ရုပ်ရှင် အညွှန်း

@movieguided


ရုပ်ရှင် အညွှန်း

20 Aug, 15:50


ကျိန်စာ (见怪) Detrimental 2023 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

နံပါတ် 211 ကျွန်းပေါ်မှာ မျက်မမြင်သူတွေနဲ့ ထောင်ကထွက်လာပြီး ဘ၀သစ် ပြန်လည်ထူထောင်လိုသူများအတွက် စက်ရုံတစ်ခု ဆောက်ထားပေးပါတယ်

အဲဒီစက်ရုံမှာ အသေဆိုးနဲ့သေရသူ မကျွတ်မလွတ်သူတွေရဲ့ဝိဉာဉ်တွေ စုစည်းပြီးသောင်းကျန်းနေတဲ့အပြင် ကျိန်စာမိ မိစ္ဆာသားရဲတွေလည်းရှိတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပေါ့

ဒါပေမဲ့ ရွေးချယ်ခွင့်မရှိတဲ့ မျက်မမြင်အလုပ်ရုံက အလုပ်သမား ယိုကျီရန့်ကတော့ အဲဒီကျွန်းက စက်ရုံဆီ ထွက်လာခဲ့ပါတယ်

သူ့အပြင် တခြားအလုပ်သမားတွေ နဲ့ အလုပ်သမားခေါင်းဆောင် ကွေ့မြန်လည်း ကျွန်းပေါ်မှာ ရောက်လာကြပြီး ကျွန်းပေါ်မှာ သဲမုန်တိုင်း ထျန်းလင်နဲ့ ကြုံတွေ့ရတာကြောင့် ပြင်ပအဆက်အသွယ်တွေ ပြတ်ကုန်ပါတယ်

သိုလှောင်ထားတဲ့ရိက္ခာတွေ ရေထဲမျောပါကုန်ပြီး သူတို့ရဲ့ဆက်သွယ်ရေးစက်ခန်းလည်း မီးလောင်ပါတော့တယ် ဒီလိုအခက်အခဲတွေကြုံရနေတုန်းမှာပဲ

အများပြောကြတဲ့ စက်ရုံပေါ်က မိစ္ဆာသားရဲနဲ့ထူးဆန်းတဲ့ အရာတွေကို သူတို့တွေ ကြုံလာရတဲ့အခါ

#见怪
#Detrimental









🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

20 Aug, 15:12


The Communion Girl [2022]

Horror ဇာတ်လမ်းဆိုရင် Annabelle ကို ပြေးမြင်ရတဲ့အထိ အရုပ်လေးတစ်ရုပ်ရဲ့ ဖြစ်တည်မှုက လူတွေကို Trauma ရတဲ့အထိ သွေးပျက်စေခဲ့ဖူး
တယ်မဟုတ်လား။ ဒီဇာတ်လမ်းကလည်း အရုပ်လေးတစ်ရုပ်ကနေ စတင်လာခဲ့တဲ့ ကြောက်မက်ဖွယ် ကျိန်စာသင့်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။

ဆာရာ ဆိုတဲ့ ကောင်မလေးတို့ မိသားစုက မြို့လေးတစ်မြို့ဆီကို ပြောင်းရွှေ့လာကြတဲ့ လူသစ်တွေပါ။

နေရာအသစ် ကျောင်းအသစ်မှာ ဆာရာ့ အတွက် တစ်ဦးတည်းသောအဖော်က ရေဘက်ကာဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါပဲ။ တစ်ရက်မှာတော့ ဆာရာတို့ သူငယ်ချင်း နှစ်ယောက် တခြားမြို့က ကလပ်တစ်ခုဆီ သွားပျော်ခဲ့ကြတယ်။

အပြန်လမ်းမှာတော့ ကလပ်မှာတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ရဲ့ကားကို လိုက်စီးကြရင်း တောလမ်းတစ်နေရာစီ အရောက်မှာတော့ ဝတ်စုံဖြူဝတ်ထားတဲ့
ကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိမလို ဖြစ်သွားခဲ့တယ်။

သူတို့တွေ ကားပေါ်ကနေ ဆင်းပြီး ရှာကြတဲ့အချိန်မှာတော့ ကောင်မလေးအစား အရုပ်လေးတစ်ရုပ်ကိုပဲ တွေ့ခဲ့ကြရတယ်။

မြို့ခံကောင်လေးတွေကတော့ ဒီအရုပ်ရဲ့ ရာဇဝင်ကို သိထားကြပေမဲ့ ဆာရာကတော့ မသိခဲ့ပါဘူး။

ဒီလိုနဲ့ ဆာရာတစ်ယောက် အဲဒီအရုပ်လေးကို အိမ်ကိုသယ်လာခဲ့ပြီး နောက်ပိုင်းမှာတော့…….။

အရုပ်ဆိုရင် မြင်တောင်မမြင်ချင်တဲ့အထိ ဖြစ်စေဦးမှာပါ။









🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

12 Aug, 11:43


Oppenheimer (2023)

အကြည်ထွက်ဖို့က အတော်ကိုကြာဦးမှာမို့
အကြည်ဆုံး cam ဗားရှင်းကို ဘာသာပြန်ပြီးတင်ပေးထားပါတယ်။
ဘာသာပြန်ဖို့ စာဖိုင်အမှန်လည်းမရသေးတာကြောင့်
ကွက်လပ်အချို့တော့ပါပေမဲ့ အားလုံးနီးပါး
နားလည်အောင်တော့ ပြန်ပေးထားပါတယ်။
Peaky Blinder ရဲ့ မင်းသား Cillian Murphy က
ဒေါက်တာ ဂျေ ရောဘတ် အော့ပန်ဟိုင်းမားအဖြစ်
ခေါင်းဆောင်ပါဝင်ထားပြီး၊ နာမည်ကြီးတွေဖြစ်တဲ့
Robert Downey Jr., Emily Blunt, Matt Damon, Rami Malek
တို့ အစုံပါဝင်ထားပါတယ်။
ဒီရုပ်ရှင်ဟာ သမိုင်း၊ ဒရာမာ၊ အထ္ထုပ္ပတ္တိ အမျိုးအစားပဲဖြစ်ပါတယ်။
သမိုင်းကို နည်းနည်းလေး ကြားဖူးသူတိုင်းတောင်
ဟီရိုရှီးမားနဲ့ နာဂါဆာကီကို ကြားဖူးကြမှာပါ။
ဒီရုပ်ရှင်ထဲက ပုဂ္ဂိုလ်ကတော့ အဲဒီမြို့နှစ်မြို့ကို
ကျဲချခဲ့တဲ့ အနုမြူဗုံးကို တီထွင်ခဲ့တဲ့ သူပါပဲ။
သမိုင်းတလျှောက် အကျော်ကြားဆုံးလူတွေထဲက
တစ်ယောက်ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို နိုလန်ရဲ့ထုံးစံအတိုင်း အတန်းလိုက်မဟုတ်တဲ့
ဇာတ်ကြောင်းပြောပုံတွေရယ်၊ နောက်ကြောင်းပြန်ပုံတွေရယ်နဲ့
စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားပါတယ်။
အော့ပန်ဟိုင်းမားရဲ့ ကျောင်းသားဘဝ၊ ပါမောက္ခဘဝ၊ ကွန်မြူနစ်နောက်ခံ
ဘဝတွေကနေ အမေရိကန်ရဲ့ အကြီးမားဆုံး စီမံကိန်းဖြစ်တဲ့
မန်ဟက်တန်စီမံကိန်းကို လော့စ် အာလာမို့စ်မှာ
ဦဆောင်ခဲ့ရပုံတွေကိုပြသထားပါတယ်။
အနုမြူဗုံးကိုအောင်မြင်စွာဖန်တီးပြီး စစ်နိုင်သွားတဲ့နေရာမှာ
ရပ်သွားတာမဟုတ်ဘဲ အဲဒီနောက်ပိုင်းမှာ သမ္မတနဲ့ အစိုးရကိုပါ
အတိုက်အခံလုပ်ပြီး အနုမြူလက်နက် ကန့်သတ်ရေးကို
လှုပ်ရှားခဲ့တဲ့ဘဝအကြောင်းတွေပါ ပါဝင်ပါတယ်။
ပထမဆုံး အဖြူအမည်း IMAX ရိုက်ချက်တွေကို
ဖန်တီးထည့်သွင်းထားသလို ရုပ်ရှင်တစ်ကားလုံးကို CGI မသုံးခဲ့တဲ့အတွက်လည်း
နာမည်ကြီးနေပါသေးတယ်။
ပြီးတော့ အော့ပန်ဟိုင်းမားနဲ့ခေတ်ပြိုင် နာမည်ကြီး
သိပ္ပံပညာရှင်တွေလည်း အချက်အလက်အသေးစိတ်ထည့်သွင်းထားပါသေးတယ်။
အဲဘတ်အိုင်းစတိုင်း၊ ကာ့ထ်ဂိုဒဲ၊ ရစ်ချက်ဖိုင်းမန်းတို့လို
ဇာတ်ကောင်တွေကိုလည်း အသေးစိတ်ဖန်တီးထားပါတယ်။
အတော်ကိုကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။









🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

11 Aug, 15:48


Cobweb [2023]

IMDb Rating - 6.1/10

The Boys, Banshee စီးရီးတို့နဲ့ လူသိများတဲ့ မင်းသား Antony Starr ရဲ့ဟော်ရာ ရုပ်ရှင်အသစ်လာပါပြီ။

ဇာတ်လမ်းကောင်းသလို ကြောက်ဖို့လည်း
ကောင်းပါတယ်။ မင်းသမီးကတော့ Now You See Me ထဲက Lula အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Lizzy Caplan ပါပဲ။

ဇာတ်လမ်းအကျဉ်း -
မာ့ခ် နဲ့ ကယ်ရိုးဆိုတဲ့ လင်မယားမှာ ပီတာ ဆိုတဲ့သားလေး တစ်ယောက်ရှိတယ်။

သူတို့မိသားစုက အိမ်ဟောင်းတစ်ခုထဲမှာ နေကြတယ်။ ပီတာကညတိုင်း နံရံထဲကနေ ကောင်မလေးတစ်ယောက်ရဲ့ အသံကို ကြားနေရတယ်။

ကြားပြီး လန့်နိုးတိုင်း သူ့မိဘတွေက အိပ်မက်ဆိုးဖြစ်ကြောင်း ပြောပြီး ပြန်သိပ်ပေးကြတယ်။

ဒါပေမဲ့ အဲဒီအသံနဲ့သူနဲ့ ပိုပိုပြီး ဆက်သွယ်မိလာတဲ့အခါ အသံရှင်က ပီတာ့ကို ကြောက်စရာလျှို့ဝှက်ချက်ကြီးတွေတွေ ပြောပြပြီး အကူအညီတောင်းပါတော့တယ်...








🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

07 Aug, 15:50


"အဖြေရှာဖို့ခက်တဲ့ပုစ္ဆာ"

A Murder Erased [2022]

အခုတစ်ခေါက်မှာ လျို့ဝှက်ဆန်းပြားပြီး စိတ်ဝင်စားဖို့ကောင်းလှတဲ့ မူးယစ်ဆေးလမ်းကြောင်းက နောက်ဆုံးတော့ ရုန်းထွက်လာနိုင်ခဲ့တဲ့ ဟောင်ကောင်မှုခင်းကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...

ဒီဇာတ်ကားလေး အကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ပင်လယ်စာဆိုင်လေးဖွင့်ဖို့ ဆိုင်ခန်းငှားပြီး
ပြန်လည်ပြင်ဆင်ရာကနေ အောက်ထပ် လှေကားအောက်နားလေးမှာအပေါက်လေးဖြစ်နေခဲ့တာကိုတွေ့ခဲ့ရတယ်...

အဲ့အပေါက်လေးကို ရေဆိုးမြောင်းပိုက်ထင်ပေမယ့်
လူအရိုးထွက်လာလို့ အလောင်းဝှက်ထားမှန်းသိခဲ့ရတာပေါ့....

ဒီလိုနဲ့ ဒီအလောင်းပိုင်ရှင်နဲ့ သေဆုံးတဲ့ ဇစ်မြစ်ကို
လိုက်ရာကနေ အလောင်းဟာ လွန်ခဲ့တဲ့ ၈ နှစ်က
အသတ်ခံရတာသိရပေမယ့် သေဆုံးရတဲအကြောင်းရင်းကိုမသိနိုင်ဖြစ်နေရတယ်...

အကြောင်းကတော့ DNA အဖြေကြောင့်ဘယ်သူဆိုတာသိရပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ဒီအမှုနဲ့ပတ်သက်တယ်ထင်ရသူနဲ့ သေဆုံးသူနဲ့ နီးစပ်သူအားလုံးက သေဆုံးသူနဲ့ မိသားစုအကြောင်းမသိဘူးဆိုနေတာက တစ်ကြောင်း...

နောက်ပြီး သေဆုံးသူအလောင်းမပေါ်ခင်
၃ နှစ်တည်းက သေဆုံးသူဇနီးဆုံးသွားတာက တစ်ကြောင်းကြောင့်ပေါ့...

ကဲ ဒီလို အတားအဆီးတွေကြားကနေ အမှုမှန်ကိုဖော်ထုတ်နိုင်ပါ့မလား...
သေဆုံးရတဲ့ အကြောင်းရင်းနဲ့ တရားခံကို
၈ နှစ်တောင်ကြာနေတာ သိနိုင်ပါ့မလား....
သိနိုင်တာပေါ့နော်...

သိနိုင်လို့ ဇာတ်လမ်းရိုက်တာဆိုတော့ကာ
ဘယ်လို အဆင့်တွေကို ဘယ်လိုကျော်ဖြတ်ပြီး
ကြိုးစားဖော်ထုတ်ခဲ့တယ်ဆိုတာ ဒီဇာတ်ကားလေးကိုဒေါင်းကြည့်လိုက်ရင် သိနိုင်မှာမို့ဉာဏ်ကစားရကြိုက်သူတွေ လက်လွတ်မခံဘဲ ကြည့်လိုက်ကြနော်






🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

06 Aug, 12:44


Where Would Yu Like to Go? [2023]

မတော်တဆမှုအတွင်း ကျောင်းသားဖြစ်သူဂွမ်ဂျီယုံးကို ကယ်တင်ဖို့လုပ်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အလယ်တန်းပြဆရာဂွမ်ဒိုဂယောင်း
ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် နေ့ရက်တွေကို အထီးကျန်စွာဖြတ်သန်းနေရတဲ့ မြောင်ဂျီတစ်ယောက် တစ်နေ့မှာ‌တော့ နိုင်ငံခြားကို ခရီးထွက်ရင်း မိတ်ဆွေဟောင်းဟျောင်းဆော့နဲ့အမှတ်မထင် ဆုံတွေ့ခဲ့ရပါတော့တယ်

တစ်ဖက်မှာလည်း မောင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးနောက် လေဖြန်းရောဂါနဲ့ ဆေးရုံတက်နေရတဲ့ဂျီအွန်းဟာလည်း အသက်ရှင်လျက် နာကျင်မှုတွေထဲ ပိတ်လှောင်ခံစားနေရတဲ့သူပါ

ဆုံးရှုံးမှုကို ယူကြုံးမရဖြစ်ပြီး လွမ်းဆွတ်နေရပေမယ့် ဂျီအွန်းကို အကောင်းဆုံးစောင့်ရှောက်ပေးနေရှာတဲ့ ဂျီယုံးရဲ့သူငယ်ချင်းဖြစ်သူ ဟယ်ဆူ။
သူတို့ရဲ့ နေ့ရက်တွေကို ဘယ်လိုတွေကျော်လွှားကြမလဲ...။

ဒိုဂယောင်းရဲ့သေဆုံးမှုကိုမသိဘဲ အတိတ်ကိုပြန်တူးဖော်နေတဲ့ဟျောင်းဆော့နဲ့ရော မြောင်ဂျီတစ်ယောက် ဘယ်လိုခံစားရမှာလဲ...။

မြောင်ဂျီကိုစောင့်နေတဲ့ ဂျီအွန်းရေးထားတဲ့စာကရော ဘယ်လိုပြောင်းလဲစေမလဲ...။
စတဲ့ လွမ်းဆွတ်ဖွယ်နွေရာသီနေ့ရက်တွေကို ခံစားကြည့်ရှုလိုက်ရအောင်‌နော်။




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

06 Aug, 12:33


အဆုံးမဲ့တိုက်ပွဲ (无间之战) Endless Battle 2023 ရုပ်ရှင်

ဒီတစ်ခါမှာတော့ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကြမ်းကားတွေကိုမှ ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် နာမည်ကြီးဟောင်ကောင်မင်းသားတွေဖြစ်တဲ့ Bosco Wong , Michael Tse တို အဓိကပါ၀င်ထားတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ

ဇာတ်လမ်းအကျဉ်း

မိဘတွေနဲ့ကွာကွာပြီးသွားနောက် စိတ်၀မ်းကွဲလာကြတဲ့ ညီအကိုနှစ်ယောက် ၊

အကိုဖြစ်သူ ကျန့်ကျုံးဟာ မူးယစ်ဆေးနဲ့ရာဇ၀တ်မှု ပပျောက်ရေးအထူးတပ်ဖွဲက ရဲမှူးတစ်ယောက်ဖြစ်ပြီး

ညီလေးဖြစ်သူ ကျန့်ချန်ကတော့ မူးယစ်ဆေးဝါးပင်ရင်းဖြန့်ချီရာ လုံခွမ်းဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ဖြစ်ပါတယ်

ဒီလို အလင်းနဲ့ အမှောင် တစ်လှမ်းစီလျှောက်နေရင်း ထိပ်တိုက်တွေ့ဖို ဖြစ်လာခဲ့ပါတယ်

မူးယစ်ဆေးဝါးတိုက်ဖျက်သူနဲ့ ဖြန့်ချီသူဖြစ်တဲ့သူတိုညီအကိုနှစ်ယောက် တာ၀န်ကိုယ်စီ ထမ်းဆောင်နေရင်း

ကျန့်ကျုံးက သူ့ညီလေးမှာ နောက်ထပ်သရုပ်မှန်နေမှန်းသိလိုက်ရပါတယ်

ကျန့်ချန်က သူလျှိထဲက သူလျှိဖြစ်နေခဲ့ပြီး သူ့အကိုကို အမှောင်ထဲကနေ အသက်ရင်းပြီး ကူညီပေးနေခဲ့တာပါ

နောက်ဆုံးမှာ သူတိုညီအကိုနှစ်ယောက်ပေါင်းပြီး ဘယ်လို မူးယစ်ဂိုဏ်းကို ဖမ်းဆီးပြီး မူးယစ်ဖြန့်ချီခြင်းကို ဘယ်လိုဖျက်ဆီးပစ်မလဲ

#无间之战
#EndlessBattle




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

06 Aug, 12:25


ဆေးရောင်စွန်းသော သူတော်စင်ပန်း
(画心之双生劫)

Painted Heart: Twin Tribulations 2023 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

ထျန်းချီ ၆ နှစ်မြောက် မင်မင်းဆက် ၁၅ ယောက်မြောက်ဧကရာဇ်ခေတ် စစ်နတ်ဘုရားရွှမ်ထျန်းရဲ့အစောင့်အကြပ်လစ်ဟာမှုကြောင့် ကောင်းကင်ဘုံမိစ္ဆာထိန်းသိမ်းရေးအဆောင်ပျက်စီးသွားခဲ့ပါတယ်

ဒီပဋိပက္ခကိုအခွင့်ကောင်းယူပြီး မိစ္ဆာဘုရင်ဟေးဖုန်မှာ မှော်ကြာပန်းကိုခိုးယူသွားခဲ့ပြီး လူ့ပြည်သို ထွက်ပြေးသွားပါတယ်

မှော်ကြာပန်းက မိုးမြေတန်ခိုးစွမ်းအားနဲ့ အသွင်ပြောင်းလာတဲ့ သူတော်စင်ပန်းတစ်ပွင့်ဖြစ်တာကြောင့် ရွှမ်ထျန်းဟာ ပြန်လုယူဖို ကြိုးစားခဲ့ပါတယ်

စစ်နတ်ဘုရားရွှမ်ထျန်းဟာ အမတနတ်ဖြစ်ပြီး စိတ်နှလုံးသန့်စင်ကာ အလိုရမ္မက်တွေမရှိ‌ရပေမဲ့  သူတော်စင်ပန်းပွင့်ပေါ် သံယောဇဉ်ဖြစ်ပေါ်ခဲ့ပါတယ်

ဒါကို သိကြားမင်းက သိပြီး ရွှမ်ထျန်းကို နတ်သက်ကြွေပြီး လူပြည့်မှာ လူအဖြစ်ပြန်၀င်စားစေခဲ့ပါတယ်

အနှစ်နှစ်ဆယ်ကြာပြီးနောက်မှာ စစ်နတ်ဘုရားရွှမ်ထျန်းဟာ တိုက်ပွဲတိုင်းနိုင်တဲ့ လူငယ်စစ်သူကြီးတစ်ယောက်ဖြစ်လာပြီး သူတော်စင်ပန်းကတော့ တရားကျင့်ကြံပြီး လူအသွင်ပြောင်းလဲလာခဲ့ပါတယ်

သူတိုနှစ်ယောက်ဟာ ကံကြမ္မာကို ရှောင်လွှမရဘဲ အနှစ်နှစ်ဆယ်အကြာမှာ ပြန်လည် ဆုံတွေ့လာတဲ့အခါ

#画心之双生劫




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

04 Aug, 16:06


Soulcatcher [2023]

ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။

ဇာတ်လမ်းအကျဉ်း

ပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာကစစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။

ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။

အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေလက်နက်ဖြစ်လာခဲ့တာပါအသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်က အဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ....




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

02 Aug, 15:37


Dream [2023]

အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီ

ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာ
စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်

အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်

သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါ

အမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

01 Aug, 17:24


စစ်‌နတ်ဘုရားမဒဏ္ဍာရီ (天命玄女)

Goddess of War 2023 ရုပ်ရှင်

ဒဏ္ဍာရီအရ ရှန်းမျိုးနွယ်ရဲ့ဘိုးဘေးမိခင်ဟာ ရွှမ်ဌက်ရဲ့ဥကို စားခဲ့လို့ရှင်သန်မွေးဖွားလာတယ်လို့ပြောကြတယ် ဒါကြောင့် ရှန်းမျိုးနွယ်တွေဟာ သူတို့မျိုးနွယ်ကိုစောင့်ရှောက်ပေးမဲ့ ရွှမ်ငှက်တွေကို အလေးထားကြတာပေါ့

ရှန်းမျိုးနွယ်ဘုရင်ရှောင်ရီဟာ တိုင်းပြည်ရဲ့စစ်တပ်အင်အားပိုကောင်းပြီး ပိုမိုသာယာ၀ပြောလာဖို့အတွက် ရွှမ်ငှက်မျိုးဆက်ကို ရှာကာ ဘယ်သူမှမသိအောင် မွေးမြူပျိုးထောင်ခဲ့ပါတယ်

နှစ်နှစ်ဆယ်ကြာပြီးနောက်မှာတော့ ရွှမ်ငှက်နတ်ဘုရားမ ဖြစ်လာမဲ့ ဖူ့ဟောင်ဟာ ကြီးပြင်းလာခဲ့သလို ရှန်းမျိုးနွယ်ရဲ့အင်အားဟာ တစ်ဖြည်းဖြည်းယိမ်းယိုင်ပြီး ကျူးကျော်တိုက်ခိုက်ခံလာရပါတယ်

သာမန်မိန်းကလေးဖြစ်နေဆဲ ဖူ့ဟောင်က စစ်ပွဲတို့ရဲ့အောင်နိုင်ခြင်းအရှင်သခင် ရွှမ်ငှက်နတ်ဘုရားမတစ်ယောက်အဖြစ် ဘယ်လိုပေါက်ဖွားလာမလဲ

ကျူးကျော်လာသူတွေကို သူတို့ ဘယ်လိုတိုက်ခိုက်မလဲ ရှန်းမျိုးနွယ်ရဲ့ယုံကြည်ကိုးကွယ်မှုတွေက အစစ်အမှန်လား အလိမ်ညာတွေလား

#天命玄女
#GoddessOfWar




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

31 Jul, 17:03


သွေးကြွေးမုန်တိုင်း (断卡风暴)

Fire Storm (2023) ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

ဝေ့ဖုန်းက ကားအက်စီးဒန့်တစ်ခုကြောင့် ထောင်ထဲရောက်သွားခဲ့ပါတယ်

ဒီလိုနဲ့ သူ့အစ်မက လျော်ကြေး‌ပေးဖို့အတွက် တယ်လီကွန်းဆက်သွယ်ရေးလိမ်လည်အမှုအဖွဲ့ရဲ့ထောင်ချောက်ထဲကျပြီး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားပါတယ်

ထောင်ထဲက ပြန်ထွက်လာတဲ့ ဝေ့ဖုန်းဟာ သူ့အစ်မသေရတဲ့အကြောင်းအရင်းကို စုံစမ်းရာမှ ရာဇ၀တ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သတ်နေမှန်းသိခဲ့ရပါတယ်

‌ဒီလိုနဲ့ နယ်မြေရာဇ၀တ်ဂိုဏ်းရဲ့ဒုခေါင်းဆောင် ဝေရှောက်ကို ဆိုင်ကယ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း ရင်းနှီးအောင်လုပ်ကာ ရာဇ၀တ်ဂိုဏ်းထဲကို မရရအောင် ၀င်ခဲ့ပါတယ်

အဲဒီဂိုဏ်းရဲ့အဓိကနောက်ကွယ်ကခေါင်းဆောင်ကို လက်ရမိဖို့အတွက် ဝေ့ဖုန်းတစ်ယောက် အခက်အခဲတွေ အမျိုးမျိုးကျော်ဖြတ်ပြီး အသိမ်ငယ်ခံနေခဲ့ပါတယ်

ဝေ့ဖုန်းတစ်ယောက် သူ့အစ်မအတွက် သွေးကြွေးကို ဘယ်လိုဆပ်ခိုင်းမလဲ နောက်ကွယ်ကခေါင်းဆောင်ကိုရော သူအမိအရဖမ်းနိုင်ပါ့မလား

#断卡风暴
#FireStorm




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

31 Jul, 16:29


သေလွန်ခြင်း၏တစ်ဖက်ကမ်း (打更人怪谈)The Story of The Night Watcher 2023 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

တချို့ကဆိုကြတယ် သစ်သားခေါက်သံမြည်တဲ့အခါ
မကောင်းဆိုးဝါးတွေ ထွက်ပြေးရတယ်တဲ့

ညသန်းခေါင်ယံကျော်တာနဲ့ တစ္ဆေသရဲတွေဟာ လှည့်လည်သွားလာကြပြီး လူသားတစ်ယောက်ဟာလည်း တစ္ဆေသရဲတွေကြားမှာ ရောထွေးသွားလာနေပါတယ်

အဲဒီလူကတော့ ညဘက်ကင်းလှည့်ပြီး အချိန်ကြေညာပေးတဲ့ သံချောင်းခေါက်သူတစ်ယောက်ပဲဖြစ်ပါတယ်

သံချောင်းခေါက်သူတွေဟာ ကံတရားမဏ္ဍိုင်လေးခု ခေါ် ပါးကျစ်မှာ ယန်ဓာတ်အပြည့်အဝကြီးစိုးနေတဲ့ သူများဖြစ်ပြီး အဆိုးမှန်သမျှကိုနိုင်တယ်လို့လည်းဆိုကြပါတယ်

ဒါပေမဲ့ သူတို့အရမ်းမုန်းတီးတဲ့အရာကတော့ ၇ လပိုင်း ၁၅ ရက် တစ္ဆေသံချောင်းခေါက်ခြင်းပဲဖြစ်ပါတယ်

ဝေးလံပြီး လူသူအရောက်အပေါက်နည်းတဲ့ လင်မြို့တော်မှာလည်း ဒဏ္ဍာရီအလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လာပါတယ်

ညအခါဆိုရင် လူတွေ တစ္ဆေသရဲ၀င်ပူးခံရပြီး ပျောက်ချင်းမလှ ပျောက်ဆုံးလာကြတယ် ‌

နေ့စဉ်ရက်ဆက် ပြည်သူတွေ ထိတ်လန့်နေရတာပေါ့ မြို့ထဲက သံချောင်းခေါက်သူ ရှန်ရှောင်ဟန်ကတော့ မကြောက်မရွံ့ ဒီဖြစ်ရပ်ကို ဖော်ထုတ်ပြီး ပျောက်ဆုံးသူတွေကို ရှာဖွေဖို့ ကြိုးစားလာခဲ့တဲ့အခါ

#打更人怪谈
#TheStoryOfTheNightWatcher




🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

29 Jul, 16:51


Tarla (2023)

Drama/Biography (2h 7m)

CM ပရိသတ်တွေကို ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ကားလေးကတော့ IMDb 7/10 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။
လူသားမဆန်တဲ့ အိမ်ထောင်ရေးရယ်လို့ ပြောရမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အိမ်ထောင်ရေးဆိုင်ရာဓလေ့တွေကလည်း
ထိပ်ဆုံးကပြေးမြင်မိတဲ့ထဲ ပါနေလိမ့်မယ်ထင်ပါတယ်။ ဘာအတတ်ပညာတွေတတ်ထာ:တတ်ထား
အချိန်တန်သတို့သားအိမ်လာကြည့်တာနဲ့ ဟင်းချက်စွမ်းရည်နဲ့ အိမ်ထောင်မှုနိင်နင်းတဲ့အကြောင်းပဲ
အသားပေးပြပြီးလက်ထပ်။ ဒီလိုနဲ့ အိမ်ထောင်ကျ ကလေးမွေးရင်း ချက်ပြုတ်ကျွေးမွေး၊ တစ်ဖက်က
ယောကျာ်းလေးကလည်း မိုးလင်းတာနဲ့ သံပတ်ပေးထားသလို အိပ်ယာထ၊ အလုပ်သွား၊ ပြန်အိပ် စတဲ့
ဒုံရင်းသောတစ်နေ့တာနဲ့ ငြီးငွေ့လောက်စရာ အိမ်ထောင်ရေးတွေကိုလည်း တော်တော်များများမြင်ဖူးကြမှာပါ။

ဒီကားလေးမှာတော့ တာလာဟာ ဘဝမှာ ငါတစ်ခုခုတော့ဖြစ်ရမယ်ဆိုတဲ့ ဉာဏ်ကောင်းကောင်း
ဟင်းချက်လက်ရာကောင်းကောင်းနဲ့ကောင်မလေးတစ်ယောက်ပါ။ ဒါပေမယ့် သူဖြစ်ချင်တာ ဘာရယ်လို့
ကွဲကွဲပြားပြားမသိသေးခင်မှာပဲ အိမ်ထောင်ရေးဆိုတဲ့ရထားကြီး သူမဆီဆိုက်ရောက်လာပါတော့တယ်။
သားသတ်လွတ်သမားမင်းသမီးနဲ့ အသားဟင်းသိပ်မစွဲလန်းတဲ့မင်းသားတို့ တစ်နေ့တာတွေကို
ဘာရယ်မသိဖြတ်သန်းလာရင်း နှစ်ချီလာတဲ့နောက် နောက်ကွယ်မှာ အသားခိုးစားနေတဲ့
ယောကျာ်းကိုမိသွားတဲ့အခါ ...။ ချောင်ထိုးထားတဲ့ တီထွင်နိုင်စွမ်းတွေ အစွမ်းကုန်အသုံးချလို့
ယောကျာ်းအသားမစားရေးလှုပ်ရှားမှုကြီး စပြီး ဟင်းတွေကို တီထွင်ပါတော့တယ်။

ဒီလိုနဲ့ သူ့ရဲ့ဆန်းသစ်တဲ့ဟင်းချက်လက်ရာအစွမ်းနဲ့ သူတို့တိုက်ကကောင်မလေးကိုပါ အိမ်ထောင်ချပေးလိုက်နိုင်ပြီးတော့
နာမည်ကြီးသွားပြီး သင်တန်းတွေပါဖွင်လိုက်ရတဲ့သူမ..။ မမျှော်လင့်တဲ့ အချိုးအကွေ့တွေနဲ့ကြုံလာတဲ့အခါ
ဘယ်လိုတွေ ရုန်းကန်မလဲ၊ ရင်ဆိုင်မလဲ ၊ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေးကြည့်ရှုနိုင်မယ့်
ဖြစ်ရပ်မှန် ဇာတ်လမ်းသစ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။





🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

29 Jul, 16:13


Maurh (2023)

Action/History/Drama (2h 20m)


ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမယ့် အိန္ဒိယဇာတ်ကားကောင်းလေးဖြစ်တဲ့ "Maurh"ဆိုတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်

၁၈၈၅ နဲ့ ၁၈၉၃ ခုနှစ်ပိုင်းလောက်က အိန္ဒိယဆင်းရဲသားလူတန်းစားတွေ၊ လယ်သမားတွေရဲ့ အခက်အခဲတွေ ဖိနှိပ်ခံဘဝနဲ့နေကြရပုံတွေကိုနောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ်

ဒီကားထဲမှာဆိုရင် အိန္ဒိယဆင်းရဲသားပြည်သူတွေဟာ ဗြိတိသျှအင်္ဂလိပ်တွေဖိနှိပ်နှိပ်စက်တာကတစ်ဖက်၊

မြေရှင်တွေ၊ အုပ်ချုပ်သူဘုရင်တွေရဲ့
ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု၊ အခွန်ကောက်ခံမှုတွေကတစ်ဖုံနဲ့ တော်တော်လေး ဒုက္ခရောက်နေကြတဲ့အချိန်ဖြစ်ပါတယ်

ဂျွန်နာမော်ဟာနဲ့ ကီရှနာမော်ဟာဆိုတဲ့ညီအစ်ကိုနှစ်ယောက်ကတော့ ဒီဖိနှိပ်မှုအပေါ်မှာရှုမြင်ပုံချင်းမတူပါဘူး

အကြီးဖြစ်တဲ့ကီရှနာက ဖိနှိပ်သူတွေဆိုတာ အကြမ်းနည်းနဲ့ပဲတော်လှန်ဖြေရှင်းလို့ရတယ်လို့တွေးပေမယ့်

အငယ်ဖြစ်တဲ့ဂျွန်နာကတော့ အာဏာရှိသူတွေဆိုတာ တော်လှန်လည်းမထူးတာကြောင့် ကိုယ့်အလုပ်ကိုအေးဆေးလုပ်ရင်း ငြိမ်းချမ်းမှုနဲ့ပဲအဖြေရှာမယ်လို့ တွေးတဲ့သူပေါ့

ဒါပေမယ့်လည်း ဒီအာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေက တဖြည်းဖြည်းဆိုးဝါးလာတဲ့အခါ.....

ဂျွန်နာတစ်ယောက် သူ့ရပ်တည်ချက်အတိုင်း ဆက်နေနိုင်ဖို့လွယ်ကူပါ့မလား၊

ဂျွန်နာတို့မိသားစုအနေနဲ့ ဘယ်လိုအန္တရာယ်အဖြစ်အပျက်တွေကို
ကြုံတွေ့ရဦးမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်





🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

22 Jul, 16:25


Bawaal(2023)
===========
IMDb-7.0/10

အောင်မြင်လာတဲ့နာမည်နဲ့အတူ ဗလကြီးပါရှယ်မိုက်လာတဲ့ မင်းသားဗာရွန်းနဲ့
မင်းသမီးချော ဂျန်ဗီကပူးရ်တို့အဓိကပါဝင်ထားတဲ့ ဟင်ဒီစကားပြော
ဘောလိ၀ုဒ်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ဘ၀တွေမှာ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို ပတ်ဝန်းကျင်ကိုပြချင်ကြတာကိုက
လူ့သဘောသဘာ၀လိုဖြစ်နေကြတယ်။အတွင်းစိတ်မှာ ပွက်လောရိုက်ဆူညံနေပေမယ့်
အပြင်မှာကျ မပွင့်မလင်းနဲ့အေးတိအေးစက်နေတာမျိုး။သူများအထင်ကြီးလေးစားတာကို
လိုချင်တော့ သူများဘယ်လိုမြင်သွားမလဲဆိုတဲ့စိတ်နဲ့ ကိုယ်တကယ်မဟုတ်တဲ့ပုံစံကို
ပြပေးရင်း ပြပေးရင်း ကိုယ်ဘာကောင်လဲဆိုတာ ကိုယ်တိုင်မသိနိုင်တော့တာတွေ။

ကျွန်တော်တို့ဇာတ်လိုက်ကျော်ကြီးက မြို့လေးမှာရှိတဲ့ လူတကာအထင်ကြီးအားကျရတဲ့ အကိုကြီးအဂျူး။
အထင်မကြီးကြီးအောင် အားမကျကျအောင်လည်း အဂျူးက မုသားမျိုးစေ့တွေဖြန့်ကြဲထားခဲ့လေတော့။
ကိုယ်စိုက်တဲ့အပင်ဆိုတာ ကိုယ်ရိတ်သိမ်းရတာပဲမလား။ဒီလိုအလိမ်အညာတွေနဲ့ အဂျူးတစ်ယောက်
သတို့သမီးလောင်းပေါ်မှာလည်း ပုံစံမှန်မပြခဲ့ဘဲ မုသားတွေနဲ့ပဲလက်ထပ်တာကအစ။အထင်အကြီးခံချင်တဲ့အဂျူး
လူတကာလေးစားစေချင်တဲ့အဂျူး သူ့ဇနီးသည်ဆီမှာရှိတဲ့ရောဂါက သူ့ကိုလူပုံအလယ်မှာ
အရှက်ကွဲစေမှာပဲလို့တွေးခဲ့တယ်။အဲဒီစိတ်နဲ့ပဲ ဘယ်သွားသွားဇနီးဖြစ်သူကို ခေါ်မသွားခဲ့ပါဘူး။
ဒီလိုနဲ့ပဲ သူတို့ရဲ့ကြားထဲက ဆက်ဆံရေးကဘယ်လိုဘယ်ဝယ်ဖြစ်လာမလဲဆိုတာ သင်ခန်းစာယူရင်း
ရှင်သန်ကြရတဲ့ဘ၀မှာ မိမိရဲ့အစစ်အမှန်ပုံစံအတိုင်းပဲ နေကြည့်ကြရအောင်လား။








🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

22 Jul, 16:04


ဝိညာဥ်ရုပ်သေး (木偶惊魂) The Puppet 2023 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

ငယ်ရွယ်ပြီးထက်မြက်တဲ့ လူငယ်လေး ဝူဝေဟာ သူ့ကောင်မလေးနဲ့ ညီအကိုတွေကိုခေါ်ကာ ကျေးလက်ကို လေ့လာဖို့ ရောက်လာကြပါတယ်

သူတို့ဟာ ဝေးလံလှပြီး လူအသွားအလာနည်းတဲ့ ရုပ်သေးမြို့ဆိုတဲ့ မြို့ကလေးဆီရောက်လာပြီး မြို့သူကြီးက သူတို့ကို ဟွမ်စံအိမ်မှာ တည်းခိုစေခဲ့ပါတယ်

ဟွမ်စံအိမ်ကြီးဟာ အရင်တုန်းက အမှုအခင်းဖြစ်ဖူးတဲ့အပြင် တစ်အိမ်လုံးလည်း မှုန်မှိုင်းပြီး စိုထိုင်းထိုင်းအငွေ့အသက်ကြီးစိုးနေတာကြောင့် သူတို့လည်း ကျောချမ်းချမ်းနဲ့ နေရတာပေါ့

ဒါပေမဲ့ သူတို့ကို စံအိမ်ကြီးရဲ့တတိယအထပ်ကို လုံး၀မသွားရဘူးလို့ ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ် သိလိုစိတ်ပြင်းတဲ့ ဝူဝေနဲ့ သူ့ရည်းစားဟာ အိမ်တော်ထိန်းရဲ့စကားကို နားမထောင်ဘဲ စပ်စုမိတဲ့အခါမှာတော့

ရုပ်သေးမြို့ရဲ့နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့ လျို့ဝှက်ချက်ကြီးကို ရှာဖွေတွေ့ရှိလာတဲ့အခါ

သူတို့တွေ အသက်ရှင်လျက်နဲ့ စံအိမ်ထဲကနေ ပြန်ထွက်နိုင်မှာလား

ရုပ်သေးမြို့ရဲ့ကြောက်စရာကောင်းတဲ့ဖြစ်ရပ်မှန်က ဘာဖြစ်နေမလဲ

#木偶惊魂
#ThePuppet







🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

21 Jul, 10:04


Thandatti (2023)

Comedy Thriller . 2h 3m

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် အိန္ဒိယကားလေးကတော့ "Thandatti" ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းကတော့ ဆူဘရာမာနီဟာ အငြိမ်းစားယူတော့မယ့် ရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ တရားခံတွေနဲ့ပတ်သက်လာရင် စိတ်လက်မာန်ပါလုပ်တတ်ပြီး လက်လွန်ခြေလွန်ဖြစ်တတ်တာကြောင့် အထက်လူကြီးတွေကတောင်ခေါ်ယူပြီး ပြောဆိုရတဲ့အဆင့်ဖြစ်ပါတယ်

ဆူဘရာမာနီတစ်ယောက် တရားခံကိုသေနတ်နဲ့ပစ်လိုက်တာကြောင့် ပြဿနာတက်ပြီး အထက်လူကြီးတွေက ပြဿနာမရှာဘဲအေးအေးနေဖို့ပြောဆိုနေရင်းမှာပဲ
အရင်ကတည်းကပြဿနာများတဲ့ ကီဒါရီပတ်တီရွာလေးမှာနေထိုင်တဲ့ ဆယ်ဗာရာဆုဆိုတဲ့ကောင်လေးရဲ့အဘွားပျောက်ဆုံးမှုဖြစ်ပါတော့တယ်

နဂိုကတည်းက အန္တရာယ်များတဲ့ရွာ၊ ရဲအရာရှိတွေကိုလည်း အဝင်မခံတဲ့ရွာမလို့ ဘယ်အရာရှိကမှမဖြေရှင်းပေးချင်ကြပါဘူး ဒီလိုနဲ့ဒီအမှုက ဆူဘရာမာနီရဲ့လက်ထဲကိုရောက်လာတော့တာပေါ့

ကဲ....ဆယ်ဗာရာဆုရဲ့အဘွားပျောက်သွားရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ၊ ရဲအရာရှိဆူဘရာမာနီကရော ဒီအမှုကို ပြဿနာမရှိဖြေရှင်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်







🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

19 Jul, 15:16


နတ်ဘုရားနှင့် မိစ္ဆာဘုရင် (封神.祸商) Legend of Gods: Misfortune 2023 ရုပ်ရှင်

ဇာတ်လမ်းအကျဉ်း

သာ့ကျီဟာ ကျီးချန်းကို ချောင်ကော‌မှာ ပိတ်လှောင်ထားခဲ့ပြီး တစ်ဖက်မှာ ရှန်ကုန်းပေါက်ကို ရွှမ်ကျောက်တုံးရှာဖွေတော်ပုံ ထွက်စေခဲ့ပါတယ်

သာ့ကျီတစ်ယောက် ဒီလိုလုပ်ရတာကတော့ နတ်ဆိုးဘုရင်ကို ပြန်လည်နှိုးထစေပြီး မိစ္ဆာမျိူးနွယ်သားတွေ အားလုံး‌ရှင်သန်လာအောင်လို့ပါပဲ

ရွှမ်ကျောက်တုံးဟာ အပိုင်းပိုင်းကွဲထွက်နေပြီး ရှန်ကုန်းပေါက် ရှာဖွေပေမဲ့ တစ်ပိုင်းစလိုနေခဲ့ပါတယ် အဲဒီ ကျောက်အပိုင်းစကတော့ ကျီးချန်းကိုယ်တိုင်ပဲဖြစ်နေခဲ့တာပေါ့

ကျီးချန်းရဲ့သားဖြစ်သူ လိန်ကျန့်ကျီဟာ ငယ်စဉ်ကတည်းက နန်တောင်တန်းကို ပို့ဆောင်ခံရပြီး နန်တောင်တန်းမှာပဲ ကြီးပြင်းလာခဲ့ပါတယ်

နတ်ဆိုးတွေ ပြန်လည်ရှင်သန်မလာဖို့ လောကကြီးအေးချမ်းဖို့ အတွက် လိန်ကျန့်ကျီဟာ အစွမ်းကုန်ကြိုးစားပြီး အခက်အခဲအမျိူးမျိုး စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ရပါတော့တယ်

ဒီလိုနဲ့ နတ်ဘုရားနဲ့မိစ္ဆာဘုရင်ကြားက နတ်မိစ္ဆာတိုက်ပွဲကြီး တဖန်ဖြစ်ပေါ်လာပါတော့တယ်

#封神.祸商
#LegendOfGods:Misfortune





🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

ရုပ်ရှင် အညွှန်း

18 Jul, 16:04


ခြောက်လှန့်ခြင်း (人吓人)

Ren Xia Ren 2023 ရုပ်ရှင်

အခုတင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကိုတော့ ကြောက်တတ်သူများ မကြည့်ပါနဲ့ လို့ အရင်ကြိုပြောပါရစေ

ဇာတ်လမ်းအကျဉ်း

ထိုက်ဖျင်မြို့မှာ ယွဲ့နူဆိုတဲ့ မိန်းကလေးဟာ အားနွဲ့ပြီး မိသားစုရဲ့ပစ်ပယ်ထားခြင်းကို ခံရတဲ့သူပါ

တနေ့မှာတော့ ယွဲ့နူတစ်ယောက် အကြောင်းမဲ့ သတ်သေသွားခဲ့ပါတယ် ဒါပေမဲ့ ဘယ်သူမှ အရေးတယူမလုပ်ခဲ့ကြပါဘူး

ယွဲ့နူသေပြီး လ၀က်မပြည့်ခင်မှာပဲ မြို့ထဲက စောင့်ကြပ်ရေးအကြီးအကဲ ၊ သမားတော်ဟွားကျန်းလန်း ၊ ယွဲ့နူရဲ့အကို လျိုသောင်းကျီတို့ဟာ တစ်ယောက်ပြီးတစ်ယောက် ပုံပျက်ဆင်းပျက် အကြောင်းရင်းမဲ့ သေဆုံးလာကြပါတယ

သူတို့ဘာကြောင့် အခုလိုရက်စက်စွာသေဆုံးခဲ့ရတာလဲ တကယ်ပဲ ယွဲ့နူလက်ချက်လား

ယွဲ့နူကရော ဘာကြောင့်သတ်သေခဲ့ရတာလဲ နောက်ကွယ်အကြောင်းအရင်းတွေရှိနေမလဲ

ဒီလိုတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတာကိုရော ဘယ်လိုတားဆီးကြရမလဲ

#人吓人
#RenXiaRen





🔠🔠🔠🔠. 👇👇👇


http://t.me/MovieCrazy9

5,193

subscribers

45

photos

0

videos