MHAAT θARR

@mhaatsarr


တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ

MHAAT θARR

30 Jul, 06:58


၁၉၆၈ကနေ ၂၀၂၄ ခုနှစ်အထိ ခေတ်အဆက်ဆက်အသုံးပြုခဲ့တဲ့ နွေရာသီ - အိုလံပစ်မီးရှူးတိုင်များ
🥇 #Sport 🥈 @MHAATSARR 🥉

🏄 🏸 🤼‍♀️ 🏃 🏀 🚣 🏹 🚣
🏀 🏃 🏀 🏉 🚴 🏊 🐴 🥊
🚴 🏊 🛹 🧗 🔫 🐴 🐴 🛶
🥋 🏓 🏊‍♀️ 🤿 🏋️ 🤸‍♀️ 🎾 🎾
🏋️‍♂️ 🛶 🚲 🚲 ⛵️ 🏉 🏐 🏖

MHAAT θARR

05 Jun, 09:49


နီလာအလျား၊ မြကားအပြား၊ ပတ္တမြားအမောက်၊ စိန်မှာအစောက်
👀❗️‼️⁉️🔔📌💯🆕🔖
နီလာကို အလျားလိုက် အနေအထားမျိုးဖြစ်အောင် သွေးရသည်။ မြကို ပြားသော အနေအထားမျိုးဖြစ်အောင် သွေးရသည်။ ပတ္တမြားကို မောက်သော အနေအထားမျိုးဖြစ်အောင် သွေးရသည်။ စိန်ကို စောက်သော အနေအထားမျိုးဖြစ်အောင် သွေးရသည်။
အကိုး။ ။မြန်မာဆိုရိုးစကား။
#Adage 💎 @MHAATSARR 📱
🔤🔤🔤🔤🔤🔤🔤🔤🔤

MHAAT θARR

23 May, 06:39


ဇီဝရုပ်ဖြစ်ပျက်မှု
❗️‼️⁉️💯🆕🔖
ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို အလွန်တရာကြီးမားတဲ့ စက်ရုံတစ်ခုလို့ ယူဆကြပါစို့။ ဇီဝရုပ်ဖြစ်ပျက်မှုဆိုတာက စက်ရုံကြီးအမြဲမပြတ်လှုပ်ရှားလည်ပတ်နေဖို့အတွက် အတွင်းထဲမှာလုပ်ငန်းဆောင်တာအသီးသီးဆောင်ရွက်နေတဲ့ စက်ပစ္စည်းပိုင်းနဲ့တူပါတယ်။

ကုန်ကြမ်းနဲ့ လောင်စာတွေကို ဖြိုခွဲပြီး စက်ရုံလည်ပတ်ဖို့ စွမ်းအင်ရသလိုပဲ ကျွန်တော်တို့ စားသုံးတဲ့အစားအစာကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ရပါတယ်။ အဲ့ဒီစွမ်းအင်က စက်တွေကို စွမ်းအင်ပေးတဲ့ လျှပ်စစ်ဓာတ်အားလိုပါပဲ။

အဲ့ဒီကုန်ကြမ်းတွေကို အသုံးပြုပြီး ကြွက်သား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါစတဲ့ လိုအပ်တဲ့နေရာတွေမှာ တည်ဆောင်ပြုပြင်ပါတယ်။ မီးစက်ကြီးတွေနဲ့ အလုပ်လုပ်နေတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလိုပါပဲ။

စက်ရုံတိုင်းက စွန့်ပစ်ပစ္စည်းထွက်သလိုပါပဲ ဇီဝရုပ်ဖြစ်ပျက်မှုကနေလည်း အညစ်အကြေးထွက်ပါတယ်။


အတိုချုပ်ပြန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်တွင်းမှာဖြစ်ပျက်နေတဲ့ အစားအစာကနေ စွမ်းအင်အဖြစ်ပြောင်းလဲပေးတာ၊ ခန္ဓာကိုယ်မှာ လိုအပ်တဲ့အစိတ်အပိုင်းတွေကို တည်ဆောက်ပြုပြင်ပေးတာနဲ့ အညစ်အကြေးစွန့်ထုတ်တာစတဲ့ ဓာတုဓာတ်ပြုမှုအားလုံးက ဇီဝရုပ်ဖြစ်ပျက်မှု ဖြစ်ပါတယ်။ ဇီဝရုပ်ဖြစ်ပျက်ခြင်းက ကျွန်တော်တို့ သက်ရှင်လှုပ်ရှားနေစေဖို့အတွက် မရပ်မနားတာဝန်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဥ်တစ်ခုဖြစ်ပါတယ်။
#you_must_know 📌 #Biology 😄 @Mhaatsarr 📱
🔤🔤🔤🔤🔤🔤🔤🔤🔤

MHAAT θARR

17 May, 08:08


😀😀✌️🤷‍♂️😀

အထူးသဖြင့် ၁၀နှစ် ၁၁နှစ်အရွယ် ကလေးတွေ အဝလွန်တာကို ကာကွယ်ရာမှာ စားသုံးတဲ့ သကြားပမာဏထက် စားသုံးတဲ့ သကြားအမျိုးအစားက ပိုအရေးကြီးတယ်လို့ သုတေသနအသစ်တစ်ခုက အကြံပြုထားပါတယ်။ သစ်သီးနဲ့ သကြားထပ်မထည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ သဘာဝအချိုဓာတ်က အချိုရည်နဲ့ သွားရည်စာတွေမှာပါတဲ့ ချက်ထားတဲ့ သကြားထက် ဘေးဥပဒ်ပိုနည်းပါတယ်။
#Human 🤱 @MHAATSARR 📱
🔤🔤🔤🔤🔤🔤🔤🔤🔤

MHAAT θARR

14 May, 05:29


အရပ်နဲ့ အသက်မှာ ပြောင်းပြန်ဆက်နွယ်မှု ရှိပါတယ်။
🤔 💡 🧐 😱 ⁉️
ဟုတ်ပါတယ်။ အရပ်ပုသူတွေက အရပ်ရှည်သူတွေထက် အသက်ပိုရှည်တယ်ဆိုတဲ့ အကြောင်းပြချက်တွေ၊ လေ့လာတွေ့ရှိမှုတွေ ရှိပါတယ်။ အရပ်ပုသူတွေရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုက ပိုနှေးတာကြောင့် ခန္ဓာကိုယ်ချို့ယွင်းပျက်စီးတာက အချိန်အတိုင်းအတာတစ်ခုထိ လျော့ကျနိုင်ပါတယ်။ အရပ်ရှည်ရာမှာ အထောက်အကူပြုတဲ့ ဟော်မုန်းက အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းနဲ့ ဆက်စပ်မှုရှိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေက ဖြစ်နိုင်ခြေတွေပါ။ ဆက်စပ်မှုရှိတယ်ဆိုတာနဲ့ပဲ အကြောင်းရင်းဖြစ်သွားတာမဟုတ်ပါဘူး။ အရပ်ပုတာနဲ့ပဲ အသက်ရှည်ရှည်နေရမယ်လို့ မဆိုလိုပါဘူး။ မျိုးရိုးဗီဇ၊ ဘဝနေထိုင်မှုပုံစံနဲ့ အလုံးစုံကျန်းမာခြင်းတွေက သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ခြင်းမှာ အရပ်ထက် ပိုအရေးပါပါတယ်။
#Health 👍 @MHAATSARR 📱
🔤🔤🔤🔤🌷🔤🔤🌹🌹

MHAAT θARR

13 May, 04:17


၂၀၁၂ ခုနှစ်တုန်းက လယ်ရီဂရင်းဖီးဆိုတဲ့ ၄၇ နှစ်အရွယ် လူပျိုကြီးတစ်ယောက်က အောင်သွယ်တော်ဝန်ဆောင်မှုလုပ်ငန်း ခြောက်ခုမှာဒေါ်လာ‌ခြောက်သောင်းခွဲကျော်အသုံးပြုပြီး သူ့စိတ်ကြိုက်စံပြမိန်းမတစ်ယောက်ရှာခဲ့ပါတယ်။ ၁၂ နှစ်အတွင်း အမျိုးသမီးပေါင်း ၂၅၀နဲ့ ကြင်ဖက်တွေ့ခဲ့ပေမဲ့ အောင်မြင်မှုမရရှိခဲ့ပါဘူး။ သူဖက်ကနေ အေဂျင်စီတွေကို ပြစ်တင်ဝေဖန်ခဲ့သလို အေဂျင်စီတွေဖက်ကလည်း သူက သူလိုက်လို့မမှီနိုင်တဲ့အမျိုးသမီးကို လိုချင်နေခဲ့တာလို့ ပြောပါတယ်။ အောင်မြင်တဲ့ အလုပ်အကိုင်တစ်ခုက‌နေ အငြိမ်းစားယူထားတဲ့သူက လှပသေးသွယ်ပြီး ဉာဏ်ကောင်းတဲ့အပြင် ဟာသဉာဏ်ရွှင်တဲ့ နယူးယောက်မြို့ခံ ဂျူးလူမျိုအမျိုးသမီးတစ်ယောက်လိုချင်ခဲ့တာပါ။ ဒါပုံပြင်မဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က သတင်းစာတွေမှာတောင် ဒီအကြောင်း ပါဝင်ခဲ့ပါတယ်။
#FantasticFacts @MHAATSARR

MHAAT θARR

12 Apr, 05:57


အင်တာနက်စတင်ပေါ်ပေါက်လာခဲ့တာ စစ်အေးကာလမှာပါ။ ၁၉၆၀ ခုနှစ်လွန်ကာလတွေမှာ အမေရိကန်ခုခံကာကွယ်ရေးဌာနက ARPANET ဆိုတဲ့ ပရောဂျက်တစ်ခုကို ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ အဆိုပါပရောဂျက်ရဲ့ ရည်ရွယ်ချက်က စစ်အတွင်း ဖျက်ဆီးခံရရင်တောင် ကျန်ရှိနေမယ့် ဆက်သွယ်ရေးကွန်ယက်တစ်ခု ဖန်တီးဖို့ပါ။ တဖြည်းဖြည်းနဲ့ ARPANET က ကျွန်တော်တို့မျက်မှောက်ကာလမှာ အသုံးပြုနေတဲ့ အင်တာနက်အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
#Technology @MHAATSARR

MHAAT θARR

12 Apr, 05:29


ကမ္ဘာ့ငွေကြေးရဲ့ ၉၀%ကျော်က ဒစ်ဂျစ်တယ်ငွေကြေးတွေ ဖြစ်ပါတယ်။ ငွေစက္ကူတွေနဲ့ ငွေဒင်္ဂါးပြားတွေကို အသုံးပြုနေဆဲ ဖြစ်ပေမဲ့ အဓိကငွေကြေးလွှဲပြောင်းမှုတွေကို အကြွေးဝယ်ကတ်၊ Debit cards၊ အွန်လိုင်းငွေပေးချေမှုတွေအပြင် ခရစ်တိုငွေကြေးတွေကနေတဆင့် လုပ်ဆောင်ကြပါတယ်။ ဒစ်ဂျစ်တယ်စီးပွားရေးတွေက တစ်စတစ်စပိုမိုကျယ်ပြန့်လာနေပါတယ်။
#FantasticFacts @MHAATSARR

MHAAT θARR

11 Apr, 06:54


ဆလောက်ကောင်တွေက အံ့ဩစရာကောင်းလောက်အောင် လင်းပိုင်တွေထက်တောင် အသက်အောင့်နိုင်ကြပါတယ်။ အချို့သော ရင်းမြစ်တွေအရ ဆလောက်ကောင်တွေက မိနစ် ၄၀ လောက်အထိ အသက်အောင့်နိုင်ကြပါတယ်။ လင်းပိုင်တွေကတော့ ဆယ်မိနစ်ကနေ ဆယ့်ငါးမိနစ်တိုင်း ရေမျက်နှာပြင်ပေါ်တက်ပြီး လေ,လာရှူရပါတယ်။
#Animal_kingdom @MHAATSARR

MHAAT θARR

11 Apr, 06:44


ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့လူဦးရေ သန်း ၈၀၀၀ ကျော်လာချိန်မှာ ကျားကောင်ရေ ၄၀၀ ဝန်းကျင်ခန့်သာ ကျန်ရှိပါတော့တယ်။ အခုဆိုရင် ကျားတွေက ပန်ဒါဝက်ဝံကြီးတွေထက်တောင် ပိုရှားနေပါပြီ။
#Mammal @MHAATSARR

MHAAT θARR

04 Apr, 06:37


ပျမ်းမျှအားဖြင့် လူတစ်ယောက်က သူ့ဘဝသက်တမ်းရဲ့ ၉၂ရက်ကို သန့်စင်ခန်းထဲမှာ ကုန်ဆုံးပါတယ်။ တစ်ပတ်တာကို တစ်နာရီနဲ့ ၄၂ မိနစ်နှုန်းပါ။
#Fun_fact @MHAATSARR

MHAAT θARR

31 Mar, 05:23


ရေဓာတ်ခမ်းခြောက်ခြင်း

နွေရာသီရောက်လာတဲ့အခါ လူကြီးမိဘတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ရေဓာတ်ခမ်းတာပါ။ ရေဓာတ်ခမ်းတာက နေပူနေချိန်မှာ ချွေးထွက်များတာ၊ ရေဓာတ်ပြည့်ဝအောင် မသောက်မိတာတွေကြောင့် ကိုယ်တွင်းမှာ ရေဓာတ်ခမ်းတာမျိုး ဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းတာက မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် ရေဓာတ်ပြည့်ဝအောင် အထူးဂရုစိုက်ကြပါ။
အကိုး။ ။Hello Sayarwon
#Health @MHAATSARR

MHAAT θARR

27 Mar, 06:00


Gender Equality နဲ့ Gender Equity

Gender Equality ဆိုတာကိုပဲ သိတဲ့ ယောင်္ကျားတွေက သောက်တလွဲတွေချည်းပြောကြတယ်။

မိန်းမက လက်ပါလို့ ယောင်္ကျားကပြန်လက်ပါတာကို Gender Equality တို့ဘာတို့ဆိုပြီး

တကယ်က Gender Equality ဆိုတာက ဇီဝဗေဒဆိုင်ရာ ပေးထားချက်တွေ စဉ်းစားစရာမလိုတဲ့ အခြေအနေတွေကိုပဲပြောတာ ၊

ဥပမာ အမျိုးသမီး တွေ မဲပေးတာတို့ ၊ CEO လုပ်တာတို့ပေါ့။

ဇီဝဗေဒဆိုင်ရာ ပေးထားချက်ကို ထည့်သွင်းစဉ်းစားလာရပြီဆိုရင် Gender Equity လို့ခေါ်တယ်။

Titanic ကားထဲမှာ သင်္ဘောမြုပ်တော့ မိန်းမတွေကို ဦးစားပေးရမယ်ဆိုပြီး လုပ်ခဲ့တာ လူတိုင်းကြည့်ဖူးမှာပါ။ တကယ်တမ်းက အသက်တစ်ခုပါတာချင်း အတူတူ လာမကယ်ရင် အားလုံးသေကြမှာချင်း အတူတူဘာလို့ အဲ့လိုဆုံးဖြတ်တာလဲ ပေါ့။ ဘာလို့လဲဆိုတော့ လာမကယ်ရင် သေမှာချင်းတူတူတောင် သင်္ချာနည်းနဲ့တွက်ရင် ယောင်္ကျားတွေရှင်နိုင်ခြေက မိန်းမထက်ပိုများပြီးသားပဲ။ Zero ချင်းတူရင်တောင် ယောင်္ကျားက သူရဲ့ဇီဝဗေဒ ပေးထားချက်အရ အသက်ရှင်နိုင်ခြေပို မြင့်တယ်လို့ ယူဆတာ Gender Equity အတွေးအခေါ်ပဲ။

Gender Equity အယူအဆမှာ မိန်းမကလက်ပါရင် ယောင်္ကျားကပြန်လက်ပါခွင့်မရှိဘူး (ပြင်းထန်စွာနာကျင်စေတာမျိုး အသက်အန္တရာယ် ချိန်းခြောက်တာမျိုး မဟုတ်သ၍)

ဘာလို့လဲဆိုတော့ လက်ပါတာချင်းတူရင်တောင် ခံနိုင်ရည်ချင်း ခွန်အားချင်းမတူဘူး။ နောက်ပြီး စိတ်ပိုင်းဆိုင်ရာ အပေါ်သက်ရောက်မှုမတူဘူး။ မိန်းမကယောင်္ကျားကို လက်ပါတာက ယောင်္ကျားအတွက် လမ်းဘေးကခွေးလာဟောင်သလိုပဲ ၊ မကြိုက်ပေမယ့် စိတ်ညစ်သွား စိတ်အားငယ်သွား ရလောက်အောင် ခံစားရမှာမဟုတ်ဘူး။ မိန်းမကို ယောင်္ကျားကလက်ပါရင်ကျတော့ မိန်းမဘက်က စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများတယ်။ ငါပြန်မလုပ်နိုင်ဘူးလေ ဆိုတဲ့ feeling မျိုးပေါ့။ အကာအကွယ်မဲ့ defenseless ခံစားချက်မျိုးက မိန်းမတွေ က ယောင်္ကျား ကိုယ်ထိလက်ရောက်လုပ်တာခံရမှဖြစ်တာ။

ယောင်္ကျားတွေ ကို မိန်းမတွေက လုပ်ရင် ဘယ်တော့မှ defenseless feeling မဖြစ်ဘူး။
ငါပြန်လုပ်လိုက်ရင် ရတာပဲ ဆိုတဲ့ feeling ရှိသေးတယ်။ အဲ့တာတွေကို ထိန်းညှိတာ gender equity ပဲ။

ပြီးတော့ gender equity က မိန်းမတွေအတွက်ပဲ အကျိုးပြုတာလားဆိုတော့လည်း မဟုတ်ဘူး။

အပေါ်က ပြောခဲ့တဲ့ အသက်ဘေးကြုံလာရင် မိန်းမကိုဦးစားပေးတာ ၊ လက်ပါးရင်တောင် အနည်းအကျဉ်းလောက်ကို ခွင့်လွတ်တာက gender equity စိတ်ရှိတဲ့ ယောင်္ကျားတွေရဲ့ အယူအဆ။

Gender equity စိတ်ရှိတဲ့ မိန်းမတွေရဲ့ အယူအဆတစ်ခုက အမျိုးသမီးချင်း ချီးကျူးသလို မျိုး အမျိုးသားတွေကို ရုပ်ပိုင်းဆ်ုင်ရာ ချီးကျူးကြတာမျိုး ၊ ဘာလို့လဲဆိုတော့ အမျိုးသားတွေဟာ သူတို့ဘဝမှာ ဆန့်ကျင်ဖက်လိင်ကဖြစ်စေ လိင်တူချင်းကဖြစ်စေ ရရှိဖူးတဲ့ ချီးကျူးမှုဟာ အမျိုးသမီးတွေရဲ့ ဆယ်ပုံတစ်ပုံပဲရှိမှာ။

ဆိုတော့ အမျိုးသမီးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာ ချီးကျူးခံရရင်ရတဲ့ adrenaline ထက် အမျိုးသားတွေက သူတို့ချီးကျူးခံရရင် ဆယ်ဆလောက်ပိုရကြတယ်။ အဲ့တာ gender equity concept ပဲ။

ယောင်္ကျားနဲ့ မိန်းမဆိုတဲ့ အဓိက လိင်နစ်မျိုးနဲ့ပဲ ဒီကမ္ဘာကြီးဖြစ်တည်လာတယ်။ ယောင်္ကျားလိုအပ်တဲ့ဟာကို မိန်းမကပေးပြီး မိန်းမလိုအပ်တဲ့ဟာကို ယောင်္ကျားကပေးတာသည် gender equity ပဲ။

ဒါက gender equity 101 အဆင့်တောင်မရှိသေးဘူး။ ဒီထက်ပိုတဲ့ အယူအဆတွေအများကြီးရှိသေးတယ်။

တစ်ခါတစ်ခါ စကားလုံးတစ်ခုခုကို ကြားဖူးနားဝ နဲ့လိုက်မယောင်ဖို့ တကယ်လိုအပ်တယ်။

feeling
#Thought @MHAATSARR

MHAAT θARR

10 Mar, 06:31


နွားတွေမှာ အပေါ်ရှေ့သွားမပါ,ပါဘူး။ အဲ့ဒီအစား သူတို့မှာ သွားဖုံးမာပါဝင်ပါတယ်။ ဒီလိုက်လျောညီထွေမှုရှိတဲ့ ထူးကဲမှုက အမျှင်ဓာတ်များပြီး ကြမ်းတမ်းတဲ့ မြက်လို အရွက်တွေစားရာမှာ ထိရောက်မှု ရှိစေပါတယ်။
#Mammal @MHAATSARR

MHAAT θARR

10 Mar, 05:57


အဆိုပါယူလက်ဆိုက်(Ulexite)ကျောက်တုံးမှာ ထူးခြားတဲ့ အလင်းဂုဏ်သတ္တိတစ်ခုရှိပါတယ်။ မျက်နှာပြင်တစ်ခုက ဝင်ရောက်လာတဲ့ အလင်းကို တစ်ဖက်ဆန့်ကျင်ဖက်မျက်နှာပြင်ပေါ်မှာ ပုံရိပ်တစ်ခုပြန်ထုတ်လွှတ်ပေးပါတယ်။ ဒီသာမန်မဟုတ်တဲ့ဖြစ်ရပ်ဆန်းကြောင့် Television Stone လို့လည်း ခေါ်ကြပါသေးတယ်။
#Chemistry #Physics @MHAATSARR

MHAAT θARR

28 Feb, 07:11


ကျွန်တော့်ဘဝရဲ့ မြင်ဖူးသမျှထဲမှာ ရင်နင့်သည်းဖွယ် အကောင်းဆုံးဖြစ်ရပ်ထဲက တစ်ခုပါ

ကျွန်တော်နေတဲ့ တိုက်ခန်းမှာ ဓာတ်လှေကားစောင့်လူကြီးတစ်ယောက်ရှိပါတယ်။ သူ့အလုပ်ချိန်က မနက်ရှစ်နာရီကနေ ညရှစ်နာရီထိပါ။ ကျွန်တော်က မနက်တိုင်း ကိုးနာရီနှစ်ဆယ်မိနစ်ကနေ ကိုးနာရီနှစ်ဆယ့်ငါးမိနစ်ကြားထဲမှာ ဓာတ်လှေကားစီးပါတယ်။ ကျွန်တော် သူ့ကိုကြည့်လိုက်တိုင်း သူ့လက်ထဲကဖုန်းကို ဝမ်းနည်းစွာကြည့်နေတာကို အမြဲတမ်းတွေ့ရပါတယ်။ (ခေါင်းလေးတောင် တစ်ချက်လုံးဝ မော့မကြည့်ပါဘူး။)

တစ်ရက်တော့ ကျွန်တော်လည်း စပ်စုချင်စိတ်နဲ့ ဘာလို့ဖုန်းကို အဲ့လောက်တောင် ကြည့်နေရတာလဲဆိုပြီး မေးကြည့်ပါတယ်။
သူက ကိုးနာရီခွဲမယ့်အချိန်ကို စောင့်နေတာပါ။
သိပ်မကြာခင်ကမှ အိမ်ထောင်ကျသွားတဲ့ သူ့သမီးကို အဲ့အချိန်ရောက်တဲ့အခါမှသာ ဖုန်းဆက်နိုင်တယ်ဆိုတဲ့အကြောင်း သိရပါတော့တယ်။
သူ့သမက်က သူ့သမီး ဖအေနဲ့ဖုန်းပြောတာကို မကြိုက်လို့ပါတဲ့။ အဲ့တာကြောင့် သူ့သမက်အလုပ်သွားပြီးမယ့်အချိန်ကို စောင့်ပြီး သူ့သမီးရဲ့ တစ်နေ့တာဖြတ်သန်းခဲ့သမျှ အဆင်ပြေမပြေ လှမ်းမေးဖို့ ဖုန်းဆက်ရပါတယ်။
#Story @MHAATSARR

MHAAT θARR

09 Feb, 16:33


🏆 Top results in the quiz 'MHAAT θARR Lunar New Year Quizzes'

🥇 @herrynarsa – 6 (21.2 sec)
🥈 @Thooneainsi2k11 – 6 (30.4 sec)
🥉 @need_No1 – 6 (32.7 sec)
4. @G2A12 – 6 (33.9 sec)
5. @KTRT2006 – 6 (37 sec)
6. @Arr_tae_God_sin_kal_par – 6 (1 min 3 sec)

ဒီခြောက်ယောက်က @MHAATSARR_bot ကို စာပို့ပေးပါခင်ဗျ