Manhttan Blue (MM tran)

@manhttanblue


Main chnnal
https://t.me/Angelwithprincess

Manhttan Blue (MM tran)

19 Oct, 17:31


လယ်ဗယ် ဘယ်လောက်ရှိလဲ vote ရမှာပါ 🫶

Manhttan Blue (MM tran)

17 Oct, 06:02


သီတင်းကျွတ် မုန့်ဖိုးပါ 😔🫶

Manhttan Blue (MM tran)

14 Oct, 15:47


ချန်နယ်လင့်ထဲဝင်ပြီး ရီအက်လေးတွေ ပေးခဲ့ကြနော် သေချာရှင်းပြပေးထားတာ 😔🫶

Manhttan Blue (MM tran)

14 Oct, 15:40


Their Telegram Channel
https://t.me/ExamMosaic

Their Telegram Discussion Group
https://t.me/MosaicPrepHub

Their Facebook Page
https://www.facebook.com/profile.php?id=61566476414010&mibextid=ZbWKwL

Manhttan Blue (MM tran)

14 Oct, 15:19


Hello hello!

GED မှာအလွန်အရေးပါတဲ့ English ကို Admin ဘယ်လိုလေ့လာခဲ့လဲဆိုတာနဲ့ပတ်သတ်ပြီး အသေးစိတ်ပြောပြမယ်ဆိုရင်စိတ်ဝင်စားကြမလား🧐
BC အပြင် Cambridge ရဲ့ official IELTS book တွေနဲ့ practice လုပ်တဲ့အခါမှာလဲ band 7 မှာ stable ဖြစ်နေပြီး အခြား test မျိုးစုံမှာလဲ self-study ကိုပဲ 100% လုပ်ခဲ့တာကိုမှ A1 ကနေ C1 ထိတစ်နှစ်ကျော်ပဲကြာခဲ့တဲ့အတွက် ဒီ learning journey က experience လေးတွေ share ပေးဖို့ရှိပါတယ် (ကြားထဲမှာစာမလုပ်ခဲ့တဲ့လတွေကိုနုတ်လိုက်ရင် တစ်နှစ်အတွင်းပဲရှိလောက်မယ်😆)

Manhttan Blue (MM tran)

14 Oct, 12:32


မင်မင် အက်ဒစ်သမားလိုနေတယ် og လိုက်ရမှာများနေလို့ သင်ဖို့လည်း မအားတော့ဘူး og လိုက်ရမှာတွေနဲ့ လုပ်တတ်တဲ့ သူ ရှိရင် ခနတစ်ဖြုတ်လောက် လာကူနိုင်တဲ့သူရှိလား

Manhttan Blue (MM tran)

07 Oct, 15:09


Tg group - https://t.me/MosaicPrepHub

Tg channel - https://t.me/ExamMosaic

မသိတာမေးမြန်းတာ ဘာညာလုပ်လို့ရတယ် စီနီယာတွေဖြေပေးလိမ့်မယ်🫶

Manhttan Blue (MM tran)

07 Oct, 14:55


အထောက်အကူဖြစ်မှာပါ အခုမှစလေ့လာမဲ့သူတွေ အတွက်ရော လေ့လာနေဆဲသူတွေအတွက်ပါ🫶

Manhttan Blue (MM tran)

07 Oct, 14:53


ဒီ channel လေးကတော့

https://t.me/ExamMosaic

GED လေ့လာနေတဲ့သူတွေအားလုံးအတွက် အထောက်အကူပြုစေနိုင်ဖို့ရည်ရွယ်ပြီးဖွင့်ပေးထားတာပါဖြစ်ပါတယ်

Channel လေးမှာတော့
GED ဖြေပြီးတဲ့သူလေးတွေရဲ့ Knowledge Sharing တွေ
Tips and Tricks တွေ
လေ့လာခဲ့တဲ့ကာလတစ်လျှောက်
ဘယ်လို resources တွေ အသုံးပြုခဲ့တယ်က အစ
ဘယ်လိုအခက်အခဲတွေကြုံတွေ့ရတယ်ဆိုတာ အဆုံး
Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်

ပြီးတော့ 🆕
Exam Schedule အတွက်
ဈေးသက်သက်သာသာနဲ့ စိတ်ချစွာ ဝယ်ယူနိုင်ပါသေးတယ်နော်

Ready test/real test/voucher code များကို
စိတ်ချယုံကြည်စွာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူလို့ရနိုင်မှာပဲ ဖြစ်ပါတယ်🙂

မ join ရသေးရင် join ပေးထားကြပါဦး🙏

Manhttan Blue (MM tran)

07 Oct, 14:53


𝐇𝐨𝐰 𝐝𝐨 𝐰𝐞 𝐬𝐭𝐚𝐫𝐭 𝐨𝐮𝐫 𝐆𝐄𝐃 𝐣𝐨𝐮𝐫𝐧𝐞𝐲

ဒီနေ့မှာတော့ GED ကို အခုမှစလေ့လာမယ့်သူတွေ starter လေးတွေအတွက်
GED ကို ဘယ်လိုစလေ့လာသင့်လဲ
ဘာတွေလိုအပ်လဲ
ဘယ်လောက်ကုန်ကျနိုင်သလဲ
ဘယ်လိုအခွင့်အရေးတွေ ရနိုင်လဲဆိုတာ အသေးစိတ် ဝေမျှပေးသွားမှာပါဖြစ်ပါတယ် 🩵


🔹 GED ဆိုတာ ဘာလဲ?

GED ( 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ) က
American နိုင်ငံရဲ့ High school diploma တစ်ခုပဲဖြစ်ပါတယ်
အခြေအနေ အရပ်ရပ်ကြောင့်
အထက်တန်းမပြီးဆုံးသေးတဲ့
ကျောင်းသား/သူများ တက်ရောက်နိုင်ပြီး
US ရဲ့ အထက်တန်းပြီးမြောက်ကြောင်းလက်မှတ် ထုတ်ယူနိုင်တဲ့
စာမေးပွဲတစ်ခုလဲ ဖြစ်ပါတယ်


🔹 GED ကို ဘယ်လိုစလေ့လာရမလဲ?

ပထမဆုံး GED ကို စလေ့လာဖို့ဆိုရင်
GED ရဲ့ test format အကြောင်းလေးကိုလဲ သိထားဖို့လိုပါတယ်
GED က US high school diploma တစ်ခုဖြစ်လို့
English စာကို အခြေခံထားတဲ့ စာမေးပွဲတစ်ခုပါ

Subjects တွေ အနေနဲ့
- Mathematics
- Reasoning Through Language Art (RLA)
- Science
- Social Studies တို့ပဲ ဖြစ်ပါတယ်

လေးဘာသာလုံး English လိုပဲ ဖြစ်တာကြောင့်
စလေ့လာတော့မယ်ဆိုရင်
English level ဟာ အနည်းဆုံး
Intermediate နီးပါး ရောက်ထားဖို့လိုအပ်ပါတယ်
" Intermediate မရှိသေးဘူး လေ့လာလို့မရနိုင်ဘူးလား" လို့ မေးလာနိုင်ပေမယ့်
လေ့လာလို့မရတာမဟုတ်ပါဘူး
Reading ကို အဓိကအခြေခံထားတဲ့အတွက်
Eng စာကို အားနည်းတဲ့အခါ
နားမလည်တာတွေ vocabulary တွေမသိတာတွေ စတဲ့ အခက်အခဲတွေ ကြုံတွေရနိုင်တဲ့အတွက်
ကျွန်တော်တို့ဘက်က အကြုံပြုချင်တာကတော့
English level ကို အရင်မြှင့်ပြီးမှ စလေ့လာဖို့ပဲ ဖြစ်ပါတယ်

ကိုယ်က English level လဲ အသင့်အတင့်ရှိပြီဆို ရွေးချယ်စရာနှစ်ခုတော့ ရှိလာပါမယ်
- အတန်းတက်ပြီး လေ့လာတာရယ်
- Self Study နဲ့ လေ့လာတာရယ် ပဲ ဖြစ်ပါတယ်
ဒါကတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေတာမလို့
ကိုယ်အားသာတဲ့ဘက်ကို ရွေးချယ်နိုင်ပါတယ်
ကျွန်တော်တို့ဘက်က အကြံပေးချင်တာတော့
-ကိုယ်တိုင်က စာကို ကြိုးစားလုပ်နိုင်တယ်
-Eng skill လဲ အတော်ကောင်းတယ်
-နေ့တိုင်းနေ့တိုင်း စာလုပ်ချိန်သီးသန့်ရှိပြီး
-Time management ကိုလဲ စနစ်တကျစီမံနိုင်တယ် ဆိုရင်တော့
Self Study ကို အားပေးပါတယ်
ဒီနေရာမှာလဲ မသိတာတွေ နားမလည်တာတွေရှိလာနိုင်လို့
စာမေးဖို့အတွက် senior တွေ ဆရာ/ဆရာမတွေ ရှိတဲ့ community တွေ discussion group တွေ join ထားဖို့တော့ လိုအပ်ပါတယ်

ကိုယ်တိုင်က စနစ်တကျလေ့လာသင်ယူချင်တယ်ဆိုရင်တော့
အတန်းတွေကို သေချာရွေးချယ်ပြီး တက်စေချက်ပါတယ်
ဒီနေရာမှာလဲ "အတန်းတက် ပြီးရော" ဆိုတိုင်းမဟုတ်ပဲ
အတန်းလဲတက် Self Study လဲ သေချာလုပ်မယ်ဆိုရင်တော့
ဖြေဖို့အတွက် ပုံမှန်ထက်အချိန်‌လျော့သွားနိုင်မှာပဲ ဖြစ်ပါတယ်


🔹 GED ဖြေဖို့ ဘာတွေလိုအပ်သလဲ?

စာမေးပွဲဖြေဖို့အတွက်ဆိုရင်
အနည်းဆုံး အသက်၁၆နှစ် ပြည့်ဖို့ လိုအပ်ပါတယ်
GED official ဘက်က ထုတ်ပြန်ထားတဲ့ Eligible age ကတော့ 18နှစ်ဖြစ်ပေမယ့်
ကိုယ်က 16နှစ်ပြည့်ထားပြီးသူဆို
Parental Consent Form တင်ပြီး ဝင်ရောက်ဖြေဆိုနိုင်ပါတယ်

နိုင်ငံသားမှတ်ပုံတင်လက်မှတ်(NRC) or Passport ကိုင်ဆောင်ထားသူ ဖြစ်ရပါမယ်


🔹 GED ဖြေဖို့ ဘယ်လောက်ကုန်ကျနိုင်သလဲ?

GED ဖြေဖို့ဆိုရင် ကိုယ့်ရဲ့ Learning journey က ကုန်ကျစရိတ်တွေ ဖယ်ထားပြီး
Exam fees ကတော့
1ဘာသာကို $80 ကျသင့်မှာပဲ ဖြစ်ပါတယ်
4ဘာသာ စုစုပေါင်း $320 ပဲ ဖြစ်ပါတယ်
မြန်မာနိုင်ငံက ကျောင်းသား/သူတွေ အနေနဲ့တော့
GED Real Exam မဖြေခင်
Ready Test ဖြေပေးရပါတယ်
Ready test 4ဘာသာလုံးအတွက်ဆိုရင်တော့ $22.99 ပဲ ကျမှာဖြစ်ပါတယ်


🔹GED က ဘယ်လိုအခွင့်‌အရေးတွေရနိုင်လဲ?

အရေးကြီးဆုံးအချက်ကို ရောက်လာပါပြီ
ကျွန်တော်တို့တွေက နိုင်ငံတကာပညာရေးကို သင်ယူနေကြတဲ့အတွက်
အခွင့်အရေးတွေက အများကြီးရနိုင်ပါတယ်
‌အထက်တန်းပြီးလို့ University ဆက် join ချင်တဲ့သူတွေအတွက်
USA, Canada, Australia, Malaysia, New Zealand, Thailand, China... စတဲ့ နိုင်ငံအများစုက လက်ခံကြပြီး
ကိုယ်တိုင်က မိမိစိတ်ဝင်စားတဲ့ နိုင်ငံအတွက် လက်ခံ/မခံ အသေးစိတ်ကြည့်ရှုချင်တယ်ဆိုရင်တော့

https://www.ged.com/en/university-acceptance/

ဒီ link လေးကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်

ဒါ့အပြင် GED ဖြေပြီးတဲ့သူတွေအတွက် Scholarship လဲ လျှောက်ထားနိုင်တာမလို့ အမြန်ဆုံးဖြေပြီး လျှောက်ထားဖို့အတွက် တိုက်တွန်းအပ်ပါတယ် 🫶🏻


🔷 ဒီနေ့ဝေမျှပေးတာနဲ့ပတ်သတ်ပြီး
GED အကြောင်း အနည်းနဲ့ အများတော့ သိသွားမယ်လို့ မျှော်လင့်ပါတယ်

နောက်ထပ်လဲ GED လေ့လာနေတဲ့သူတွေအတွက် Tips & Tricks နဲ့
Resources လေးတွေပါ Sharing လုပ်ပေးမှာဖြစ်လို့ ဆက်စောင့်ကြည့်ပေးကြဖို့ ပြောကြားချင်ပါတယ် 🤍

Manhttan Blue (MM tran)

07 Oct, 14:53


Ged နဲ့ပက်သတ်ပြီး မျှဝေပေးချင်တာတွေရှိတယ် လိုချင်ကြလား😔🫶

Manhttan Blue (MM tran)

14 Sep, 07:32


ရေဘေးသင့်ဒေသက MPT Sim Card  ကိုင်ဆောင်သူများ MPT အချင်းချင်း ဖုန်းပြောမိနစ် (၇၀၀) နဲ့ SMS အစောင် (၇၀၀) ကို ၇ ရက် အခမဲ့အသုံးပြုခွင့်ပေးထားပါတယ်။

*4040#ကိုခေါ်လိုက်နော်ရတယ်နော်။

လူသိများအောင် Share နဲ့ ကူညီကြပါ။🙏


#crd

Manhttan Blue (MM tran)

13 Sep, 11:26


မနေနိုင်တော့လို့အလှူခံပါစေရှင် reader တွေနဲ့တူတူ စုပေါင်းပြီး လှူချင်လို့ပါရှင် ယုံကြည်ရတဲ့သူကိုပဲအလှူငွေအပ်ပါမယ်ရှင် အမကိုလည်း ယုံမှ လွဲပေးပါနော် နောက်မှ ‌ရှုပ်ရှုပ်ရှုက်ရှုက်တွေလာလုပ်ရင်မကြိုက်လို့ပါ

09756484371 (K pay/Wave)
Thamudaya Moe Hnin

*Note* မှာ "ရေဘေး"လို့ရေးပေးကြပါ

#yuu

နေပြည်တော်ဘက်က လူရှိရင်လည်း လာပြောပေးပါ တတ်နိုင်သလောက် အလှူငွေထည့်ပေးချင်ပါတယ်

Manhttan Blue (MM tran)

01 Sep, 15:08


https://t.me/ResourcesbyHpone

https://t.me/All_About_GED_at_HexaM

Ged အတွက်အထောက်ကူ ဖြစ်မဲ့ချန်နယ်လေးပါ🫶

Manhttan Blue (MM tran)

01 Sep, 14:32


GED အကြောင်းလေး Sharing လုပ်ဆိုလို့ သိချင်တာတွေကို ဒီမန့်မှာ မန့်နော် အကုန်ဖြေပေးမယ်🫶 except စာ🙏

Manhttan Blue (MM tran)

01 Sep, 13:35


Ged ပြီးးးသွားးးပြီးးးး အပ်ဒိတ်တွေအရင်ကလိုလာတော့မယ်နော်😔🫶

Manhttan Blue (MM tran)

23 Aug, 10:59


Monday's savior S2 လေးလာပါပြီနော်🫶

https://t.me/+Lk0-G4zT0hdkMmM1