Marco Paing Football Gaming

@marcopaingfootballgaming


eFootball Knowledge Sharing & Update News

Marco Paing Football Gaming

22 Oct, 15:18


ကွင်းလယ် CMF မှာ ဒီ‌လိုလေးသုံးကြည့်ပါလားကိုယ့်လူတို့...။

[ Level Training ပြောင်းကစားဖို့လိုပါမယ် ]

Xabi Alonso 2010 WC Card Review 🔰

ဇာဘီအလွန်ဆိုကတော့ထူးမိတ်မဆက်တော့ဘူးဗျာ..။
လီဗာပူးနဲ့အတူ ၂၀၀၅ ချန်ပီယံလိဂ်ရယူနိုင်မှု့မှာ
နာမည်စတင်ရရှိလာပြီး.. စပိန်အတွက်အဓိကကစားသမားအဖြစ် 2008/2012 ယူရိုချန်ပီယံ၊ 2010 ကမ္ဘာ့ဖလားအပါအဝင်
မက်ဒရစ်၊ဘိုင်ယန်မြူးနစ်နဲ့အတူအောင်မြင်မှု့များစွာရခဲ့ပါတယ်..။
အခုနည်းပြဘဝမှာ လေဗာကူဆင်နဲ့သူလုပ်ပြနေတာတွေ
အားလုံးသိရှိပြီးကြမှာပါ...။

ဒီကတ်ကသူ့ရဲ့တခြားကတ်တွေနဲ့နည်းနည်းမတူအောင်ကစားလို့ရပါတယ်..။
ပထမ စတင်ပါဝင်လာတဲ့နေ့က ကျနော်တင်ပေးတဲ့ Level Training အတိုင်းကစားတာထက် ဒီနေ့ ကျနော်စမ်းသပ်ပြီးတဲ့နောက် ဒီနည်းလေးပြောင်းကစား‌စေချင်တယ်။
ပုံမှာကြည့်ပါ။

103 တက်ဖို့ Booster Crafting တစ်ခုခုကိုထည့်ဖို့တော့လိုတယ်၊ Goalkeeping _ Saving အဲ့နှစ်ခုကလွဲရင် Ramdom ကြိုက်တာထည့်လိုက်ဗျာ.. ဘာနဲ့နေနေ 103 ရမယ်။
[ Passing , Technique ကတော့အကောင်းဆုံးပေါ့ ]

DMF အဖြစ်သူ့ကတ်တွေကိုကစားလေ့ရှိပေမယ့်
ဒီကတ်ကို CMF အဖြစ်သုံးစေချင်တယ်။
Auto CMF အဖြစ်ပါဝင်လာတာကောကြောင့်ပါ။

Orchestrator Playing Style တွေအနေနဲ့
ပွဲအတင်အချ၊ လိုအပ်တဲ့ပေးပို့မှု့ကို လိုအပ်တဲ့အချိန်မှာပေးနိုင်ခြင်း၊ ကစားကွက်တစ်ခုကို ဦးနှောက်+ကစားအားနဲ့ ကွင်းလယ်ကနေ ထိန်းချုပ်နိုင်ခြင်းတွေက တခြား Playing Style တွေထက် များစွာကောင်းတဲ့အချက်ပါ။
ကစားကွက်နဲ့ ကစားချင်သူတွေ၊ ဘောလုံးကို ဘောလုံးအနုပညာအရ အေးဆေးလေး ခံစားချင်သူတွေအတွက် ပါကို ပါသင့်တဲ့ ကစားသမားတွေမှာရှိတဲ့ Playing Style ပေါ့ဗျာ..။

Visionary Pass Special Skill 🔰
ဒီ Skill ပါလို့လဲ DMF ထက် CMF ကိုပိုသုံးသင့်တာပါ။
ဂိမ်းထဲမှာ ဒီ Skill ပါတဲ့ ဘဲတွေရဲ့ပေးပို့မှု့က
တခြားကစားသမားတွေနဲ့တူကိုမတူတာ..
ဘောလုံးလက်ခံတဲ့ကောင်မှာပါ ဘောလုံးအထိန်းအသိမ်းတွေ၊ တစ်ချက်ထိကန်ချက်တွေ တိုးတက်မှု့မှာ သ/က်ရောက်မှု့ရှိသွားတာမျိုးပေါ့ဗျာ..။

Kick Power ကတော့ လှည့်ကိုမကြည့်နဲ့ဗျို့..
Long Range Sh••ting နဲ့ ထိုင်ကစ်နေရုံပဲ..။

Skill Adding အပိုင်းကိုတော့
ကျနော့် Wall မှာ တချက်သွားကြည့်ပေးဗျာ..။
ပုံမှာထည့်ရင်အရမ်းရှုတ်နေလို့။

DMF မဆော့နဲ့ကို့လူ‌တို့ရေ
CMF ကို ယခု Level Training လေးနဲ့ဆော့ကြည့်..

အဲ... 103 တက်ဖို့ဆိုရင် Ramdom Booster တစ်ခုခုထည့်ဖို့တော့မမေ့နဲ့ဗျ ဒီလိုဆို 102 ပဲရမယ်။

See you another eFootball Review 🔰

EFootball with Marco Paing
EFootball with Marco Paing 2

Facebook Group 🔰
Marco Paing's eFootball Empire

#marcopaing #efootballreview

Marco Paing Football Gaming

21 Oct, 13:41


eFootball မှာ DMF အကောင်းဆုံးအနေအထားဖြစ်လာနိုင်တဲ့ ပက်ထရစ်ဗီအဲယာ 🇫🇷🦾

Anchor Man Playing Style နဲ့ပါဝင်လာတဲ့
ဗီအဲယာအနေနဲ့ ၂၀၀၀ခုနှစ် ပြင်သစ်နိုင်ငံအသင်းအတွက် ယူရိုဖလားရယူပေးနိုင်ခဲ့တဲ့ကာလက Iconic အခိုက်အတန့် ဖြစ်ပါတယ်..။

ဗီအဲယာကို အကောင်းဆုံးအရောင်တင်ပေးခဲ့တာကတော့
အာစင်နယ်အသင်းရဲ့နည်းပြကြီး အာစင်းဝင်းဂါးဖြစ်ပြီး
၂၀၀၄ ခုနှစ်ရွှေခေတ်အသင်းမှာ အတော်လေးအားကိုးခဲ့ရသူဖြစ်ပါတယ်။

သူရှိနေရင် ကွင်းလယ်မှာသာမက နောက်တန်းကစားသမားတွေအတွက်ပါ သက်တောင့်သက်သာဖြစ်စေခဲ့သူပါ။

အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်လို့ ကျနော်တို့ eFootball ဘက်ကိုသွားလိုက်ကြရအောင်..။

Anchor Man Playing Style ?
အရင်ကျနော့် Page အကြီးမှာ ခဏခဏပြောဖူးတင်ဖူးသလိုပဲ ဗီအဲယာလိုကစားသမားကို Anchor Man Playing Style နဲ့သာထုတ်ပေးရင်ကောင်းမယ်ဆိုတာ လက်ရှိမှာတော့ အမှန်တကယ်ဖြစ်လာပါပြီ။

ဒီ Box မှာ သူရမ်၊အလွန်ဆိုတို့အနေနဲ့ Special Skill ပါပေမယ့် ဗီအဲယာလောက် ပေါ်ပြူလာမဖြစ်နေပါဘူး။

Booster Crafting အနေနဲ့ Duelling ကိုရအောင်ကိုထည့်စေချင်ပါတယ်။
ဒါမှ Rating 105 ရမယ့်အပြင် ကစားအားလဲအတော်လေးကောင်းလာပါမယ်။

ဗီအဲယာလိုကစားသမားကို အရင်က Box To Box ၊ Destroyer တွေအနေနဲ့လာဖူးပါတယ်။
လူတစ်ကိုယ်၊အကြိုက်တစ်မျိုးဆိုတဲ့အတိုင်း Box To Box ထွက်ခဲ့သမျှ ကျနော်နဲ့တော့တော်တော်အဆင်မပြေတာပါ၊ The Destroyer ကတ်ကတော့ သုံးလိုအဆင်ပြေပါတယ်။
ဒါ့ကြောင့်အခု Anchor Man ကိုအတော်လေးသဘောကျတာပါ။

ဒါပေမယ့် Pass ပေးပို့မှု့တွေထွက်ဖို့တော့ အနည်းငယ်ရုန်းကန်ရတာတွေ့ရပါတယ်။
ဒါ့ကြောင့် Skill Adding အပိုင်းကို Pass နဲ့ဆိုင်တာ အဓိကအကြံပြုထားတာပါ၊ ပုံမှာအရောင်ကွဲနဲ့ထည့်သင့်တာ အကြံပြုထားပါတယ်။

လူကောင်ကြီး၊ အရပ်ကြီးရှည်ပေမယ့်
Fင်လေးကြီးမဟုတ်တဲ့ ဗီအဲယာအနေနဲ့ ကစားအားလဲ
တော်တော်နဲ့မကျပါဘူး။
မဟုတ်ဘူး ကျကို ကျ မသွားတာပါ။

အားနည်းချက်ကိုရှာတဲ့အချိန်မှာ
DMF တစ်ယောက်အနေနဲ့ဆို မတွေ့ရသလောက်ပါ။
CMF အနေနဲ့ဆိုရင်တော့ ထားဖို့သင့်လျော်ပါဘူး။
ပွဲများများကစားပြီးမှ လိုအပ်တာတွေထပ်တွေ့မယ်ထင်ပါတယ်။

အဓိက က တော့ Anchor Man Playing Style ကိုအတော်လေးနှစ်သက်ပါတယ်။

တခြားကတ်တွေနဲ့ နှိုင်းယှဉ်ပြပေးထားပါတယ်။
DUELLING BOOSTER မသုံးခင်ကမလို့ သိပ်မကွာသယောင်ထင်ရတာပါ။

ပုံမှာအသေးစိပ်လေ့လာနိုင်ပါတယ်။

My opinion Rating 10/9 အထိပေးတယ်ဗျာ။

EFootball with Marco Paing
EFootball with Marco Paing 2

eFootball Coin ဝယ်ယူလိုပါက
@MarcoPaing1410

#efootballreview #marcopaing

Marco Paing Football Gaming

21 Oct, 09:46


လီလီရမ်သူရမ် အကောင်းဆုံးခံစစ်ကစားသမားတစ်ယောက် သို့မဟုတ် လေးစားထိုက်သောလူသားတစ်ဦး...။

သူ့ကို eFootball မှာ နောက်ခံအတွင်းလူနှင့်ညာစွန်ခံစစ်လူအဖြစ် နှစ်ပိုင်းခွဲပြီး
ရီဗျူးလုပ်ပေးထားပါတယ်။

ရီဗျူးမစတင်ခင်မှာ သူ့ရဲ့အကြောင်းလေ့လာမိသလောက်ဝေမျှချင်ပါတယ်။

လူမျိုးရေးခွဲခြားမှု့တွေကို အဓိကထားတို၊က်ဖျက်မှု့ကိုဦးဆောင်ခဲ့သူ..၊
ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ ကမ္ဘာတစ်ဝှမ်းရှိ ကလေးများအား လူသားချင်းစာနာမှု့နှင့်ဖွင့်ဖြိုးတိုးတက်ရေးဆိုင်ရာ အခန်းကဏ္ဍများမှာ UNICEFF အဖွဲ့အစည်းနဲ့အတူ စွမ်းစွမ်းတမံပါဝင်ခဲ့ပါတယ်..။
လူသားအကျိုးပြု စာပေများလဲရေးသားခဲ့သူတစ်ဦးဖြစ်ပါတယ်..။

အားလုံးသိကြတဲ့အတိုင်းသားနှစ်ယောက်မွေးဖွားခဲ့ပြီး ယခုအင်တာမီလန်မှာကစားနေတဲ့ မားကပ်သူရမ်၊ ဂျူဗင်တပ်မှာကစားနေတဲ့ ခီဖရမ်သူရမ်တို့လို
ကစားသမားကောင်းတွေကို မွေးဖွားခဲ့ပါတယ်..။

မိုနာကိုမှာကစားသမားဘဝစတင်ခဲ့ပြီး
ပါမား၊ဂျူဗင်တပ်၊ဘာစီလိုနာတို့လို့ထိပ်တန်းကလပ်တွေမှာကစားခဲ့သူဖြစ်ပါတယ်။

လီလီရမ်သူရမ်အနေနဲ့ ပြင်သစ်သမိုင်းမှာ ပွဲအများဆုံးကစားထားတဲ့ကစားသမားအဖြစ် ဂိုးသမားကြီးလိုရစ် ၂၀၂၂ ခုနှစ်က မချိုးဖျက်ခင်အထိ ၁၄၂ပွဲနဲ့ကစားကာ စံချိန်တင်နိုင်ခဲ့သူပါ..။

၁၉၉၈ ကမ္ဘာ့ဖလားပထမစုရခဲ့တဲ့ ပြင်သစ်နောက်တန်းညာအစွန်မှာ အတော်လေးအားကိုးခဲ့ရသူပါ။
ဆီးမီးဖိုင်နယ် ခရိုအေးရှားနှင့်ပွဲမှာ သူရမ်ရဲ့အရေးပါတဲ့ခြေပဂိုးကြောင့် ပြင်သစ်တို့အနိုင်ရရှိခဲ့ပါတယ်..။
နောက်တန်းတစ်ယောက်အနေနဲ့ အတော်လေးကိုကောင်းမွန်ခဲ့ပြီး ပြိုင်ပွဲရဲ့ Bronze Ball (တတိယအကောင်းဆုံး) ဆုရယူနိုင်ခဲ့ပါတယ်။
ယခု eFootball ကတ်အနေနဲ့ ၁၉၉၈ ခုနှစ် သူရမ်အသက် ၂၆ နှစ်အရွယ်ကပဲဖြစ်ပါတယ်။

ယူရို ၂၀၀၀ မှာလဲ ပထမဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းရဲ့အဓိကကစားသမားဖြစ်ခဲ့ပြီး အီတလီကိုရှူံးနိမ့်တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားမှာလဲ ဒုတိယဆုရအသင်းမှာ ပါဝင်ခဲ့သူပါ..။

eFootball 🔰
ယခင်ကလဲ ဂျူဗင်တပ်နဲ့အတူပါဝင်ခဲ့ဖူးပြီး အတော်လေးလူကြိုက်များခဲ့တဲ့ ခံစစ်ကစားသမားဖြစ်ပါတယ်။
မြန်တယ်၊သန်တယ်၊ စိတ်ချရတယ်။

Fortress Special Skill 🔰
ဦးဆောင်ဂိုးရနေချိန် ဒုတိယပိုင်းမှာ အတော်လေးကောင်းမှာဖြစ်ပြီး၊ တခြားနောက်ခံအသင်း‌ဖော်ကစားသမားတွေကိုပါ အနည်းငယ်ကောင်းမွန်စေမှာပါ။

eFootball Review For CB 🔰

Defensive Fullback Playing Style နဲ့ပါဝင်လာတဲ့အတွက် CB အဖြစ်လဲအဆင်ပြေစွာကစားနိုင်ပါတယ်။
တော်ရုံရှေ့တန်းတွေနဲ့ယှဉ်ပြိုင်နိုင်ပြီး
Agg_re_ssive ဖြစ်တဲ့အတွက် အတင်းဝင်အတင်းထွက်လဲရပါတယ်။
ပုံမှာ CB အတွက် Level Training,
SKILL ADDING အကြံပြုချက်တွေကိုလေ့လာနိုင်ပါတယ်။
အထူးသဖြင့် 3 Back ညာခြမ်း CB လိုမှာဆို တကယ်ကောင်းမှာပါ။
သူ့ကိုအဆင်ပြေတဲ့သူနဲ့တွဲလို့ရပါတယ်။

eFootball Review For RB 🔰

Playing Style အရ Att_acking ကစားချိန်မှာ အားနည်းတာမျိုးရှိတတ်ပေမယ့်
Pinpoint Crossing ပါဝင်ခြင်း၊
လျှင်မြန်မှု့ပြေးအား၊ရုန်းအားတွေကြောင့်အတော်လေးအားကိုးရမှာဖြစ်ပါတယ်။
ညီအကိုတို့အနေနဲ့ Skill Adding လေးနည်းနည်းထည့်လိုက်ရင် ပြည့်စုံမှာပါ။

ဒါ့ကြောင့် နောက်တန်းအတွက် စိတ်ကြိုက်ကစားလို့ရသလို,
တို/က်စစ်အတွက်လဲ ဒီဘဲကြီးက
မောင်းရင်မောင်းသလိုရုန်းမှာအသေအချာပါပဲ..။

နောက်ထပ်ရီဗျူးတွေမှာပြန်တွေ့ကြပါမယ်။

eFootball Coinဝယ်ယူလိုပါက
@MarcoPaing1410

#marcopaing #efootballreview

Marco Paing Football Gaming

21 Oct, 04:11


Highlights Card

Marco Paing Football Gaming

21 Oct, 04:11


Skill Adding 🔰

Marco Paing Football Gaming

21 Oct, 04:10


𝗡𝗔𝗧𝗜𝗢𝗡𝗔𝗟 𝗧𝗘𝗔𝗠 𝗚𝗨𝗔𝗥𝗗𝗜𝗔𝗡 🇫🇷🇫🇷🇪🇸

Max Rating • Level Training 🔰
Skill Adding 🔰

ယနေ့ Epic Box အနေနဲ့ Special Skill ပါဝင်တဲ့ကစားသမားနှစ်ယောက်ပါဝင်တဲ့အပြင် ဗီအဲယာလိုကစားသမားကိုအားလုံးမျှော်လင့်နေတဲ့ Anchor Man Playing Style နဲ့ပါဝင်လာတာတွေ့ရပါတယ်။

Lilian Thuram • Defensive Fullback
Fortress Special Skill

Patrick Vieira • Anchor Man

Xabi Alonso • Orchestrator
Visionary Pass Special Skill

eFootball 🪙 လိုအပ်ပါက
@MarcoPaing1410 ကိုကြွမြန်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

#marcopaing #efootballreview

Marco Paing Football Gaming

21 Oct, 04:09


Level Training, Booster Crafting Add

Marco Paing Football Gaming

20 Oct, 07:37


eFootball Coin Android ဈေးအနည်းငယ်ကျပါတယ်...
ဈေး Update price & ဝယ်ယူရန်အတွက် @MarcoPaing1410 မှာဝယ်ယူလို့ရပါတယိ..။

Ingame မှာပြထားသလို MMK နဲ့တော့ဝယ်မရပါ။

Marco Paing Football Gaming

19 Oct, 16:43


Me & my squad challenge 😝

ကဲ.. ကြွားခဲ့ကြပါအုံး ကိုယ်အားပေးတဲ့အသင်းကို
ဘယ်လောက်ရူးသွပ်တဲ့အကြောင်း 🤩

Marco Paing Football Gaming

19 Oct, 11:53


ဒီရက်ပိုင်း ကျနော့်ညီအကိုတွေကြုံတွေ့နေရတာလေးပါ...
ဖြေရှင်းဖို့နည်းလမ်းမရှိပါဘူး..
ကျနော်စမ်းသပ်ပြီးပါပြီ။

အချိန်တစ်ခုစောင့်မှရပါမယ်..

ကံကောင်းရင် ၄၈ နာရီနဲ့ရပါတယ်..
ဒါပေမယ့် ကျနော့်တုန်းက ၄ရက်ကြာပါတယ်..

မနက် တစ်ခါ ညနေတစ်ခါ ကုတ်အသစ်ပြန်တောင်းကြည့်ပါ...။

ဒါမျိုးကြုံရတာဟာ ဘရားသားတို့ရဲ့ Browser Error, Wifi-Internet အခြေနေမကောင်းတဲ့အချိန်မှာ ကုတ်တောင်းမိလို့ပါ ။

100% အကောင့်မပျက်ပါ..။
ရက်တော့စောင့်ရပါမယ်။

Marco Paing Football Gaming

19 Oct, 03:59


နိုင်ငံအသင်းပွဲစဉ်တွေမှာ
အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့
Captain နှစ်ယောက် 🇪🇬🇭🇺

လီဗာပူးအသင်းရဲ့အဓိကကစားသမားနှစ်ယောက်ဖြစ်တဲ့ မိုဆာလာနဲ့ဆိုဘိုတို့အနေနဲ့ ယခုအပတ်မှာ မိခင်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ဟန်ဂေရီတို့မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

Mo Salah • Prolific Winger

ဆာလာကတ်တော်တော်များများထွက်ပြီးပြီဆိုတော့ အားလုံးလဲပိုင်ဆိုင်ဖူးကြမှာပါ...။

Prolific Winger အဖြစ်ပါဝင်လာပြီး
RWF နေရာတစ်ခုသာကစားနိုင်မှာပါတယ်..။
ဘေးလိုင်းစည်းမှာနေရာယူမယ်.၊ အတွင်းကိုချိုးဝင်ကန်သွင်းမယ်။
ဆာလာရဲ့ပုံစံအတိုင်းကစားလို့ရပါတယ်..။
Acceleration တော်တော်လေးကောင်းလို့ ဒီအပတ်မေ့မထားသင့်တဲ့ကတ်ဖြစ်ပါတယ်..။

Szobo • Creative Playmaker

ဖန်တီးမှု့အားအတော်ကောင်းပြီး၊ တို၊က်6လိုက်ပါကစားနိုင်မှု့အတော်လေးတိုးတက်လာတာပါ..။
ဂိုးသွင်းထားတဲ့ကတ်ဖြစ်တာရောကြောင့်နေပါမယ်။
LWF, RWF ဆိုတာထက် AMF မှာပိုပြီးအားရပါတယ်..။
ဆိုဘိုမရှိသေးတဲ့လူတွေအတွက်ရထားရင် မဆိုးလှဘူးလို့ပြောလို့ရပါတယ်..။

EFootball with Marco Paing
EFootball with Marco Paing 2

Marco Paing Facebook Group 🔰
Marco Paing's eFootball Empire

#efootballreview #marcopaing

Marco Paing Football Gaming

18 Oct, 10:52


ပြန်ဝင်ရနေပြီ မထစ်တော့ဘူး Online Match

Marco Paing Football Gaming

18 Oct, 10:00


Update တင်လို့ရပြီ ဂိမ်းထဲတော့လက်ရှိဝင်မရသေးဘူး။
ကောင်းပါတယ် Error ဖြစ်နေတာကိုပြင်ပေးတာပဲ၊ ဘာပဲပြောပြော ‌ကစားသူတွေရဲ့အသံကိုနားထောင်ပြီး ပြန်ပြင်ပေးတာဘာညာလုပ်ပေးပါတယ်။

ပြင်မှလဲ Online Match အဆင်ပြေမှာပါ။

MB က တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါ..
Graphics တွေတော့ထပ် Download လုပ်ခိုင်းနေတယ် ၊ Wifi မရှိတဲ့လူတွေအခက်တွေ့နိုင်ပါတယ်..။

2,316

subscribers

550

photos

9

videos