဆိုင်မှု တစ်ခု ကို မြင်တွေ့ရတာပါ ။ဒါနှင့်စပ်လျဉ်းပြီး လေ့လာထားသမျှကို မျှဝေပေးလိုက်ပါတယ် ။

ဒီဇင်္ဘာလ ၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး President Xi Jinping သည် ဒီဇင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည့်အာရပ်နိုင်ငံများနှင့် သီးခြားထိပ်သီးအစည်းအဝေးများ၊ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နှင့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်မှာဖြစ်ပါတယ် ။

အဆိုပါအစည်းအဝေးတွင် ဆော်ဒီ၊တရုတ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဆော်ဒီငွေ ဘီလျံ ၁၁၀ ကျော် ( ဒေါ်လာ ၂၆ ဘီလျံ)တန်ဖိုးရှိသည့် ကနဦးသဘောတူညီချက်ကိုလည်း လက်မှတ်ထိုးမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်ဟုAPသတင်း
အရ သိရပါတယ် ။

တရုတ်နိုင်ငံသည် ဆော်ဒီအာရေးဗီးယား၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ရေနံအများဆုံး တင်သွင်းသူဖြစ်ပါတယ် ။

တရုတ်သမ္မတရှီ ဆော်ဒီအာရေဗျနိုင်ငံသို့ ရောက်ရှိကြောင်းသတင်းများကို ကမ္ဘာ့သတင်းမီဒီယာ
များမှ အကျယ်တဝင့် ဖော်ပြခဲ့ကြပါတယ် ။

ဒီခရီးစဉ်သည် အောက်တိုဘာလတုန်းက ကျင်းပခဲ့သော တရုတ်အမျိုးသားကွန်ဂရက်မှ Xi Jinping အား သမ္မတအဖြစ် ပြန်လည်တင်မြှောက်လိုက်ပြီးသည့်နောက် ပြည်ပခရီးစဉ်ဖြစ်ပါတယ် ။
ဒါနှင့်ဆက်စပ်သုံးသပ်ရမည့်သတင်းက ယခင် ၅ လခန့်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ ရီယာ့ဒ် ခရီးစဉ် တွင် ယူကရိန်းစစ်နောက်ဆက်တွဲ သူ၏ အနောက်ကမ္ဘာလောင်စာ လိုအပ်ချက် ကို ဖြည့်ဆည်းရန်ကျိုးပမ်းမှု သည် မည်သည့်ရလဒ်မှ ထွက်ပေါ်ခဲ့ခြင်းမရှိသည့် သတင်းဖြစ်ပါတယ် ။

ဆော်ဒီအာရေးဗီးယားသည် အမေရိကန်တို့ နှစ်ပေါင်းများစွာ ခြေကုပ်ယူအမြစ်တွယ်ထားရာ နေရာဖြစ်ပါတယ် ။အဓိက အချက်က လောင်စာ Gas& Oil ဖြစ်ပါတယ် ။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သည် လွန်ခဲ့သည့်ငါးလက ရီယာ့ဒ်သို့ ၎င်း၏ခရီးစဉ်အတွင်း၊ အာရပ်ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ ထွက်ခွာသွားမည်မဟုတ်ကြောင်းပြောကြားခဲ့သော်လည်း |
ယနေ့ နိုင်ငံတကာနိုင်ငံရေးနယ်ပယ်International Political Arenaတွင်၂၀၂၁ ခုနှစ် သြဂုတ်လ ကုန်က အမေရိကန်နှင့် မဟာမိတ်တွေ အာဖကန်မှ ဆုတ်ခွာသွားကတည်းက အရှေ့အလယ်ပိုင်း အာရပ်ကမ္ဘာတွင် တရုတ်နှင့် ရုရှား၏ သြဇာ မြင့်တက်မှုပိုထင်ရှားလာပါတယ် ။
အာဖကန်မှ အခြေမလှခဲ့သော အမေရိကန်ဦးဆောင်သော အုပ်စုဆုတ်ခွာခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့နိုင်ငံရေးစာမျက်နှာတွင်အရှေ့အလယ်ပိုင်းဒေသ၏ နိုင်ငံတကာဆက်ဆံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်စေခဲ့ပါပြီ ။


ယူကရိန်းစစ်ပွဲဖြစ်ပွားစေရန် ရုရှား၏ အမျိုးသားလုံခြုံရေးကို စိန်ခေါ်ခြိမ်းခြောက်ရာကျသည့် သမ္မတပူတင်၏ စိုးရိမ်မှုကိုမြင့်တက်စေသည့် အမေရိကန်ဦးဆောင်သော စစ်ရေး စီပွားရေးအုပ်စုများ၏ အပြုအမူသည် ယခုကဲ့သို့သော ပူးပေါင်းမှုများကို ပိုမိုတိုးပွား ကျစ်လစ်လာစေတယ်လို့ ယူဆပါတယ် ။

လစ်ဘရယ် အလံ ကိုင်ဆောင်ထားသော အမေရိကန် သည်သူ၏ လောင်စာရယူလိုသောရည်မှန်းချက်ကို ဖြည့်တင်းရန် ပင်လယ်ကွေ့နိုင်ငံများတတိယကမ္ဘာ နိုင်ငံများ LDC နိုင်ငံများအပေါ် လူ့အခွင့်အရေးခေါင်းစဉ်ပြကာ ဖန်တီးစွပ်စွဲမှုများဖြင့် ကျူးကျော်စစ်များ ဖြစ်ပေါ်စေရန် ဆောင်ရွက်မှုတွေရှိခဲ့ပါကြောင်း ကုလသမဂ္ဂအေဂျင်စီများ၏အစည်းအဝေးများတွင် ဝေဖန်ခံရမှုတွေ ရှိနေပါတယ် ။

နိုင်ငံရေးပညာရှင်များအကြား New World Order စတင်လာတော့မည်လား ဆိုသည့် ခန့်မှန်းသုံးသပ်မှုတွေရှိလာနေချိန်တွင် ယခု တရုတ်- ဆော်ဒီ ဆက်ဆံရေးနှင့် အမေရိကန်-ဆော်ဒီ ဆက်ဆံရေးကို နှိုင်းယှဉ် လေ့လာပါက
လုံလောက်မှု မရှိသေးသော်ငြား ခန့်မှန်းခြေအဖြေတစ်ခုကို တွေ့နိုင်ပါတယ် ။

သို့သော်လည်း Unipolar System မှ Multi-polar System သို့ ထင်ထင်ရှားရှား ကူးပြောင်းနိုင်ပါရန်
တရုတ် -ရုရှား ဆက်ဆံရေး ဘယ်လောက်အထိ ပူးပေါင်းလက်တွဲ နိုင်မည်လဲ ဆိုသည့်အချက်က အရေးအကြီးဆုံး ဖြစ်ပါတယ်ဟု ထင်မြင်ယူပါတယ် ။
တရုတ်-ရုရှား ကြောချင်းကပ်ထားဖို့အရေးကြီးပါတယ် ။

ဒီအရေးများနှင့်ဆက်စပ်လျက် မြန်မာ့အခြေအနေကိုစဉ်းစားပါက မြန်မာသည် အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စု၏ကုလနှင့်အာဆီယံမျက်နှာစာများမှ နိုင်ငံရေးဖိအား များပေးနေသည့်အပေါ် တရုတ်| ရုရှား တို့နှင့် ကောင်းမွန်သောဆက်ဆံရေး ဖြစ်ပါတယ် ။

အာရှ ပစိဖိတ်ဒေသတွင်း အမေရိကန်-တရုတ် -ရုရှား အားပြိုင်မှုများအပေါ် ဘက်မလိုက်ဆက်ဆံရေးဖြင့် အိန္ဒိယ၏ ရပ်တည်မှု ကစားမှု ကတော့ အတုယူလောက်စရာဖြစ်ပါကြောင်းကိုလည်း မျှဝေပေးလိုက်ပါတယ်ရှင် ။

ယနေ့နိုင်ငံတကာသတင်းများ၌ Hot issue တရုတ်သမ္မတ President Xi ၏ ဆော်ဒီခရီးစဉ် အပေါ် လေ့လာထားသမျှကို ရေးသားဖော်ပြပေးလိုက်ပါတယ် ။

အလယ်တန်း အထက်တန်း ကျောင်းသူဘဝမှ စတင်၍ နိုင်ငံတကာသတင်းများကို လေ့လာပြီး ပြန်လည်ပြောကြားလေ့ကျင့်ပေးသည့် ချစ်သော ဒယ်ဒီ ကြည်း ၁၁၄၇၃ ကို လက်ဆယ်ဖြာထိပ်မိုးလျက် ရှိခိုးကန်တော့လိုက်ပါတယ် 🙏
ပညာရပ်ဆိုင်ရာ ဆရာ ဆရာမများ၏ ဂုဏ်ကျေးဇူးကို လက်ဆယ်ဖြာထိပ်မိုးလျက် အရိုအသေပြုပါတယ် 🙏

Nang Mya Mya Mie Mie Zaw

04 Dec, 06:53


ရုရှားအပေါ် ယနေ့ပြင်သစ် အမေရိကန်ခေါင်းဆောင်တို့အနေဖြင့် လေသံများ ပြောင်းလဲသွားပြီ ။
ဥရောပဆောင်းရာသီ၏ အအေးဒဏ်ကို ခံစားရမယ့် သက်ဆိုင်ရာတိုင်းပြည်များရှိပြည်သူတို့၏ အရေးသည် ဥရောပသမဂ္ဂ ၂၇ နိုင်ငံ|G7|သြဇီတို့အတွက် ပြည်တွင်းရေး စိန်ခေါ် မှုတွေအဖြစ် ရင်ဆိုင်ဖြေရှင်းရဖွယ်ရှိနေပါတယ် ။

ကြိုပြောခဲ့ပါတယ် ။ယနေ့ နိုင်ငံတွေရဲ့ hierarchyကို ranked လုပ်နေတာက Gas&Oil လက်ဝယ်ပိုင်ဆိုင်မှုနှင့်
စျေးကွက်အပေါ် ဘယ်လောက်အထိ စီမံခန့်ခွဲပိုင်ခွင့် ရှိနေတာလဲဆိုတာဖြစ်ပါတယ် ။

ဥရောပသမဂ္ဂသည် မော်စကို၏ ဝင်ငွေနှင့် ယူကရိန်းစစ်ပွဲ၌ ပူတင်၏ ငွေကြေး ဆက်လက် ထောက်ပံ့နိုင်စွမ်းကို သိသိသာသာ လျှော့ချရန်အတွက် ရုရှား ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့်အမြင့်ဆုံး ဈေးနှုန်း သတ်မှတ်ရန် သဘောတူညီခဲ့ပါတယ် ။အီးယူ ၂၇ နိုင်ငံစလုံးက အဆိုပါ သဘောတူညီချက်ကို ထောက်ခံခဲ့ကြပါတယ်
အသေးစိတ်အချက်အလက်များကို တနင်္ဂနွေနေ့တွင် ဥရောပသမဂ္ဂ၏ တရားဝင် ဂျာနယ်၌ ထုတ်ပြန်သွားမည်
လို့ သတင်းများကဆိုပါတယ် ။

အဆိုပါကိစ္စအပေါ် ရုရှားကပယ်ချပြီး ရုရှားရေနံကိုEU,G7 နှင့်သြစီ တို့ကတစ်စည် $60 စျေးကန့်သတ်
ပါကဖြန့်းဖြူးပေးနေမှုကို ဖြတ်ပြစ်မည် ရေနံစျေးကန့်သတ်မှုသည်Free Trade doctrime လွတ်လပ်စွာကုန်သွယ်ရေး မူကိုထိခိုက်ရုံမက စားသုံးသူများ ကုန်စျေးနှုန်းမြင့်တက်မှုဖြင့်သာ တွေ့ကြုံရမည်ဖြစ်ကြောင်း၊ ရေနံလိုအပ်ချက်ရှိနေမြဲဖြစ်၍ စျေးကန့်သတ်သည့်နိုင်ငံများကိုရောင်းချပေးမည် မဟုတ်ကြောင်းရုရှားကတုန့်ပြန်သည်ဟု သတင်းများက ဖော်ပြပါတယ် ။

ဒီလိုအချိန်မှာပဲရုရှားသမ္မတ ဗလာဒီမာပူတင် ဟာ ယူကရိန်း အရှေ့ဖက်ခြမ်းက သိမ်းပိုက်ထားတဲ့ Donbas ဒေသကိုသွား ရောက်မယ်လို့ ရုရှားအစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။

တချိန်ထဲမှာဘဲ ပြင်သစ်သမ္မတ Emmanuel Macron က ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ ရုရှားသမ္မတ ပူတင် အနေနဲ့ ဆွေးနွေးလာမယ်ဆိုရင် လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး ရုရှားကို ဘယ်လို အာမခံချက်ပေးမလဲ ဆိုတာကို အနောက်နိုင်ငံတွေ အနေနဲ့ စဉ်းစားသင့်တယ်လို့ စနေနေ့ ကပြောဆိုခဲ့ပါတယ်။

သမ္မတ ပူတင် ရဲ့ စိုးရိမ်ချက်ဖြစ်တဲ့ NATO တပ်ပေါင်းစုဟာ ရုရှားရဲ့ တံခါး၀ ကို ရောက်လာပြီး၊ လက်နက်တွေ နေရာချထား တာဟာရုရှားရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ သမ္မတပူတင် ရဲ့စိုးရိမ်ချက်ကို ဥရောပအနေနဲ့ ဖြေရှင်းဖို့ လိုတယ်လို့လည်း ပြင်သစ်သမ္မတ Macron က ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက အိမ်ဖြူတော် ကိုရောက်ရှိလာတဲ့ ပြင်သစ်သမ္မတ နဲ့ တွေ့ဆုံစဉ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သတင်းထောက်တွေကို ပြောဆိုရာမှာ ရုရှားသမ္မတ ပူတင် အနေနဲ့ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ဖို့ ဆန္ဒရှိ တယ်ဆိုရင်သူ့အနေနဲ့ ဆွေးနွေးသွားပြောမယ်လို့ သမ္မတ ဘိုင်ဒင် က ပြောဆိုခဲ့ပါတယ်။

နောက်တနေ့မှာတော ရုရှား သိမ်းပိုက်ထားတဲ့ယူကရိန်းရဲ့ဒေသ ၄ ခုကို ရုရှားပိုင်နက်အဖြစ် အနောက်နိုင်ငံတွေကအသိအမှတ်ပြုရင် ယူကရိန်း ကိစ္စဆွေး နွေးမယ်လို့ သမတပူတင်ကတုန့်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင်
Strength is Might .ခွန်အားသည် အင်အားဖြစ်သည်။
ရုရှား ယခုကဲ့သို့ တုန့်ပြန်ကစားနိုင်ခြင်းသည်
ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဒီမိုကရေစီsugar coated လုပ်၍ ဗိုလ်ကျတာကို ရင်ဆိုင်နေရသော
တိုင်းပြည်များအနေဖြင့် အတုယူရမည်စံပြ ဖြစ်ပါတယ်
ဟု ယူဆပါကြောင်း ထင်ရှားသည့်နိုင်ငံတကာအရေးတစ်ခုကို ရေးသားဖော်ပြအပ်ပါတယ် ။

နန်းမြမြမီမီဇော်
၄ ဒီဇင်္ဘာ ၂၀၂၂ ။

Nang Mya Mya Mie Mie Zaw

01 Dec, 06:23


အကြမ်းဖက်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုခြေလှမ်းများ
----------------------------------------------------------------------------------
ခပ်သွက်သွက်လှမ်းလာနေသော မြန်မာ"
----------------------------------------------------

ဒီမိုကရေစီအသွင်ကူးပြောင်းဆဲကာလ၌ ကြုံတွေ့နေရသော စိန်ခေါ်မှုက တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ် ။လာမည့်ရွေးကောက်ပွဲကျင်းပပေးမည့်အပေါ်၌လည်း ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေဖြစ်ပါတယ် ။လက်နက်ကိုင်အဖွဲ့အစည်းများအတွက် မထောင်းသာလှသော်လည်း သာမန်လက်နက်မဲ့ အရပ်သားပြည်သူများ အဖို့ကတော့ စိန်ခေါ်မှု ကြီးမားပါတယ် ။ပါတီစုံရွေးကောက်ပွဲကို ဆန့်ကျင်ဖျက်ဆီးတာသည် ဒီမိုကရေစီကို ဖျက်ဆီးတာဟုပဲမြင်ပါတယ် ။
ယခုလိုပြည်သူများ၏ နိုင်ငံသားအခွင့်အရေးအပေါ်ခြိမ်းခြောက်ခံရခြင်းအတွက် မြန်မာ့ဒီမိုကရေစီရှေ့ခရီးအတွက်စိုးရိမ်မှုများလည်း ရှိနေပါတယ် ။

ယခုလိုအချိန်မှာ ပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နစက သည် နိုင်ငံတကာအဆင့် Government to Government ပူးပေါင်းဆောင်ရွက်မှု ၂ ခုကို လုပ်ဆောင်တာတွေ့ရပါတယ်။

တစ္ခုကပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့တာဖြစ်ပါတယ် ။

အဆိုပါအစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများတက်ရောက်ကြပြီး ရုရှားတပ်မတော်၊ စစ်ဦးစီးချုပ်ရုံးအကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich နှင့် ကော်မတီဝင်ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပါတယ်။

နောက်ထပ်လှုပ်ရှားမှုကတော့ နိုဝင်ဘာလ ၂၃ ရက်က ၂၅ ရက်ထိ ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ အဆင့်မြင့် အရာရှိကြီးများအဆင့် အစည်းအဝေး
ကျင်းပခဲ့ခြင်းဖြစ်ပါတယ် ။
အစည်းအဝေးအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်နယ်မြေတွင် လုံးဝအခြေပြုခိုအောင်းခွင့် ပြုမည်မဟုတ်ကြောင်း၊ တားဆီးနှိမ်နင်းရေးကို မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပိုမိုပူးပေါင်းဆောင်ရွက် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် နယ်နိမိတ်မျဉ်းတစ်လျှောက် နှစ်ဘက် ညှိနှိုင်းကင်းလှည့်ခြင်း၊ ချစ်ကြည်ရင်းနှီးမှု ပိုမိုကောင်းမွန်အောင် အပြန်အလှန် နားလည်ယုံကြည်မှုများ တည်ဆောက်ခြင်း ၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ကုန်းမြေနှင့်မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ပိုမိုဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် အကြမ်းဖက်မှုနှင့် အကြမ်းဖက်အုပ်စုများတိုက်ဖျက်ရေး၊ ရာဇဝတ်ဂိုဏ်းများ၏ နယ်စပ်ဖြတ်ကျော်သွားလာမှုများ ကြိုတင်ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင် နယ်နိမိတ်ဖြတ်ကျော်ခိုးဝင်ခိုးထွက်မှုများ ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ တိုက်ဖျက်ရေးစသည်တို့ကိုဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါတယ်။
ယခုကဲ့သို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုသည်
နိုင်ငံသားပြည်သူတို့၏နေ့စဉ်လူနေမှုဘဝလုံခြုံရေးနှင့်
ဘင်္ဂလီများနေရပ်ပြန်ရေးလုပ်ဆောင်ချက်များအပေါ် အပေါင်းလက္ခဏာဆောင်သော အရွေ့များရှိလာမည့် အရိပ်အယောင်ကို တွေ့နေရပြီဟု ယူဆပါတယ် ။
ဒီအချက်က အိုင်စီဂျေခုံရုံး၌နိုင်ငံတော်တရားစွဲဆိုခံထားရသည့် စွပ်စွဲမှုများကို ဖြစ်ရပ်မှန်များဖြင့် သက်သေထင်ရှားပြသချေဖျက်ပစ်နိုင်မည့်အလားအလာကိုတွေ့မြင်ရပါတယ် ။
တဖက်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံနေသော
နေရပ်ပြန်လိုသော ဘင်္ဂလီများကို ခြိမ်းခြောက်မှုတွေရှိနေပါကြောင်း နှင့်ဘင်အရေးလှုပ်ရှားသူအချို့၏အသက်ကို လုပ်ကြံခံရမှုတွေက ဘင်အရေးအဖြစ်မှန်များကိုသိရှိသဘောပေါက်စေခဲ့ပြီးယခုကဲ့သို့ ၂ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆီသို့ ရောက်ရှိစေခဲ့သည်ဟု ယူဆပါတယ် ။

အကြမ်းဖက်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုခြေလှမ်းများ
ခပ်သွက်သွက်လှမ်းလာနေပါကြောင်း ကိုအပြုသဘော
ရေးသားဖော်ပြအပ်ပါတယ် ။

နန်းမြမြမီမီဇော်
၁ ဒီဇင်္ဘာ ၂၀၂၂

Nang Mya Mya Mie Mie Zaw

20 Nov, 22:49


"ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာစင်တာ ဖွင့်လှစ်ဖို့ ရုရှား- မြန်မာ လက်မှတ်ထိုးပြီ"

ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) နဲ့ မြန်မာနိုင်ငံမှ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာစင်တာ (Nuclear Technology Information Center) တည်ထောင်ဖွင့်လှစ်ဖို့ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်က နစကရဲ့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံ၊ Sanit Petersburg ရှိ Nuclear Technology Information Center သို့ သွားရောက် လေ့လာခဲ့ပြီးနောက် ယခုလို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
#mhtnews

Nang Mya Mya Mie Mie Zaw

16 Nov, 14:14


မြန်မာနိုင်ငံသည် တရုတ်နှင့် ရုရှား ၂ နိုင်ငံစလုံးနှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားနိုင်ပြီး အဆိုပါ၂ နိုင်ငံ၏ backing ကို ရရှိထားပါသည် ။
နစက လက်ထက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍစုံ ဆက်ဆံရေးတိုးမြှင့်ထားသလို |၁၉၅၄ ခုနှစ်မှစတင်ခဲ့သော တရုတ်- မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှသည် ယနေ့တွင်တော့ အေးအတူ ပူအမျှ ဆက်ဆံရေးဖြစ်ပါတယ် ။
ဒါသည်က ပင် နစက ၏ နိုင်ငံတကာဆက်ဆံရေး Power balance ဖြစ်ပါတယ် ။

နန်းမြမြမီမီဇော်
၂၀၂၂ခုနှစ် နိုဝင်္ဘာလ ၁၆ ရက် ။

Nang Mya Mya Mie Mie Zaw

16 Nov, 14:14


ကြီး ၂ ကြီးေတာ့ ဆုံပြီ။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ G20 စက်မှုထိပ်သီးနိုင်ငံများအစည်းအဝေးမှာ
နိုင်ငံတကာဆက်ဆံရေးရဲ့အပြောင်းအလဲတခုကို သိသာစွာမြင်လိုက်ရတယ် ။ယနေ့တရုတ်နိုင်ငံ၏ နိုင်ငံတကာရပ်တည်ချက်နှင့်စပ်လျဉ်း၍ အဓိကအယူအဆက Multilateralism နိုင်ငံစုံဝါဒဖြစ်သည် ။

စစ်အေးကာလအလွန်တွင် အမေရိကန်သည် Only one Super power |World Orderသည်Unipolar system အဖြစ် နှစ်ပေါင်း ၃၀ ကျော် ရှိနေခဲ့ပြီး အမေရိကန်သမ္မတ ဘိုင်ဒင် ကတဖက် တရုတ်သမ္မတ ရှီကျင့်ပင် ရုရှားသမ္မတ ပူတင် တို့ကတဖက် အုပ်စု ၂ ခုအသွင် သဏ္ဍန်ဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အယူဝါဒရေး |စီးပွားရေး |စစ်ရေး အားပြိုင်မှုများ ပြင်းထန်ခဲ့ပြီး
၂၁ရာစုနှစ်များကာလတွင်တော့ကမ္ဘာကြီးသည်
Multipolar System သို့ လျင်မြန်စွာဦးတည်လာတာကို တွေ့ရပါတယ် ။

ကမ္ဘာ့သမိုင်းကို ပြန်လေ့လာကြည့်ပါက ဒုတိယ
ကမ္ဘာစစ် အလွန်၌ Bipolar System ဖြစ်တာကိုတွေ့ရပါတယ် ။ တစ်ဖက်က အမေရိကန်ဦးဆောင်သောလစ်ဘရယ် ဒီမိုကရေစီ အုပ်စုနှင့် တစ်ဖက်၌ ဆိုဗီယက်ဦးဆောင်သော ဆိုရှယ်လစ် ကွန်မြူနစ်အုပ်စုဟူ၍ ဖြစ်ပါသည် ။
၁၉၈၀ကာလများတွင်ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
ဆိုဗီယက်ခေါင်းဆောင် မီးခေးဂိုဘာချော့ဗ် Mikhail Gorbachev ;;Reformist Soviet leader သည်
ဆိုဗီယက်ယူနီယံကွန်မြူနစ်ပါတီ (CPSU) တွင် ပြုပြ
င်ပြောင်းလဲရန်အတွက် နိုင်ငံရေးလှုပ်ရှားမှုတစ်ခုဖြစ်
သည့်မူဝါဒ ပြုပြင်ပြောင်းလဲရေး။ Perestroika ဆိုဗီယက်နိုင်ငံရေးနှင့် စီးပွားရေးစနစ်ပြန်လည်တည်ဆောက်ခြင်း"ကိုလုပ်ဆောင်ရာတွင် မအောင်မြင်ဘဲ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါသည် ။ စစ်အေးကာလအဆုံးသတ်ခဲ့ပါသည် ။
ယင်းနောက် စစ်အေးကာလအလွန် မှ စတင်၍ ယခုနှစ်ပိုင်းအခြားအထိ အမေရိကန်သည် Only One Super Power အဖြစ်ရပ်တည်နေခဲ့ပြီး World orderသည် Unipolar-System ဖြစ်ပါသည် ။
သို့သော် ယခု ဆယ်စုနှစ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ညွှန်းကိန်းများ၌ အမြင့်ဆုံးသော ကိန်းဂဏန်းများသို့ ရောက်ရှိလာပါသည် ။

တပြိုင်နက်တည်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရုရှားသမ္မတ ပူတင် တက်လာပြီးနောက် နိုင်ငံခြားရေးမူဝါဒ များချမှတ်ခဲ့ရာ၌ ထူးခြားတိုးတက်ကောင်းမွန်သော အရွေ့များသို့ ရောက်ရှိခဲ့တာကို လေ့လာတွေ့ရှိရပါသည် ။ယခင်ဆိုဗီယက်ယူနီယံမှ ခွဲထွက်ခဲ့သော ဥရောပအရှေ့ဖျားRepublics|Middle Easten Statesနှင့် Central Asia မှ Republics များ ကို ခိုင်မာအားကောင်းစွာ ပြန်လည်စုစည်း ခေါင်းဆောင်နိုင်ခဲ့ပါသည် ။
အထူးသဖြင့် ရုရှားသမ္မတ ပူတင်သည် ဖော်ပြပါ Republics များ၏ လောင်စာနှင့်သဘာဝဓာတ်ငွေ့ ဆိုင်ရာရေနံသိုက်များအပေါ် ဦးဆောင်စီမံခန့်ခွဲပိုင်ခွင့် တွေ ရရှိထားပါသည် ။

ယနေ့ ကမ္ဘာ့နိုင်ငံရေးတွင် နိုင်ငံများ၏ အဆင့်အတန်း Hierarchy ကို ၌ Oil&Gas ပိုင်ဆိုင်မှု ကို အဓိကထား
သတ်မှတ်ပါသည် ။

ကမ္ဘာ့စနစ်သည် Uni-Polar System မှ Multi-Polar System သို့ ပြောင်းလဲရန် ဖော်ပြပါ တရုတ်နှင့်ရုရှားတို့၏ စီးပွားရေး စစ်ရေးစွမ်းရည်နှင့်အင်အားများက အားကောင်းစွာ ညွှန်ပြလာပါသည် ။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ G20 စက်မှုထိပ်သီးနိုင်ငံများအစည်းအဝေးတက်ဖို့ ရောက်နေကြတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ ဒီကနေ့ နိုဝင်ဘာ ၁၄ရက်နေ့မှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ သမ္မတဂျိုးဘိုင်ဒန် သမ္မတဖြစ်အပြီး သူတို့နှစ်ဦးရဲ့ ပထမဆုံး လူတွေ့တွေ့ဆုံမှုဖြစ်သလို၊ သမ္မတရှီကျင်းပင်အနေနဲ့လည်း မကြာသေးခင်ကမှ သမ္မတသက်တမ်း ထပ်တိုးပြီးတဲ့နောက် တွေ့ဆုံကြတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတရှီကျင်းပင်ကို အမေရိကန်နဲ့တရုတ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပြီး တရုတ်တနိုင်ငံတည်းမူဝါဒကို ထပ်မံအတည်ပြုသလို ထိုင်ဝမ် မူဝါဒကလည်း အပြောင်းအလဲမရှိပါဘူးလို့ ပြောပါတယ်။

ဒါသည် အမေရိကန်တ်ု့၏Rising China တရုတ်အပေါ်
Containment ကနေ Balance အဆင့်ဖြစ်သွားပြီ ။
အာဖကန်အရေးနှင့် ရုရှား-ယူကရိန်း အရေး၌ အမေရိကန်၏ဩဇာအာဏာတွေ၊ ရပ်တည်မှုပုံရိပ်တွေ ထိပါး၊ ယိမ်းယိုင်နေတာကို သိသာစွာ မြင်တွေ့ရပါတယ် ။
တရုတ်နှင့်အမေရိကန်ဆက်ဆံရေးတွင် အမေရိကန်ဖက်မှ တရုတ်ဖက်ကို Favour ပေးရတာကို ထင်ရှားစွာ မြင်ရပါတယ် ။New World Order စတင်ပြီလား ။
စိတ်ဝင်စားစရာပါပဲ ။

အထက်ဖော်ပြပါအချက်များအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည်
တရွေ့ရွေ့ပြောင်းလဲလာနေသောNew World Order (Multilateralism နိုင်ငံစုံဝါဒ ) (Multi-polar System)၌
အမေရိကန်နှင့် အပြိုင် ကမ္ဘာ့အဓိက ဇာတ်ဆောင်များ
ဖြစ်လာနေပါသည် ။

အမေရိကန်သည် သူတို့လိုလားသော အုပ်စုအာဏာရရေးအတွက် မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကိုမလျော်ကန်သော နည်းလမ်းပေါင်းစုံဖြင့် နိုင်ငံရေးဖိအားများ ပေးနေပါတယ် ။